fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အရေပြားတွင် ယားယံခြင်း

15
VIEWS
Share on FacebookShare on Twitter
15/06/2016
in ကျန်းမာသော နေထိုင်မှုပုံစံ
စာဖတ်ရန်ကြာချိန် 1 မိနစ်
A A
0 0

မြောက်မြားလှစွာသောအရေပြားပြဿနာတွေထဲမှာ အယား ပြဿနာက အဖြစ်အများဆုံးလို့ဆိုနိုင်ပါတယ်။ အထူးသဖြင့် အရေပြားဆရာဝန်တွေအနေနဲ့ အယားဝေဒနာတွေကိုပဲ မကြာခဏ ဖြေရှင်းပေးနေရတာပါ။ ယားတဲ့ဒဏ်ကိုကိုယ်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြတယ်။ထုံးစံအတိုင်းမရရင်တော့ဆရာဝန်တွေဆီပြေး တော့တာပါ။ ဆရာဝန်တွေအနေနဲ့လည်း အယားမျိုးစုံကို သင့်တော် ရာကုထုံးမျိုးစုံနဲ့ ပျောက်ကင်းသက်သာအောင် လုပ်ပေးကြရပါ တယ်။ အယားကုထုံးတွေကလည်းများမှများပါ။

ဘာလို့ယားတာလဲ
အရေပြားယားတိုင်း အရေပြားပြဿနာစစ်စစ်မဟုတ် ပါဘူး။ တချို့ယားတယ်လို့သာညည်းညူနေတာ အရေပြားကိုသေချာ စစ်ဆေးကြည့်တော့ ကုတ်ရာ၊ ဖဲ့ရာကလွဲလို့ ဘာမှထူးထူးခြားခြား မတွေ့ရတာမျိုးလည်းရှိပါတယ်။ ဒါကြောင့် အရေးပြားပြဿနာ စစ်စစ်တွေဖြစ်တဲ့ နှင်းခူ၊ ဆိုရီယား၊ စစ်၊ ဝဲ၊ ပွေးစတဲ့ရောဂါ တွေကြောင့် ယားခြင်းနဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ ဆီးချို၊ ကင်ဆာ၊ အသည်း၊ ကျောက်ကပ်ရောဂါစသဖြင့် ပြဿနာဖြစ်လို့ ယားခြင်း ဆိုပြီး အကြမ်းနှစ်မျိုးခွဲနိုင်ပါတယ်။ အရေးပြားမှာ မြင်သာထင်သာ ရှိတဲ့ ယားတတ်တဲ့ရောဂါတွေရော၊ အရေးပြားမှာလာပြီးအယား ဓာတ်ကိုပေးတဲ့ကိုယ်တွင်းရောဂါတွေရော တကယ်တော့ အများကြီးပါ။ စေ့စေ့ငငရေတွက်ကြည့်ရင် အမျိုးပေါင်းတစ်ရာဝန်းကျင် ရှိပါတယ်။

