အစားအစာတွေကို ကြော်စားတာ ကောင်းသလားဆိုးသလား ?
ကြက်ကြော်တွေအမြဲစားရင် ဘာဖြစ်မလဲဆိုသောမေးခွန်း Ondr မှာအမြဲမေးလေ့ရှိပါတယ်။ကြော်ခြင်းသည် အစားအစာပြင်ဆင်ချက်ပြုတ်ရာတွင် လွယ်ကူမြန်ဆန်သောနည်းလမ်းတစ်ခုဖြစ်ပါတယ်။လူအများစုသည် ကြော်ထားသောအစားအစာရဲ့အရသာကိုပိုမိုကြိုက်နှစ်သက်ပါတယ်။၎င်းကယ်လိုရီများစွာအါဝင်သော အစာအစားများကိုလိုအပ်တာထက်ပိုမိုစားသုံးပါက ကျန်းမာရေးဆိုးကျိုးများကိုသာရရှိစေနိုင်ပါတယ်။
ကြက်ကြော်ရယ်တော့မဟုတ်ပါ အချို့လူများသည် ချက်စားသည်ထက်ကြော်စားတာကိုပိုကြိုက်လေ့ရှိပြီး ထိုသူများအတွက် တွေ့ရှိချက်အသစ်ကတော့ ထိတ်လန့်စရာပါ။လေ့လာတွေ့ရှိချက်အသစ်အရ ကြော်စားလေ့ရှိသောအသက်၅၀ကျော်အမျိုးသမီးများသည် ပုံမှန်လူ့ဘဝသက်တမ်းထက်ပိုတိုနိုင်ကြောင်း တွေ့ရှိဖော်ပြထားပါတယ်။
လေ့လာတွေ့ရှိချက်များစွာအရ အစားအစာများကို မကြာခဏကြော်စားလေ့ရှိသောသူတိုင်းသည် မလ်ုလားအပ်သောကျန်းမာရေးပြဿနာများရင်ဆိုင်ရနိုင်ပါတယ်။သုတေသနပြုချက်အရ ကြော်ထားသောအစာအစားများကိုသာစားလေ့ရှိသူများသည် နှလုံးရောဂါနှင့်ဆီးချိုရောဂါ ဖြစ်ပွားနူန်းများကြောင်းတွေ့ရှိရပါတယ်။အမေရိကန်နိုင်ငံ ပြည်နယ်တစ်ခုမှ အသက်၅၀ကျော်သူ များကိုစောင့်ကြည့်လေ့လာချက်အရ ကြော်ထားသောအစာအစားပိုကြိုက်သူများသည် အသက်အန္တရာယ်ပိုမိုထိခိုက်နိုင်သောအကြောင်းရင်းများစွာပိုမိုဖြစ်စေကြောင်းတွေ့ရှိရပါတယ်။ဘယ်ကြော်ထားသောအစာအစားကပိုမိုကျန်းမာရေးဆိုးကျိုးပေးနိုင်မလဲဆိုတာပါ လေ့လာခဲ့ကြပါတယ်။အသက် ၅၀ မှ ၇၉ ကြားအမျိုးသမီးဦးရေ ၁သိန်းကျော်ကို ၁၉၉၃မှ၉၈ထိစောင့်ကြည့်လေ့လာခဲ့ကြပါတယ်။ထိုအထဲမှ၃ထောင်ကျော်သည် ကွယ်လွန်ကာ ၉ထောင်ကျော်သည်နှလုံးရောဂါခံစားရပြီး၈ထောင်ကျော်သည်ကင်ဆာနှင့်ဆက်စပ်ကာ ၁သောင်းကျော်သည်အခြားဝေဒနာများခံစားနေရကြောင်းလေ့လာတွေ့ရှိရပါတယ်။
စောင့်ကြည့်လေ့လာသူများသည် အမျိုးသမီးများစားသည့်အစာအစား။ပမာဏပေါ်မူတည်ရျ် ကြော်ထားသောအစာအစား၃အုပ်စုခွဲခြားထားပါတယ်။
(1)ကြက်ကြော်
(2)ငါးကြော်၊ပုစွန်ကြော်စသောပင်လယ်အစာအစားကြော်များ
(3)အာလူးကြော်အစရှိသောအကြော်များ
နေ့စဉ် ကြော်ထားသောအစာအစားများစားသုံးသူသည် မစားသောသူများထက် ၈ရာခိုင်နှုန်းခန့်ရောဂါဖြစ်ရန်ပိုမိုအခွင့်အလမ်းရှိပါတယ်။ဥပမာ ကြက်ကြော်နေ့စဉ်စားသောသူသည် အခြားသောသူများထက် ၁၃ % ခန့်နှလုံးရောဂါကြောင့်သေဆုံးနူန်းမြင့်မားနိုင်ပါတယ်။ငါးကြော်နေ့တိုင်းစားသူများသည် ၇ % ခန့်နှလုံးရောဂါကြောင့်သေဆုံးနှုန်းမြင့်မားနိုင်ပါတယ်။သို့သော် လက်ရှိလေ့လာသူများအနေဖြင့် ကြော်သောအစားအစာစားသူများသည်ကင်ဆာကြောင့်သေနှုန်းမြင့်မားနိုင်သည်ဆိုသောအချက်ကိုမူ သက်သေမပြနိုင်သေးပါ။လေ့လာတွေ့ရှိချက်အရ ငယ်ရွယ်တဲ့သူများထက် အသက်၅၀ကျော်အများစုက အကြော်လှော်ပိုကြိုက်ကြောင်းတွေ့ရှိရပါတယ်။
ကြော်သောအစားအစာများတွင် ကယ်လိုရီမြင့်မားစွာပါဝင်ပါတယ်။မကြော်ခင် မုန့်နှစ်။ထောပတ်လူးသုတ်လေ့ရှိပါတယ်။ဆီထဲနှစ်ကြော်သောအခါ ဆီကိုစုပ်ယူလိုက်သောကြောင့် ကယ်လိုရီပိုမိုပါဝင်ပါတယ်။အလွယ်ပြောရလျှင် ကြော်သောအစာအစားသည်မကြော်သောအစားအစာထက် ဆီနှင့်ကယ်လိုရီပိုမိုပါဝင်ပါတယ်။ဥပမာဖုတ်ထားသောအားလူးတစ်လုံး100ဂရမ်တွင် ၉၃ကီလိုရီသာပါဝင်ပြီ အဆီလုံးဝမပါသော်လည်း ကြော်ထားသောအာလူးတွင် 319ကယ်လိုရီနှင့်ဆီ17ဂရမ်ပါဝင်ပါတယ်။
ကြော်ထားသောအစာအစားများတွင် ကိုယ်ခန္ဓာအတွက်ဆိုးကျိုးများသောမပြည့်ဝဆီများပါဝင်ပါတယ်။နှလုံး၊ဆီးချိုနဲ့ကင်ဆာများပိုမိုဖြစ်စေပါတယ်။ပြန်ကြော်ဆီများတွင်ပိုမိုပါဝင်ပါတယ်။
လေ့လာသူများရဲ့အဆိုပြုချက်အရ ကြော်ထားသောကြက်သား။ငါးများစားခြင်းကို လျော့ချခြင်းသည် လူအများရဲ့ကျန်းမာရေးပိုမိုကောင်းမွန်စေကြောင်းတွေ့ရှိရပါတယ်။
Dr.Pyae Shin