fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အတွေ့အများဆုံး အရေပြား အဖုအပိမ့်ရောဂါများ

1.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/05/2017
in အထွေထွေရောဂါများအကြောင်း, အလှအပနှင့်ကျန်းမာရေး
1 min read
A A

(Zawgyi)

အေရျပားေပၚတြင္ ျဖစ္ေပၚေသာ အဖုအပိမ့္ပုံစံမ်ိဳးစုံရွိၿပီး အခ်ိဳ႕မွာ ပုံစံတူေသာ္လည္း ျဖစ္ပြားရသည့္ အေၾကာင္းရင္း ကြဲျပားကာ ကုသမႈပုံစံမွာလည္း ျခားနားသည္။ အဖုအပိမ့္အမ်ားစုမွာ မစိုးရိမ္ရေသာ္လည္း အခ်ိဳ႕မွာ ျပင္းထန္အႏၲရာယ္ရွိႏိုင္သည္။ ထို႔ေၾကာင့္ အေတြ႕ရအမ်ားဆုံး အဖုအပိမ့္မ်ားကို သိရွိထားၿပီး ျဖစ္ေစသည့္ အေၾကာင္းရင္းကို သိရွိေစရန္ လိုအပ္ပါသည္။

ဝက္ၿခံ
အေရျပားအဖုအပိမ့္မ်ားတြင္ အေတြ႕ရအမ်ားဆုံးမွာ ဝက္ၿခံျဖစ္သည္။ လူအမ်ားစုမွာ သူတို႔၏ တစ္သက္တြင္ ဝက္ၿခံကို ေပါက္ဖူးၾကမွာ အမွန္ပင္ျဖစ္သည္။ ၈၀ ရာခိုင္ႏႈန္းေက်ာ္မွာ အသက္ ၁၁ ႏွစ္မွ ၃၀ ႏွစ္အတြင္း ဝက္ၿခံေပါက္တတ္ၾကသည္။ ဝက္ၿခံသည္ အမ်ားအားျဖင့္ ဆယ္ေက်ာ္သက္အ႐ြယ္တြင္ ေတြ႕ရေလ့ရွိၿပီး မ်က္ႏွာ၊ ရင္ဘတ္ ႏွင့္ ေက်ာကုန္းတြင္ အစက္ကေလးမ်ားအေနျဖင့္ ေတြ႕ရေလ့ရွိသည္။ သို႔ရာတြင္ အခ်ိဳ႕သူမ်ား၌ အ႐ြယ္ေရာက္ၿပီးခ်ိန္သည္အထိ ေတြ႕ရတတ္ၿပီး အမ်ိဳးသမီးမ်ားတြင္ ၂၀ လွ်င္ ၁ ေယာက္၊ အမ်ိဳးသားမ်ားတြင္ ၁၀၀ လွ်င္ ၁ ေယာက္ ေတြ႕ရတတ္သည္။

ႏွင္းခူ
ေနာက္ထပ္ အေတြ႕အမ်ားဆုံးမွာ ႏွင္းခူျဖစ္သည္။ ကေလးမ်ားတြင္ ေတြ႕ရေသာ ႏွင္းခူမွာ အမ်ားအားျဖင့္ လကၡဏာျပတတ္ၿပီး ေျခာက္ေသြ႕ၿပီး အဖတ္လိုက္ အနီပိမ့္မ်ားကို ဦးေရျပား၊ နဖူးႏွင့္ မ်က္ႏွာ၌ အသက္တစ္ႏွစ္အ႐ြယ္အတြင္း အေတြ႕မ်ားသည္။ ထိုအဖတ္လိုက္ အနီပိမ့္မ်ားသည္ ေဖာင္းႂကြလာတတ္သည္။ အခ်ိဳ႕သူမ်ားတြင္ မေပ်ာက္ကင္းဘဲ က်န္ရွိေနတတ္ၿပီး တစ္ခါတစ္ရံ ယားယံတတ္သည္။
ႏွင္းခူသည္  အသက္ႀကီးသည္အထိ  လကၡဏာမ်ား  က်န္ရွိေနပါက အဖုအပိမ့္မ်ားသည္  တံေတာင္ဆစ္ႏွင့္  ဒူးေခါင္းတြင္  ေတြ႕ရတတ္ၿပီး  လည္ပင္း၊  လက္ေကာက္ဝတ္၊ ေျခက်င္းဝတ္၊ တင္ပါး ႏွင့္ ေပါင္ၾကားတြင္လည္း တစ္ခါတစ္ရံ ျဖစ္ပြားတတ္သည္။
၉၀ ရာခိုင္ႏႈန္းေသာ ႏွင္းခူလူနာမ်ားတြင္ အသက္ငါးႏွစ္မတိုင္မီ ပထမဆုံး လကၡဏာမ်ားကို ေတြ႕ရေလ့ရွိသည္။ လူႀကီးႏွင္းခူမ်ားသည္ ခႏၶာကိုယ္တစ္ခုလုံးတြင္ ျဖစ္ပြားေလ့ရွိၿပီး မ်က္ႏွာႏွင့္ လည္ပင္းတြင္ အဓိက ေတြ႕ႏိုင္သည္။ လူႀကီးမ်ားတြင္ ႏွင္းခူသည္ ယားယံျခင္း ျပင္းထန္ၿပီး အေရျပားထိခိုက္ကာ ေရာဂါပိုး ဝင္ေရာက္တတ္သည္ကို သတိထားသင့္သည္။