အရေပြားရဲ့အယားဇစ်မြစ်
အရေးပြားရဲ့အပေါ်လွှာ (Epidermis) နဲ့ အလယ်လွှာ (Dermis) တို့ကြားနယ်မြေမှာ ၤ Free Nerve Endingsလို့ခေါ်တဲ့အာရုံကြောမျှင်လေးတွေရှိတယ်။အဲဒီအမျှင်တွေကိုအယားဓာတ် ဖြစ်စေမယ့်ဓာတုဒြပ်ပေါင်းတွေကလှုံ့ဆော်လို့်ရင်သိရှိချက်ကို ‘CFibre` ဆိုတဲ့အာရုံကြောငယ်တွေကသယ် ဆောင်သွားတယ်။ ပြီး တော့ ကျောရိုးထဲရှိအဓိကပင်မအာရုံကြောကြီးကတစ်ဆင့် ဦးနှောက် အထိ ရောက်အောင် သတင်းပို့တယ်။ ဦးနှောက်ထဲရောက်သွားမှ ယားတယ်ဆိုတဲ့အသိဖြစ်သွားတာပါ။ တကယ်တော့ အရေးပြားထဲက အာရုံကြောမျှင်တွေကိုလှုံ့ဆော်ပေးမှုက အယားဇာတ်လမ်းရဲ့အစ ဖြစ်ပါတယ်။
လှုံ့ဆော်ပေးတဲ့ပစ္စည်းတွေကလည်း အများကြီးပါ။ အရေပြားတစ်သျှူးထဲမှာရှိနေတဲ့ Mast Cells ကလာပ်စည်း၊ဒါမှမဟုတ်သွေးထဲမှာရှိနေတဲ့Basophilsဆိုတဲ့သွေးဖြူဥတစ်မျိုးကနေထွက်ရှိလာတဲ့ဓာတုပစ္စည်းတွေပါ။ အစီတိုင်ကိုလင်း (Acetylcoline) ၊ ဟစ်စတာမင်း (Histamine)၊ ဆီရိုတိုနင် (Serotonin) ၊ ဆိုက်တိုကိုင်း တွေ (Cytokines)၊ အီကိုစနိုက်တွေ (Eicosanoids)၊ Substance P အပါအဝင်နူရိုပက်တိုက်တွေ(Neuropeptides)၊ အိုဒီရိုက်တွေ (Opiods)၊ ပရိုတီအေ့စ် (Proteases) နဲ့ ကိုင်နင်တွေ (Kinins)စသဖြင့် တကယ့်ကို အမျိုး အမည်စုံလှပါတယ်။ Mast Cells နဲ့ Basophils ကိုအကြောင်း တစ်ခုခုကြောင့်လှုံ့ဆော်မှုရှိမှသာ အဲဒီပစ္စည်းတွေ အနည်းနဲ့အများ ထွက်လာပြီး အယားပြဿနာ ကိုမီးမွှေးပေးလို့်တာပါ။

အယားပြဿနာအဖြေရှာ
လူတစ်ယောက် အယားဝေဒနာကြုံရပြီဆိုရင် ဘာကြောင့် ယားတာလဲဆိုတာ ဦးစွာဖော်ထုတ်ဖို့ အဓိကလိုအပ်ပါတယ်။ မေးခွန်း တွေ တစ်သီကြီးမေးတန်မေးရပါမယ်။ ဘာစားခဲ့လဲ၊ ဘယ်သွားခဲ့လဲ၊ ဘာအလုပ်လုပ်သလဲ၊အိမ်အတူနေတဲ့သူတွေရောယားသလား၊ပူရင်ယားသလား၊ အေးရင်ယားသလားစသဖြင့်လိုအပ်ရင်လိုအပ်သလိုအသေးစိတ်မေးရပါတယ်။လိုအပ်ရင် ရောဂါရဲ့ဇာစ်မြစ်ကိုသိဖို့ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေ လုပ်တန်လုပ်ရပါမယ်။ မြင်သာ ထင်သာတဲ့အရေးပြားပြဿနာတွေ (ဥပမာ- နှင်းခူ၊ ဆိုရီယားစစ် စသဖြင့်) ရှိခဲ့ရင်တော့ မေးခွန်းတွေ၊ စစ်ဆေးမှုတွေ သိပ်မလိုဘူးပေါ့။ အကြောင်းမဲ့ နာတာရှည်အင်ပျဉ်ထွက်တာ၊ ယားတာဆိုရင်တော့ အတတ်နိုင်ဆုံးအဖြေရအောင်ရှာဖို့ လိုအပ်ပါတယ်။ စမ်းသပ်စစ်ဆေးမှုတွေအများကြီးလုပ်တာတောင်တိကျတဲ့အဖြေမတွေ့ဘဲ နှစ်ချီပြီးအင်ပျဉ်ထွက်နေတာမျိုးရှိပါတယ်။ ဆေးပညာမှာ Chronic Idiopathic Urticaria (CIU) လို့အမည်ပေးထားတဲ့ ရောဂါမျိုး ပေါ့။ နာတာရှည်အကြောင်းမဲ့အင်ပျဉ်ထွက်ခြင်းပေါ့။ ဆေးသောက်တုန်းသက်သာပြီး ဆေးဖြတ်လိုက်ရင်ပြန်ပေါ်လိုက်နဲ့ အတော်စိတ် ညစ်ဖို့ကောင်းတဲ့ အယားဝေဒနာတစ်မျိုးပါ။

