အရေပြားအကြောပြတ်ခြင်းဆိုတာ ရောဂါတစ်ခုမဟုတ်ပါဘူး။ အရေပြားအကြောပြတ်ရာတွေက နာကျင်တာ၊ ကိုက်ခဲတာ စတဲ့ဝေဒနာတွေ မပေးနိုင်ပေမဲ့ အရေပြားအလှအပကို ထိခိုက်စေတဲ့အတွက် ဒီလိုအကြောပြတ်ရာတွေပေါ်လာမှာကိုတော့ ဘယ်သူမှမကြိုက်နှစ်သက်ကြပါဘူး။
အရေပြားအကြောပြတ်ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းတွေက ကိုယ်အလေးချိန် ရုတ်တရက်တက်လာခြင်း၊ အဝလွန်ခြင်း၊ ဆယ်ကျော်သက်အရွယ် ခန္ဓာကိုယ်ရုတ်တရက်ဖွံ့ဖြိုးလာခြင်းနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အကြောပြတ်ခြင်း စတာတွေဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေမှာ အရေပြားက ပုံမှန်ထက် ရုန်းဆန့်ရာကနေ အရေပြားအတွင်းပိုင်းမှာရှိတဲ့ ကော်လဂျင်ဓာတ်လို့ခေါ်တဲ့တွယ်ဆက်တစ်သျှူးတွေ ပျက်စီးလာပြီး အရေပြားအကြောပြတ်ခြင်းကို ဖြစ်စေတာပဲ ဖြစ်ပါတယ်။
ခန္ဓာကိုယ်အနှံ့မှာ အရေပြားအကြောပြတ်ခြင်းဖြစ်နိုင်ပေမဲ့ အတွေ့ရများတဲ့နေရာတွေက ဝမ်းဗိုက်၊ ရင်သား၊ လက်မောင်း၊ ပေါင်၊ တင်ပါး၊ ဒူး စတဲ့နေရာတွေပဲ ဖြစ်ပါတယ်။ အရေပြားအကြောပြတ်ရာတွေဟာ အချိန်ကြာလာရင် အရောင်မှိန်သွားတတ်ပေမဲ့ လုံးဝနီးပါး ပျောက်ကင်းသွားတာမျိုး မရှိတတ်ပါဘူး။
ဒီဆောင်းပါးမှာတော့ အရေပြားအကြောပြတ်ရာတွေကြောင့် အလှပျက်ပြီး မိမိကိုယ်ကိုကိုယ်ယုံကြည်မှု မကျဆင်းစေဖို့ အကြောပြတ်ရာတွေ သက်သာပျောက်ကင်းစေနိုင်မယ့် နည်းလမ်းလေးတွေအပြင် သဘာဝဆေးစွမ်းကောင်းတစ်လက်ကိုလည်း မျှဝေပေးလိုက်ပါတယ်။
အရေပြားအကြောပြတ်ရာတွေ သက်သာစေဖို့ ဒါလေးတွေ လုပ်ဆောင်ပါ။
၁။ ဗီတာမင်အေ
ဗီတာမင်အေ ပါဝင်တဲ့ အရေပြားထိန်းသိမ်းရေးပစ္စည်းတွေဟာ အရေပြားကို ချောမွတ်စေပြီး ပြန်လည်နုပျိုစေနိုင်ပါတယ်။ ၂၀၁၅ ခုနှစ်က လေ့လာချက်တစ်ခုအရ ဗီတာမင်အေ အမျိုးအစား Tretinoin ဓာတ်ဟာ အကြောပြတ်ရာတွေကို သေးငယ်မေးမှိန်သွားစေတယ်လို့ ဆိုပါတယ်။ ဗီတာမင်အေ ပါဝင်တဲ့အလှကုန်ပစ္စည်းတွေဟာ အရေပြားဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့အတွက် သတိထားအသုံးပြုသင့်ပါတယ်။ ဒါ့ပြင် ကိုယ်ဝန်ဆောင်ဖို့ကြိုးစားနေသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ဗီတာမင်အေ Retinoid ပါဝင်တဲ့ပစ္စည်းတွေကို အသုံးမပြုသင့်ပါဘူး။
