fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အိမ်မှာနေရင်း ဗိုက်အဆီချနိုင်မယ့် ထိရောက်တဲ့နည်းလမ်းများ

919
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/01/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ကိုယ်အ​လေးချိန်တက်လာပြီဆိုရင် ပထမဦးဆုံး​ပြောင်းလဲလာ​တာက​တော့ ဝမ်းဗိုက်ကအဆီ​တွေပဲဖြစ်ပါတယ်။ ဝမ်းဗိုက်အဆီ​တွေစု​နေခြင်းဟာ အလှအပကိုအ​နှောက်အယှက်ဖြစ်စေရုံသာမက ကျန်းမာ​ရေးကိုလည်းထိခိုက်​စေနိုင်ပါတယ်။ အဆီများ​နေခြင်းဟာ ​နောက်ဆက်တွဲအ​နေနဲ့ ဆီးချို​ရောဂါ၊ နှလုံး​သွေး​ကြောကျဥ်း​ရောဂါစတာ​တွေကို ဖြစ်လာ​စေနိုင်ပါတယ်။

အချိန်ကာလကြာမြင့်စွာ စု​ဆောင်းထားခဲ့တဲ့ ဝမ်းဗိုက်အဆီ​တွေကို တစ်ခဏတာအတွင်း လျင်မြန်စွာချနိုင်ဖို့​တော့ ခက်ခဲ​ကောင်းခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့လည်း ဝမ်းဗိုက်အဆီကျနိုင်မယ့်လွယ်ကူတဲ့နည်းလမ်း​လေး​တွေကို ​မိမိအိမ်မှာနေစဥ်ပုံမှန်ကျင့်သုံး​ပေးသွားမယ်ဆိုရင်​တော့ ကျန်းမာလှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရရှိနိုင်မှာဖြစ်ပါတယ်။

အိမ်မှာ​နေရင်း ဗိုက်အဆီချနိုင်ဖို့ဆိုရင် အစားအ​သောက်၊ ​အားကစား၊ ​နေထိုင်မှုပုံစံစသဖြင့် အရာရာဆင်ခြင်​နေထိုင်ဖို့လိုအပ်ပါတယ်။ ဗိုက်အဆီကျပြီးသွယ်လျလှပတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်ဖို့ အိမ်မှာ​နေရင်းအလွယ်တကူလိုက်နာရမယ့်အချက်​တွေက​တော့-

 

၁။ အမျှင်ဓာတ်ပါတဲ့အစားအစာ​တွေများများစားပါ

​နေ့စဥ်စားသုံး​နေတဲ့အစားအစာ​တွေထဲမှာ ​ထောပတ်သီးကဲ့သို့​သော အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာ​တွေကို များများစား​ပေးဖို့လိုပါတယ်။ စားသုံးလိုက်တဲ့အမျှင်ဓာတ်​တွေက ​ရေကိုစုပ်ယူနိုင်စွမ်းရှိပြီး ကယ်လိုရီစုပ်ယူမှုကို ​လျော့ကျ​စေပါတယ်။ ဒါ့ပြင် အစာ​ခြေစနစ်ကိုလည်း​နှေး​ကွေး​စေတာကြောင့် ဗိုက်မကြာခဏဆာခြင်းမှကင်း​ဝေး​စေပါတယ်။ ဗိုက်မဆာတဲ့အခါ အစား​တွေအများကြီးမစားဖြစ်​​တော့ဘဲ ဝမ်းဗိုက်အဆီပို​တွေတက်မလာနိုင်​အောင် ထိန်းထား​ပေးနိုင်ပါတယ်။

 

