fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

သားဆက်ခြားခြင်း၏ ရည်ရွယ်ချက်များနှင့် သားဆက်ခြားရသောအခြေအနေများ

သားဆက္ျခားျခင္း၏ ရည္ရြယ္ခ်က္မ်ားႏွင့္ သားဆက္ျခားရေသာအေျခအေနမ်ား

ယေန႔ေခတ္ အိမ္ေထာင္တစ္ခုတည္ေဆာက္ရာတြင္ စနစ္တက်မိသားစုတစ္ခုျဖစ္တည္ေရးမွာ တျဖည္းျဖည္းနွင့္အေရးပါလာသည္။  လက္ထပ္ထိမ္းျမားသည္နွင့္ တစ္ျပိဳင္နက္ ရင္ေသြးမည္မွ်ယူမည္ မည္သို႔ျ႔ပဳစု ပ်ိဳးေထာင္မည္ကို ဂရုတစိုက္စီမံလာၾကသည္ကိုေတြ႔လာရသည္။ ထိုအခါ က်န္းမာေရးက႑ထဲမွ မ်ိဳးဆက္ပြားက်န္းမာေရးကို စိတ္ဝင္တစားရွိလာၾကသျဖင့္ သားဆက္ျခားျခင္းအသိပညာမွာအေရးပါလာသည္။

မ်ိဳးဆက္ပြားအသိပညာ ႏွင့္ ပတ္သက္၍ စိတ္ဝင္စားဖြယ္ရာအပိုင္းမ်ားစြာရွိပါသည္။  လိင္လမ္းေၾကာင္းမွတစ္ဆင့္ ေရာဂါမကူးစက္ေအာင္တားျခင္း၊ ကူးစက္ေရာဂါရွိသူမ်ားတြင္ မိဘမ်ားမွတစ္ဆင့္ သားသမီးကိုမကူးစက္ေအာင္ သားဆက္ျခားျခင္း ၊ နာတာရွည္ေရာဂါရွိသူမ်ားတြင္ မိခင္ေလာင္း၏ ေရာဂါအေျခအေနေပၚမူတည္၍ သေႏၶတားျခင္း၊ မိသားစုအေျခအေနေပၚမူတည္၍ ကေလးမယူလိုေသးသူမ်ားတြင္တားျခင္း အစရွိသျဖင့္ ရည္ရြယ္ခ်က္အမ်ိဳးမ်ိဳးျဖင့္ ေဆြးေႏြးၾက သားဆက္ျခားျခင္းမ်ားကိုအသံုးျပဳလာၾကပါသည္။

HIV ပိုးအစရွိ၍ အျခားလိင္လမ္းေၾကာင္းမွ တစ္ဆင့္ကူးဆက္တတ္ေသာ ေရာဂါမ်ားကိုကာကြယ္ရာတြင္ကြန္ဒံုးတစ္မ်ိဳးတည္းကသာထိထိေရာက္ေရာက္ကာကြယ္ႏိုင္သျဖင့္ ထိုေရာဂါရွိသူမ်ားကိုကြန္ဒံုး ကိုထိထိေရာက္ေရာက္အသံုးျပဳရန္ ပညာေပးေလ့ရွိပါသည္။

၁) မ်ိဳးပြားလမ္းေၾကာင္းမွတစ္ဆင့္ကူူးစက္တတ္သည္႔ ကာလသားေရာဂါ ၊အသည္းေရာင္အသားဝါ ဘီပိုး စီပိုးရွိသည္႔အခါတြင္ေရာဂါစနစ္တက်ကုသေရးမွာအေရးပါသည္။ ေရာဂါကို စနစ္တက်မကုသဘဲ သားသမီးရခဲ့လွ်င္ ထိုသားသမီးမ်ားတြင္ ေမြးရာပါအဂၤါခ်ိဳ႔တဲ့မႈမ်ားႏွင့္ ေရာဂါကူးစက္ခံရမွဳမ်ား ရွိလာႏိုင္သည္။