အယားသက်သာပျောက်ကင်းစေဖို့
လူတစ်ယောက်ဟာအယားပြဿနာကြုံတာနဲ့ ဦးစွာ ကိုယ့် နည်းကိုယ့်ဟန်ဖြေရှင်းတတ်ကြပါတယ်။ ဟိုဟာသွေးလိမ်း၊ ဒီဟာ သွေးလိမ်းတာကအစ ဘာမီတွန်သောက်တာ၊ စီထရင်းသောက်တာ၊ ကယ်လမင်းအရည်လိမ်းတာစသဖြင့် သက်သာလိုသက်သာငြား၊ လက်တည့်စမ်းလုပ်ကြည့်လေ့ရှိပါတယ်။ ထုံစံအတိုင်း မသက်သာ မှသာ ဆရာဝန်ဆီသွားကြတာများပါတယ်။ တကယ်တော့ ယားတဲ့ အကြောင်းရင်းကိုဦးစွာရှာဖွေဖော်ထုတ်ပြီးအဲဒီမူရင်းကိစ္စကိုကုသ ပေးမှသာပျောက်ကင်းနိုင်တာပါ။ဒါပေမဲ့ ရောဂါရှာတာကလည်း ရှာ၊ လက်ရှိခံစားနေရတဲ့အယားဝေဒနာလည်းသက်သာစေဖို့ လိုအပ်တဲ့ ကုထုံးတွေတော့သုံးနေကြရတာပါ။ လိမ်းဆေး၊ စားဆေးတွေ အများ ကြီးရှိပါတယ်။

လိမ်းဆေးတွေလိမ်းကြည့်ပါ
ခြင်၊ သန်းစတဲ့ အကောင်ကိုက်တာ၊ နေလောင်တာ၊ အလာဂျီဖြစ်တာစတာတွေကြောင့် ယားတာမျိုးဆိုရင်တော့ အရေပြား ကိုအေးငြိမ်းစေတဲ့ လိမ်းဆေးအရည်တွေ (Soothing Lotions)ကို သုံးသင့်ပါတယ်။ဥပမာပေးရရင်ကယ်လမင်း(Calamine)အရည်လိုမျိုးပေါ့။အသားခြောက်လို့ယားတဲ့အခါမျိုးမှာတော့ အဆီပါတဲ့ လိမ်းဆေးတွေပဲသုံးရမှာပါ။ ဥပမာ- သံလွင်ဆီပါရာဖင်၊ အလှဆီ စတာမျိုးပါ။ စတီးရွိက်ပါတဲ့လိမ်းဆေးတွေကိုတော့အရေးပြား ရောင်ရမ်းတဲ့ယားခြင်းမျိုးမှာပဲသုံးနိုင်ပါတယ်။ဥပမာ- နှင်းခူ၊ဓာတ်မတည့်လို့အရေပြားရောင်ရမ်းခြင်းစသဖြင့်ပေါ့။ နေရာကွက်ပြီးယားတဲ့ကိစ္စအချို့ကိုတော့ထုံဆေးပါတဲ့လိမ်းဆေးတွေကို တစ်ခါ တလေ သုံးကြရတာမျိုးရှိပါတယ်။ ဥပမာ- အကောင်ကိုက်ခံရလို့ မခံမရပ်နိုင်အောင်ယားတဲ့အခါမျိုးမှာBenzocaine၊LidocaineTetracaineအစရှိတဲ့ထုံဆေးပါတဲ့လိမ်းဆေးမျိုးသုံး သင့်ရင်သုံးကြ ရပါတယ်။
အင်တီဟစ်စတာမင်း(Antihistamine)ပါတဲ့လိမ်းဆေးတွေလည်းတစ်ခါတလေအသုံးတည့်တတ်ပါ တယ်။ပိုးကောင်ကိုက်လို့ယားတာမျိုး၊ ရေကျောက်ပေါက်လို့ယားတာမျိုးဆိုရင်ဒီလိမ်းဆေး တွေကိုသုံးရင်အယားသက်သာသွာတာမျိုးရှိပါတယ်။ ဒါပေမဲ့ အဲဒီ ထုံးဆေးပါတဲ့ လိမ်းဆေးတို့၊ အင်တီဟစ်စတာမင်း လိမ်းဆေးတို့ဟာ သူတို့နဲ့ဓာတ်မတည့်ဘဲပိုယားသွားတတ်တာမို့ အလွန်သတိထားသုံးရ မှာပါ။