အင္ပ်ဥ္
လူ၂၀ရာခိုင္ႏႈန္းသည္သူတို႔၏ ဘဝ၌ အင္ပ်ဥ္ခံစားၿပီး ယားနာဟုလည္း ေခၚဆိုၾကသည္။ အင္ပ်ဥ္သည္ ယားယံၿပီး အဖုအပိမ့္သည္ ႂကြတက္ေနတတ္ၿပီး ျပင္လိုက္ျဖစ္ကာ အင္းဆက္ပိုးမႊား ကိုက္သည့္ပုံစံႏွင့္လည္း ဆင္သည္။ အင္ပ်ဥ္သည္ ခႏၶာကိုယ္၏ မည္သည့္ေနရာတြင္မဆို ျဖစ္ေစႏိုင္ၿပီး ျဖစ္သည့္ေနရာတစ္ဝိုက္ ေ႐ြ႕ႏိုင္ၿပီး ေပ်ာက္လိုက္ ျပန္ျဖစ္လိုက္ ျဖစ္တတ္သည္။ အင္ပ်ဥ္သည္ အမ်ားအားျဖင့္ အခ်ိန္ခဏေလးသာ ၾကာျမင့္ႏိုင္ၿပီး ေျခာက္ပတ္ေက်ာ္သည္ အထိလည္း ၾကာျမင့္ႏိုင္သည္။

ေရာဂါပိုးဝင္ျခင္း
အေရျပားေအာက္ဆုံးအလႊာတြင္ ဘက္တီးရီးယားပိုးဝင္ျခင္းေၾကာင့္ ျဖစ္တတ္ေသာ Cellulitis ကိုလည္း အေတြ႕ရမ်ားသည္။ ၎သည္ ပူျခင္း၊ ေယာင္ယမ္းျခင္း၊ နာက်င္ျခင္း ႏွင့္ အနီေရာင္အဖုအပိန္႕စသည့္ လကၡဏာမ်ား ေတြ႕ရတတ္သည္။ ဖ်ားျခင္း၊ ပ်ိဳ႕အန္ျခင္း၊ ခ်မ္းတုန္ျခင္း မ်ားကိုလည္း ခံစားရႏိုင္သည္။ အကယ္၍ ဘက္တီးရီးယားပိုးမ်ားသည္ ေမႊးညႇင္းေပါက္မ်ားသို႔ ဝင္ေရာက္ပါက ထိုအေျခအေနကို Folliculitis ဟုေခၚၿပီး ေမႊးညႇင္းေပါက္ ေဘးပတ္လည္တြင္ ဝက္ၿခံကဲ့သို႔္ ေတြ႕ရေလ့ရွိသည္။

ဆိုရီေယးဆစ္
ဆိုရီေယးဆစ္သည္ မ်ိဳး႐ိုးဗီဇဆိုင္ရာ ေရာဂါျဖစ္ၿပီးအေရျပားေပၚတြင္အနီေရာင္ ျမင့္တက္၊ၾကြတက္ေနေသာအေၾကးခြံအဖတ္အဖုအပိမ့္ျဖင့္ ေတြ႕ရေလ့ရွိသည္။ အမ်ားအားျဖင့္ဆိုရီေယးဆစ္အေရျပား ေရာဂါကို အသက္ ၁၅ ႏွစ္မွ ၃၅ ႏွစ္ အတြင္း ျဖစ္ပြားေလ့ရွိသည္။ ဆိုရီေယးဆစ္ ခံစားရသူ ၁၅ ရာခိုင္ႏႈန္းခန႔္မွာ အသက္ ၁၀ ႏွစ္ မတိုင္မီ ပထမဆုံးလကၡဏာ ခံစားရေလ့ရွိၿပီး ကေလးငယ္မ်ားတြင္ အျဖစ္နည္းသည္။

