fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အမျိုးသမီးများနှင့် နှလုံးအောင့်ရောဂါ

79
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/06/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

လူလတ္ပိုင္းအမ်ိဳးသမီးေတြမွာ ႐ုတ္တရက္ႏွလုံးေအာင့္ျခင္း ျဖစ္တတ္ပါတယ္။ ႏွလုံးစူးကနဲေအာင့္ျခင္းႏွင့္ ႐ုတ္တရက္ အျပင္းအထန္ နာက်င္စြာ ေအာင့္ျခင္းတို႔ျဖစ္တယ္။ သည္အပတ္ မဂၤလာေမာင္မယ္စကားဝိုင္းမွာ အမ်ိဳးသမီးမ်ားႏွင့္ ႏွလုံးေအာင့္ေရာဂါ အေၾကာင္း ေဆြးေႏြးထားပါတယ္။

ေမာင္ – ႏွလုံးဘာေၾကာင့္ ေအာင့္ရတာလဲဆရာ။
ေဒါက္တာမဂၤလာ – ႏွလုံးအေထာက္အကူျပဳတဲ့ ႏွလုံးေသြးလႊတ္ေၾကာမ်ားဟာ ေသြးခဲစ (သို႔) အဆီဖတ္မ်ား ပိတ္ဆို႔မႈေၾကာင့္ တျဖည္းျဖည္း က်ဥ္းေျမာင္းလာတဲ့အတြက္ ေသြးေၾကာမ်ားအတြင္း စီးဝင္မယ့္ ေသြးပမာဏ ေလ်ာ့နည္းလာလို႔ ႏွလုံးႂကြက္သားမွာ ေအာက္စီဂ်င္ လုံလုံေလာက္ေလာက္ မရတဲ့အခါ ႏွလုံးဟာ ပုံမွန္ထက္ အလုပ္ပိုရလို႔ ႏွလုံးေအာင့္ျခင္း ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြမွာ ပိုမို ခံစားရၿပီး ေသဆုံးႏႈန္းျမင့္တယ္။

မယ္ – စစခ်င္းေတာ့ ခံႏိူင္ရည္ ရွိမွာေပါ့ဆရာ။
ေဒါက္တာမဂၤလာ – စစခ်င္းမွာ ခံႏိူင္ရည္ရွိေပမယ့္ ပိုမိုေသြးေၾကာက်ဥ္းလာေလ ႏွလုံးေအာင့္တာ ပိုဆိုးေလျဖစ္တယ္။ ဖိစီးမႈမ်ားျခင္းနဲ႔ အစားမ်ားမ်ား စားၿပီးခ်ိန္မွာ ပိုမိုျဖစ္တတ္ပါတယ္။

ေမာင္ – ေသမတတ္ခံစားရႏိူင္တာေပါ့ဆရာ။
ေဒါက္တာမဂၤလာ – အဓိကလကၡဏာက ႏွလုံးရဲ႕အေပၚပိုင္းမွာ တင္းက်ပ္စြာ ဖ်စ္ညႇစ္ထားသလို ခံစားရျခင္းနဲ႔အတူ စူးၿပီးေအာင့္ျခင္း၊ ေဝဒနာခံစားရကာ ေခတၱနားလိုက္ရင္ သက္သာသြားတတ္ပါတယ္။

မယ္ – အမ်ိဳးသမီးဘယ္အ႐ြယ္မွာ ပို ျဖစ္သလဲ ဆရာ။
ေဒါက္တာမဂၤလာ – အမ်ိဳးသမီးႏွလုံးေရာဂါရွင္မ်ားဟာ အမ်ိဳးသား ႏွလုံးေရာဂါရွင္မ်ားထက္ ပိုမ်ားေပမယ့္ အမ်ားအားျဖင့္ အမ်ိဳးသမီးေသြးဆုံးခ်ိန္ ေနာက္ပိုင္းမွာ ပိုျဖစ္တတ္ပါသည္။ ႏွလုံးေသြးေၾကာထဲ အဆီ ကပ္ၿငိရင္ ခႏၶာကိုယ္ ခုခံအားစနစ္ ေလ်ာ့နည္းကာ ႏွလုံးေသြးေၾကာမ်ား ေရာင္ရမ္းၿပီး ေသြးေၾကာမာလာတယ္။