အယားသက်သာစေတဲ့သောက်ဆေးများ
အရေပြား Mast Cells ထဲကထွက်လာတဲ့ ဟစ်စတာမင်း (Histamine) ကိုဆန့်ကျင်နိုင်စွမ်းရှိတဲ့အင်တီဟစ်စတာမင်း (Antihistamine) သောက်ဆေးတွေကတော့ အယားပြဿနာ အတွက် အသုံးအများဆုံးပါပဲ။ ကျွန်တော်တို့ငယ်ငယ်ကတည်းက ယားရင်ဘာမီတွန်ပဲ၊ အိပ်ချင်တာပေါ့။ အခုခေတ်မှတော့ အိပ်ငိုက်မှု နည်းပါးတဲ့ အခြားအင်တီဟစ်စတာမင်တွေ ပေါမှပေါပါ။ အချို့ အိပ်ရေးပျက်ရလောက်အောင် ယားတာမျိုးကတော့ အိပ်ငိုက်စေတဲ့ အင်တီဟစ်စတာမင်း အမျိုးအစားတွေကဟန်ကျပြန်ရော။ သို့သော် အယားပြဿနာတွေအားလုံးဟာဟစ်စတာမင်းဓာတ် တစ်မျိုးတည်း ကြောင့်မဟုတ်ရဘူးဆိုတာပါပဲ။ ရှေ့ပိုင်းမှာပြောခဲ့သလိုဟစ်စတာမင်းနည်းတူ မြောက်မြားစွာသောဓာတုပစ္စည်းတွေထွက်ရှိလာတာ ကြောင့်ဖြစ်ရတာမို့ပါ။ ဒါကြောင့် တချို့ယားတဲ့ကိစ္စမှာ အင်တီ ဟစ်စတာမင်းသောက်တာနဲ့ အယားမပြေတာပါ။
စတီးရွိက်သောက်ဆေး(ဥပမာဒက်ဆာ) တွေကိုတော့အယားဝေဒနာတိုင်းကို ရှေ့တန်းတင်ပြီးသုံးလေ့မရှိပါဘူး။အလွန်အမင်းပြင်းထိယားသူမျိုးကိုသာယာယီသက်သာအောင်သုံးရတာပါ။ အနာတခြားဆေးတခြားမဖြစ်ရအောင် ဂရုပြုဖို့လိုပါတယ်။

အနာတတစ်ခြား ဆေးတစ်ခြားမဖြစ်ရအောင်
ယားခြင်းရဲ့ဇာစ်မြစ်ကိုအမိအရဖော်ထုတ်နိုင်ရင်အနာတခြား၊ ဆေးတခြားမဖြစ်နိုင်ပါဘူး။ ရှေ့ပိုင်းမှာပြောခဲ့သလို ယားခြင်း ရဲ့အကြောင်းတရားတွေကအများကြီးပါ။ဥပမာ- စိတ်စွဲပြီးယားတာမျိုးသေချာခဲ့ရင် အသုံးများတဲ့အင်တီဟစ်စတာမင်းတွေ ပေးလည်းသိပ်အကျိုးမရှိပါဘူး။စိတ်ကျရောဂါကိုကုစားရာမှာသုံးတဲ့ဆေးတွေ (ဥပမာ- Doxepin)) လိုဆေးတွေက ပိုထိရောက်ပါတယ်။ စိတ် ကျန်းမာရေးအထူးကုဆရာဝန်တွေရဲ့အကြံဉာဏ်ရယူသင့်တဲ့ ယား ခြင်းမျိုးပေါ့။
ကျောက်ကပ်မကောင်းလို့ ယားတဲ့ကိစ္စမျိုး (Uremic Pruitus) ဆိုရင် Naltreone ၊ Ondansetron စတဲ့ ဆေးတွေ အပြင် ခရမ်းလွန်ရောင်ခြည်ဘီနဲ့ပြသတဲ့ အလင်းရောင်ကုထုံးကို သုံးတာက ပိုအကျိုးရှိပါတယ်။ အသည်းမကောင်းလို့ယားတာမျိုး (Hepatic Pruritus) ကျတော့
Choletyramine၊Uresode၊Rifampicinစတဲ့ ဆေးတွေပေးပါမှသက်သာ စေတာပါ။ ဆေးနဲ့မတည့်လို့ယားတာမျိုးလုပ်ရတယ်။ ဥပမာ- ကိုယ့် ရောဂါကြောင့် မဖြစ်မနေသောက်ရမယ့်အနာကြီးရောဂါကုထုံး (MDT) မှာပါတဲ့ ဒက်ပဆုံးနဲ့မတည့်လို့ ယားခဲ့ရင် အဲဒီဆေးအစား တခြားဆေး (ဥပမာ- Ofloxacin) တွေနဲ့ အစားထိုးရမှာပါ။
လေ့ကျင့်ခန်းလုပ်တဲ့အခါလည်းယား၊ ချွေးထွက်လည်းယား၊ ရေနွေးနဲ့ရေချိုးပြီးတဲ့အခါလည်းယား၊ စိတ်လှုပ်ရှားတဲ့အခါလည်း ယားတဲ့ Cholinergic Prurits Usawmh တော့ အင်တီဟစ်စတာမင်း ဆေးတွေ အပြင် Danazol ဆေးမျိုးပါပေးရင် ပိုသက်သာပါတယ်။အဲဒီလိုကိုယ်ပူလာတဲ့အခါ ယားတာမျိုးရှိသလို အအေးဓာတ်နဲ့ထိ တွေ့တဲ့အခါ ယားတဲ့အယား (Cold Urticaria) လည်းရှိပါတယ်။ ဒီအယားမျိုးကျတော့ ပုံမှန်သုံးနေကျ အင်တီဟစ်စတာမင်း ဆေးတွေ ထက် Ketoti-fen လိုဆေးမျိုးကိုသုံးမှ ပိုပြိးထိရောက်ပါတယ်။ ဒီဆေးက Mast Cell တွေကနေ ဟစ်စတာမင်း မထွက်နိုင်အောင် တားဆီးပေးနိုင်စွမ်းရှိတာမို့ပါ။

ဒါလေးတွေလည်းမမေ့ပါနဲ့
အယားဓာတ်ခံရှိတဲ့သူတွေကို ယားစေနိုင်တဲ့ကိစ္စတွေ ရှောင်ဖို့လည်းအကြံပြုရမှာပါ။ ဥပမာ- အသားခြောက်လို့ယားတဲ့ သူတွေဆို ဆပ်ပြာပြင်းပြင်းမသုံးဖို့၊ အဲယားကွန်းအခန်းမှာသိပ်မနေ ဖို့၊ ဟိုဟာမတည့်၊ ဒီဟာမတည့်နဲ့ယားတတ်သူတွေဆို အဝတ်အစား ကို ပေါ့ပေါ့ပါးပါးပွပွချည်ထည်ပဲဝတ်ဖို့၊ ကိုယ်အပူချိန်ခဏတက်လာ တဲ့အခါ ယားတဲ့သူတွေကို အရက်၊ အပူအစပ်ရှောင်ဖို့၊ ရေနွေးနဲ့ မချိုးဖို့စသဖြင့်ပါ။ ယားတဲ့သူတိုင်းကို နောက်ဆုံးအကြံပြုချင်တာက လက်သည်းတိုတိုထားဖို့ပါ။ ယားလို့ကုတ်၊ ကုတ်လို့ပဲ့၊ ပဲ့လို့ပိုးဝင်၊ ပိုးဝင်လို့အနာဖြစ်ရင် အရေပြားပျက်စီးပြီးပေါ့။ ဒါလေးတွေလည်း မမေ့ကြပါနဲ့။

