fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ကျန်းမာရေအတွက်သာမကဘဲ အလှအပအတွက်ပါ အသုံးဝင်တဲ့ စတော်ဘယ်ရီဖျော်ရည်

25
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/05/2019
in အလှအပနှင့်ကျန်းမာရေး
စာဖတ်ရန်ကြာချိန် 1 မိနစ်
A A
0 0

ကျန်းမာရေအတွက်သာမကဘဲ အလှအပအတွက်ပါ အသုံးဝင်တဲ့ စတော်ဘယ်ရီဖျော်ရည်

ကဲ နွေရာသီမှာ လွယ်လွယ်ကူကူဝယ်လို့ရတဲ့ စတော်ဘယ်ရီသီးလေးတွေ အကြောင်း..

ကျွန်မကနေ့တိုင်း အသားရည်အတွက် အသီးအနှံအစစ်တွေကို ကြိတ်ပြီး smoothie လုပ်သောက်တတ်ပါတယ်ရှင်။ ခုလဲ နွေရာသီမှာ လွယ်လွယ်ကူကူ ဝယ်လို့ရတဲ့ စတော်ဘယ်ရီ လေးတွေ မတုံးခင် Smoothie လုပ်သောက်တုန်း အရမ်းခင်ရတဲ့ ညီမလေးတစ်ယောက် အလည်လာတာနဲ့ ကြုံတော့..

-“အမက facebook my story တွေမှာ အမြဲ အမသောက်တဲ့ smoothie bowl လေးတွေ share ထားတာတွေ့ပြီး သောက်ချင်နေတာ။ ခုတော့ ကြုံတုန်း မေးချင်တာတွေရော မြည်းချင်တာရောနဲ့ အတော်ပဲ..”

သူမြည်းကြည့်ပြီး..

-“အမ တော်တော်သောက်ကောင်းတယ် ဘာတွေထည့်ဖျော်ထားတာတုန်း။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဖျော်ရည်ကို ဒီလိုအရသာရှိအောင် ဖျော်လို့ရမှန်းသိရင် တခြားအချိုရည်တွေ နို့ဆီသကြားတွေနဲ့ strawberry ကို ဘာလို့အဝခံသောက်တော့ မှာတုန်းလို့.. ဖျော်နည်း Recipe ပြောပြဦး..ကြိုက်တယ် အရမ်း..”

-“ဟုတ်တယ် ညီမလေးရေ ရာသီစာ strawberry တွေ မတုံးခင်လေး အဝသောက်တာ ညီမလေး.ဟီး..ပြီးတော့ ဖျော်နည်းကလည်း လွယ်လွယ်လေး..

Strawberry ( ကိုယ်နှစ်သက်တဲ့ ပမာန)
အဆီအချိုမပါတဲ့ ဒိန်ချဉ် တစ်ခွက်
ငှက်ပျောသီး သီးမွှေး တစ်လုံး
ပဲနို့
ပျားရည်
ဒါပဲလိုတာ..အမ smoothie က တခြားနို့ဆီတွေ သကြားတွေ ရေ ရေခဲ လုံးဝမပါဘူး.. ဒီတိုင်းသောက်လဲရသလို instagram မှာခေတ်စားနေသလို အပေါ်မှာ အသီးတွေ nuts တွေ Oats တွေ ထည့်ပြီး smoothie bowl လုပ်စားလဲ ရတယ်ရော..မနက်စာကို တခြား heavy တွေ စားမဲ့အစား ဝိတ်လျှော့နေတဲ့ အချိန် ဒါမျိုးစားရင် ကိုယ်ခန္ဓာလည်း ပေါ့ပေါ့ပါးပါးဖြစ်တယ် စိတ်လည်းကြည်တယ်..နောက်အမက ပိုတဲ့ smoothie ကို မျက်နှာနဲ့ လည်ပင်းမှာ လိမ်းလိုက်တယ်လေ တခြားဓာတုပစ္စည်းတွေမပါလို့ စိတ်ချလက်ချ mask အနေနဲ့ ပေါင်းတင်လို့ရတာပေါ့..တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲ..ဟီး”

-“မျက်နှာပါလိမ်းတယ်!!!???? အဲ့လိုရတယ်ပေါ့..မိုက်တယ်..အဲ့ဆို ဒီstrawberry smoothie က ဘာအတွက်ကောင်းတာလဲ အမ??”

-” ပထမဆုံးအနေနဲ့က strawberry..သူက သံပုရာသီးထက်တောင် vitamin C ၃ ဆ ပိုမိုပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားမြှင့်ပေးတယ်။ အသားရည်ကြည်လင်စေတယ်..နောက် ဓာတ်တိုးဆန့်ကျင်တဲ့ သတ္တိရှိလို့ အရွယ်မတိုင်ခင် အိုမင်းတာကို ကာကွယ်ပေးတယ်လေ..နောက်နေရောင်ခြည်ကြောင့်ဖြစ်တဲ့ အမည်းစက်တွေကို သက်သာစေပြီး အသားရည် tone ကို lighten ဖြစ်စေတယ်..