HIV ပိုးႏွင့္အသည္းေရာင္အသားဝါ ဘီပိုးမ်ားအတြက္ ပိုးေကာင္ေရထိန္းခ်ဳပ္ႏိုင္ေသာ ေဆးဝါးေကာင္းမ်ားရွိလာျပီျဖစ္သကဲ့သို႔ ကာလသားေရာဂါ ၊ အသည္းေရာင္အသားဝါစီပိုးေရာဂါမ်ားမွာ အျပီးေပ်ာက္ကင္းေအာင္ကုသႏိုင္ျပီျဖစ္ရာ အိမ္ေထာင္ဘက္တစ္ဦးဦးတြင္ထိုေရာဂါမ်ားရွိသည္ဟုယူဆရလွ်င္ေစာစီးစြာကုသသင့္သည္။ ကုသရာတြင္ အိမ္ေထာင္ဘက္နွစ္ဦးစလံုးတြင္ေရာဂါရွိမရွိ ဦးစြာစစ္ေဆးသင့္သည္။ ရွိေနလွ်င္နွစ္ဦးစလံုးေပ်ာက္ကင္းေအာင္ကုသသင့္သည္။

ကုသေနစဥ္အေတာအတြင္းတြင္လည္း ေရာဂါပိုးကူးစက္ခံရမည္႔ရင္ေသြးငယ္ မရွိရေလေအာင္သင့္ေတာ္ေသာသားဆက္ျခားနည္းကို အသံုးျပဳေနသင့္သည္။ ရင္ေသြးငယ္ ရလိုေသာအခါမွသာ မိမိ တိုင္ပင္ျပသေနေသာဆရာဝန္မ်ားနွင့္တိုင္ပင္၍ မည္သည့္အခ်ိန္တြင္ သားသမီးယူလိုသည္ကို ေသခ်ာစြာေဆြးေႏြးသင့္သည္။ ဆရာဝန္မ်ားကလည္း အျပီးေပ်ာက္ကင္းႏိုင္သည္႔ေရာဂါမ်ားတြင္ ေရာဂါအျပီးေပ်ာက္ကင္းသြားေသာအခါ ႏွင့္ ပိုးေကာင္ေရ ထိန္းခ်ဳပ္စစ္ေဆး ကုသေနရေသာေရာဂါမ်ားတြင္ ပိုးေကာင္ေရ ပမာဏေပၚမူတည္၍ သားသမီးယူသင့္ မယူသင့္ကိုေဆြးေႏြးေပးႏိုင္မည္ျဖစ္သည္။

၂) တစ္ခါတစ္ရံတြင္ မ်ိဳးပြားလမ္းေၾကာင္းမွတစ္ဆင့္ ကူးစက္တတ္ေသာေရာဂါမရွိေသာ္လည္း ေမြးရာပါေရာဂါတစ္မ်ိဳးမ်ိဳးျဖစ္လာႏိုင္သည့္အေၾကာင္းေၾကာင့္ သားဆက္ျခားရန္အၾကံေပးတတ္ပါသည္။ ယေန႔ေခတ္တြင္ မ်ိဳးရုိးဗီဇ ဆိုင္ရာအသိပညာမွာ လြန္စြာတိုးတက္လာျပီျဖစ္သည္။ မည္သည္႔ေရာဂါမ်ားသည္ မိဘမ်ားမွတစ္ဆင့္ သားသမီးတြင္ မည္မွ်ျဖစ္ႏိုင္ေခ်ရွိေၾကာင္း ေလ့လာသိရွိလာၾကသည္။ သားသမီးတြင္ ျဖစ္လာႏိုင္ေခ်မ်ားေသာ ေရာဂါမ်ားအတြက္ သားဆက္ျခားျခင္းမွာ ေဆြးေႏြးရမည္ျဖစ္ေသာေခါင္းစဥ္တစ္ခု ျဖစ္လာသည္။

ထို႔သို႔ျဖစ္ေသာေရာဂါမ်ားမွ ကၽြန္မတို႔နိုင္ငံတြင္အျဖစ္မနည္းလွေသာ ေရာဂါႏွစ္ခုမွာ Thalassaemia လို႔ေခၚသည္႔ ေသြးနီဥမ်ားပံုမမွန္၍ မၾကာခဏေသြးသြင္းေနရသည္႔ေရာဂါ ႏွင့္ G6PD လို႔ေခၚသည့္ မတည့္ေသာေဆးဝါးမ်ား၊ ပစၥည္းမ်ားႏွင့္ထိေတြ႔မိလွ်င္ ေသြးနီဥမ်ားေပါက္ကြဲတတ္ေသာေရာဂါတို႔ျဖစ္သည္။

