ဖျားရင်ဘာစားမလဲ
`အစာလည်းဆေး ဆေးလည်းအစာ´ ဟူသော မြန်မာစကားပုံအရ နေမကောင်းရင် ဘာစားရမလဲ ဟူသောမေးခွန်း မေးလေ့ရှိပါတယ်။ ဖျားနာနေစဉ် မှန်ကန်သော အစာရွေးချယ်မှုက အဓိက ကျပါတယ်။ အာဟာရ ပြည့်ဝသော အစားအစာများက နာလန်ထူရန် အထောက်အကူ ပေးပါတယ်။ အောက်ပါ အစားအစာများကို ရွေးချယ်စားသုံးသင့်ပါတယ်။
(1) ကြက်စွပ်ပြုတ်
ကြက်စွပ်ပြုတ် သောက်ပေးခြင်းသည် အအေးမိ ဖျားနာသူတွေအတွက် သင့်တော်သော အစာအစားပင် ဖြစ်ပါတယ်။ ကြက်စွပ်ပြုတ်တွင် ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်များ၊ ကယ်လိုရီဓာတ်များ၊ အသားဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကြက်စွပ်ပြုတ်သည် ရေဓာတ်များ ပါဝင်သောကြောင့် ကိုယ်ခန္ဓာအတွက် လိုအပ်သော ရေဓာတ်ခမ်းခြောက်မှုကို ဖြည့်တင်းပေးပါတယ်။
ဖျားနာနေစဉ် ရေဓာတ်ပိုမိုလိုအပ်ပါတယ်။ ကြက်စွပ်ပြုတ်တွင် amino acid cysteine ပါဝင်သောကြောင့် ချွဲပျော်စေကာ ဗိုင်းရပ်စ်သေစေနိုင်သော၊ အရောင်ကျစေနိုင်သော ဓာတ်တိုးဆန့်ကျင်သော အစွမ်းရှိပါတယ်။ ကြက်စွပ်ပြုတ်တွင် အအေးမိနှာစေးခြင်းကို သက်သာစေနိုင်သော အစွမ်းရှိပါတယ်။
(2) အရည်များ
ကြက်စွပ်ပြုတ်ကဲ့သို့ အားရှိသော အရည်များ သောက်သုံးခြင်းဖြင့် ရေဓာတ်ဖြည့်တင်းပေးပါတယ်။ အာဟာရှိသော အရည်များတွင် ကယ်လိုရီဓာတ်၊ ဗီတာမင်များ၊ သတ္တုဓာတ်များ ပါဝင်သော အရည်များ သောက်သုံးပါ။
(3)ကြက်သွန်ဖြူ
ကြက်သွန်ဖြူ စားခြင်းသည် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။ ကြက်သွန်ဖြူတွင် ဗိုင်းရပ်စ်၊ ဘက်တီးရီယား၊ မှိုသေစေနိုင်သော အစွမ်းသတ္တိရှိပါတယ်။ ကိုယ်ခံအား ကောင်းစေပါတယ်။ ကြက်သွန်ဖြူ စားသုံးသောသူများတွင် အဖျားအနာ ကင်းစင်ကြောင်း တွေ့ရှိရပါတယ်။ ဖျားနာမှုကို အမြန်ဆုံး သက်သာ ပျောက်ကင်းစေပါတယ်။
(4) အုန်းစိမ်းရည်
ဖျားနာစဉ် ရေဓာတ်ဖြည့်တင်းရန် အရေးကြီးပါတယ်။ ဖျားခြင်း၊ ဝမ်းလျောခြင်း၊ အန်ခြင်းကြောင့် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရန် အုန်းစိမ်းရည် သောက်ခြင်းက သင့်တော်ဆုံး ဖြစ်ပါတယ်။ သကြားဓာတ်နှင့် သတ္တုဓာတ်များ ပါဝင်ပါတယ်။
(5) ရေနွေးကြမ်း