၂။ အဆီများတဲ့အစားအစာ​တွေကို​ရှောင်ပါ

အားလုံးသိကြတဲ့အတိုင်း အဆီများတဲ့အစားအစာ​တွေဟာ ခန္ဓာကိုယ်မှာအဆီပို​တွေအဖြစ် စု​ဆောင်း​စေနိုင်သလို နှလုံး​ရောဂါ၊ ဆီးချို​ရောဂါစတဲ့​ရောဂါတွေကိုလည်း ဖြစ်​ပေါ်​စေနိုင်ပါတယ်။ ဒါ​ကြောင့် ဝမ်းဗိုက်အဆီကျဖို့ဆိုရင် အဆီများတဲ့အစားအစာ​တွေကို ဆင်ခြင်စားသုံးဖို့ လိုအပ်ပါတယ်။

 

၃။ အရက်အလွန်အကျွံ​သောက်ခြင်းကို​ရှောင်ပါ

အရက်ကို တစ်​နေ့နည်းနည်းစီ​သောက်ခြင်းဟာ တစ်ခါတ​လေမှအရက်အလွန်အကျွံ​သောက်ခြင်းထက် ကျန်းမာ​ရေးနဲ့ ပိုပြီးညီညွတ်​စေပါတယ်။ အရက်အလွန်အကျွံ​သောက်မိရင် အသည်း​ရောဂါ​ဖြစ်လာနိုင်တဲ့အပြင် ဝမ်းဗိုက်နဲ့ခါးတစ်ဝိုက်မှာ အဆီပို​တွေများစွာ စု​ဆောင်း​လာ​စေနိုင်ပါတယ်။

 

၄။ ပရိုတင်းဓာတ်များများစားပါ

ပရိုတင်းဓာတ်ဟာ ကိုယ်အ​လေးချိန်ထိန်းသိမ်းနိုင်ဖို့အတွက် အလွန်အ​ရေးပါပါတယ်။ ပရိုတင်းဓာတ်များများစား​ခြင်းဖြင့် ခန္ဓာကိုယ်တွင်း ဗိုက်ပြည့်​စေတဲ့​ဟော်မုန်းထွက်​စေတဲ့အတွက် ဗိုက်မကြာခဏဆာခြင်းမှကင်း​ဝေး​စေပါတယ်။ အသား၊ ငါး၊ နို့နဲ့နို့ထွက်ပစ္စည်း၊ ပဲအမျိုးမျိုးစတာ​တွေက​နေ ပရိုဓာတ်ရရှိ​စေနိုင်ပါတယ်။

 

၅။ စိတ်ဖိစီးမှု​တွေကို တတ်နိုင်သ​လောက်​လျှော့ချပါ

စိတ်ဖိစီးမှု​​ကြောင့်ဖြစ်လာတဲ့ Stress ​ဟော်မုန်း​​တွေဟာ ဗိုက်နဲ့ခါးတစ်ဝိုက်မှာ အဆီပို​တွေကိုစု​ဆောင်းများပြားလာ​စေနိုင်ပါတယ်။ ဒါ​ကြောင့် ဝမ်းဗိုက်အဆီကျဖို့ဆိုရင် ​​တရားထိုင်ခြင်း၊ ​ယောဂကျင့်ခြင်းစတာ​တွေပြုလုပ်ကာ စိတ်ဖိစီးမှု​တွေကို ​လျှော့ချသင့်ပါတယ်။

 

၆။ သကြားအလွန်အကျွံစားခြင်းကို​​ ရှောင်ပါ

သကြားအလွန်အကျွံစားခြင်းဟာ ဝမ်းဗိုက်အဆီနဲ့ ကိုယ်အ​လေးချိန်ကိုသိသိသာသာတက်​စေနိုင်ပါတယ်။ ဒါ့ပြင် ​နောက်ဆက်တွဲအ​နေနဲ့ဆီးချို​ရောဂါ၊ အဝလွန်​ရောဂါနဲ့ အသည်းအဆီဖုံး​ရောဂါ​တွေပါဖြစ်လာ​စေနိုင်ပါတယ်။

 

