fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

တညင္းသီးအဆိပ္သင့္ျခင္း

187
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/09/2017
in အထွေထွေရောဂါများအကြောင်း
3 min read
A A

(Zawgyi ျဖင့္ ဖတ္ရန္)

Djenkol Bean Fruit Poisoning (တညင္းသီးအဆိပ္သင့္ျခင္း)
 
အခုအခ်ိန္သည္ ျမန္မာႏိုင္ငံတြင္ တညင္းသီးမ်ား ေပါေသာရာသီျဖစ္သည့္အေလ်ာက္ ျမန္မာႏိုင္ငံတြင္ေနထိုင္သူမ်ားဟာ တညင္းသီးကိုျပဳတ္စားတာ၊ မီးဖုတ္စားတာ၊ အသားငါးတစ္မ်ိဳးမ်ိဳးနဲ႔ေရာခ်က္စားတာ၊ ငါးပိခ်က္ခ်က္စားတာ၊ လက္ဖက္ထဲတည့္စားတာ၊ ဆားရည္စိမ္စားတာ၊ တညင္းသီးအုန္းႏို႔ဆမ္းလုပ္စားတာ၊ ေနာက္ဆုံး တညင္းဝက္ေၾကာ္စားတာအထိ ကမ္းကုန္ေအာင္အမ်ိဳးစုံလုပ္ကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ စားၾကပါတယ္။
 
သို႔ေသာ္ အေနာက္တိုင္းသားႏိုင္ငံျခားသားေတြကေတာ့ တညင္းသီးဆို ေဝးေဝးက ေရွာင္ၾကပါတယ္။အေၾကာင္းကေတာ့ အဂၤလိပ္လို Djengkol Bean
လို႔ေခၚတဲ့ တညင္းသီးဟာ အဆိပ္ေတြ ပါဝင္ေနတဲ့ အသီးလို႔ သတ္မွတ္ထားၾကၿပီး သူတို႔က မစားၾကလို႔ပါပဲ။ တညင္းသီးမွာ ဘာဗီတာမင္ဓါတ္မွမပါတဲ့အျပင္ လူကိုဒုကၡလွလွ ေပးႏိုင္မယ့္ Djenkolic acid ေတြပါပါတယ္။ အမ်ားႀကီးစားမိရင္ အဆိပ္သင့္တတ္တဲ့ အသီးတစ္မ်ိဳး ျဖစ္ပါတယ္။
 
တညင္းသီးအဆိပ္သင့္ တာကို Djenkolism လို႔ေခၚပါတယ္။ အဆိုး႐ြားဆုံးကေတာ့ ေက်ာက္ကပ္ ႏွစ္ခုစလုံး တစ္ၿပိဳင္နက္ပ်က္စီးၿပီး အသက္ဆုံးရႈံးတဲ့အထိ
ျဖစ္ႏိုင္တာပါပဲ။ လူေတြမွာ ဘယ္ေလာက္ထိမ်ားမ်ားစားရင္ ဘာျဖစ္မလဲ သုေတသန မရွိေသးပါ။လူတစ္ေယာက္နဲ႔တစ္ေယာက္ ေက်ာက္ကပ္ခံႏိုင္ရည္ေပၚမူတည္ၿပီးလည္း ကြာႏိုင္ပါတယ္။ ဥပမာ သူမ်ားကဆယ္လုံးေလာက္စားၿပီးဘာမွမျဖစ္ေပမယ့္ ကိုယ့္က်မွ အဆိပ္သင့္တာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။
 
တညင္းသီးေပါတဲ့ေဒသေတြမွာ တညင္းသီးအဆိပ္သင့္မႈ အမ်ားဆုံးေတြ႕ရပါတယ္။ တညင္းသီေပါတဲ့ရာသီမွာ အဆိုးဆုံးျဖစ္ၿပီး ႏွစ္စဥ္ အဆိပ္သင့္မႈေၾကာင့္ အသက္ဆုံးရႈံးမႈေတြ ရွိပါတယ္။ အထူးသျဖင့္ အဆိပ္သင့္တဲ့အခါ ေဆး႐ုံ တက္ေရာက္ၿပီး စနစ္တက်ကုသမႈ မခံယူရင္ေသဆုံးႏိုင္ပါတယ္။ ပုံမွန္ဆိုရင္ ခႏၶာကိုယ္မွာ အစားအေသာက္ေတြမွာပါတဲ့အဆိပ္ဓါတ္ေတြကို အသည္းကေနပ်က္ျပယ္ေအာင္ လုပ္ေပးပါတယ္။ ၿပီးရင္ ေက်ာက္ကပ္ကေန ခႏၶာကိုယ္က အညစ္အေၾကးေတြကို စြန္.ထုတ္ ေပးပါတယ္။ သို႔ေသာ္တညင္းသီးမွာ ပါတဲ့အဆိပ္ကိုေတာ့ ပ်က္ျပယ္ေအာင္ အသည္းကေန မလုပ္ႏိုင္ပါ။
 