ကီးလြိဳက္ (Keloids)
အေရျပားေပၚတြင္ ျမင့္တက္ေဖာင္းႂကြေနေသာ အနာ႐ြတ္ကို ကီးလြိဳက္ဟု ေခၚၾကၿပီး တစ္ခါတစ္ရံ အဖုအပိမ့္ႏွင့္ ဆင္တူသည္။ အပူေလာင္ဒဏ္ရာ၊ ထိုးသြင္းဒဏ္ရာ၊ နားေပါက္ေဖာက္ျခင္း၊ တက္တူးထိုးျခင္း၊ ဝက္ၿခံအျပင္းစားမ်ားမွ အနာ႐ြတ္ျဖစ္ျခင္းမ်ားက ကီးလြိဳက္ျဖစ္ေစႏိုင္သည္။ အေမရိကန္ႏိုင္ငံတြင္ ကီးလြိဳက္ကို အာဖရိကန္၊ အေမရိကန္ မ်ား၌ လူျဖဴမ်ားထက္ ပိုေတြ႕ရေလ့ရွိသည္။

Actinic Keratosis
Actinic Keratosis ေနရာင္ျခည္မွ ခရမ္းလြန္ေရာင္ျခည္ ထိေတြ႕မႈမ်ားျခင္းေၾကာင့္ အေရျပားထိခိုက္ကာ အေၾကးခြံအဖတ္လိုက္မာေသာ အေရျပားပုံစံျဖင့္ ေတြ႕ရသည္။ ေနေရာင္ျခည္ အလြန္အကြၽံထိေတြ႕ေသာ မ်က္ႏွာ၊ ဦးေရျပား၊ နား႐ြက္၊ ပခုံး၊ လည္ပင္း၊ လက္ မ်ား၌ ေတြ႕ရေလ့ရွိသည္။ ႂကြက္ႏို႔ပုံစံႏွင့္ ဆင္တူၿပီး ၾကမ္းတမ္းမ်က္ႏွာျပင္ရွိသည္။
ျဖစ္ေစသည့္ အေၾကာင္းရင္းမ်ား-

ဆိုရီေယးဆစ္၊ ပန္းနာရင္က်ပ္၊ ေဟးအဖ်ားေရာဂါ မ်ိဳး႐ိုးရွိသူမ်ားတြင္ ႏွင္းခူျဖစ္ႏိုင္ေခ် မ်ားပါသည္။ ျပင္းထန္အဆင့္ ႏွင္းခူခံစားရသူ ၅၀ ရာခိုင္ႏႈန္းခန႔္တြင္ ပန္းနာရင္က်ပ္ရွိၿပီး ၆၆ ရာခိုင္ႏႈန္း၌ ေဟးအဖ်ားေရာဂါ အခံရွိသည္။ သုေတသနမ်ားအရ ႏွင္းခူေရာဂါႏွင့္ ေလထု ညစ္ညမ္းမႈ အလြန္မ်ားျပားေသာ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားတြင္ ေနထိုင္ၾကသူမ်ား၊ ႏွင္းခူေရာဂါ ခံစားရႏိုင္မႈ ဆက္ႏြယ္ပတ္သက္ႏိုင္ေၾကာင္း သိရသည္။
အင္ပ်ဥ္ ယားနာသည္ အစာအေသာက္မ်ားေၾကာင့္ ပိုဆိုးႏိုင္ၿပီး ေျမပဲ၊ ဥအမ်ိဳးမ်ိဴး၊ အခြံမာသီးႏွင့္ အခြံပါငါးမ်ား၊ ေဆးမ်ား (ပဋိဇီဝပိုးသတ္ေဆး၊ အက္စ္ပရင္ ႏွင့္ အိုင္ဗ်ဴပ႐ိုဗင္ အကိုက္အခဲေပ်ာက္ေဆး) ေၾကာင့္ ျဖစ္ေစႏိုင္သည္။ အျခားအင္ပ်ဥ္ ျဖစ္ေစႏိုင္ေသာ အေၾကာင္းအရင္းမ်ားမွာ အင္းဆက္ပိုးမႊားကိုက္ခံရျခင္း၊ ထိုးျခင္း၊ ေသြးသြင္းျခင္း၊ ဘက္တီးရီးယားႏွင့္ ဗိုင္းရပ္ေရာဂါပိုးမ်ား ဝင္ေရာက္ျခင္း၊ တေဆး၊ တိရစာၦန္အညစ္အေၾကး၊ ပန္းဝတ္မႈန္ စသည္မ်ားေၾကာင့္လည္း ျဖစ္ႏိုင္သည္။

