(Zawgyi ျဖင့္ဖတ္ရန္)
အမာရြတ္ကင္းစင္ လွပေစဖုိ႔
အမာရြတ္ဆုိတာ တစ္ခ်ိန္တုန္းက ဒဏ္ရာကုိ ေဖာ္ျပတဲ့အရာတစ္ခုပါ။ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဒဏ္ရာကုိယ္စီ ရခဲ့ဖူးၾကပါလိမ့္မယ္။ တခ်ဳိ႕ဒဏ္ရာေတြက အနာက်က္ၿပီးသြားသည့္တုိင္ အမာရြတ္ေတြ က်န္ခဲ့တတ္ၾကပါတယ္။ အမာရြတ္ေတြဟာ ခႏၶာကုိယ္ရဲ႕ ဖုံးကြယ္အပ္တဲ့ ေနရာေတြမွာဆို အေရးမပါလွေပမယ့္ မ်က္ႏွာလုိ ေနရာမ်ဳိး ၊ ေျခဖ်ားလက္ဖ်ားေတြလုိ ေနရာမ်ဳိးေတြမွာ ရွိေနခဲ့ရင္ေတာ့ စိတ္အေႏွာက္အယွက္ေတြ ျဖစ္ရတတ္ပါတယ္။ ဒီေဆာင္းပါးေလးမွာ အလွပ်က္ေစတဲ့ အမာရြတ္ေတြ မရွိေအာင္ ဘယ္လုိလုပ္ရမယ္ဆုိတာေလးကုိ ေျပာျပခ်င္ပါတယ္။
ပထမဆုံးအေနနဲ႔ အမာရြတ္ျဖစ္ေပၚလာပုံကုိ ေျပာျပခ်င္ပါတယ္။ အေရျပားရဲ႕ ေအာက္လႊာျဖစ္တဲ့ dermis ထိ ထိခုိက္ဒဏ္ရာရတဲ့အခါမွာ ကုိယ္ခႏၶာက အနာက်က္ေအာင္ ျပဳလုပ္ေပးပါတယ္။ အဲလုိ ျပဳလုပ္ေပးတဲ့အခါမွာ collagen fiber ေလးေတြ အသစ္ျဖစ္ေပၚလာပါတယ္။ အသစ္ျဖစ္လာတဲ့ fiber ေခၚ အမွ်င္ဓာတ္ေလးေတြက အရင္ ရွိေနတဲ့ ပုံစံနဲ႔ မတူေတာ့ဘဲ အေရာင္အားျဖင့္ေရာ ပုံသ႑န္အားျဖင့္ပါ ျခားနားပါတယ္။ ဒီနည္းအားျဖင့္ အနာက်က္ေပမယ့္လည္း အမာရြတ္ေလးေတြ က်န္ခဲ့တာ ျဖစ္ပါတယ္။
တခ်ဳိ႕ေတြမွာက် အနာက ေကာင္းေကာင္းမက်က္ဘဲ ပုိးဝင္တာေၾကာင့္ အမာရြတ္ေတြ ပုိႀကီးသြားတာမ်ဳိး ရွိသလုိ တခ်ဳိ႕ေတြမွာလည္း မ်ဳိးရုိးဗီဇအရကုိ အမာရြတ္အႀကီးႀကီး က်န္ခဲ့တာမ်ဳိးေတြ ရွိပါတယ္။ အမာရြတ္ေတြက မ်ားေသာအားျဖင့္ ပုံမွန္အေရျပားထက္ ဖုထြက္ေနတတ္ျပီး အေရာင္အားျဖင့္လည္း နီေနတာမ်ဳိး ၊ ပုံမွန္အေရာင္ထက္ အေရာင္ေဖ်ာ့ေနတာမ်ဳိးေတြ ရွိတတ္ပါတယ္။
မ်ဳိးရုိးဗီဇေၾကာင့္ျဖစ္တဲ့ အမာရြတ္ေတြက ပုိဆုိးတတ္ပါတယ္။ collagen ေတြ အမ်ားႀကီးထြက္တတ္တဲ့အတြက္ အနာေသးေသးေလးေတာင္မွ အမာရြတ္ အႀကီးႀကီးက်န္တာမ်ဳိးေတြ ျဖစ္တတ္တယ္။ အဲလုိ အမာရြတ္ေတြက တစ္ခါတစ္ေလ ယားယံတာမ်ဳိး၊ အနည္းငယ္ နာက်င္တာမ်ဳိးေတြထိ ျဖစ္တတ္ပါတယ္။ တခ်ဳိ႕ အမာရြတ္ေတြက် ဖုမေနဘဲ မူလအေရျပားထက္ ခ်ဳိင့္ေနတာမ်ဳိးေတြ ရွိတတ္ပါတယ္။ မ်ားေသာအားျဖင့္ ဝက္ၿခံထြက္ၿပီး က်န္ခဲ့တဲ့ အမာရြတ္ေတြ ၊ ေရေက်ာက္ေပါက္ၿပီး က်န္ခဲ့တဲ့ အမာရြတ္ေတြဆုိ ခ်ဳိင့္ဝင္ေနတာမ်ဳိးေတြ ျဖစ္တတ္တယ္။ မီးေလာင္ဒဏ္ရာေၾကာင့္ ရတဲ့ အမာရြတ္ၾက အေရျပားၾကီးက က်ဳံသြားတာမ်ဳိးေတြလုိ ေတြ႕ရတတ္ပါတယ္။
အမာရြတ္ေတာ္ေတာ္မ်ားမ်ားက အခ်ိန္ၾကာလာတာနဲ႕ အမွ် အရြယ္အစားေသးသြားတာမ်ဳိး ၊ အေရာင္ေဖ်ာ့သြားတာမ်ဳိးေတြ ျဖစ္ေလ့ရွိပါတယ္။ အမာရြတ္ေတြ ျမန္ျမန္ေပ်ာက္ဖုိ႔အတြက္ နည္းလမ္းေၾကာင္း တခ်ဳိ႕ကုိလည္း ေပးခ်င္ပါတယ္။
၁။ အုန္းဆီ သုိ႕မဟုတ္ သံလြင္ဆီ
အုန္းဆီတုိ႔ သံလြင္ဆီတုိ႔ကုိ အနာက်က္ျပီးတဲ့ အခ်ိန္မွာ အမာရြတ္ေပၚ တစ္ေန႔ကုိ ၃ ႀကိမ္ခန္႔ လူးေပးသင့္ပါတယ္။ အုန္းဆီမွာ ပါဝင္တဲ့ Omega ၃ နဲ႔ ဓာတ္တုိးဆန္႔က်င္ပစၥည္းေတြက အေရျပားကုိ ျပဳျပင္ေပးတဲ့အျပင္ အမာရြတ္အၾကီးၾကီးေတြ ျဖစ္လာတဲ့ အႏၱရာယ္က ကာကြယ္ေပးပါတယ္။ အခုဆုိ အမာရြတ္ေပ်ာက္ရုံသာမကဘဲ အသားအေရ ေျခာက္ေသြ႔တာေတြ ကြဲေျခာက္တာေတြအတြက္ပါ ေကာင္းတဲ့ သံလြင္ဆီလုိ အုန္းဆီလုိ ပစၥည္းေတြ ေစ်းကြက္မွာ အလြယ္တကူ ဝယ္လုိ႔ရေနပါျပီ။
၂။ ရွားေစာင္းလက္ပတ္
ရွားေစာင္းလက္ပတ္ကုိ ျခမ္းလုိက္ရင္ အထဲက gel ေလးကုိ ေတြ႔ပါလိမ့္မယ္။ အဲဒီ gel ေလးမွာ အေရျပားကုိ ေခ်ာ့ေမြ႔ေစတဲ့ အာနိသင္တင္မကဘဲ အမာရြတ္ေတြကုိ ေပ်ာက္ေစႏုိင္တဲ့ အာနိသင္ေတြလည္း ရွိလုိ႔ေနပါေသးတယ္။ အမာရြတ္ရွိတဲ့ေနရာကုိ လူးျပီး ၁ နာရီေလာက္ထား ျပီးရင္ေရနဲ႔ ျပန္ေဆးေပးပါ။ တစ္ေန႔ကုိ ၃ ႀကိမ္ခန္႔ ျပဳလုပ္ႏုိင္ပါတယ္။
၃။ ဗီတာမင္ အီး
ဗီတာမင္ အီးဟာလည္း အေရျပားအတြက္ အထူးေကာင္းမြန္ပါတယ္။ ဗီတာမင္ အီးကုိ လူးျပီး ၁၀ မိနစ္ခန္႔ ျဖည္းညွင္းစြာ ႏွိပ္နယ္ေပးပါ။ ျပီးလွ်င္ မိနစ္ ၂၀ ခန္႔ထားၿပီး ေရေႏြးေႏြးေလးနဲ႔ ေဆးေပးပါ။ အမာရြတ္ေတြ တျဖည္းျဖည္း ေလ်ာ့ပါးလာပါလိမ့္မယ္။
၄။ သံပရာသီး
