မျက်နှာလေးအညစ်ကြေးကင်းစင်ပြီး ဝင်းပကြည်လင်နေအောင် ရေနွေးငွေ့နဲ့ပေါင်းတင်ကြရအောင်..
ခုခေတ်မှာ အသားရည် လှပခြင်းဟာလဲ ဂုဏ်ယူစရာ တစ်ခုဖြစ်လာပါပြီ။ အပြိုင်အဆိုင် Glow Look ရအောင် မိတ်ကပ်ပညာအရရော၊ အသားရည်ထိန်းသိမ်းနည်း ပေါင်းစုံနဲ့ရော ကြိုးစားနေတဲ့ ခေတ်ကြီးမှာ အိမ်မှာပဲ အချိန်လဲမကုန် ဘက်ဂျက်လဲ သက်သာမဲ့ သဘာဝ ပေါင်းတင်နည်းလေးကို share ပေးပါရစေနော်။
မျက်နှာအရည်ပြားပေါ်မှာ ချွေးပေါက်လေးတွေ၊မွှေးညင်းပေါက်လေးတွေ ရှိပါတယ်။ နေ့စဉ်နဲ့အမျှ သွားလာလှုပ်ရှားတယ်၊ မိတ်ကပ်တွေ သနပ်ခါးတွေလိမ်းကြတယ်၊ နောက် လေထုထဲက ဖုန်တွေ အညစ်ကြေးတွေ အားလုံးဟာ ဒီချွေးပေါက် မွှေးညင်းပေါက်လေးတွေမှာ သွားပိတ်နေတတ်ပါတယ်။ ပုံမှန်မျက်နှာသစ်ရုံနဲ့ ဒါတွေဟာ အကုန်မသန့်စင်နိုင်တဲ့ အတွက် Deep cleansing လုပ်ဖို့လိုပါတယ်ရှင်။
အဲ့အတွက် အလွယ်ကူဆုံးနဲ့ အသက်သာဆုံးနည်းလမ်းလေးက ရေနွေးငွေ့နဲ့ ပေါင်းတင်တာပါ။
လုပ်နည်းလေးကလည်းလွယ်ပါတယ်။
-အရင်ဆုံး မျက်နှာလေးသန့်စင်သွားအောင် မျက်နှာသစ်ဆေးနဲ့ သန့်စင်ထားပါ။
-သန့်စင်တဲ့ ဇလုံတစ်ခုမှာ ရေနွေးဆူဆူကိုထည့်ပါ။
-မျက်နှာကို ဇလုံအဝမှာ မိုးထားတဲ့ အနေထားထားပါ။
-ရေနွေးငွေ့တွေ အလွယ်တကူ အပြင်မထွက်အောင် မအေးသွားအောင် ပုဝါသန့်သန့်ကြီးကြီး တစ်ထည်ကို ခေါင်းပေါ်ကနေ ဇလုံပါလုံအောင် လွှားထားပါ။
-၃ မိနစ်ခန့် မျက်နှာ ချွေးပေါက်တွေပွင့်ပြီး ချွေးတွေထွက်သွားတဲ့ထိထားပါ။
-scrub or exfoliator တစ်ခုခုနဲ့ ပွတ်ပေးပါနော်။
-ပြီးရင်ရေခဲလေးကပ်ပေးပါ။
-ပုံမှန် လိမ်းနေကျ skincare လေး လိမ်းပေးပါနော်။
ကဲဒါဆို ကြည်လင်ဝင်းပပြီး အညစ်ကြေးကင်းစင်တဲ့ မျက်နှာလေးကို လွယ်လွယ်ကူကူ ပိုင်ဆိုင်နိုင်ပြီပေါ့။
Scarlette (ဆေး၁)