ဒါေၾကာင့္ ေက်ာက္ကပ္ကေန ဒီအတိုင္းစြန႔္ထုတ္ရပါတယ္။ အဲ့ဒီအခါမွာ တညင္းသီးအဆိပ္ေမာ္လီက်ဳးေတြဟာအပ္ေခ်ာင္းပုံျဖစ္ၿပီး အခ်င္းခ်င္းလြယ္ကူစြာခ်ိတ္ဆက္ႏိုင္တာေၾကာင့္ ဆီးႁပြန္ငယ္ေလးေတြ ပိတ္ဆို႔တတ္ပါတယ္။ ေနာက္ၿပီး အပ္ေခ်ာင္းပုံ အဆိပ္ ေမာ္လီက်ဳးေတြရဲ႕ဒဏ္ေၾကာင့္ေသြးေၾကာေလးေတြ ေပါက္တာမ်ိဴးရွိႏိုင္ပါတယ္။ အဲ့အခါက် တညင္းသီး အဆိပ္သင့္သူမွာ ေပါင္ၿခံႏွစ္ဖက္နာတာ၊ ဆီးသြားရင္ ေသြးပါတာ၊ ဆီးသြား နည္းတာ၊ ပ်ိဳ႕အန္တာေတြ ျဖစ္လာပါတယ္။
 
ေက်ာက္ကပ္အတြင္းပိုင္း ေရာင္ရမ္းတာ(Acute tubular necrosis) ကေန ေနာက္ဆုံး႐ုတ္တရက္ေက်ာက္ကပ္ပ်က္စီးျခင္း(Acute Renal Failure)ျဖစ္သြားႏိုင္ပါတယ္။ အခ်ိန္မွီကုသမွတာ အသက္ကယ္ႏိုင္မွာျဖစ္ပါတယ္။
 
တညင္းသီးကိုျပဳတ္စားရင္ ျခမ္းၿပီး အထဲကကပ္ေနတဲ့အဆံေသးေသးေလးကိုထုတ္စားရင္ အႏၲရာယ္မရွိဘူးလို႔ အရပ္ထဲမွာေျပာၾကပါတယ္။ ဒါမဟုတ္ပါဘူး။ တညင္းသီးမွာပါတဲ့အဆိပ္က ေရမွာနည္းနည္းပဲေပ်ာ္ဝင္ပါတယ္။ တညင္းသီးကိုျပဳတ္လိုက္တဲ့အခါ တိုင္းမွာ သူ႔မွာပါတဲ့အဆိပ္ေတြထဲက နည္းနည္းပဲေပ်ာဝင္တဲ့အတြက္တစ္ႀကိမ္တည္းနဲ႔မလုံေလာက္ပါဘူး။ အနည္းဆုံးသုံးႀကိမ္မွငါးႀကိမ္ထိေရမ်ားမ်ားနဲ႔ ျပဳတ္ရမွာျဖစ္ပါတယ္။ ျပဳတ္ၿပီးသားေရေတြကိုလည္းသြန္ပစ္ၿပီးေရအသစ္နဲ႔ထပ္ျပဳတ္ရမွာပါ။ဒါဆိုရင္ေတာ့အႏၲရာယ္ေတာ္ေတာ္နည္းသြားမွာပါ။
 
တညင္းသီးကိုမီးဖုတ္ၿပီးစားတာဟာအဆိုးဆုံးပါ။ တညင္းသီးကို ဆားရည္မွာၾကာၾကာစိမ္ၿပီးစာရင္ေတာ့အဆိပ္ေတြေတာ္ေတာ္ေလးေလ်ာ့နည္းသြားတယ္လို.ဆိုပါတယ္။ တညင္းသီး အဆိပ္ဟာ ဆားရည္မွာ အလြယ္တကူေပ်ာ္ဝင္ပါတယ္။ ဒါသိပၸံနည္းအရျဖစ္ႏိုင္ပါတယ္။
 
အဆုံးသတ္အေနနဲ႔ေျပာရရင္စားစရာေပါမ်ားႂကြယ္ဝလွတဲ့ျမန္မာႏိုင္ငံမွာ ျဖစ္ႏိုင္ရင္ တညင္းသီးကိုမစားၾကပါနဲ႔။ အျခားစားလို႔ေကာင္းတာေတြအမ်ားႀကီးပါ။ မေရွာင္နိင္လို႔စားမယ္ဆိုရင္လည္း အေပၚမွာေျပာထာားတဲ့ နည္းေတြထဲက အႏၲရာယ္အနည္းဆုံးနည္းကိုေ႐ြးစားပါလို႔ ေျပာခ်င္ပါတယ္။
 
