ဂေါက်ရောဂါဆိုသည်မှာ သွေးတွင်း ယူရစ်အက်ဆစ် Uric acid များ
တက်ကာ ခြေဆစ် လက်ဆစ်များ ၊အထူးသဖြင့် ခြေမဆစ်တွင် ရောင်ရမ်းနာဖြစ်တဲ့
ရောဂါ တစ်မျိုးပါ ။ပုံမှန်အားဖြင့်ဆိုရင် ယူရစ်အက်ဆစ်တွေဟာ ပရိုတင်းဓာတ်တွေ
ဖြိုခွဲရာကနေ ထွက်လာတာပါ ။ထိုအက်ဆစ်ဓာတ်တွေကို ကျောက်ကပ်က ဆီးကနေ
တဆင့် စွန့်ထုတ်ပါတယ် ။ကျောက်ကပ်က မစွန့်ထုတ်နိုင်တော့လို့ဖြစ်စေ ၊သွေးထဲ
မှာ ယူရစ်အက်ဆစ်ဓာတ်တွေ များလာလို့ဖြစ်စေ အရိုးအဆစ်တွေမှာ ပုံဆောင်ခဲ
အနေနဲ့ စုပုံကာ အရိုးဆစ်ရောင်ရမ်းနာကို ဖြစ်စေပါတယ် ။ဂေါက်ရောဂါဟာ
သက်လတ်ပိုင်း အမျိုးသားတွေမှာ အဖြစ်များပါတယ် ။အမျိုးသမီးတွေမှာတော့
အဖြစ်နည်းပါတယ် ။
အရင်ဆုံး ယူရစ်အက်ဆစ်တက်စေတဲ့ ရှောင်ရမယ့် အစားအသောက်
တွေ အကြောင်း အရင်ပြောပြပါ့မယ် ။မှို ၊မျှစ် ၊ကညွတ်နဲ့ တိရိစ္ဆာန်တို့ရဲ့ ကလီစာ
( ဥပမာ-အသည်း ၊ကျောက်ကပ် အစရှိသဖြင့် ) တွေကို ရှောင်ရှားသင့်ပါတယ် ။
ဒါ့အပြင် အနီရောင်ရှိတဲ့ အသားတို့ ငါးတို့အပြင် ၊ကွေကာ ၊တစေးဖောက်ထားတဲ့
အစားအသောက်များ ကိုလည်း ရှောင်ကြဉ်သင့်ပါတယ် ။ကစီဓာတ်များတဲ့ အစား
အသောက်တွေဖြစ်တဲ့ သကြား ၊ဆီကြော်မုန့် ၊ကော်ဖီ ၊အဖျော်ယမကာနဲ့ အရက်
တို့သည် ဂေါက်ရောဂါကို ပိုဆိုးစေတဲ့ အတွက် မစားသောက်သင့်ပါ ။
ယူရစ်အက်ဆစ်ဟာ ပရိုတင်းဓာတ်တွေ ပြိုကွဲရာမှ ထွက်လာတယ်
ဆိုပေမယ့် အသားဓာတ်လျော့စားရမယ်ဆိုတာ လုံးဝမမှန်ပါ ။ပရိုတင်းဓာတ်ကို
ပုံမှန် အတိုင်းသာ ဆက်လက်စားသောက်ပါ ။ဒါပေမယ့် အနီရောင်ရှိတဲ့ အသား
တွေဖြစ်တဲ့ ဝက်သား ၊အမဲသား ၊ဆိတ်သား တို့ကိုတော့ လျော့စားသင့်တယ် ။
ကိုယ်လက်လှုပ်ရှားမှုများတဲ့အခါ ရေဓာတ်ခန်းခြောက်ကာ ယူရစ်အက်ဆစ်တွေ
တက်လာပါတယ် ။ဒါကြောင့် ရေများများ သောက်ဖို့လည်း လိုပါတယ် ။ဗိုက်တာမင်
စီနဲ့ ဖောလစ်အက်ဆစ်တွေပါတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ ၊ဂေါ်ဖီထုပ်
နဲ့ ဟင်းနုနွယ်တို့ကို နေ့စဉ် စားသုံးပေးသင့်တယ် ။ဟင်းအဖြစ်သာမက ဖျော်ရည် ၊
စွပ်ပြုတ်အနေနဲ့လည်း မိမိတို့ အဆင်ပြေသလို သုံးဆောင်နိုင်တယ် ။ဖောလစ်အက်
ဆစ်ဟာ သွေးတွင်း ယူရစ်အက်ဆစ်ဓာတ်ကို ထိန်းချုပ်ပေးပါတယ် ။ဗိုက်တာမင် စီ
ဟာလည်း ယူရစ်အက်ဆစ်ကို ဆီးကနေတဆင့် စွန့်ထုတ်ပေးရာမှာ ကူညီပေးပါ
တယ် ။ဒါ့အပြင် လတ်ဆတ်တဲ့ အသီးအနှံတွေဖြစ်တဲ့ ဂရိတ်ဖရုနဲ့ မုန်လာဥနီ စတာ
တွေအပြင် ပဲနီလေးလို ပဲမျိုးကို စားသုံးပေးခြင်းဖြင့်လည်း ဂေါက်ရောဂါကို သက်သာ
စေနိုင်ပါတယ် ။
ဒီဆောင်းပါးလေးကို ဖတ်ခြင်းဖြင့် စာဖတ်သူတို့ ကျန်းမာရေးအသိ
တစ်ခု တိုးလာလိမ့်မယ်လို့ ယူဆလျက်…………….
Author : ခေတ်သစ်ဇီဝက