သံပရာသီးမွာ အမာရြတ္ေတြကုိ ကုေပးႏုိင္စြမ္းရွိတဲ့ alpha hydroxy acid ပါဝင္ပါတယ္။ ဒါ့အျပင္ cell ေသေတြကုိ ဖယ္ရွားေပးႏုိင္ျပီး cell အသစ္မ်ားကုိ ျပန္လည္ျဖစ္ေစႏုိင္တဲ့ အာနိသင္ေတြ ရွိတဲ့အျပင္ အေရျပားရဲ႕ က်ဳံႏုိင္ဆန္႔ႏုိင္အားကုိလည္း တုိးေစပါတယ္။ သံပရာရည္ကုိ အမာရြတ္ရွိတဲ့ေနရာမွာလိမ္း ၁၀ မိနစ္ေလာက္ထားျပီး ေရေႏြးေႏြးေလးနဲ႔ ေဆးခ်ေပးပါ။ sensitive ျဖစ္တဲ့ အသားအေရ ရွိတဲ့သူေတြကေတာ့ သံပရာရည္ကုိ vit E နဲ႔ ဆတူေရာျပီးမွ လိမ္းတာမ်ဳိး လုပ္ေပးသင့္ပါတယ္။
၅။ ပ်ားရည္
ပ်ားရည္မွာလည္း အမာရြတ္ေတြကုိ ေပ်ာက္ေစႏုိင္တဲ့ အာနိသင္ ရွိပါတယ္။ ညအိပ္ရာဝင္ခါနီးတုိင္း ပ်ားရည္ကုိ လိမ္းအိပ္ပါ။ မနက္ႏုိးလွ်င္ ေရေႏြးေႏြးေလးနဲ႔ ေဆးေပးပါ။ ထုိနည္းအားျဖင့္လည္း အမာရြတ္ေတြ တျဖည္းျဖည္း ေလ်ာ့ပါးလာပါလိမ့္မယ္။
ေခ်ာေမာလွပျပီး အမာရြတ္ကင္းစင္တဲ့ အသားအေရအလွကုိ ပုိင္ဆုိင္ႏုိင္ၾကပါေစ။
Author : Dr. ေမ
(Unicode)
အမာရွတ်ကင်းစင် လှပစေဖို့
အမာရွတ်ဆိုတာ တစ်ချိန်တုန်းက ဒဏ်ရာကို ဖော်ပြတဲ့အရာတစ်ခုပါ။ အကြောင်းအမျိုးမျိုးကြောင့် ဒဏ်ရာကိုယ်စီ ရခဲ့ဖူးကြပါလိမ့်မယ်။ တချို့ဒဏ်ရာတွေက အနာကျက်ပြီးသွားသည့်တိုင် အမာရွတ်တွေ ကျန်ခဲ့တတ်ကြပါတယ်။ အမာရွတ်တွေဟာ ခန္ဓာကိုယ်ရဲ့ ဖုံးကွယ်အပ်တဲ့ နေရာတွေမှာဆို အရေးမပါလှပေမယ့် မျက်နှာလို နေရာမျိုး ၊ ခြေဖျားလက်ဖျားတွေလို နေရာမျိုးတွေမှာ ရှိနေခဲ့ရင်တော့ စိတ်အနှောက်အယှက်တွေ ဖြစ်ရတတ်ပါတယ်။ ဒီဆောင်းပါးလေးမှာ အလှပျက်စေတဲ့ အမာရွတ်တွေ မရှိအောင် ဘယ်လိုလုပ်ရမယ်ဆိုတာလေးကို ပြောပြချင်ပါတယ်။
ပထမဆုံးအနေနဲ့ အမာရွတ်ဖြစ်ပေါ်လာပုံကို ပြောပြချင်ပါတယ်။ အရေပြားရဲ့ အောက်လွှာဖြစ်တဲ့ dermis ထိ ထိခိုက်ဒဏ်ရာရတဲ့အခါမှာ ကိုယ်ခန္ဓာက အနာကျက်အောင် ပြုလုပ်ပေးပါတယ်။ အဲလို ပြုလုပ်ပေးတဲ့အခါမှာ collagen fiber လေးတွေ အသစ်ဖြစ်ပေါ်လာပါတယ်။ အသစ်ဖြစ်လာတဲ့ fiber ခေါ် အမျှင်ဓာတ်လေးတွေက အရင် ရှိနေတဲ့ ပုံစံနဲ့ မတူတော့ဘဲ အရောင်အားဖြင့်ရော ပုံသဏ္ဍန်အားဖြင့်ပါ ခြားနားပါတယ်။ ဒီနည်းအားဖြင့် အနာကျက်ပေမယ့်လည်း အမာရွတ်လေးတွေ ကျန်ခဲ့တာ ဖြစ်ပါတယ်။