ခႏၶာကိုယ္ခုခံအားစနစ္ က်ဆင္းေနသူမ်ား၊ ဆီးခ်ိဳေသြးခ်ိဳရွိသူမ်ား၊ ေျခေထာက္တြင္ ေရာင္ရမ္းေနသူမ်ား၊ ေသြးလည္ပတ္မႈစနစ္ ျပႆနာရွိသူမ်ား၊ အေရျပားေရာဂါပိုး ဝင္ေရာက္ခံရသူမ်ား၊ တရားမဝင္   ေဆးမ်ား ထိုးသြင္းစြဲေနသူမ်ားတြင္ Cellulitis ျဖစ္ႏိုင္ေျခမ်ားပါသည္။
ဆိုရီေယးဆစ္ ခံစားရသူ သုံးပုံတစ္ပုံမွာ မ်ိဳး႐ိုးရွိသူမ်ား ျဖစ္ၾကသည္။ ကြၽမ္းက်င္သုေတသနပညာရွင္ မ်ားက မ်ိဳး႐ိုးဗီဇႏွင့္ အျခားအေၾကာင္းအရင္းမ်ား ဥပမာ – စိတ္ဖိစီးမႈမ်ား၊ အေရျပားဒဏ္ရာရရွိမႈ၊ ေရာဂါပိုးဝင္ေရာက္မႈႏွင့္ အျခားေဆးဝါးမ်ားေၾကာင့္ ဆိုရီေယးဆစ္ ျဖစ္ပြားရသည္ဟု ဆိုထားၾကသည္။

အေရျပားအထူးကုဆရာဝန္၏အႀကံဉာဏ္ခံယူသင့္သည့္အခ်ိန္ –
ဝက္ၿခံအတြက္ အလြယ္တကူ ဝယ္ယူရရွိႏိုင္ေသာ ေဆးဝါးအမ်ိဳးမ်ိဳးရွိပါသည္။ မသက္သာပါက တတ္ကြၽမ္းနားလည္ေသာ အေရျပားအထူးကုဆရာဝန္ႏွင့္ ျပသသင့္ပါသည္။  ႏွင္းခူ ခံစားေနရသူမ်ားမွာလည္း မသက္သာပါက အေရျပားအထူးကုဆရာဝန္၏ အႀကံဉာဏ္ ရယူသင့္ပါသည္။

အင္ပ်ဥ္ယားနာကို ၂၄ နာရီ ေက်ာ္လြန္သည္အထိ ခံစားရပါက ဆရာဝန္ႏွင့္ ျပသသင့္ပါသည္။ ထိုတတ္ကြၽမ္းနားလည္ေသာ ဆရာဝန္မွ စမ္းသပ္ေပးၿပီး အေရျပား (သို႔) ေသြးစစ္ေဆးျခင္းျဖင့္ အေၾကာင္းရင္းကို သိရွိေစႏိုင္ၿပီး ေပ်ာက္ကင္းေအာင္ ကုသေပးႏိုင္ပါသည္။ Antihistamines ေဆးမ်ားသည္ အမ်ားအားျဖင့္ အင္ပ်ဥ္ယားနာမ်ားကို အလြယ္တကူ ေပ်ာက္ကင္းေစႏိုင္ပါသည္။ သို႔ရာတြင္ အင္ပ်ဥ္ယားနာ ျဖစ္ေစသည့္အေၾကာင္းရင္းကို သိရွိပါကအေကာင္းဆုံးကုသမႈနည္းလမ္းမွာ ျဖစ္ေစသည့္အေၾကာင္းရင္းမ်ားကို ေရွာင္ၾကဥ္ျခင္း ျဖစ္သည္။ ဥပမာ – အင္ပ်ဥ္၊ ယားနာ၊ ဓာတ္မတည့္ျခင္းကို ျဖစ္  ေစေသာ အစားအစာမ်ား၊ ေဆးဝါးမ်ား စသည္တို႔ကို ေရွာင္ၾကဥ္ျခင္း ျဖစ္သည္။