၂။ ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ကို အရေပြားအလှအပရေးရာအတွက် သဘာဝကုထုံးအနေနဲ့ အသုံးပြုလေ့ရှိပါတယ်။ ရှားစောင်းလက်ပပ်အနှစ်ကို အရေပြားပေါ်တိုက်ရိုက်လိမ်းနိုင်ပြီး အရေပြားကို အေးမြစေတဲ့အပြင် ရေဓာတ်ကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ရှားစောင်းလက်ပပ်ရဲ့ အရေပြားကို ပျော့ပျောင်းစေတဲ့အာနိသင်ကြောင့် အရေပြားအကြောပြတ်တာကို လျော့နည်းစေနိုင်ပြီး အကြောပြတ်ရာဟောင်းတွေကိုလည်း အရောင်လျော့သွားစေနိုင်တယ်လို့ ၂၀၁၈ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ သုတေသနတစ်ခုအရ တွေ့ရှိရပါတယ်။ ရှားစောင်းလက်ပပ်ပါဝင်တဲ့အလှကုန်ပစ္စည်း ဒါမှမဟုတ် ရှားစောင်းလက်ပပ်အပင်ရဲ့ အနှစ်ကို ရေချိုးပြီးတိုင်း နေ့တိုင်းလိမ်းပေးနိုင်ပါတယ်။
၃။ သံလွင်ဆီ
သံလွင်ဆီမှာ အရေပြားကို ရေဓာတ်ဖြည့်တင်းပေးတဲ့အာနိသင်ရှိတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အရေပြားထိခိုက်မှုတွေကို ပြန်လည်ပြုပြင်ပေးနိုင်တဲ့ အာဟာရဓာတ်တွေပါဝင်ပါတယ်။ သံလွင်ဆီကို အကြောပြတ်နိုင်တဲ့နေရာတွေမှာ လိမ်းပေးခြင်းက အရေပြားအကြောပြတ်ခြင်း ပိုမိုဆိုးရွားမလာအောင် ကာကွယ်ပေးပြီး အကြောပြတ်ရာတွေကိုလည်း အချိန်ကြာလာတဲ့အခါ မှေးမှိန်သွားစေနိုင်ပါတယ်။
၄။ သကြား
သကြားက အရေပြားကြေးချွတ်နိုင်တဲ့အာနိသင်ရှိပြီး အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် အသားအရေကို ချောမွတ်စေနိုင်ပါတယ်။ ဒါ့ပြင် အရေပြားအကြောပြတ်ရာတွေကိုလည်း မှေးမှိန်စေနိုင်ပါတယ်။ သကြားကို သံလွင်ဆီ၊ သံပရာရည် ဒါမှမဟုတ် ဗီတာမင်အီး အဆီနဲ့ရောပြီး အကြောပြတ်တဲ့နေရာမှာ ၁၀ မိနစ်ခန့် ပွတ်လိမ်းပေးပါ။ ပြီးရင် ရေနွေးနဲ့ ဆေးကြောပေးပါ။ ဒီလိုပုံမှန်လိမ်းပေးမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ အရေပြားအကြောပြတ်ရာတွေကို မှေးမှိန်စေနိုင်ပါတယ်။
၅။ အထက်က လွယ်ကူတဲ့နည်းလမ်းတွေအပြင် အရေပြားအကြောပြတ်ခြင်းကို အမြန်ဆုံး သက်သာပျောက်ကင်းစေနိုင်မယ့် သဘာဝဆေးစွမ်းကောင်းတစ်လက်ကတော့ Bio-Oil သဘာဝအဆီပဲ ဖြစ်ပါတယ်။ Bio-Oil သဘာဝအဆီကို ပုံမှန်လိမ်းပေးမယ်ဆိုရင် အရေပြားအကြောပြတ်ခြင်းပြဿနာအပြင် တခြားအရေပြားပြဿနာအမျိုးမျိုးကိုလည်း ပိုပြီး မြန်မြန်သက်သာပျောက်ကင်းစေနိုင်ပါတယ်။
Bio-Oil အဆီ ဆိုတာ ဘာလဲ
Bio-Oil အဆီဟာ သဘာဝအတိုင်း ဖော်စပ်ထုတ်လုပ်ထားတဲ့ အဆီဖြစ်ပြီး အသားအရေကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ထိန်းသိမ်းပေးနိုင်ပါတယ်။ ခရင်မ်၊ လိုးရှင်း စတဲ့ကုန်ပစ္စည်းတွေနဲ့ မတူဘဲ Bio-Oil ဟာ ၁၀၀% သဘာဝပစ္စည်းနဲ့ ဖော်စပ်ပြုလုပ်ထားတဲ့အဆီ ဖြစ်တာကြောင့် လိမ်းထားရင် စေးကပ်ကပ်ဖြစ်တာမျိုးမရှိတဲ့အပြင် အသားအရေကိုလည်း နူးညံ့စေနိုင်ပါတယ်။
Bio-Oil သဘာဝအဆီကို တစ်နေ့ (၃) ကြိမ်နဲ့ အနည်းဆုံး (၃) လ လိမ်းပေးရပါမယ်။
