fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အမျိုးသမီးတွေမှာ သံဓာတ်ချို့ရတဲ့အဓိကအကြောင်းရင်းများ

249
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/01/2022
in အထွေထွေရောဂါများအကြောင်း, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကမ္ဘာ့ပေါ်ရှိ လူသားဦးရေ၏ ၂၀-၂၅ % သည် သံဓာတ်ချို့တဲ့သည့်ဝေဒနာကို ခံစားနေရပြီး အထူးသဖြင့် အမျိုးသမီးနှင့်ကလေးများတွင် ခံစားရလေ့ရှိပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO  စစ်တမ်းများအရ ကမ္ဘာတစ်ဝန်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး ၄၀% ခန့်နှင့် ကိုယ်ဝန်ဆောင်မဟုတ်သော အမျိုးသမီး ၃၃% ခန့်သည် သံဓာတ်ချို့တဲ့မှုကို ခံစားနေကြရပါတယ်။

သံဓာတ်သည် လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော ဓာတ်တစ်မျိုးဖြစ်သည်။ သံဓာတ်သည် အောက်ဆီဂျင်ကို ခန္ဓာကိုယ်အနှံ့သယ်ပို့ပေးသော သွေးနီဥသွေးဆဲလ်များထုတ်လုပ်ရာတွင် အရေးပါသောဓာတ်တစ်မျိုးသည်။ ခန္ဓာကိုယ်တွင်းရှိ သံဓာတ်ပမာဏနည်းလာခြင်းကို သံဓာတ်ချို့တဲ့ခြင်းဟု ခေါ်ပါသည်။

အရွယ်ရောက်ပြီး သွေးမဆုံးသေးသော အမျိုးသမီးများ၏ တစ်နေ့တာသံဓာတ် လိုအပ်မှုပမာဏမှာ ၂၀ မီလီဂရမ်ခန့် ဖြစ်ပါသည်။ အမျိုးသမီးများသည် အမျိုးသားများထက် ခန္ဓာကိုယ်အရွယ်အစား သေးငယ်ခြင်း၊ အန်ဒရိုဂျင် Androgen အမျိုးသားဟော်မုန်း နည်းခြင်းတို့ကြောင့်လည်း ခန္ဓာကိုယ်တွင်သိမ်းထားသော သံဓာတ်ပမာဏ ပိုနည်းလေ့ရှိပါသည်။ ထို့ပြင် အမျိုးသမီများသည် လစဉ်ဓမ္မတာသွေးဆုံးရှုံးခြင်း၊ ကလေးမီးဖွားစဥ် သွေးဆုံးရှုံးခြင်း၊  ကိုယ်ဝန်ဆောင်နှင့် နို့တိုက်ခြင်းဖြစ်စဉ်များကြောင့် သံဓာတ်ပို၍ ဆုံးရှုံးရပါသည်။

သံဓာတ်ချို့တဲ့စေသည့်အကြောင်းရင်းများမှာ သွေးထွက်ခြင်းကဲ့သို့ ဆုံးရှုံးမှုကြောင့်လည်းကောင်း၊ ခန္ဓာကိုယ်၏ သံဓာတ်လိုအပ်ချက်များလာခြင်း (ကြီးကောင်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ)၊ အစားအသောက်မှတစ်ဆင့် လုံလုံလောက်လောက် မရရှိနိုင်ခြင်းနှင့် အစာအိမ်အူလမ်းကြောင်းမှ အပြည့်အဝမစုပ်ယူနိုင်ခြင်း စသည်တို့ဖြစ်ပါသည်။ အသက်ငယ်သည့် အမျိုးသမီးတွင် ကြွက်သားထု Lean Tissue တက်လာခြင်း၊ ခန္ဓာကိုယ်တွင်းသွေးလည်ပတ်မှု ပမာဏများလာခြင်းနှင့် ဓမ္မတာလာချိန် ရာသီသွေးဆင်းများခြင်း စသည်တို့ကြောင့် သံဓာတ်ချို့တဲ့တတ်သည်။ ထို့ကြောင့်အသက်၁၅-၁၈ ပျိုဖော်ဝင်ပြီးအရွယ်များသည် အရွယ်ရောက်ပြီး အမျိုးသမီးများထက် သံဓါတ်လိုအပ်မှု နှစ်ဆခန့်ပို၍များတတ်ကြောင်း တွေ့ရပါသည်။

