fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အိမ်တွင်းကုထုံးများ

912
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/07/2021
in ကျန်းမာစေသော အစားအစာ, အလှအပနှင့်ကျန်းမာရေး
1 min read
A A

အိုမင်းရင့်ရော်ခြင်း၏ လက္ခဏာများသည် အရေပြားမျက်နှာပြင်ပေါ်တွင် ပထမဆုံးဖြစ်ပေါ်လာလေ့ရှိပါသည်။ တစ်နည်းအားဖြင့်ဆိုသော် အရေပြားသည် အိုမင်းရင့်ရော်မှု၏ အကျိုးသက်ရောက်မှုကို ခံရသည့် အစောဆုံး အင်္ဂါအစိတ်အပိုင်းပင်ဖြစ်ပါသည်။

အရွယ်မတိုင်မီ စောစီးစွာ အိုမင်းရင့်ရော်ခြင်းလက္ခဏာများ ပေါ်ပေါက်လာရခြင်း အကြောင်းရင်းများစွာ ရှိပါသည်။ ထို့အတူ အိုမင်းရင့်ရော်ခြင်း လက္ခဏာများဖြစ်ပေါ်လာခြင်းကို သက်သာစေသည့် နည်းလမ်းများစွာလည်း ရှိပါသည်။

အောက်ပါတို့သည် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို အတိုင်းအတာတစ်ခုအထိ လျော့နည်းနှေးကွေးစေသော နည်းလမ်းများ ဖြစ်ပါသည်။

ရေ

ရေဓာတ်ကောင်းစွာပြည့်ဝနေစေခြင်းသည် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို သက်သာပျောက်ကင်းစေသည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်ပါသည်။ ထို့ပြင် အရေပြား၏ ရုန်းပြန်ဂုဏ်သတ္တိများကို ပြည့်ဝစေသည့်အပြင် အရေပြားကျန်းမာရေးကို ပျက်စီးထိခိုက်စေသည့် အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးနိုင်ပါသည်။

အသုံးပြုနည်း

မနက်အိပ်ရာနိုးသည့်အခါ ဘာမှမစားမသောက်ရသေးခင်အချိန်တွင် ရေတစ်ဖန်ခွက်ကို အရင်ဆုံးသောက်သုံးသည့် အလေ့အကျင့်ကို ပြုလုပ်ပါ။ ၂ နာရီကြာတိုင်း အနည်းဆုံးရေ ၁၂ အောင်စ သောက်သုံးပါ။ ထိုသို့ရေကိုပုံမှန်သောက်သုံးဖြစ်အောင် အလေ့အကျင့်ပြုလုပ်ရာတွင် အကောင်းဆုံးနည်းလမ်းမှာ မိမိ၏အရှေ့တွင် ရေအပြည့်ဖြည့်ထားသောရေဘူးကို အမြဲတမ်း ထားရှိခြင်းပင် ဖြစ်ပါသည်။

မုန်လာဥနီ

အရေပြား အိုမင်းရင့်ရော်ခြင်းမရှိစေရန်အတွက် အရေးအကြောင်းများကို သက်သာစေရန်နှင့် အသားအရေ လျော့တွဲခြင်းများကို ကာကွယ်ရန်အတွက် ကော်လာဂျင်များလိုအပ်ပါသည်။ ကော်လာဂျင်ထုတ်လုပ်မှုတွင် ဗီတာမင်-A သည် မရှိမဖြစ် အရေးပါပါသည်။ မုန်လာဥနီတွင် ဗီတာမင်-A များစွာကြွယ်ဝကြောင်း တွေ့ရှိရပါသည်။

အသုံးပြုနည်း

မုန်လာဥနီများကို ပျော့ပျောင်းသွားသည်အထိ ပြုတ်ပါ။ ထို့နောက် ကြိတ်စက်ဖြင့် ကြိတ်ပါ။ ထိုသို့ကြိတ်သည့်အခါ ပျားရည်အနည်းငယ်ကို ထည့်သွင်း၍ ခပ်ပျစ်ပျစ်ရသည်အထိ ကြိတ်ပါ။ ထိုအနှစ်ကို မျက်နှာ၊ လည်ပင်းနှင့် ခန္ဓာကိုယ်၏အခြားနေရာများတွင် လိမ်းပေးပြီး မိနစ် ၃၀ ခန့်ကြာအောင်ထားပါ။ ထို့နောက် ရေခပ်နွေးနွေးဖြင့် ဆေးချပါ။ တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ကြိမ်အထိ ပြုလုပ်နိုင်ပါသည်။

သံပရာရည်

သံပရာရည်တွင်ပါဝင်သော Citric acid သည် ဆဲလ်သေများကို ကောင်းစွာဖယ်ရှားပေးနိုင်သည့် အတွက်ကြောင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ထို့ပြင် သံပရာရည်သည် မျက်နှာပေါ်တွင် အမည်းစက်များ၊ အမည်းကွက်များ၊ အရေးအကြောင်းများကိုလည်း ပျောက်ကင်းသက်သာစေနိုင်သည့် အစွမ်းသတ္တိရှိပါသည်။

အသုံးပြုနည်း

သံပုရာရည်ဖြင့် မျက်နှာကို လိမ်းကျံပြီး ၁၀ မိနစ်ခန့်ထားကာ ရေဖြင့်ဆေးချနိုင်ပါသည်။ မျက်လုံးနှင့် အခြားနူးညံ့သည့်နေရာများကို မဝင်ရောက်စေရန် ဂရုပြုရပါမည်။ မနက်တစ်ကြိမ် ညတစ်ကြိမ် ပြုလုပ်ပေးနိုင်ပါသည်။