Thalassaemia ျဖစ္ေစေသာမ်ိဳးရုိးဗီဇမွာ မိခင္မွေသာ္လည္းေကာင္း ဖခင္မွေသာ္လည္းေကာင္း ရရွိနိုင္သည္။ G6PD မွာမူသားေယာကၤ်ားေလးျဖစ္ခဲ့လွ်င္ မိခင္ဘက္မွတစ္ဆင့္ရရွိနုိင္၍ သမီးမိန္းကေလးျဖစ္ခ့ဲလွ်င္မိခင္ဘက္မွေသာ္လည္းေကာင္း ဖခင္ဘက္မွေသာ္လည္းေကာင္း ဗီဇကိုရရွိနိုင္သည္။ ထို႔ေၾကာင့္ထိုကဲ့သို႔ေသာေရာဂါမ်ားတြင္ ညီအကိုေမာင္ႏွမမ်ားနွင့္ မိသားစုမ်ိဳးရုိးစဥ္ဆက္ကိုေလ့လာ၍ ျဖစ္ႏိုင္ေခ်ႏႈန္းကိုတြက္ခ်က္ကာ သားသမီးယူသင့္မယူသင့္ကိုေဆြးေႏြးရသည္။ အထူးသျဖင့္ ေရွ႔တြင္ေရာဂါရွိေသာ သားသမီးရွိခဲ့၍ ေနာက္ထပ္သားသမီးမယူလိုေသးေသာ စံုတြဲမ်ားတြင္ သားဆက္ျခားေရးနည္းလမ္းမ်ားကိုေသခ်ာေဆြးေႏြးေပးရသည္။

၃) တစ္ခါတစ္ရံတြင္မူ သားဆက္ျခားျခင္းေဆြးေႏြးတိုင္ပင္ရျခင္းမွာ မိခင္ေလာင္းတြင္ကိုယ္ဝန္ေဆာင္လွ်င္ အသက္အႏၱရာယ္ရွိလာႏိုင္ေသာေရာဂါရွိ၍ ျဖစ္ႏိုင္သည္။ နာတာရွည္ေရာဂါမ်ားျဖစ္သည့္ နွလံုးေရာဂါမ်ား နွင့္ ခုခံအားစနစ္ပံုမမွန္သည့္ အေရျပားေလးဖက္နာကဲ့သို႔ေရာဂါမ်ိဳးမ်ားတြင္ ကိုယ္ဝန္လြယ္ကာမွ မိခင္ေရာကေလးပါ အသက္အႏၱရာယ္ရွိနုိင္ေသာအေျခအေန ျဖစ္ႏိုင္ေခ်မ်ားလွ်င္ ကိုယ္ဝန္ယူရန္အတြက္တားျဖစ္ရတတ္သည္။

ယခင္တစ္ခါသားသမီးယူစဥ္က သားအိမ္အတြင္းတြင္သေႏၶသားမတည္ဘဲ သားဥအိမ္တြင္သေႏၶတည္၍ Shock ျဖစ္ကာသားဥအိမ္ထုတ္ထားရေသာ အမ်ိဳးသမီးငယ္မ်ားတြင္လည္း သားသမီးယူရန္ႏွင့္ သားဆက္ျခားေရးမွာေသခ်ာတိုင္ပင္ေဆြးေႏြးသင့္ေသာအေၾကာင္းအရာတစ္ခုျဖစ္သည္။

မိခင္အသက္အရြယ္ၾကီးေသာအခါတြင္လည္း ေမြးဖြားလာမည္ျဖစ္ေသာရင္ေသြးငယ္တြင္ ညဏ္ရည္နိမ့္ပါးတတ္သည့္ Down’s Syndrome ပါလာတတ္သည္။ ထို႔သို႔မိခင္ေလာင္းမ်ားတြင္လည္း သားသမီးယူလိုေသာဆႏၵမရွိလွ်င္သားဆက္ျခားေရးကိုေသခ်ာေဆြးေႏြးေပးရပါသည္။