ေမာင္ – အမ်ိဳးသမီးေတြ ဘာေၾကာင့္ ေနာက္က်မွ ႏွလုံးေရာဂါျဖစ္ရသလဲ ဆရာ။
ေဒါက္တာမဂၤလာ – အမ်ိဳးသားမ်ားဟာ အမ်ိဳးသမီးထက္ ၁၀ႏွစ္ခန႔္ ေစာၿပီး ျဖစ္တတ္တယ္။အမ်ိဳးသမီးမ်ား ေစာေစာ ႏွလုံးေရာဂါမျဖစ္ရျခင္းမွာ အမ်ိဳးသမီးေဟာ္မုန္း အီစႀတိဳဂ်င္ အကာကြယ္ေပးထားလို႔ပဲ။

မယ္ – ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ ဘာေၾကာင့္ျဖစ္ရသလဲဆရာ။
ေဒါက္တာမဂၤလာ – ေဆးလိပ္ေသာက္ျခင္း၊ ေသြးေပါင္တက္ျခင္း၊ အဝလြန္ျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း၊ ကိုယ္လက္စထေရာ ပမာဏ ေသြးအတြင္းျမင့္တက္ေနျခင္း၊ ေသြးအားနည္းျခင္း၊ ဆီးခ်ိဳ၊ ေသြးခ်ိဳ ေရာဂါေၾကာင့္ပဲ။

ေမာင္ – အမ်ိဳးသမီးေတြ ႏွလုံးေအာင့္ျခင္း ပိုမိုျဖစ္ေစတဲ့အခ်က္ေတြကေရာ ဆရာ။
ေဒါက္တာမဂၤလာ – အဆီမ်ားတဲ့ အစားအစာမ်ား၊ အလြန္အကြၽံစားျခင္း၊ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းယူမႈ နည္းပါးျခင္း၊ အဝလြန္ေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ ပဋိသေႏၶတားေဆးေသာက္သုံးျခင္း၊ ကိုယ္ဝန္အဆိပ္တက္ျခင္း၊ ကိုယ္ဝန္ေဆာင္စဥ္ ဆီးခ်ိဳေရာဂါျဖစ္ျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း၊ လုပ္ငန္းခြင္ဖိအား၊ မိသားစုတာဝန္တစ္ဖက္ႏွင့္ အခ်ိန္လုၿပီး အလုပ္လုပ္ရျခင္း၊ သူတစ္ပါး မနာလိုစိတ္မ်ားျခင္း၊ အလိုေလာဘႀကီးျခင္းတို႔ေၾကာင့္ ျဖစ္တယ္။

မယ္ – ႏွလုံးေသြးေၾကာက်ဥ္းျခင္း ပိုမိုျဖစ္ပြားေစတဲ့ အခ်က္အလက္မ်ားကေရာ ဆရာ။
ေဒါက္တာမဂၤလာ – ၾကက္သြန္ျဖဴဟာ ခႏၶာကိုယ္ထဲရွိ ေကာင္းတဲ့ ကိုလက္စထေရာကို ထိန္းညႇိေပးလို႔ စားသင့္တယ္။ ေသြးေပါင္တက္ျခင္းနဲ႔ ဆီးခ်ိဳတက္ျခင္းတို႔က ႏွလုံးေရာဂါေသြးေၾကာက်ဥ္း ပိုမိုျဖစ္ေစလို႔ ေသြးေပါင္ပုံမွန္ျဖစ္ေစဖို႔ ဆီးခ်ိဳေဖာက္စစ္ဖို႔ ေဆးေသာက္ဖို႔ လိုအပ္တယ္။

ေမာင္ – အရက္နဲ႔ ေကာ္ဖီ၊ ေဆးလိပ္ကေရာ ဆရာ။
ေဒါက္တာမဂၤလာ – အရက္၊ ဘီယာ (သို႔) အရက္ပါတဲ့ အရည္ကို ေရွာင္ၾကဥ္ရမယ္။ ကဖိန္းဓာတ္ပါဝင္တဲ့ အခ်ိဳရည္အမ်ိဳးမ်ိဳးကို မေသာက္သုံးသင့္ပါဘူး။ ပဋိသေႏၶစားေဆး အစား အျခားနည္းနဲ႔ ကိုယ္ဝန္မရေအာင္ လုပ္ေဆာင္သင့္တယ္။