Cellulitis လူနာမ်ားသည္ ဆရာဝန္ႏွင့္ ခ်က္ျခင္း  ျပသကုသသင့္ပါသည္။ ဆရာဝန္သည္ Antibiotics မ်ားေပးၿပီး ထိေရာက္ေအာင္ အႀကံဉာဏ္ေပး ကုသေပးႏိုင္ပါသည္။ ကီးလြိဳက္လူနာမ်ားသည္ ျဖစ္ပြားသည့္ ခႏၶာကိုယ္ အစိတ္အပိုင္းအေပၚ မူတည္ၿပီး လူမႈေရးျပႆနာမ်ား၊ အျခားစိတ္မသက္သာမႈမ်ား ခံစားရပါက ဆရာဝန္ႏွင့္ တိုင္ပင္ကုသႏိုင္ပါသည္။ ေနေရာင္ျခည္ထိေတြ႕ျခင္းမွ ျဖစ္ပြားေသာ Actinic Keratosis သည္ မကုုသပါက အေရျပားကင္ဆာ ျဖစ္ႏိုင္ေျခရွိေသာေၾကာင့္ ႀကီးထြားေျပာင္းလဲမႈကို ဆရာဝန္ႏွင့္ ျပသ စစ္ေဆးသင့္ပါသည္။

Author: ေဒါက္တာခ်မ္းေျမ့ ;Healthcare Journal, vol 8, no 13

(Unicode)

(Zawgyi)

အရေပြားပေါ်တွင် ဖြစ်ပေါ်သော အဖုအပိမ့်ပုံစံမျိုးစုံရှိပြီး အချို့မှာ ပုံစံတူသော်လည်း ဖြစ်ပွားရသည့် အကြောင်းရင်း ကွဲပြားကာ ကုသမှုပုံစံမှာလည်း ခြားနားသည်။ အဖုအပိမ့်အများစုမှာ မစိုးရိမ်ရသော်လည်း အချို့မှာ ပြင်းထန်အန္တရာယ်ရှိနိုင်သည်။ ထို့ကြောင့် အတွေ့ရအများဆုံး အဖုအပိမ့်များကို သိရှိထားပြီး ဖြစ်စေသည့် အကြောင်းရင်းကို သိရှိစေရန် လိုအပ်ပါသည်။

ဝက်ခြံ
အရေပြားအဖုအပိမ့်များတွင် အတွေ့ရအများဆုံးမှာ ဝက်ခြံဖြစ်သည်။ လူအများစုမှာ သူတို့၏ တစ်သက်တွင် ဝက်ခြံကို ပေါက်ဖူးကြမှာ အမှန်ပင်ဖြစ်သည်။ ၈၀ ရာခိုင်နှုန်းကျော်မှာ အသက် ၁၁ နှစ်မှ ၃၀ နှစ်အတွင်း ဝက်ခြံပေါက်တတ်ကြသည်။ ဝက်ခြံသည် အများအားဖြင့် ဆယ်ကျော်သက်အရွယ်တွင် တွေ့ရလေ့ရှိပြီး မျက်နှာ၊ ရင်ဘတ် နှင့် ကျောကုန်းတွင် အစက်ကလေးများအနေဖြင့် တွေ့ရလေ့ရှိသည်။ သို့ရာတွင် အချို့သူများ၌ အရွယ်ရောက်ပြီးချိန်သည်အထိ တွေ့ရတတ်ပြီး အမျိုးသမီးများတွင် ၂၀ လျှင် ၁ ယောက်၊ အမျိုးသားများတွင် ၁၀၀ လျှင် ၁ ယောက် တွေ့ရတတ်သည်။