၄) Family Planning ကိုေသခ်ာစီစဥ္ေလ႔ရွိသည္႔မိသားစုမ်ားအတြက္ သားဆက္ျခားနည္းမ်ားႏွင့္ ပတ္သတ္ေသာဗဟုသုတမ်ားမွာအလြန္အေရးပါႏိုင္သည္။ ထိုအခါမွသာ သားသမီးမယူလိုေသးေသာအခါတြင္လည္း မည္႔သည့္ကာလအထိ မယူေသးမည္ကိုဆံုးျဖတ္၍ သားဆက္ျခားနည္းနည္းလမ္းမ်ားကို မွန္ကန္စြာေရြးခ်ယ္ႏိုင္မည္ျဖစ္ပါသည္။

ေနာက္တစ္ခ်ိန္တြင္ သားဆက္ျခားနည္းနည္းလမ္းမ်ားကို ဗဟုသုတအျဖစ္ေဖာ္ျပေပးပါမည္။

Author : Dr. ေမႊး

(Unicode)

သားဆက်ခြားခြင်း၏ ရည်ရွယ်ချက်များနှင့် သားဆက်ခြားရသောအခြေအနေများ

ယနေ့ခေတ် အိမ်ထောင်တစ်ခုတည်ဆောက်ရာတွင် စနစ်တကျမိသားစုတစ်ခုဖြစ်တည်ရေးမှာ တဖြည်းဖြည်းနှင့်အရေးပါလာသည်။  လက်ထပ်ထိမ်းမြားသည်နှင့် တစ်ပြိုင်နက် ရင်သွေးမည်မျှယူမည် မည်သို့ြ့ပုစု ပျိုးထောင်မည်ကို ဂရုတစိုက်စီမံလာကြသည်ကိုတွေ့လာရသည်။ ထိုအခါ ကျန်းမာရေးကဏ္ဍထဲမှ မျိုးဆက်ပွားကျန်းမာရေးကို စိတ်ဝင်တစားရှိလာကြသဖြင့် သားဆက်ခြားခြင်းအသိပညာမှာအရေးပါလာသည်။

မျိုးဆက်ပွားအသိပညာ နှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာအပိုင်းများစွာရှိပါသည်။  လိင်လမ်းကြောင်းမှတစ်ဆင့် ရောဂါမကူးစက်အောင်တားခြင်း၊ ကူးစက်ရောဂါရှိသူများတွင် မိဘများမှတစ်ဆင့် သားသမီးကိုမကူးစက်အောင် သားဆက်ခြားခြင်း ၊ နာတာရှည်ရောဂါရှိသူများတွင် မိခင်လောင်း၏ ရောဂါအခြေအနေပေါ်မူတည်၍ သန္ဓေတားခြင်း၊ မိသားစုအခြေအနေပေါ်မူတည်၍ ကလေးမယူလိုသေးသူများတွင်တားခြင်း အစရှိသဖြင့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ဆွေးနွေးကြ သားဆက်ခြားခြင်းများကိုအသုံးပြုလာကြပါသည်။

HIV ပိုးအစရှိ၍ အခြားလိင်လမ်းကြောင်းမှ တစ်ဆင့်ကူးဆက်တတ်သော ရောဂါများကိုကာကွယ်ရာတွင်ကွန်ဒုံးတစ်မျိုးတည်းကသာထိထိရောက်ရောက်ကာကွယ်နိုင်သဖြင့် ထိုရောဂါရှိသူများကိုကွန်ဒုံး ကိုထိထိရောက်ရောက်အသုံးပြုရန် ပညာပေးလေ့ရှိပါသည်။

၁) မျိုးပွားလမ်းကြောင်းမှတစ်ဆင့်ကူူးစက်တတ်သည့် ကာလသားရောဂါ ၊အသည်းရောင်အသားဝါ ဘီပိုး စီပိုးရှိသည့်အခါတွင်ရောဂါစနစ်တကျကုသရေးမှာအရေးပါသည်။ ရောဂါကို စနစ်တကျမကုသဘဲ သားသမီးရခဲ့လျှင် ထိုသားသမီးများတွင် မွေးရာပါအင်္ဂါချို့တဲ့မှုများနှင့် ရောဂါကူးစက်ခံရမှုများ ရှိလာနိုင်သည်။