Author : Dr 528
(Unicode)

Djenkol Bean Fruit Poisoning (တညင်းသီးအဆိပ်သင့်ခြင်း)

အခုအချိန်သည် မြန်မာနိုင်ငံတွင် တညင်းသီးများ ပေါသောရာသီဖြစ်သည့်အလျောက် မြန်မာနိုင်ငံတွင်နေထိုင်သူများဟာ တညင်းသီးကိုပြုတ်စားတာ၊ မီးဖုတ်စားတာ၊ အသားငါးတစ်မျိုးမျိုးနဲ့ရောချက်စားတာ၊ ငါးပိချက်ချက်စားတာ၊ လက်ဖက်ထဲတည့်စားတာ၊ ဆားရည်စိမ်စားတာ၊ တညင်းသီးအုန်းနို့ဆမ်းလုပ်စားတာ၊ နောက်ဆုံး တညင်းဝက်ကြော်စားတာအထိ ကမ်းကုန်အောင်အမျိုးစုံလုပ်ကာ နှစ်နှစ်ခြိုက်ခြိုက် စားကြပါတယ်။

သို့သော် အနောက်တိုင်းသားနိုင်ငံခြားသားတွေကတော့ တညင်းသီးဆို ဝေးဝေးက ရှောင်ကြပါတယ်။အကြောင်းကတော့ အင်္ဂလိပ်လို Djengkol Bean
လို့ခေါ်တဲ့ တညင်းသီးဟာ အဆိပ်တွေ ပါဝင်နေတဲ့ အသီးလို့ သတ်မှတ်ထားကြပြီး သူတို့က မစားကြလို့ပါပဲ။ တညင်းသီးမှာ ဘာဗီတာမင်ဓါတ်မှမပါတဲ့အပြင် လူကိုဒုက္ခလှလှ ပေးနိုင်မယ့် Djenkolic acid တွေပါပါတယ်။ အများကြီးစားမိရင် အဆိပ်သင့်တတ်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။

တညင်းသီးအဆိပ်သင့် တာကို Djenkolism လို့ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော့ ကျောက်ကပ် နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ့အထိ
ဖြစ်နိုင်တာပါပဲ။ လူတွေမှာ ဘယ်လောက်ထိများများစားရင် ဘာဖြစ်မလဲ သုတေသန မရှိသေးပါ။လူတစ်ယောက်နဲ့တစ်ယောက် ကျောက်ကပ်ခံနိုင်ရည်ပေါ်မူတည်ပြီးလည်း ကွာနိုင်ပါတယ်။ ဥပမာ သူများကဆယ်လုံးလောက်စားပြီးဘာမှမဖြစ်ပေမယ့် ကိုယ့်ကျမှ အဆိပ်သင့်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

တညင်းသီးပေါတဲ့ဒေသတွေမှာ တညင်းသီးအဆိပ်သင့်မှု အများဆုံးတွေ့ရပါတယ်။ တညင်းသီပေါတဲ့ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင့်မှုကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင့် အဆိပ်သင့်တဲ့အခါ ဆေးရုံ တက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးနိုင်ပါတယ်။ ပုံမှန်ဆိုရင် ခန္ဓာကိုယ်မှာ အစားအသောက်တွေမှာပါတဲ့အဆိပ်ဓါတ်တွေကို အသည်းကနေပျက်ပြယ်အောင် လုပ်ပေးပါတယ်။ ပြီးရင် ကျောက်ကပ်ကနေ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန်.ထုတ် ပေးပါတယ်။ သို့သော်တညင်းသီးမှာ ပါတဲ့အဆိပ်ကိုတော့ ပျက်ပြယ်အောင် အသည်းကနေ မလုပ်နိုင်ပါ။

ဒါကြောင့် ကျောက်ကပ်ကနေ ဒီအတိုင်းစွန့်ထုတ်ရပါတယ်။ အဲ့ဒီအခါမှာ တညင်းသီးအဆိပ်မော်လီကျုးတွေဟာအပ်ချောင်းပုံဖြစ်ပြီး အချင်းချင်းလွယ်ကူစွာချိတ်ဆက်နိုင်တာကြောင့် ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို့တတ်ပါတယ်။ နောက်ပြီး အပ်ချောင်းပုံ အဆိပ် မော်လီကျုးတွေရဲ့ဒဏ်ကြောင့်သွေးကြောလေးတွေ ပေါက်တာမျိူးရှိနိုင်ပါတယ်။ အဲ့အခါကျ တညင်းသီး အဆိပ်သင့်သူမှာ ပေါင်ခြံနှစ်ဖက်နာတာ၊ ဆီးသွားရင် သွေးပါတာ၊ ဆီးသွား နည်းတာ၊ ပျို့အန်တာတွေ ဖြစ်လာပါတယ်။