နှင်းခူ
နောက်ထပ် အတွေ့အများဆုံးမှာ နှင်းခူဖြစ်သည်။ ကလေးများတွင် တွေ့ရသော နှင်းခူမှာ အများအားဖြင့် လက္ခဏာပြတတ်ပြီး ခြောက်သွေ့ပြီး အဖတ်လိုက် အနီပိမ့်များကို ဦးရေပြား၊ နဖူးနှင့် မျက်နှာ၌ အသက်တစ်နှစ်အရွယ်အတွင်း အတွေ့များသည်။ ထိုအဖတ်လိုက် အနီပိမ့်များသည် ဖောင်းကြွလာတတ်သည်။ အချို့သူများတွင် မပျောက်ကင်းဘဲ ကျန်ရှိနေတတ်ပြီး တစ်ခါတစ်ရံ ယားယံတတ်သည်။
နှင်းခူသည်  အသက်ကြီးသည်အထိ  လက္ခဏာများ  ကျန်ရှိနေပါက အဖုအပိမ့်များသည်  တံတောင်ဆစ်နှင့်  ဒူးခေါင်းတွင်  တွေ့ရတတ်ပြီး  လည်ပင်း၊  လက်ကောက်ဝတ်၊ ခြေကျင်းဝတ်၊ တင်ပါး နှင့် ပေါင်ကြားတွင်လည်း တစ်ခါတစ်ရံ ဖြစ်ပွားတတ်သည်။
၉၀ ရာခိုင်နှုန်းသော နှင်းခူလူနာများတွင် အသက်ငါးနှစ်မတိုင်မီ ပထမဆုံး လက္ခဏာများကို တွေ့ရလေ့ရှိသည်။ လူကြီးနှင်းခူများသည် ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖြစ်ပွားလေ့ရှိပြီး မျက်နှာနှင့် လည်ပင်းတွင် အဓိက တွေ့နိုင်သည်။ လူကြီးများတွင် နှင်းခူသည် ယားယံခြင်း ပြင်းထန်ပြီး အရေပြားထိခိုက်ကာ ရောဂါပိုး ဝင်ရောက်တတ်သည်ကို သတိထားသင့်သည်။

အင်ပျဉ်
လူ၂၀ရာခိုင်နှုန်းသည်သူတို့၏ ဘဝ၌ အင်ပျဉ်ခံစားပြီး ယားနာဟုလည်း ခေါ်ဆိုကြသည်။ အင်ပျဉ်သည် ယားယံပြီး အဖုအပိမ့်သည် ကြွတက်နေတတ်ပြီး ပြင်လိုက်ဖြစ်ကာ အင်းဆက်ပိုးမွှား ကိုက်သည့်ပုံစံနှင့်လည်း ဆင်သည်။ အင်ပျဉ်သည် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်စေနိုင်ပြီး ဖြစ်သည့်နေရာတစ်ဝိုက် ရွေ့နိုင်ပြီး ပျောက်လိုက် ပြန်ဖြစ်လိုက် ဖြစ်တတ်သည်။ အင်ပျဉ်သည် အများအားဖြင့် အချိန်ခဏလေးသာ ကြာမြင့်နိုင်ပြီး ခြောက်ပတ်ကျော်သည် အထိလည်း ကြာမြင့်နိုင်သည်။

ရောဂါပိုးဝင်ခြင်း
အရေပြားအောက်ဆုံးအလွှာတွင် ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်တတ်သော Cellulitis ကိုလည်း အတွေ့ရများသည်။ ၎င်းသည် ပူခြင်း၊ ယောင်ယမ်းခြင်း၊ နာကျင်ခြင်း နှင့် အနီရောင်အဖုအပိန့်စသည့် လက္ခဏာများ တွေ့ရတတ်သည်။ ဖျားခြင်း၊ ပျို့အန်ခြင်း၊ ချမ်းတုန်ခြင်း များကိုလည်း ခံစားရနိုင်သည်။ အကယ်၍ ဘက်တီးရီးယားပိုးများသည် မွှေးညှင်းပေါက်များသို့ ဝင်ရောက်ပါက ထိုအခြေအနေကို Folliculitis ဟုခေါ်ပြီး မွှေးညှင်းပေါက် ဘေးပတ်လည်တွင် ဝက်ခြံကဲ့သို့် တွေ့ရလေ့ရှိသည်။

ဆိုရီယေးဆစ်
ဆိုရီယေးဆစ်သည် မျိုးရိုးဗီဇဆိုင်ရာ ရောဂါဖြစ်ပြီးအရေပြားပေါ်တွင်အနီရောင် မြင့်တက်၊ကြွတက်နေသောအကြေးခွံအဖတ်အဖုအပိမ့်ဖြင့် တွေ့ရလေ့ရှိသည်။ အများအားဖြင့်ဆိုရီယေးဆစ်အရေပြား ရောဂါကို အသက် ၁၅ နှစ်မှ ၃၅ နှစ် အတွင်း ဖြစ်ပွားလေ့ရှိသည်။ ဆိုရီယေးဆစ် ခံစားရသူ ၁၅ ရာခိုင်နှုန်းခန့်မှာ အသက် ၁၀ နှစ် မတိုင်မီ ပထမဆုံးလက္ခဏာ ခံစားရလေ့ရှိပြီး ကလေးငယ်များတွင် အဖြစ်နည်းသည်။