HIV ပိုးနှင့်အသည်းရောင်အသားဝါ ဘီပိုးများအတွက် ပိုးကောင်ရေထိန်းချုပ်နိုင်သော ဆေးဝါးကောင်းများရှိလာပြီဖြစ်သကဲ့သို့ ကာလသားရောဂါ ၊ အသည်းရောင်အသားဝါစီပိုးရောဂါများမှာ အပြီးပျောက်ကင်းအောင်ကုသနိုင်ပြီဖြစ်ရာ အိမ်ထောင်ဘက်တစ်ဦးဦးတွင်ထိုရောဂါများရှိသည်ဟုယူဆရလျှင်စောစီးစွာကုသသင့်သည်။ ကုသရာတွင် အိမ်ထောင်ဘက်နှစ်ဦးစလုံးတွင်ရောဂါရှိမရှိ ဦးစွာစစ်ဆေးသင့်သည်။ ရှိနေလျှင်နှစ်ဦးစလုံးပျောက်ကင်းအောင်ကုသသင့်သည်။

ကုသနေစဉ်အတောအတွင်းတွင်လည်း ရောဂါပိုးကူးစက်ခံရမည့်ရင်သွေးငယ် မရှိရလေအောင်သင့်တော်သောသားဆက်ခြားနည်းကို အသုံးပြုနေသင့်သည်။ ရင်သွေးငယ် ရလိုသောအခါမှသာ မိမိ တိုင်ပင်ပြသနေသောဆရာဝန်များနှင့်တိုင်ပင်၍ မည်သည့်အချိန်တွင် သားသမီးယူလိုသည်ကို သေချာစွာဆွေးနွေးသင့်သည်။ ဆရာဝန်များကလည်း အပြီးပျောက်ကင်းနိုင်သည့်ရောဂါများတွင် ရောဂါအပြီးပျောက်ကင်းသွားသောအခါ နှင့် ပိုးကောင်ရေ ထိန်းချုပ်စစ်ဆေး ကုသနေရသောရောဂါများတွင် ပိုးကောင်ရေ ပမာဏပေါ်မူတည်၍ သားသမီးယူသင့် မယူသင့်ကိုဆွေးနွေးပေးနိုင်မည်ဖြစ်သည်။

၂) တစ်ခါတစ်ရံတွင် မျိုးပွားလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သောရောဂါမရှိသော်လည်း မွေးရာပါရောဂါတစ်မျိုးမျိုးဖြစ်လာနိုင်သည့်အကြောင်းကြောင့် သားဆက်ခြားရန်အကြံပေးတတ်ပါသည်။ ယနေ့ခေတ်တွင် မျိုးရိုးဗီဇ ဆိုင်ရာအသိပညာမှာ လွန်စွာတိုးတက်လာပြီဖြစ်သည်။ မည်သည့်ရောဂါများသည် မိဘများမှတစ်ဆင့် သားသမီးတွင် မည်မျှဖြစ်နိုင်ချေရှိကြောင်း လေ့လာသိရှိလာကြသည်။ သားသမီးတွင် ဖြစ်လာနိုင်ချေများသော ရောဂါများအတွက် သားဆက်ခြားခြင်းမှာ ဆွေးနွေးရမည်ဖြစ်သောခေါင်းစဉ်တစ်ခု ဖြစ်လာသည်။

ထို့သို့ဖြစ်သောရောဂါများမှ ကျွန်မတို့နိုင်ငံတွင်အဖြစ်မနည်းလှသော ရောဂါနှစ်ခုမှာ Thalassaemia လို့ခေါ်သည့် သွေးနီဥများပုံမမှန်၍ မကြာခဏသွေးသွင်းနေရသည့်ရောဂါ နှင့် G6PD လို့ခေါ်သည့် မတည့်သောဆေးဝါးများ၊ ပစ္စည်းများနှင့်ထိတွေ့မိလျှင် သွေးနီဥများပေါက်ကွဲတတ်သောရောဂါတို့ဖြစ်သည်။