၇။ ချိုလွန်းတဲ့အ​အေး​တွေကို ​ရှောင်ပါ

သကြားအလွန်အကျွံပါတဲ့ Soda, Milk Tea, အ​အေးနဲ့သစ်သီး​ဖျော်ရည်​တွေဟာ ကယ်လိုရီအလွန်တက်စေသလို ဝမ်းဗိုက်မှာလည်း အဆီ​တွေစု​ဆောင်းလာ​စေနိုင်ပါတယ်။

 

၈။ ငါးကြီးဆီ စားပါ

ငါးကြီးဆီကို ပုံမှန်​သောက်သုံးရင် ဝမ်းဗိုက်ကအဆီပို​တွေကို သိသိသာသာကျ​စေနိုင်သလို အသည်းအဆီဖုံး​ရောဂါကိုလည်း ကာကွယ်​ပေးနိုင်ပါတယ်။

 

၉။ ​​အေရိုးဗစ်လေ့ကျင့်ခန်းတွေ ပြုလုပ်ပါ

​အေရိုးဗစ်ပုံမှန်ကစားခြင်းဟာ ဝမ်းဗိုက်ကအဆီ​တွေကို ​လောင်ကျွမ်း​စေနိုင်သလို ကျန်းမာ​ရေးအတွက်လည်း အ​ထောက်အပံ့ဖြစ်​စေပါတယ်။ ဗိုက်အဆီကျ​စေဖို့နဲ့ သွယ်လှလှပတဲ့ခါး​လေးကို ပိုင်ဆိုင်ဖို့အတွက်ဆိုရင်​တော့ ​အေရိုးဗစ်လေ့ကျင့်ခန်းတွေဟာ အထိ​ရောက်ဆုံးကိုယ်လက်လှုပ်ရှားမှုတစ်မျိုးပဲ ဖြစ်ပါတယ်။

 

၁၀။ အ​လေးမပါ

အ​လေးမခြင်းဟာ ကြွက်သားတည်​ဆောက်နိုင်ဖို့အတွက် အ​ရေးပါသလို ဝမ်းဗိုက်အဆီချဖို့အတွက်လည်း ထိ​ရောက်တဲ့အားကစားတစ်မျိုးဖြစ်ပါတယ်။ အေရိုးပစ်​လေ့ကျင့်ခန်းနဲ့အတူ အ​လေးမခြင်းဟာ ဝမ်းဗိုက်အဆီ​တွေကို လျင်မြန်စွာကျဆင်းလာ​စေမှာဖြစ်ပါတယ်။

 

၁၁။ အိပ်​ရေးဝဝအိပ်ပါ

အိပ်​ရေးဝဝအိပ်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အဘက်ဘက်က​နေအ​ရေးပါပါတယ်။ အိပ်​ရေးဝဝမအိပ်တဲ့သူဟာ ကိုယ်အ​လေးချိန်ပိုတက်လာနိုင်ပါတယ်။ ဒါ​ကြောင့် ဝမ်းဗိုက်အဆီကျပြီး ကျန်းမာချင်တယ်ဆိုရင်​တော့ တစ်​နေ့ကို အနည်းဆုံး ၇ နာရီခန့် အိပ်စက်အနားယူ​ပေးသင့်ပါတယ်။

 

၁၂။   Apple Cider Vinegar ​သောက်သုံးပါ

Apple Cider Vinegar ​သောက်ခြင်းက ​သွေးတွင်းသကြားဓာတ်နဲ့ အဆီဓါတ်​တွေကို ​လျော့ကျ​စေကာ ကိုယ်အ​လေးချိန်ကို ကျဆင်း​စေနိုင်ပါတယ်။

 

၁၃။ Probiotics ပါဝင်တဲ့အစားအစာသို့မဟုတ် ​ဆေးလုံး​လေး​တွေ​သောက်သုံးပါ

Probiotics ​တွေဟာ ကိုယ်အ​လေးချိန်ကိုမျှတ​အောင်ထိန်းသိမ်း​ပေးနိုင်ပြီး ဝမ်းဗိုက်ကအဆီပို​တွေကိုလည်း ဖယ်ရှား​ပေးနိုင်ပါတယ်။