Bio-Oil အဆီရဲ့ ကောင်းကျိုးအာနိသင်တွေကတော့ –
၁။ အရေပြားအကြောပြတ်ခြင်းကို လျော့နည်းစေခြင်း
အရေပြားအကြောပြတ်နိုင်တဲ့အခြေအနေတွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်၊ ကိုယ်အလေးချိန်တက်လာချိန်နဲ့ ဆယ်ကျော်သက်အရွယ် ခန္ဓာကိုယ်ရုတ်တရက်ဖွံ့ဖြိုးလာချိန်တွေမှာ ဖြစ်တတ်တဲ့ အကြောပြတ်အစင်းကြောင်းရာတွေကို လျော့နည်းစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ အသုံးပြုလို့ရတဲ့အပြင် ကိုယ်ဝန် ၃ လကစပြီး Bio-Oil ကို တစ်နေ့ ၂ ကြိမ်လိမ်းပေးမယ်ဆိုရင် အရေပြားအကြောပြတ်တာကို လျှော့ချပေးနိုင်ပါတယ်။
၂။ အမာရွတ်ကို ပျောက်ကင်းစေနိုင်ခြင်း
Bio-Oil ကိုပုံမှန်လိမ်းပေးမယ်ဆိုရင် အမာရွတ်အသစ်တွေတင်မက အမာရွတ်အဟောင်းတွေကိုပါ လျော့နည်း ပျောက်ကင်းစေပြီး အသားအရေကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။
၃။ အရေပြားအရောင်မညီမှုတွေကို သက်သာစေနိုင်ခြင်း
နေရောင်ခြည်နဲ့ ပတ်ဝန်းကျင်ဒဏ်တွေကြောင့် အရေပြားအရောင်မညီတာ၊ အရောင်ရင့်တာအပြင် အရေပြားအကြောပြတ်ခြင်း စတဲ့အခြေအနေတွေမှာ Bio-Oil အဆီ ပုံမှန်လိမ်းပေးမယ်ဆိုရင် ပြန်ပြီးသက်သာလာစေနိုင်ပါတယ်။ ဒါ့ပြင် မျက်နှာပေါ်က တင်းတိပ်နဲ့ အမည်းစက်တွေကို အရောင်မှိန်စေပြီး အသားအရောင် ပြန်ညီလာစေနိုင်ပါတယ်။
၄။ အသားအရေ အိုမင်းရင့်ရော်ခြင်းနဲ့ အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်လျှော့ချပေးနိုင်ခြင်း
Bio-Oil အဆီရဲ့ အသားအရေအစိုဓာတ်ထိန်းပေးနိုင်တဲ့ အာနိသင်ကြောင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းနဲ့ အသားအရေခြောက်သွေ့ခြင်းတွေကို ကာကွယ်လျှော့ချပေးနိုင်ပါတယ်။ အရေပြားပေါ်က အဆီကို ပြန်လည်ဖြည့်တင်းပေးပြီး မျက်နှာနဲ့ခန္ဓာကိုယ်ပေါ်က အရေးအကြောင်းတွေကို နူးညံ့စေပြီး တင်းရင်းစေနိုင်ပါတယ်။
၅။ အရေပြားဓာတ်မတည့်လွယ်သူနဲ့ ဝက်ခြံထွက်လွယ်သူတွေအတွက် အထူးသင့်တော်ခြင်း
Bio-Oil အဆီဟာ သဘာဝပစ္စည်း ၁၀၀% နဲ့ ဖော်စပ်ထားတဲ့အဆီဖြစ်တဲ့အတွက် ဓာတ်မတည့်မှုဖြစ်လွယ်တဲ့ အရေပြားပိုင်ရှင်တွေနဲ့ ဝက်ခြံထွက်လွယ်တဲ့ အရေပြားပိုင်ရှင်တွေအတွက် သင့်တော်ပါတယ်။
အရေပြားအကြောပြတ်သူတွေအတွက် သဘာဝနည်းလမ်းတွေအပြင် သဘာဝဆေးစွမ်းကောင်းတစ်လက်ဖြစ်တဲ့ Bio-Oil အဆီကို ပုံမှန်လိမ်းပေးမယ်ရင် အရေပြားအကြောပြတ်ရာတွေ အမြန်ဆုံး မှေးမှိန်လာပြီး အသားအရောင်ညီညာလှပတဲ့ အရေပြားကို မြန်မြန်ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
Author: ဒေါက်တာကောင်း (ဆေး – ၂)