Thalassaemia ဖြစ်စေသောမျိုးရိုးဗီဇမှာ မိခင်မှသော်လည်းကောင်း ဖခင်မှသော်လည်းကောင်း ရရှိနိုင်သည်။ G6PD မှာမူသားယောင်္ကျားလေးဖြစ်ခဲ့လျှင် မိခင်ဘက်မှတစ်ဆင့်ရရှိနိုင်၍ သမီးမိန်းကလေးဖြစ်ခဲ့လျှင်မိခင်ဘက်မှသော်လည်းကောင်း ဖခင်ဘက်မှသော်လည်းကောင်း ဗီဇကိုရရှိနိုင်သည်။ ထို့ကြောင့်ထိုကဲ့သို့သောရောဂါများတွင် ညီအကိုမောင်နှမများနှင့် မိသားစုမျိုးရိုးစဉ်ဆက်ကိုလေ့လာ၍ ဖြစ်နိုင်ချေနှုန်းကိုတွက်ချက်ကာ သားသမီးယူသင့်မယူသင့်ကိုဆွေးနွေးရသည်။ အထူးသဖြင့် ရှေ့တွင်ရောဂါရှိသော သားသမီးရှိခဲ့၍ နောက်ထပ်သားသမီးမယူလိုသေးသော စုံတွဲများတွင် သားဆက်ခြားရေးနည်းလမ်းများကိုသေချာဆွေးနွေးပေးရသည်။

 

၃) တစ်ခါတစ်ရံတွင်မူ သားဆက်ခြားခြင်းဆွေးနွေးတိုင်ပင်ရခြင်းမှာ မိခင်လောင်းတွင်ကိုယ်ဝန်ဆောင်လျှင် အသက်အန္တရာယ်ရှိလာနိုင်သောရောဂါရှိ၍ ဖြစ်နိုင်သည်။ နာတာရှည်ရောဂါများဖြစ်သည့် နှလုံးရောဂါများ နှင့် ခုခံအားစနစ်ပုံမမှန်သည့် အရေပြားလေးဖက်နာကဲ့သို့ရောဂါမျိုးများတွင် ကိုယ်ဝန်လွယ်ကာမှ မိခင်ရောကလေးပါ အသက်အန္တရာယ်ရှိနိုင်သောအခြေအနေ ဖြစ်နိုင်ချေများလျှင် ကိုယ်ဝန်ယူရန်အတွက်တားဖြစ်ရတတ်သည်။

ယခင်တစ်ခါသားသမီးယူစဉ်က သားအိမ်အတွင်းတွင်သန္ဓေသားမတည်ဘဲ သားဥအိမ်တွင်သန္ဓေတည်၍ Shock ဖြစ်ကာသားဥအိမ်ထုတ်ထားရသော အမျိုးသမီးငယ်များတွင်လည်း သားသမီးယူရန်နှင့် သားဆက်ခြားရေးမှာသေချာတိုင်ပင်ဆွေးနွေးသင့်သောအကြောင်းအရာတစ်ခုဖြစ်သည်။

မိခင်အသက်အရွယ်ကြီးသောအခါတွင်လည်း မွေးဖွားလာမည်ဖြစ်သောရင်သွေးငယ်တွင် ညဏ်ရည်နိမ့်ပါးတတ်သည့် Down’s Syndrome ပါလာတတ်သည်။ ထို့သို့မိခင်လောင်းများတွင်လည်း သားသမီးယူလိုသောဆန္ဒမရှိလျှင်သားဆက်ခြားရေးကိုသေချာဆွေးနွေးပေးရပါသည်။

၄) Family Planning ကိုသေချာစီစဉ်လေ့ရှိသည့်မိသားစုများအတွက် သားဆက်ခြားနည်းများနှင့် ပတ်သတ်သောဗဟုသုတများမှာအလွန်အရေးပါနိုင်သည်။ ထိုအခါမှသာ သားသမီးမယူလိုသေးသောအခါတွင်လည်း မည့်သည့်ကာလအထိ မယူသေးမည်ကိုဆုံးဖြတ်၍ သားဆက်ခြားနည်းနည်းလမ်းများကို မှန်ကန်စွာရွေးချယ်နိုင်မည်ဖြစ်ပါသည်။

နောက်တစ်ချိန်တွင် သားဆက်ခြားနည်းနည်းလမ်းများကို ဗဟုသုတအဖြစ်ဖော်ပြပေးပါမည်။

Author : Dr. မွှေး

 

ဆက်စပ် ဆောင်းပါးများ