နောက် strawberry မှာပါတဲ့ folic acid က မိန်းကလေးတွေအတွက် အရမ်းလိုအပ်တယ်လေ..ဆဲလ်တွေ ပွားတာကို လုပ်ပေးပြီး ပျက်စီးသွားတဲ့ ဆဲလ်တွေကို မြန်မြန်ပြန်ထုတ်ပေးတဲ့နေရာမှာ ကူညီပေးတယ်..

ဒိန်ချဉ်ကတော့ ဝမ်းမှန်စေတယ် အူမှာရှိတဲ့ ကောင်းတဲ့ လူကိုအကျိုးပြုတဲ့ ဘက်တီးရီးယားတွေပါဝင်လို့ ဝမ်းမှန်ပြီး အပူပုပ်ကင်းစေတယ်..

ပျားရည်ကတော့ အသားရည် အစိုဓာတ်ထိန်းပေးပြီး ဝက်ခြံတွေကို သက်သာစေတယ် ကျန်းမာရေးအတွက်လည်း အရမ်းကောင်းတယ်လေ..အချိုချင်းတူတူ သကြားတွေ နို့ဆီတွေအစား ပျားရည်ကိုသုံးတော့ ကျန်းမာရေးအတွက် ပိုကောင်းတာပေါ့..

နောက်ဆုံး အနေနဲ့က ပဲနို့ နွားနို့အစား ပဲနို့သုံးတာက ပဲပိစပ်မှာပါတဲ့ phyto oestrogen ကြောင့်လေ..မိန်းကလေးတွေအတွက် အသားရည်လှပစေဖို့ စိုပြေတင်းရင်းစေဖို့ oestrogen က မရှိမဖြစ်အရေးပါပြန်ရော..အဲ့ဒါကြောင့် ပဲနို့ကို နို့အစားသုံးတာလေ..

သဘာဝ ပစ္စည်းတွေပဲ ပါတော့ မျက်နှာမှာ mask အနေနဲ့ လိမ်းပြီး ပေါင်းတင်ဖို့ဆိုလည်း စိတ်ချရတာပေါ့..”

-“ဟယ် မိုက်လိုက်တာအမရယ်..အဲ့လောက် အကျိုးများတာနော့်..တော်ပြီ သမီးလဲ ခုကစပြီး strawberry မတုံးခင် အမလိုပဲ လုပ်သောက်တော့မယ် ခုတော့ အမဆီကပဲ ကြိတ်သွားလိုက်ဦးမယ်နော်..ဟီး”

-“ဟုတ်ပါပြီရှင် သောက်သွား သောက်သွား..Eating healthy can be fun ပါလို့ အမပြောသားပဲ”

ဒီလိုနဲ့ပဲ ကိုယ်သောက်မဲ့ဟာလေး သူ့ပဲတိုက်လိုက်ရတော့တာပေါ့..

Scarlette (ဆေး ၁)

Previous Post

လူသိနည်းနေသေးတဲ့ Vaseline ရဲ့ အလှအပ လျှို့ဝှက်ချက်

Next Post

Vitamin C လိမ်းရင် ဆောင်ရန် ရှောင်ရန် အချက်များ

25
VIEWS
Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ခါးနာခြင်းသက်သာစေဖို့ဆိုရင်

4 weeks ago

ကလေးများအတွက် မဖြစ်အနေလိုအပ်သော အာဟာရဓါတ်များ

1 month ago

ရင်ပူခြင်းအကြောင်းသိကောင်းစရာများ

1 month ago

ဆောင်းရာသီမှာအဖြစ်များတဲ့ရောဂါများ နှင့်နာကျင်ကိုက်ခဲမှုများအကြောင်း

1 month ago

နာတာရှည်အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများနှင့် သင့်လျော်သောအစားအစာများ

1 month ago

သွေးအားနည်းရောဂါဖြစ်ပွားရသော အကြောင်းရင်းများ

1 month ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အရေပြားကျန်းမာရေးအတွက် ရှားစောင်းလက်ပပ်၏ကောင်းကျိုးများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အစာအိမ်ရောင်သောအခါ စားသင့်သော အစားအစာများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0
  • ရင်ဘတ်အောင့်တာအစာအိမ်ကြောင့်လား၊ နှလုံးကြောင့်လား ။

    0 shares
    Share 0 Tweet 0
  • သွေးတိုးရောဂါရှင်များအတွက်ဆောင်ရန်/ရှောင်ရန် ( ၁၀ )ချက်

    0 shares
    Share 0 Tweet 0
Next Post

Vitamin C လိမ်းရင် ဆောင်ရန် ရှောင်ရန် အချက်များ

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Subscribe For Latest Updates

Sign up to best of business news, informed analysis and opinions on what matters to you.
Invalid email address
We promise not to spam you. You can unsubscribe at any time.
Thanks for subscribing!