တချို့တွေမှာကျ အနာက ကောင်းကောင်းမကျက်ဘဲ ပိုးဝင်တာကြောင့် အမာရွတ်တွေ ပိုကြီးသွားတာမျိုး ရှိသလို တချို့တွေမှာလည်း မျိုးရိုးဗီဇအရကို အမာရွတ်အကြီးကြီး ကျန်ခဲ့တာမျိုးတွေ ရှိပါတယ်။ အမာရွတ်တွေက များသောအားဖြင့် ပုံမှန်အရေပြားထက် ဖုထွက်နေတတ်ပြီး အရောင်အားဖြင့်လည်း နီနေတာမျိုး ၊ ပုံမှန်အရောင်ထက် အရောင်ဖျော့နေတာမျိုးတွေ ရှိတတ်ပါတယ်။
မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ အမာရွတ်တွေက ပိုဆိုးတတ်ပါတယ်။ collagen တွေ အများကြီးထွက်တတ်တဲ့အတွက် အနာသေးသေးလေးတောင်မှ အမာရွတ် အကြီးကြီးကျန်တာမျိုးတွေ ဖြစ်တတ်တယ်။ အဲလို အမာရွတ်တွေက တစ်ခါတစ်လေ ယားယံတာမျိုး၊ အနည်းငယ် နာကျင်တာမျိုးတွေထိ ဖြစ်တတ်ပါတယ်။ တချို့ အမာရွတ်တွေကျ ဖုမနေဘဲ မူလအရေပြားထက် ချိုင့်နေတာမျိုးတွေ ရှိတတ်ပါတယ်။ များသောအားဖြင့် ဝက်ခြံထွက်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေ ၊ ရေကျောက်ပေါက်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေဆို ချိုင့်ဝင်နေတာမျိုးတွေ ဖြစ်တတ်တယ်။ မီးလောင်ဒဏ်ရာကြောင့် ရတဲ့ အမာရွတ်ကြ အရေပြားကြီးက ကျုံသွားတာမျိုးတွေလို တွေ့ရတတ်ပါတယ်။
အမာရွတ်တော်တော်များများက အချိန်ကြာလာတာနဲ့ အမျှ အရွယ်အစားသေးသွားတာမျိုး ၊ အရောင်ဖျော့သွားတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ အမာရွတ်တွေ မြန်မြန်ပျောက်ဖို့အတွက် နည်းလမ်းကြောင်း တချို့ကိုလည်း ပေးချင်ပါတယ်။
၁။ အုန်းဆီ သို့မဟုတ် သံလွင်ဆီ
အုန်းဆီတို့ သံလွင်ဆီတို့ကို အနာကျက်ပြီးတဲ့ အချိန်မှာ အမာရွတ်ပေါ် တစ်နေ့ကို ၃ ကြိမ်ခန့် လူးပေးသင့်ပါတယ်။ အုန်းဆီမှာ ပါဝင်တဲ့ Omega ၃ နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားကို ပြုပြင်ပေးတဲ့အပြင် အမာရွတ်အကြီးကြီးတွေ ဖြစ်လာတဲ့ အန္တရာယ်က ကာကွယ်ပေးပါတယ်။ အခုဆို အမာရွတ်ပျောက်ရုံသာမကဘဲ အသားအရေ ခြောက်သွေ့တာတွေ ကွဲခြောက်တာတွေအတွက်ပါ ကောင်းတဲ့ သံလွင်ဆီလို အုန်းဆီလို ပစ္စည်းတွေ ဈေးကွက်မှာ အလွယ်တကူ ဝယ်လို့ရနေပါပြီ။
