fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

သင့်အရေပြား နေလောင်ဒဏ်ခံရလျှင် …

1.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/03/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

နေရောင်ခြည်သည် လူတွေအတွက်မရှိမဖြစ်လိုလပ်သော အရာဖြစ်သည်။ မနက်ခင်းနေရောင်ခြည်သည် ကိုယ်ခန္ဓာအတွက်လိုအပ်သော Vitamin D ထုတ်လုပ်မှုတွင် အရေးပါသည်။ သို့သော် နေရောင်ခြည်တွင် ပါ၀င်သောခရမ်းလွန်ရောင်ခြည်သည် လူတွေ၏ အရေပြားကို ထိခိုက်ပျက်စီးစေသည်။

ယခုအခါ စက်ရုံအလုပ်ရုံများနှင့် ကားများမှ ထွက်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များကြောင့် ကမ္ဘာ့အိုဇုန်းလွှာ ပေါက်ခြင်းများဖြစ်ပေါ်ကာ နောက်ဆက်တွဲ‌အနေဖြင့် နေရောင်ခြည်တွင် ခရမ်းလွန်ရောင်ခြည်များအလွန်အမင်း ပါ၀င်နေခြင်းဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်သည် ကိုယ်ခန္ဓာပေါ်် သို့ တိုက်ရိုက်ကျရောက်ပါက အရေပြား နီမြန်းခြင်း၊ အရည်ကြည်ဖုထွက်ခြင်းနှင့် အနီကွက်များ ဖြစ်ပေါ် ခြင်း စသော အရေပြားနေလောင်ခြင်းများကို ခံစားရနိုင်သည်။ နောက်ဆက်တွဲအနေဖြင့် တင်းတိပ်၊ ၀က်ခြံနှင့် အမည်းစက်များလည်း ထွက်ပေါ် လာနိုင်သည်။

ခရမ်းလွန်ရောင်ခြည်အများဆုံးအချိန်များဖြစ်သော မနက် ၁၀ နာရီနှင့် နေ့လည် ၄ နာရီခြားတွင် အပြင်ထွက်ပါက  SPF ပါသော နေရောင်ခြည်ကာခရင်မ်များ လိမ်းခြင်း၊ နေကာမျက်မှန်တပ်ခြင်း၊ ထီး သို့မဟုတ် ဦးထုပ်များဆောင်းခြင်းနှင့် အင်္ကျီလက်ရှည်များ ၀တ်ဆင်ကာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ရမည် ဖြစ်သည်။

နေလောင်ခံရပါက အောင်ပါအိမ်တွင်းနည်းလမ်းများနှင့်လည်း ကုသလို့ရနိုင်ပါသည်။

၁။ ရှားစောင်းလက်ပပ်နှင့် ကုသနည်း

နေလောင်ခံထားရသော အရေပြားကို ရေအေးနှင့် သေချာစွာဆေးရမည်။ ထို့နောက် ရှားစောင်းလက်ပပ်အနှစ်ကို နေလောင်ခံထားရသော အရေပြားအပေါ် လိမ်းပေးရမည်။ ရှားစောင်းလက်ပ်တွင်  Vitamin နှင့် အာဟာရဓာတ်များ ပါ၀င်ရုံသာမက အရေပြားကိုလည်း အေးမြစေပါသည်။

တစ်နာရီလောက် လိမ်းပေးကာ ရေနှင့် ပြန်ဆေးချရမည်။ သို့ မဟုတ် ရှားဆောင်းလက်ပက်ပါသော ရေဓာတ်ကို အခြေခံ ထားသော Body Lotion တစ်မျိုးမျိုးလည်း လိမ်းပေးလို့ရပါသည်။

၂။ သခွားသီးနှင့် ကုသနည်း

နေလောင်ခံထားရသော အရေပြားအား ရေခဲ၀တ်ကပ်ပေးပြီး သခွားသီးလေးများ ပါးပါးလီးကာ ကပ်ပေးလို့ရပါသည်။ သိုမဟုတ် သခွားသီးအား Blender နှင့် ကြိတ်ကာ သခွားသီး အနှစ်များအား နေလောင်ဒဏ်ခံထားရသော အရေပြားများပေါ် သို့ ကပ်ပေးလို့ရသည်။ သခွားသီးသည် ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်သော အသား‌အရေ အရောင်ပြောင်းသွားခြင်းကို သက်သာ ပျောက်ကင်းစေပါသည်။