 

ငှက်ပျောသီး

ငှက်ပျောသီးတွင်ပါဝင်သော ဗီတာမင်၊ သတ္တုဓာတ်နှင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများသည် အရေပြား၏ အစိုဓာတ်နှင့် ရုန်းပြန်ဂုဏ်သတ္တိကို ထိန်းသိမ်းပေးနိုင်စွမ်းရှိပါသည်။

အသုံးပြုနည်း

မှည့်နေသည့် ငှက်ပျောသီး ၂ လုံးခန့်ကို ကြေအောင်ခြေပါ။ ထိုသို့ ကြေအောင်ခြေထားသည့် ငှက်ပျောသီးကို အိုမင်းရင့်ရော်သည့် လက္ခဏာများရှိနေသည့်နေရာများကို လိမ်း၍ မိနစ် ၃၀ ခန့် ထားပါ။ ထို့နောက် ရေခပ်နွေးနွေးဖြင့် ဆေးချပါ။ တစ်ပတ်လျှင် ၂ ကြိမ်အထိ လုပ်နိုင်ပါသည်။ ထို့ပြင် အမည်းစက်များအား သက်သာပျောက်ကင်းစေရန်အတွက်လည်း ငှက်ပျောသီးအခွံအတွင်းဘက်ဖြင့် ပွတ်တိုက်ပေးနိုင်ပါသည်။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်တွင် ဗီတာမင်၊ သတ္တုဓာတ်များအပြင် အရေပြား၏ ရုန်းပြန်ဂုဏ်သတ္တိကို တိုးတက်စေ၍ အစိုဓာတ်ကိုထိန်းသိမ်းပေးသည့် Malic Acid ပါဝင်ပါသည်။

အသုံးပြုနည်း

လတ်လတ်ဆတ်ဆတ် ဖြတ်တောက်ထားသော ရှားစောင်းလက်ပပ်မှ အနှစ်များကို ထုတ်ယူ၍ အိုမင်းရင့်ရော်ခြင်း လက္ခဏာများပေါ်နေသည့်နေရာများကို လိမ်းကျံနိုင်ပါသည်။ ထို့နောက် မိနစ် ၂၀ ခန့်ထားပြီး ရေခပ်နွေးနွေးဖြင့် ဆေးချနိုင်ပါသည်။ ဤနည်းလမ်းကို နေ့စဉ်ပြုလုပ်ပေးနိုင်ပါသည်။

သံလွင်ဆီ

သံလွင်ဆီတွင်ပါဝင်သော Medium-chain Fatty acid တွင် ရောင်ရမ်းမှုကို သက်သာပျောက်ကင်းစေနိုင်သည့် အကောင်းဆုံးသောဂုဏ်သတ္တိများပါဝင်ပါသည်။

ထို့ပြင် အရေပြားကိုထိခိုက်ပျက်စီးစေသည့် Free Radical များကို တိုက်ခိုက်ပေးသည့်အပြင် ကော်လာဂျင်များကို ပိုမိုထုတ်လုပ်အောင် လုပ်ဆောင်ပေးနိုင်သည့် ဗီတာမင်-A နှင့် ဗီတာမင်-E များလည်း  ပါဝင်ပါသည်။

အသုံးပြုနည်း

အိုမင်းရင့်ရော်ခြင်းဖြစ်ပေါ်နေသည့်နေရာများကို သံလွင်ဆီဖြင့်စက်ဝိုင်းပုံသဏ္ဌန်အတိုင်း ၅ မိနစ်ခန့် လိမ်းကျံနှိပ်နှယ်ပေးပါ။ သံလွင်ဆီများ အရေပြားအတွင်းထဲသို့ စိမ့်ဝင်သွားစေရန် ဆေးကြောခြင်းမပြုပါနှင့်။   မနက်တစ်ကြိမ် ညတစ်ကြိမ်ပြုလုပ်ပေးနိုင်ပါသည်။

Author: Dr. မိုး (ဆေး ၁)

Previous Post

ရုတ်တရက်အသက်ရှုကျပ်လာရင် ဘာတွေလုပ်ဖို့လိုမလဲ

Next Post

ပင်ပန်းနေတာလား ၊ ရောဂါရှိနေလို့ နုံးချိနေတာလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

8 months ago
752

ဆံပင်တွေအရမ်းကျွတ်နေရင်

9 months ago
796
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

9 months ago
1k
The type of skin whitening medicine that makes the skin white and beautiful without side effects

ဘေးထွက်ဆိုးကျိုးမရှိဘဲ အသားအရေ ဖြူစင်ဝင်းပစေမယ့် အသားဖြူဆေးအမျိုးအစား

11 months ago
977
When is the best time to take collagen

ကော်လာဂျင်သောက်ဖို့ အကောင်းဆုံးအချိန်

11 months ago
2.1k

အရေပြားလျော့ရဲစေတဲ့ အကြောင်းအရင်းများ

11 months ago
873

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပင်ပန်းနေတာလား ၊ ရောဂါရှိနေလို့ နုံးချိနေတာလား

သတိပြုစရာ နမိုးနီးယားအဆုတ်ရောင်ရောဂါ

ကိုဗစ်အကူးမခံရအောင် အကောင်းဆုံးကာကွယ်နည်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.