မယ္ – ဆရာဝန္နဲ႔ ဘယ္အခ်ိန္ ျပသင့္သလဲ ဆရာ။
ေဒါက္တာမဂၤလာ – အမ်ိဳးသမီးဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ႏွလုံးေအာင့္ျခင္း ျဖစ္ရင္ ဆရာဝန္နဲ႔ ျပသမႈ ခံယူကာ အနားယူကာ ကုသမႈ ခံယူသင့္ပါတယ္။ အမ်ိဳးသမီးဟာ အမ်ိဳးသားထက္ Heart Attach ေရာဂါ ပိုမိုခံစားရႏိူင္လို႔ လူေနမႈပုံစံ ေအးေအးခ်မ္းခ်မ္း ဘဝေျပာင္းလဲ သင့္ပါတယ္။

Author; Dr.Mingalar , Healthcare Journal ,(12.8.16) vol 7,no 30

(Unicode)

လူလတ်ပိုင်းအမျိုးသမီးတွေမှာ ရုတ်တရက်နှလုံးအောင့်ခြင်း ဖြစ်တတ်ပါတယ်။ နှလုံးစူးကနဲအောင့်ခြင်းနှင့် ရုတ်တရက် အပြင်းအထန် နာကျင်စွာ အောင့်ခြင်းတို့ဖြစ်တယ်။ သည်အပတ် မင်္ဂလာမောင်မယ်စကားဝိုင်းမှာ အမျိုးသမီးများနှင့် နှလုံးအောင့်ရောဂါ အကြောင်း ဆွေးနွေးထားပါတယ်။

မောင် – နှလုံးဘာကြောင့် အောင့်ရတာလဲဆရာ။
ဒေါက်တာမင်္ဂလာ – နှလုံးအထောက်အကူပြုတဲ့ နှလုံးသွေးလွှတ်ကြောများဟာ သွေးခဲစ (သို့) အဆီဖတ်များ ပိတ်ဆို့မှုကြောင့် တဖြည်းဖြည်း ကျဉ်းမြောင်းလာတဲ့အတွက် သွေးကြောများအတွင်း စီးဝင်မယ့် သွေးပမာဏ လျော့နည်းလာလို့ နှလုံးကြွက်သားမှာ အောက်စီဂျင် လုံလုံလောက်လောက် မရတဲ့အခါ နှလုံးဟာ ပုံမှန်ထက် အလုပ်ပိုရလို့ နှလုံးအောင့်ခြင်း ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုမို ခံစားရပြီး သေဆုံးနှုန်းမြင့်တယ်။

မယ် – စစချင်းတော့ ခံနိူင်ရည် ရှိမှာပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ – စစချင်းမှာ ခံနိူင်ရည်ရှိပေမယ့် ပိုမိုသွေးကြောကျဉ်းလာလေ နှလုံးအောင့်တာ ပိုဆိုးလေဖြစ်တယ်။ ဖိစီးမှုများခြင်းနဲ့ အစားများများ စားပြီးချိန်မှာ ပိုမိုဖြစ်တတ်ပါတယ်။

မောင် – သေမတတ်ခံစားရနိူင်တာပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ – အဓိကလက္ခဏာက နှလုံးရဲ့အပေါ်ပိုင်းမှာ တင်းကျပ်စွာ ဖျစ်ညှစ်ထားသလို ခံစားရခြင်းနဲ့အတူ စူးပြီးအောင့်ခြင်း၊ ဝေဒနာခံစားရကာ ခေတ္တနားလိုက်ရင် သက်သာသွားတတ်ပါတယ်။

မယ် – အမျိုးသမီးဘယ်အရွယ်မှာ ပို ဖြစ်သလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – အမျိုးသမီးနှလုံးရောဂါရှင်များဟာ အမျိုးသား နှလုံးရောဂါရှင်များထက် ပိုများပေမယ့် အများအားဖြင့် အမျိုးသမီးသွေးဆုံးချိန် နောက်ပိုင်းမှာ ပိုဖြစ်တတ်ပါသည်။ နှလုံးသွေးကြောထဲ အဆီ ကပ်ငြိရင် ခန္ဓာကိုယ် ခုခံအားစနစ် လျော့နည်းကာ နှလုံးသွေးကြောများ ရောင်ရမ်းပြီး သွေးကြောမာလာတယ်။

မောင် – အမျိုးသမီးတွေ ဘာကြောင့် နောက်ကျမှ နှလုံးရောဂါဖြစ်ရသလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – အမျိုးသားများဟာ အမျိုးသမီးထက် ၁၀နှစ်ခန့် စောပြီး ဖြစ်တတ်တယ်။အမျိုးသမီးများ စောစော နှလုံးရောဂါမဖြစ်ရခြင်းမှာ အမျိုးသမီးဟော်မုန်း အီစတြိုဂျင်
အကာကွယ်ပေးထားလို့ပဲ။

