fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

လူသိနည်းနေသေးတဲ့ Vaseline ရဲ့ အလှအပ လျှို့ဝှက်ချက်

2.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/05/2019
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

လူသိနည်းနေသေးတဲ့ Vaseline ရဲ့ အလှအပ လျှို့ဝှက်ချက်

ခုခေတ်မှာ အလှအပနဲ့ ကျန်းမာရေး ဗဟုသုတတွေ တွင်ကျယ်လာပြီဆိုတော့ Vaseline လို့ခေါ်တဲ့ petroleum gel ( ရေနံ အဆီ ) နဲ့ မစိမ်းလောက်ဘူး ထင်ပါတယ် ..

Vaseline ရဲ့ ပုံမှန်သိနေကျတွေအပြင် လူသိနည်းသေးတဲ့ အလှပရေးရာအတွက် ဘက်စုံအသုံးဝင်မဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးပါရစေနော်..

Vaseline နဲ့ မိတ်ကပ်ဖျက်ကျမယ်..

Vaseline က မိတ်ကပ်ဖျက်ဖို့ ထုတ်လုပ်ထားတဲ့ Balm တွေနဲ့ သဘောတရာချင်းတူညီတာကြောင့် သူ့ကို အသုံးပြုပြီး မိတ်ကပ်ဖျက်လို့ ရပါတယ်။ Vaseline လက်တစ်ဆစ်စာကို မျက်နှာအနှံ့ အပေါ်ကိုပင့်တင်တဲ့ စက်ဝိုင်းပုံစံ နှိပ်နယ်ရင်း လိမ်းပေးမယ်ဆိုရင် အပေါ်ယံမိတ်ကပ်တွေတင် မဟုတ်ဘဲ ချွေးပေါ်က်ထဲက မိတ်ကပ်တွေပါ ပျော်ဝင်ပြီးထွက်လာတာ တွေ့ရမှာပါ။ ပြီးရင် wet tissue လေးနဲ့သုတ်ပြီး ပုံမှန်အတိုင်း မျက်နှာသစ်ဆပ်ပြာ ( facial foam ) နဲ့သစ်လိုက်ရုံပါပဲ။

ဖျက်ရခက်တဲ့ ရေစိုချွေးစိုခံ water proof/ sweat proof eye makeup တွေကိုပါ သန့်စင်စေနိုင်ပါတယ်။ Vaseline ကို မျက်လုံးမျက်တောင် တစ်ဝိုက် ညင်ညင်သာသာ ပွတ်လိမ်းပေးမယ်ဆိုရင် ဖျက်ရခက်တဲ့ eye makeup တွေပါ သန့်စင်သွားမှာပါ..

ရေမွှေးလေးတွေ တာရှည်ခံအောင်

ရေမွှေးမစွတ်ခင် သွေးခုန်နှုန်းမိတဲ့ လက်ဖျံ လည်ပင်းအရင်း၊ ရင်ဘတ်လို နေရာမျိုးမှာ Vaseline gel အနည်းငယ်ကို အရင်လိမ်းပါ။ ပြီးမှ အဲ့အပေါ်မှာ ရေမွှေးစွတ်ပါ။ ပုံမှန်ထက် အနံ့တာရှည်ခံတာကို တွေ့ရမှာပါရှင်။

ခြောက်သွေ့ကွဲအက် အဖက်လန်နေတဲ့ နှုတ်ခမ်းလေးတွေအတွက်

နှင်းဆီဖူး နှုတ်ခမ်းလေးတွေ ဖြစ်ဖို့ Vaseline ကိုပဲ အားကိုးပါလို့ ပြောရမလိုပါပဲ။ ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်းလေးတွေကို ညတိုင်း Vaseline လေးလိမ်းပေးခြင်းဖြင့် နူးညံ့လှပတဲ့ နှုတ်ခမ်းလေးကို ရရှိမှာပါ။ Matte type နှုတ်ခမ်းနီကြိုက်တဲ့ မမတွေလဲ နှုတ်ခမ်းအဖတ်လန်ခြင်းမှ ကင်းဝေးအောင် နှုတ်ခမ်းနီမဆိုးခင်တိုင်း Vaseline လေးအရင် လိမ်းပေးကြပါလို့..