Author – ဒေါက်တာထက်ဝေ


ဆရာဝန်ကြီးများနှင့်မေးမြန်းရာမှာ အသုံးပြုနိုင်ဖို့
အပ်ပလီကေးရှင်း ဒေါင်းလုပ် လုပ်ပြီး
လက်ဆောင် ၁၅ ပွိုင့်ပါ တခါတည်း ရယူလိုက်ပါ

Previous Post

ကင်ဆာအတွက်မျှော်လင့်ချက်ပေါ်ပြီလား

Next Post

လူမှုဆက်ဆံရေးကွန်ယက်များနှင့်စိတ်ကျန်းမာရေးဆိုင်ရာဆက်စပ်မှု

15
VIEWS
Share on FacebookShare on Twitter

ဆက်စပ် ဆောင်းပါးများ

ခြောက်သွေ့တဲ့ အသားအရေအတွက် အသားအရေထိန်းသိမ်းနိုင်မယ့်နည်းလမ်းများ

5 hours ago

ကလေးများ ဖွံ့ဖြိုးကြီးထွားမှုဆိုတာ

6 hours ago

ကလေးများ ဉာဏ်ရည်ထက်မြက်စေတဲ့ အစားအစာများ

7 hours ago

သွေးပေါင်ချိန်ကို လျော့ချပေးနိုင်မယ့် အစားအစာများ

1 day ago

‌အရက်ကြောင့်ဖြစ်ရသော အသည်းရောဂါ။

1 day ago

မျက်နှာအရေပြားအဆီပြန်ခြင်းကို သက်သာစေနိုင်သည့် နည်းလမ်းများ။

1 day ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • သွေးတိုးရောဂါရှင်များအတွက်ဆောင်ရန်/ရှောင်ရန် ( ၁၀ )ချက်

    0 shares
    Share 0 Tweet 0
  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ကြည်လင်ဝင်းပသော အသားအရေရရှိစေဖို့ လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်များ။

    0 shares
    Share 0 Tweet 0
  • ဆီးချိုဘာကြောင့်မကျတာလဲ

    0 shares
    Share 0 Tweet 0
  • ခန္ဓာကိုယ်တွင် သံဓာတ်လွန်ကဲခြင်း အကြောင်းအရင်းများနှင့် ရောဂါလက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အနာမြန်မြန်ကျက်စေမဲ့ ပျားရည်

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • ဘယ်လိုအစားအစာတွေက သံဓါတ်စုပ်ယူမှုကို တားဆီးနိုင်သလဲ

    0 shares
    Share 0 Tweet 0
  • သံဓာတ်လွန်ကဲနေသော သူများတွင် သံဓာတ်လျှော့ချဖို့ ဘာတွေစားသင့်သလဲ။

    0 shares
    Share 0 Tweet 0
  • သံဓါတ်လွန်ကဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ကုသနည်းများ

    0 shares
    Share 0 Tweet 0
Next Post

လူမှုဆက်ဆံရေးကွန်ယက်များနှင့်စိတ်ကျန်းမာရေးဆိုင်ရာဆက်စပ်မှု

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Subscribe For Latest Updates

Sign up to best of business news, informed analysis and opinions on what matters to you.
Invalid email address
We promise not to spam you. You can unsubscribe at any time.
Thanks for subscribing!