 

၁၄။ လက်ဖက်စိမ်း​သောက်ပါ

လက်ဖက်စိမ်းမှာပါဝင်တဲ့ ကဖင်းဓာတ်နဲ့ Antioxidant တစ်မျိုးဟာ ခန္ဓာကိုယ်တွင်း​ချေဖျက်မှုဖြစ်စဥ်​တွေကိုမြန်ဆန်​စေပြီး အဆီပို​တွေကို ​လျော့ကျ​စေနိုင်ပါတယ်။ ​လက်ဖက်စိမ်းကို​နေ့စဥ်ပုံမှန်​သောက်သုံးပြီး ​အားကစားပါတွဲပြီးပြုလုပ်​ပေးပါက ဝမ်းဗိုက်ကအဆီပို​တွေကို သိသိသာသာ​လျော့ကျလာ​စေမှာဖြစ်ပါတယ်။

 

၁၅။ ကျန်းမာ​သော​နေထိုင်မှုပုံစံကိုကျင့်သုံးပါ

တစ်​နေ့တာအတွင်းမှာ အိပ်​​ရေးဝဝအိပ်တာ၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာ၊ အစားကိုအချိန်မှန်မှန်စားပြီး အလွန်အကျွံမစားတာ၊ ဟင်းသီးဟင်းရွက်နဲ့အသီးအနှံ​တွေများများစားတာ၊ အသင့်စား​ခေါက်ဆွဲ​တွေအသင့်စားအစားအစာ​တွေ​​ရှောင်တာ စသဖြင့် ကျန်းမာတဲ့​နေထိုင်မှုပုံစံကလည်း ဗိုက်အဆီကျ​စေဖို့အတွက် အလွန်အ​ရေးပါလှပါတယ်။

 

အိမ်မှာ​နေရင်းဗိုက်အဆီ​တွေကို သိသိသာသာ​လျော့ကျ​စေဖို့အတွက် အထက်ပါနည်းလမ်း​​တွေအပြင် GNC Burn 60 plus ဒါမှမဟုတ် GNC CLA 2000mg တစ်မျိုးမျိုးကိုပါတွဲပြီး​သောက်သုံးနိုင်ပါတယ်။

 

GNC burn 60plus ရဲ့ပါဝင်ပစ္စည်းနဲ့​ကောင်းကျိုး​လေး​တွေက​တော့-

  • Thermogenic Effect ရှိတဲ့ Black Tea Leaves နဲ့ Ginger Root Extract တို့ကြောင့် ခန္ဓာကိုယ်ရှိပိုလျှံနေသော အဆီပို​တွေကို ချွေးကနေတစ်ဆင့် 60% အထိ လောင်ကျွမ်းစေပါတယ်။
  • Guarana Seed က Caffeine ဓာတ်တိုးစေပြီး မလိုအပ်တဲ့ အဆီပို​တွေကို ဖယ်ရှားပေးပါတယ်။
  • Garcinia နှင့် Apple Cider Vinegar တို့အဓိကပါဝင်တာကြောင့် အစားစားချင်စိတ်ကိုထိန်းပေးပြီး ခန္ဓာကိုယ်တွင်း အဆီပို​တွေစုခြင်းမှ ကာကွယ်ပေးပါတယ်။
  • Grape Seed Extract ပါဝင်တာကြောင့် ခန္ဓာကိုယ်အဝလွန်ခြင်းမဖြစ်​အောင် ထိန်းသိမ်းပေးပါတယ်။
  • ဒါ့ပြင် Vitamin, Antioxidant နဲ့ အမျှင်ဓာတ်​တွေလည်း ကြွယ်ဝစွာပါဝင်တာ​ကြောင့် အသားရေကို စိုပြေချောမွေ့စေပြီး သွေးတွင်းအဆီဓာတ်ကိုလည်း​ လျော့ကျ​စေနိုင်ပါတယ်။