သံဓာတ်ကို အသားများနှင့်အစိမ်းရောင်ရှိသော အသီးအရွက်များစားခြင်းမှတစ်ဆင့် ရရှိနိုင်ပါသည်။ အသားရမှရသောသံဓာတ် Heme iron ကို အသီးအရွက်မှရသောသံဓါတ် Nonheme Iron ထက်ပို၍ ခန္ဓာကိုယ်မှ စုပ်ယူပါသည်။ ထို့ကြောင့်အသား ရှောင်ကြဉ်သည့် သက်သတ်လွတ်စားသူများတွင် သံဓာတ်ချို့တဲ့စေမည့် အခြေအနေပိုရှိကြောင်း တွေ့ရှိရသည်။ အစာအိမ်အူလမ်းကြောင်းနဲ့ပတ်သက်ပြီး ခွဲစိတ်ကုသမှု Bariatric Surgery ခံယူထားသူများတွင် သံဓာတ်ချို့တဲ့ခြင်း ပိုမိုခံစားရတတ်ကြောင်းတွေရှိရပါသည်။

ကိုယ်ဝန်ဆောင်ကာလတွင် ခန္ဓာကိုယ်ရှိ သွေးနီဥပမာဏသည် ၄၀%ထိ မြင့်တက်လာ၍ သံဓာတ်လိုအပ်မှုသည် ၁၀၀၀ မီလီဂရမ်ထိ မြင့်တက်လာတတ်ပါသည်။ သန္ဓေသား ကြီးထွားဖွံဖြိုးရန်နှင့် သံဓာတ်ကိုအသုံးပြီး သွေးထုတ်လုပ်ရန်အတွက် သံဓာတ်ကိုပို၍ လိုအပ်လာခြင်းဖြစ်ပါသည်။ နို့တိုက်မိခင်များသည်လည်း သံဓာတ်လိုအပ်သောကြောင့် ကလေးမွေးပြီး ၆ လခန့်အထိ သံဓာတ်အားဖြည့်ဆေးများ သောက်သုံးရန်လိုအပ်ပါသည်။ ကိုယ်ဝန်ဆောင်သည့် အကြိမ်များသောမိခင်များ၊ သံဓာတ်ချို့တဲ့ရောဂါဖြစ်ပွားဖူးသူများ၊ မီးဖွားပြီးတစ်နှစ်အတွင်း ဒုတိယကိုယ်ဝန်ဆောင်သော အမျိုးသမီးများသည် သံဓာတ်ချို့တဲ့ခြင်း ပို၍ဖြစ်ပွားနိုင်သည်။

သုတေသနလေ့လာချက်များအရ  မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီး အမျိုးသမီးများ၏ ၅၀% ခန့်သည် သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်းဝေဒနာကို ခံစားနေရပါသည်။ ထို့ကြောင့်အမျိုးသမီးတွေမှာ ဖြစ်ပွားနိုင်မှုများတဲ့ သံဓာတ်ချို့တဲ့ဝေဒနာကို ကာကွယ်နိုင်ရန် သံဓာတ်ချို့တဲ့ရသည့် အကြောင်းအရင်းများနှင့် ကြိုတင်ကာကွယ်နိုင်မည့် အကြောင်းရင်းများကို မျှဝေရေးသားပေးလိုက်ပါသည်။

Author: Dr. Yee Mon

Previous Post

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ကိုဗစ်ကာကွယ်ဆေးထိုးလို့ရသလား

Next Post

သုက်လွှတ်မြန်ခြင်းအကြောင်းရင်းနဲ့ ထိန်းနိုင်မယ့်နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

why wet cough causes

ချောင်းအစို ဘာကြောင့်ဆိုးလဲ?

23 hours ago
45
why do i get a headache when i play games for a long time

ဂိမ်းအကြာကြီးဆော့ရင် ဘာလို့ခေါင်းကိုက်တာလဲ?

3 days ago
58
why does a cold drink cause a cough

အအေးသောက်ခြင်းက ဘာကြောင့် ချောင်းဆိုးစေတာလဲ?

3 days ago
74
rain and scab

မိုးတွင်းနဲ့ဝဲ

5 days ago
154
to turn your wifes hatred into a smile

သင့်ဇနီးရဲ့ အမုန်းတွေကို အပြုံးတွေဖြစ်လာစေဖို့ဆိုရင်

6 days ago
354
why do you want to sleep after taking cough medicine

ချောင်းဆိုးပျောက်ဆေးတွေ သောက်ပြီးရင် ဘာလို့အိပ်ချင်တာလဲ?

6 days ago
105

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

Health Tips

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
Next Post

သုက်လွှတ်မြန်ခြင်းအကြောင်းရင်းနဲ့ ထိန်းနိုင်မယ့်နည်းလမ်းများ

အပူအစပ်တွေစားခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

Macrocytic Anemia ဆိုတဲ့ သွေးနီဥဆဲလ်တွေ ပုံမှန်ထက်ပိုကြီးပြီးသွေးအားနည်းတဲ့ရောဂါ

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.