၂။ ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ကို ခြမ်းလိုက်ရင် အထဲက gel လေးကို တွေ့ပါလိမ့်မယ်။ အဲဒီ gel လေးမှာ အရေပြားကို ချော့မွေ့စေတဲ့ အာနိသင်တင်မကဘဲ အမာရွတ်တွေကို ပျောက်စေနိုင်တဲ့ အာနိသင်တွေလည်း ရှိလို့နေပါသေးတယ်။ အမာရွတ်ရှိတဲ့နေရာကို လူးပြီး ၁ နာရီလောက်ထား ပြီးရင်ရေနဲ့ ပြန်ဆေးပေးပါ။ တစ်နေ့ကို ၃ ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။
၃။ ဗီတာမင် အီး
ဗီတာမင် အီးဟာလည်း အရေပြားအတွက် အထူးကောင်းမွန်ပါတယ်။ ဗီတာမင် အီးကို လူးပြီး ၁၀ မိနစ်ခန့် ဖြည်းညှင်းစွာ နှိပ်နယ်ပေးပါ။ ပြီးလျှင် မိနစ် ၂၀ ခန့်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးပေးပါ။ အမာရွတ်တွေ တဖြည်းဖြည်း လျော့ပါးလာပါလိမ့်မယ်။
၄။ သံပရာသီး
သံပရာသီးမှာ အမာရွတ်တွေကို ကုပေးနိုင်စွမ်းရှိတဲ့ alpha hydroxy acid ပါဝင်ပါတယ်။ ဒါ့အပြင် cell သေတွေကို ဖယ်ရှားပေးနိုင်ပြီး cell အသစ်များကို ပြန်လည်ဖြစ်စေနိုင်တဲ့ အာနိသင်တွေ ရှိတဲ့အပြင် အရေပြားရဲ့ ကျုံနိုင်ဆန့်နိုင်အားကိုလည်း တိုးစေပါတယ်။ သံပရာရည်ကို အမာရွတ်ရှိတဲ့နေရာမှာလိမ်း ၁၀ မိနစ်လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။ sensitive ဖြစ်တဲ့ အသားအရေ ရှိတဲ့သူတွေကတော့ သံပရာရည်ကို vit E နဲ့ ဆတူရောပြီးမှ လိမ်းတာမျိုး လုပ်ပေးသင့်ပါတယ်။
၅။ ပျားရည်
ပျားရည်မှာလည်း အမာရွတ်တွေကို ပျောက်စေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်း ပျားရည်ကို လိမ်းအိပ်ပါ။ မနက်နိုးလျှင် ရေနွေးနွေးလေးနဲ့ ဆေးပေးပါ။ ထိုနည်းအားဖြင့်လည်း အမာရွတ်တွေ တဖြည်းဖြည်း လျော့ပါးလာပါလိမ့်မယ်။
ချောမောလှပပြီး အမာရွတ်ကင်းစင်တဲ့ အသားအရေအလှကို ပိုင်ဆိုင်နိုင်ကြပါစေ။
Author : Dr. မေ