မယ် – နှလုံးသွေးကြောကျဉ်းရောဂါ ဘာကြောင့်ဖြစ်ရသလဲဆရာ။
ဒေါက်တာမင်္ဂလာ – ဆေးလိပ်သောက်ခြင်း၊ သွေးပေါင်တက်ခြင်း၊ အဝလွန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ကိုယ်လက်စထရော ပမာဏ သွေးအတွင်းမြင့်တက်နေခြင်း၊ သွေးအားနည်းခြင်း၊ ဆီးချို၊ သွေးချို ရောဂါကြောင့်ပဲ။

မောင် – အမျိုးသမီးတွေ နှလုံးအောင့်ခြင်း ပိုမိုဖြစ်စေတဲ့အချက်တွေကရော ဆရာ။
ဒေါက်တာမင်္ဂလာ – အဆီများတဲ့ အစားအစာများ၊ အလွန်အကျွံစားခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းယူမှု နည်းပါးခြင်း၊ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ ပဋိသန္ဓေတားဆေးသောက်သုံးခြင်း၊ ကိုယ်ဝန်အဆိပ်တက်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါဖြစ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ လုပ်ငန်းခွင်ဖိအား၊ မိသားစုတာဝန်တစ်ဖက်နှင့် အချိန်လုပြီး အလုပ်လုပ်ရခြင်း၊ သူတစ်ပါး မနာလိုစိတ်များခြင်း၊ အလိုလောဘကြီးခြင်းတို့ကြောင့် ဖြစ်တယ်။

မယ် – နှလုံးသွေးကြောကျဉ်းခြင်း ပိုမိုဖြစ်ပွားစေတဲ့ အချက်အလက်များကရော ဆရာ။
ဒါက်တာမင်္ဂလာ – ကြက်သွန်ဖြူဟာ ခန္ဓာကိုယ်ထဲရှိ ကောင်းတဲ့ ကိုလက်စထရောကို ထိန်းညှိပေးလို့ စားသင့်တယ်။ သွေးပေါင်တက်ခြင်းနဲ့ ဆီးချိုတက်ခြင်းတို့က နှလုံးရောဂါသွေးကြောကျဉ်း ပိုမိုဖြစ်စေလို့ သွေးပေါင်ပုံမှန်ဖြစ်စေဖို့ ဆီးချိုဖောက်စစ်ဖို့ ဆေးသောက်ဖို့ လိုအပ်တယ်။

မောင် – အရက်နဲ့ ကော်ဖီ၊ ဆေးလိပ်ကရော ဆရာ။
ဒေါက်တာမင်္ဂလာ – အရက်၊ ဘီယာ (သို့) အရက်ပါတဲ့ အရည်ကို ရှောင်ကြဉ်ရမယ်။ ကဖိန်းဓာတ်ပါဝင်တဲ့ အချိုရည်အမျိုးမျိုးကို မသောက်သုံးသင့်ပါဘူး။ ပဋိသန္ဓေစားဆေး အစား အခြားနည်းနဲ့ ကိုယ်ဝန်မရအောင် လုပ်ဆောင်သင့်တယ်။

မယ် – ဆရာဝန်နဲ့ ဘယ်အချိန် ပြသင့်သလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – အမျိုးသမီးဟာ အကြောင်းအမျိုးမျိုးကြောင့် နှလုံးအောင့်ခြင်း ဖြစ်ရင် ဆရာဝန်နဲ့ ပြသမှု ခံယူကာ အနားယူကာ ကုသမှု ခံယူသင့်ပါတယ်။ အမျိုးသမီးဟာ အမျိုးသားထက် Heart Attach ရောဂါ ပိုမိုခံစားရနိူင်လို့ လူနေမှုပုံစံ အေးအေးချမ်းချမ်း ဘဝပြောင်းလဲ သင့်ပါတယ်။

Author; Dr.Mingalar , Healthcare Journal ,(12.8.16) vol 7,no 30

Previous Post

ပြုသူတစ်ချက် ခံသူတစ်သက်

Next Post

နွေရာသီမှာ ဆံကေသာအတွက် ခေါင်းမစားဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
848
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နွေရာသီမှာ ဆံကေသာအတွက် ခေါင်းမစားဖို့

ရေများများသောက်စေချင်တယ်လို့ အကြံပြုတဲ့ ဂုဏ်ရည်အေးကျော်

အမျိုးသမီးတွေအတွက် မသိမဖြစ်ပြဿနာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.