အအေးမိစဉ် ရေနွေးကြမ်း သောက်သုံးခြင်သည်လည်း အိမ်တွင်းဆေးစွမ်းကောင်း တလက်ဖြစ်ပါတယ်။ ရေနွေးကြမ်းသည် ချွဲပျော်စေပြီး လည်ချောင်းနာ သက်သာစေပါတယ်။ ကျန်းမာရေးအတွက် သင့်တော်သော သဘာဝပစ္စည်းများ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင့်၊အရောင်ကျစေခြင်း၊ ကင်ဆာဖြစ်မှု လျော့ကျခြင်းစသည့် အစွမ်းရှိပါတယ်။
(6) ပျားရည်
ပျားရည်တွင် ဘက်တီးရီးယား ကာကွယ်နိုင်စွမ်း ရှိပါတယ်။ ကိုယ်ခံအား ကောင်းစေပါတယ်။ လည်ချောင်းနာ သက်သာစေပါတယ်။ သို့သော် အသက် ၁၂ လအောက် ကလေးကို ပျားရည်မတိုက်ရပါ။
(7) ချင်း
ချင်းသည် အအန်ပျောက်စေသော အစွမ်းရှိပါတယ်။ ကိုယ်ဝန်ဆောင်နှင့် ကင်ဆာကြောင့်ပျို့အန်ခြင်းကို သက်သာစေပါတယ်။ ချင်းတွင် အရောင်ကျစေသော၊ ပိုးသေစေနိုင်သော၊ ကင်ဆာသက်သာစေသော အစွမ်းရှိပါတယ်။
(8) အပူအစပ်များ
ငရုတ်ကောင်းပါသော အစားအစာများသည် အအေး မိနှာရည်ယိုခြင်းကို သက်သာစေနိုင်ပါတယ်။ အပူအစပ်များတွင် ပါဝင်သော capsaicin သည် နှာပိတ်ခြင်းကို သက်သာစေပါတယ်။ ချောင်းဆိုးချွဲကပ်ခြင်းကို သက်သာစေပါတယ်။ အစာအိမ်ရောဂါရှိလျှင် မစားသုံးသင့်ပါ။
(9) ငှက်ပျောသီး
နာမကျန်းလျှင် ငှက်ပျောသီး စားသုံးသင့်ပါတယ်။ ငှက်ပျောသီးတွင် အမျှင်ဓာတ်ပါဝင်ပြီး ဝမ်းလျှောခြင်းကို သက်သာစေပါတယ်။ ကယ်လိုရီနှင့် အာဟာရဓာတ် များစွာပါဝင်ပါတယ်။
(10) ကွေကာအုပ်
ငှက်ပျောသီးကဲ့သို့ အုပ်အစာအစားများတွင်လည်း အာဟာရဓာတ် ပြည့်ဝစွာ ပါဝင်ပါတယ်။ ကိုယ်ခံအားကောင်းစေပြီး သွေးတွင်းအချိုဓာတ် ထိန်းပေးပါတယ်။
(11) ဒိန်ချဉ်
ဒိန်ချဉ်သည်လည်း ကယ်လ်ဆီယမ်ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အကျိုးပြုပိုးများ ပါဝင်ပြီး အအေးမိခြင်း မြန်ဆန်စွာ သက်သာစေပါတယ်။
(12) အသီးအနှံများ
ဖျားနာနေလျှင် အရောင်ရှိသော အသီးနှံများ စားသုံးပေးပါ။ အသီးအနှံများတွင် ရောဂါခုခံနိုင်စွမ်းရှိပါတယ်။
(13) ထောပတ်သီး
ထောပတ်သီးတွင် အမျှင်ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်သောကြောင့် ဖျားနာနေစဉ်စားသုံး၍ သင့်တော်ပါတယ်။
(14) အသီးအရွက်များ
ဗီတာမင်ဓာတ် များစွာပါဝင်သော အသီးအရွက်များကို နေမကောင်းလျှင် စားသုံးပေး၍ ရပါတယ်။ ပိုးမွှားသေစေနိုင်သော၊ ရောင်ရမ်းမှု သက်သာစေသော အစွမ်းရှိပါတယ်။
(15) ဆဲလ်မွန်ငါး
ဖျားနာနေစဉ် အသားဓာတ် ကြွယ်ဝသော ဆဲလ်မွန်ငါးများများ စားပေးပါ။ အိုမီဂါ 3 သည် ရောင်ရမ်းမှု သက်သာစေသော အစွမ်းရှိပါတယ်။
Author : Dr. ပြည့်ရှင်း