ကီးလွိုက် (Keloids)
အရေပြားပေါ်တွင် မြင့်တက်ဖောင်းကြွနေသော အနာရွတ်ကို ကီးလွိုက်ဟု ခေါ်ကြပြီး တစ်ခါတစ်ရံ အဖုအပိမ့်နှင့် ဆင်တူသည်။ အပူလောင်ဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာ၊ နားပေါက်ဖောက်ခြင်း၊ တက်တူးထိုးခြင်း၊ ဝက်ခြံအပြင်းစားများမှ အနာရွတ်ဖြစ်ခြင်းများက ကီးလွိုက်ဖြစ်စေနိုင်သည်။ အမေရိကန်နိုင်ငံတွင် ကီးလွိုက်ကို အာဖရိကန်၊ အမေရိကန် များ၌ လူဖြူများထက် ပိုတွေ့ရလေ့ရှိသည်။

Actinic Keratosis
Actinic Keratosis နေရာင်ခြည်မှ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများခြင်းကြောင့် အရေပြားထိခိုက်ကာ အကြေးခွံအဖတ်လိုက်မာသော အရေပြားပုံစံဖြင့် တွေ့ရသည်။ နေရောင်ခြည် အလွန်အကျွံထိတွေ့သော မျက်နှာ၊ ဦးရေပြား၊ နားရွက်၊ ပခုံး၊ လည်ပင်း၊ လက် များ၌ တွေ့ရလေ့ရှိသည်။ ကြွက်နို့ပုံစံနှင့် ဆင်တူပြီး ကြမ်းတမ်းမျက်နှာပြင်ရှိသည်။
ဖြစ်စေသည့် အကြောင်းရင်းများ-

ဆိုရီယေးဆစ်၊ ပန်းနာရင်ကျပ်၊ ဟေးအဖျားရောဂါ မျိုးရိုးရှိသူများတွင် နှင်းခူဖြစ်နိုင်ချေ များပါသည်။ ပြင်းထန်အဆင့် နှင်းခူခံစားရသူ ၅၀ ရာခိုင်နှုန်းခန့်တွင် ပန်းနာရင်ကျပ်ရှိပြီး ၆၆ ရာခိုင်နှုန်း၌ ဟေးအဖျားရောဂါ အခံရှိသည်။ သုတေသနများအရ နှင်းခူရောဂါနှင့် လေထု ညစ်ညမ်းမှု အလွန်များပြားသော ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နေထိုင်ကြသူများ၊ နှင်းခူရောဂါ ခံစားရနိုင်မှု ဆက်နွယ်ပတ်သက်နိုင်ကြောင်း သိရသည်။
အင်ပျဉ် ယားနာသည် အစာအသောက်များကြောင့် ပိုဆိုးနိုင်ပြီး မြေပဲ၊ ဥအမျိုးမျိူး၊ အခွံမာသီးနှင့် အခွံပါငါးများ၊ ဆေးများ (ပဋိဇီဝပိုးသတ်ဆေး၊ အက်စ်ပရင် နှင့် အိုင်ဗျူပရိုဗင် အကိုက်အခဲပျောက်ဆေး) ကြောင့် ဖြစ်စေနိုင်သည်။ အခြားအင်ပျဉ် ဖြစ်စေနိုင်သော အကြောင်းအရင်းများမှာ အင်းဆက်ပိုးမွှားကိုက်ခံရခြင်း၊ ထိုးခြင်း၊ သွေးသွင်းခြင်း၊ ဘက်တီးရီးယားနှင့် ဗိုင်းရပ်ရောဂါပိုးများ ဝင်ရောက်ခြင်း၊ တဆေး၊ တိရစ္ဆာန်အညစ်အကြေး၊ ပန်းဝတ်မှုန် စသည်များကြောင့်လည်း ဖြစ်နိုင်သည်။

ခန္ဓာကိုယ်ခုခံအားစနစ် ကျဆင်းနေသူများ၊ ဆီးချိုသွေးချိုရှိသူများ၊ ခြေထောက်တွင် ရောင်ရမ်းနေသူများ၊ သွေးလည်ပတ်မှုစနစ် ပြဿနာရှိသူများ၊ အရေပြားရောဂါပိုး ဝင်ရောက်ခံရသူများ၊ တရားမဝင်   ဆေးများ ထိုးသွင်းစွဲနေသူများတွင် Cellulitis ဖြစ်နိုင်ခြေများပါသည်။
ဆိုရီယေးဆစ် ခံစားရသူ သုံးပုံတစ်ပုံမှာ မျိုးရိုးရှိသူများ ဖြစ်ကြသည်။ ကျွမ်းကျင်သုတေသနပညာရှင် များက မျိုးရိုးဗီဇနှင့် အခြားအကြောင်းအရင်းများ ဥပမာ – စိတ်ဖိစီးမှုများ၊ အရေပြားဒဏ်ရာရရှိမှု၊ ရောဂါပိုးဝင်ရောက်မှုနှင့် အခြားဆေးဝါးများကြောင့် ဆိုရီယေးဆစ် ဖြစ်ပွားရသည်ဟု ဆိုထားကြသည်။