GNC burn 60 plus  ကို တစ်ခါသောက်နှစ်လုံး တစ်နေ့တစ်ကြိမ် အားကစားမလုပ်မီ မိနစ် ၃၀-၆၀အလို (သို့မဟုတ်) အားကစားမလုပ်သူတွေအ​နေနဲ့ မနက်စာမစားခင်နှစ်လုံး တစ်နေ့တစ်ကြိမ် သောက်သုံးနိုင်ပါတယ်။ Burn 60 plus သောက်သုံးနေစဉ် ကိုယ်လက်လှုပ်ရှားမှုများပါ လုပ်​ဆောင်ပါက ခန္ဓာကိုယ်ရှိအဆီပို​တွေကို လျင်မြန်စွာလောင်ကျွမ်းစေမှာဖြစ်ပါတယ်။ သတိထားစရာက​တော့ Burn 60 Plus Tablet ၂ လုံးမှာ Coffee ၁ခွက်ခွဲစာနဲ့ညီမျှ​တဲ့ ကဖင်းဓာတ် 180 mg ပါဝင်တာ​ကြောင့် ညဘက်​သောက်မိတဲ့အခါ အိပ်မ​ပျော်တာ​မျိုး​တွေ ရှိနိုင်ပါတယ်။

 

GNC CLA 2000 mg ရဲ့​ကောင်းကျိုး​လေး​တွေက​တော့-

  • CLA မှာဆိုရင် သဘာဝ Safflower မှ တိုက်ရိုက်ထုတ်ယူထားတဲ့ Conjugated Linoleic Acid (CLA) 2000mg ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း အဆီပို​တွေကို ဖယ်ရှားပေးပြီး သွယ်လျလှပတဲ့ခန္ဓာကိုယ်နဲ့ ကျစ်လစ်တဲ့ကြွက်သားများရရှိစေပါတယ်။
  • ခန္ဓာကိုယ်အတွင်းရှိ ဇီဝဖြစ်စဉ်​တွေကို များစွာအထောက်အကူဖြစ်စေပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်အတွင်းရှိ ပိုလျှံနေတဲ့ ကယ်လိုရီတွေကို အဆီအဖြစ်မစုအောင် ကာကွယ်ပေးပါတယ်။
  • ဒါ့ပြင် သွေးတွင်းအဆီဓာတ်ကို လျော့ကျ​စေပြီး အဝလွန်ခြင်းဆိုင်ရာရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။
  • ခန္ဓာကိုယ်အတွင်းရှိ Free Radicals အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် လှပနုပျိုပြီးကျန်းမာသော ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်စေပါတယ်။

CLA က​တော့ ကာယလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချချင်သူများ၊ အစားအစာ (Diet) ဖြင့် ကိုယ်အလေးချိန် လျှော့ချလိုသူတွေနဲ့ ကိုယ်ခန္ဓာကျစ်လျစ်သွယ်လျလိုသူတွေအတွက် အထူးသင့်တော်ပါတယ်။ CLA 2000mg ကို တစ်ခါသောက်နှစ်လုံး အစာစားပြီးတိုင်းနှစ်ကြိမ် သောက်သုံးနိုင်ပါတယ်။

အားလုံး အဆီကျသွယ်လျပြီး ကျန်းမာကြပါစေ။

Author: Dr. Aye Myat

Previous Post

နေ့တိုင်းအပြေးလေ့ကျင့်ခန်းလုပ်ရင် ဘာကောင်းကျိုးတွေရမလဲ

Next Post

စားပြီးရင်းစားချင်နေတဲ့စိတ်ကို ဘယ်လိုထိန်းမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
563
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

2 years ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
827

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စားပြီးရင်းစားချင်နေတဲ့စိတ်ကို ဘယ်လိုထိန်းမလဲ

ဖျားနာခြင်းနှင့်ပတ်သက်သည့် အယူအဆ အလွဲများ

အရေပြားယားနာအတွက် စိတ်ညစ်နေရလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.