ကျောက်ကပ်အတွင်းပိုင်း ရောင်ရမ်းတာ(Acute tubular necrosis) ကနေ နောက်ဆုံးရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်း(Acute Renal Failure)ဖြစ်သွားနိုင်ပါတယ်။ အချိန်မှီကုသမှတာ အသက်ကယ်နိုင်မှာဖြစ်ပါတယ်။

တညင်းသီးကိုပြုတ်စားရင် ခြမ်းပြီး အထဲကကပ်နေတဲ့အဆံသေးသေးလေးကိုထုတ်စားရင် အန္တရာယ်မရှိဘူးလို့ အရပ်ထဲမှာပြောကြပါတယ်။ ဒါမဟုတ်ပါဘူး။ တညင်းသီးမှာပါတဲ့အဆိပ်က ရေမှာနည်းနည်းပဲပျော်ဝင်ပါတယ်။ တညင်းသီးကိုပြုတ်လိုက်တဲ့အခါ တိုင်းမှာ သူ့မှာပါတဲ့အဆိပ်တွေထဲက နည်းနည်းပဲပျောဝင်တဲ့အတွက်တစ်ကြိမ်တည်းနဲ့မလုံလောက်ပါဘူး။ အနည်းဆုံးသုံးကြိမ်မှငါးကြိမ်ထိရေများများနဲ့ ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီးသားရေတွေကိုလည်းသွန်ပစ်ပြီးရေအသစ်နဲ့ထပ်ပြုတ်ရမှာပါ။ဒါဆိုရင်တော့အန္တရာယ်တော်တော်နည်းသွားမှာပါ။

တညင်းသီးကိုမီးဖုတ်ပြီးစားတာဟာအဆိုးဆုံးပါ။ တညင်းသီးကို ဆားရည်မှာကြာကြာစိမ်ပြီးစာရင်တော့အဆိပ်တွေတော်တော်လေးလျော့နည်းသွားတယ်လို.ဆိုပါတယ်။ တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူပျော်ဝင်ပါတယ်။ ဒါသိပ္ပံနည်းအရဖြစ်နိုင်ပါတယ်။

အဆုံးသတ်အနနဲ့ပြောရရင်စားစရာပေါများကြွယ်ဝလှတဲ့မြန်မာနိုင်ငံမှာ ဖြစ်နိုင်ရင် တညင်းသီးကိုမစားကြပါနဲ့။ အခြားစားလို့ကောင်းတာတွေအများကြီးပါ။ မရှောင်နိင်လို့စားမယ်ဆိုရင်လည်း အပေါ်မှာပြောထာားတဲ့ နည်းတွေထဲက အန္တရာယ်အနည်းဆုံးနည်းကိုရွေးစားပါလို့ ပြောချင်ပါတယ်။

Author : Dr 528

 

 

Previous Post

ကလေးမရခြင်း

Next Post

ဗီတာမင်ဘီအုပ်စု အကြောင်းသိကောင်းစရာ အပိုင်း ( ၁ )

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin C deficiency and complications

ဗီတာမင်စီ ချို့တဲ့ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ

13 hours ago
17
Rainy season and flu

မိုးရာသီနဲ့ တုပ်ကွေး

13 hours ago
27

အဆီချပြီး အဆီမကျဖြစ်နေပြီလား?

2 days ago
111
Flu that should go to the hospital

ဆေးရုံသွားသင့်တဲ့ တုပ်ကွေး

4 days ago
49
What is the temperature of the body to define a fever?

ကိုယ်ပူချိန်ဘယ်လောက်ဆိုရင် အဖျားရှိတယ်လို့ သတ်မှတ်လဲ?

4 days ago
93
Is glaucoma hereditary?

မျက်လုံးတိမ်စွဲခြင်းက မျိုးရိုးလိုက်တတ်လား?

6 days ago
94

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဗီတာမင်ဘီအုပ်စု အကြောင်းသိကောင်းစရာ အပိုင်း ( ၁ )

ကိုယ်ဝန်ဆောင်နှင့် ကာကွယ်ဆေး

အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုယ်ခံစွမ်းအားနှင့် ပတ်ဝန်းကျင် ရှိပိုးမွှားများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.