အရေပြားအထူးကုဆရာဝန်၏အကြံဉာဏ်ခံယူသင့်သည့်အချိန် –
ဝက်ခြံအတွက် အလွယ်တကူ ဝယ်ယူရရှိနိုင်သော ဆေးဝါးအမျိုးမျိုးရှိပါသည်။ မသက်သာပါက တတ်ကျွမ်းနားလည်သော အရေပြားအထူးကုဆရာဝန်နှင့် ပြသသင့်ပါသည်။  နှင်းခူ ခံစားနေရသူများမှာလည်း မသက်သာပါက အရေပြားအထူးကုဆရာဝန်၏ အကြံဉာဏ် ရယူသင့်ပါသည်။

အင်ပျဉ်ယားနာကို ၂၄ နာရီ ကျော်လွန်သည်အထိ ခံစားရပါက ဆရာဝန်နှင့် ပြသသင့်ပါသည်။ ထိုတတ်ကျွမ်းနားလည်သော ဆရာဝန်မှ စမ်းသပ်ပေးပြီး အရေပြား (သို့) သွေးစစ်ဆေးခြင်းဖြင့် အကြောင်းရင်းကို သိရှိစေနိုင်ပြီး ပျောက်ကင်းအောင် ကုသပေးနိုင်ပါသည်။ Antihistamines ဆေးများသည် အများအားဖြင့် အင်ပျဉ်ယားနာများကို အလွယ်တကူ ပျောက်ကင်းစေနိုင်ပါသည်။ သို့ရာတွင် အင်ပျဉ်ယားနာ ဖြစ်စေသည့်အကြောင်းရင်းကို သိရှိပါကအကောင်းဆုံးကုသမှုနည်းလမ်းမှာ ဖြစ်စေသည့်အကြောင်းရင်းများကို ရှောင်ကြဉ်ခြင်း ဖြစ်သည်။ ဥပမာ – အင်ပျဉ်၊ ယားနာ၊ ဓာတ်မတည့်ခြင်းကို ဖြစ်  စေသော အစားအစာများ၊ ဆေးဝါးများ စသည်တို့ကို ရှောင်ကြဉ်ခြင်း ဖြစ်သည်။

Cellulitis လူနာများသည် ဆရာဝန်နှင့် ချက်ခြင်း  ပြသကုသသင့်ပါသည်။ ဆရာဝန်သည် Antibiotics များပေးပြီး ထိရောက်အောင် အကြံဉာဏ်ပေး ကုသပေးနိုင်ပါသည်။ ကီးလွိုက်လူနာများသည် ဖြစ်ပွားသည့် ခန္ဓာကိုယ် အစိတ်အပိုင်းအပေါ် မူတည်ပြီး လူမှုရေးပြဿနာများ၊ အခြားစိတ်မသက်သာမှုများ ခံစားရပါက ဆရာဝန်နှင့် တိုင်ပင်ကုသနိုင်ပါသည်။ နေရောင်ခြည်ထိတွေ့ခြင်းမှ ဖြစ်ပွားသော Actinic Keratosis သည် မကုုသပါက အရေပြားကင်ဆာ ဖြစ်နိုင်ခြေရှိသောကြောင့် ကြီးထွားပြောင်းလဲမှုကို ဆရာဝန်နှင့် ပြသ စစ်ဆေးသင့်ပါသည်။

Author: ဒေါက်တာချမ်းမြေ့ ;Healthcare Journal, vol 8, no 13

Previous Post

ကိုယ်ဝန်ဆောင်နေစဉ် လိင်ဆက်ဆံခြင်းနဲ့ ကျန်းမာရေး အမြင်

Next Post

ဂေါက်ရောဂါနဲ့ အစားအသောက်ဆိုင်ရာ သိမှတ်ဖွယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
550
Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဂေါက်ရောဂါနဲ့ အစားအသောက်ဆိုင်ရာ သိမှတ်ဖွယ်

နှုတ်ခမ်းကွဲဝေဒနာ ခံရခက်လိုက်တာ

ဆီးကျောက်တည်ခြင်းကို မပေါ့ဆသင့်ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.