ခြေသည်းလက်သည်းလေးတွေနဲ့ လက်သည်းပန်းကုံးလေးတွေအတွက်

ကြွတ်ဆတ်ကျိုးပဲ့ လွယ်တဲ့ လက်သည်းခြေသည်းတွေကြောင့် သိတ်ညစ်နေရတဲ့မမတွေရေ Vaseline လေးကိုသာ လက်သည်းပေါ်မှာ ညတိုင်းလိမ်းပါလို့။ သိသိသာသာ လက်သည်းခြေသည်းကျန်းမာရေး ကောင်းလာတာတွေ့ရမှာပါ။ လက်သည်းပန်းကုံးလေးတွေ အသားမာတက်တာတွေ အတွက်လည်း Vaseline ကို လိမ်းဖို့ တိုက်တွန်းပါရစေနော်။

ဆံသားနှစ်ခွဖြစ်တာတွေအတွက်

ခေါင်းမလျှော်ခင်ညမှာ Vaseline လေးကို ဆံသားအဖျားလေးတွေမှာ လိမ်းပေးခြင်းအားဖြင့် ဆံသားနှစ်ခွဖြစ်တာ weight မရှိတာ ခြောက်သွေ့နေတာတွေ သိသိသာသာ သက်သာလာမှာပါရှင်။

မျက်ခုံးမျက်တောင်တွေအတွက်

ဂွမ်းတံလေးနဲ့ပဲဖြစ်ဖြစ် မျက်တောင်ကော့တံ အသန့်လေးနဲ့ပဲဖြစ်ဖြစ် ညမအိပ်ခင်တိုင်း Vaseline လေးနဲ့ မျက်ခုံးနဲ့ မျက်တာင်လေးတွေကို ကော့ပေးပါနော်။ မနက်မိုးလင်းလာရင် ပိုကော့ပိုရှည်ပြီး ပို Dimension ကျပြီး ပိုကျန်းမာတဲ့ မျက်ခုံးမျက်တောင်အလှကို ပိုင်ဆိုင်နေမှာပါ။

အစိုဓာတ်ဖြည့်ကြမယ်

အသားအရမ်းခြောက်တဲ့သူတွေ ဘာလိမ်းလိမ်းအသားရေ ခြောက်မြဲခြောက်နေတဲ့သူတွေ အတွက် ပုံမှန်လိမ်းနေကျ မျက်နှာအသားရေထိန်းသိမ်းတဲ့ skincare တွေ cream တွေထဲကို လက်သည်းခွံစာ ပမာဏ Vaseline လေးရောထည့်ပြီး လိမ်းကြည့်ပါလို့။ သိသိသာသာ အသားရေခြောက်တာ သက်သာလာမှာပါ။

Glow makeup look အတွက်

လိမ်းနေကျ foundation နဲ့ Vaseline အနည်းငယ်ကို ရောပြီး လိမ်းတာပဲဖြစ်ဖြစ်၊ ကိုယ်လိမ်းနေကျ အတိုင်း foundation, makeup , BB cream ပေါ်ကပဲ ဖြစ်ဖြစ် Vaseline အနည်းငယ်ကို လက်ထိပ်လေးနဲ့ ပါးရိုး နှာခေါင်းရိုး နဖူးတို့မှာ အသာယာ တို့ထိပေးခြင်းဖြင့် ကျန်းမာလှပတဲ့ Glow makeup look လေးရရှိမှာပါနော်။

Festival Makeup အတွက်

Festival တွေမှာ သူများတွေ မိတ်ကပ်ခြယ်သသလို Bling Bling လေးတွေခြယ်သချင်တဲ့ သူတွေအတွက် ကိုယ် Bling Bling ချင်တဲ့နေရာမှာ Vaseline ကို အရင်လိမ်းပါ။ ပြီးမှ အပေါ်က အလက်လက် အမှုန့်လေးတွေကို ဖြူးပေးပါနော်..

ကဲဒါဆိုရင် Vaseline ရဲ့ မီးလောင်ဒဏ်ရာတွေမှာ သုံးတာတွေအပြင် အလှပရေးရာမှာပါ ဘက်စုံသုံးလို့ရတာ သိသွားပြီ ဆိုတော့ Vaseline တစ်ဘူးလောက် အမြန်ပြေးဝယ်ထားလိုက်တော့နော်..

Scarlette ( ဆေး၁ )

Previous Post

သဘာဝအတိုင်း မျက်တောင်လေးတွေရှည်လာစေဖို့ ဆောင်ရရှောင်ရမည့်အချက်များ

Next Post

ကျန်းမာရေအတွက်သာမကဘဲ အလှအပအတွက်ပါ အသုံးဝင်တဲ့ စတော်ဘယ်ရီဖျော်ရည်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
547
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
805

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကျန်းမာရေအတွက်သာမကဘဲ အလှအပအတွက်ပါ အသုံးဝင်တဲ့ စတော်ဘယ်ရီဖျော်ရည်

Vitamin C လိမ်းရင် ဆောင်ရန် ရှောင်ရန် အချက်များ

အမျိုးသမီးတွေအများစု စိတ်ညစ်ရတဲ့ Cellulite ကို ဖယ်ရှားမယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.