၃။ နွားနို့နှင့် ကုသနည်း

သန့်ရှင်း လတ်ဆတ်သောနွားနို့ထဲသို့ ဂွမ်းသန့်သန့် သို့မဟုတ် အ၀တ်သန့်သန့်လေးနှစ်ကာ  နေလောင်ဒဏ်ခံရသောအရေပြားပေါ် သို့  တို့တို့ပြီး သုတ်ပေးရပါမည်။   ၅ ကြိမ် ၆ ကြိမ်လောက်လုပ်ပေးပြီးပါက ရေဆေးချရမည်။ နွားနို့မရှိလျှင်လည်း ဒိန်ချဥ်ကိုအသုံးပြုပေးလို့ရပါသည်။  နွားနို့သည် အသား‌အရေကို ချောမွတ်လှပစေပါသည်။ ထို့ပြင် နေလောင်ဒဏ်ကိုလည်း သိသိသာသာ သက်သာ ‌‌စေပါသည်။

၄။ ခရမ်းချဥ်သီးနှင့် ကုသနည်း

ခရမ်းချဥ်သီးကို ပါးပါးလှီးကာ နေလောင်ဒဏ်ခံရသော အရေပြားပေါ် သို့ တိုက်ရိုက်ကပ်နိုင်သည်။ သို့မဟုတ်  Blender နှင့် ကြိတ်ကာ ခရမ်းချဥ် သီးအနှစ်များအား အရေပြားပေါ် သို့ တိုက်ရိုက်လိမ်းပေးလို့ရသည်။ မိနစ် ၂၀ လောက်ကြာလျှင် ရေရေင့် ဆေးချမည်။

ခရမ်းချဥ်သီးတွင်ပါ၀င်သော ဓာတ်တိုးဆန့် ကျင်ပစ္စည်းများက အရေပြားနီမြန်းခြင်းကို သက်သာစေပြီး အရေပြားပေါ် ရှိ ဆဲလ် သေများကို ဖယ်ရှားပေးပါသည်။

၅။ ပျားရည်နှင့် ကုသနည်း

ပျားရည်တွင် အရေပြားအတွက် လိုအပ်သောအဟာရဓာတ်များ ပါ၀င်သည်။ နေလောင်ဒဏ်ခံရသောအရေပြားပေါ် သို့  ၁၅ မိနစ်ခန့်  ပျားရည်လေး လိမ်းပေးသင့်သည်။  တစ်နေ့ နှစ်ကြိမ်ခန့် လိမ်းပေးခြင်းဖြင့် အရေပြား နီခြင်း၊ စပ်ခြင်း၊ အသားအရေ မညီမညာ ဖြစ်ခြင်းများ သက်သာ ပျောက်ကင်းစေမည်။

ကမ်းခြေမှ ပြန်လာလို့ပဲ ဖြစ်ဖြစ်၊ ခရီး‌‌‌ဝေးမှ ပြန်လာလို့ပဲ ဖြစ်ဖြစ်၊ တစ်နေကုန် နေပူထဲတွင် လှုပ်ရှားသွားလာနေရလို့ပဲ ဖြစ်ဖြစ် အထက်ပါနည်းလမ်းများအတိုင်း အရေပြားအား ပြုလုပ်ပေး နေလောင်ဒဏ်မှ သက်သာ ပျောက်ကင်းကာ အသားအရေ စိုပြည်လှပလာမည် ဖြစ်သည်။

Author: Dr. Aye Chan Moe

Previous Post

ရာသီဥတုအေးရင် အဆစ်အမြစ်ပိုနာတတ်သလား

Next Post

Zinc ဓာတ်က ခန္ဓာကိုယ်အတွက် ဘာကြောင့်အရေးကြီးတာလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
533
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
791

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Zinc ဓာတ်က ခန္ဓာကိုယ်အတွက် ဘာကြောင့်အရေးကြီးတာလဲ

ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒါတွေစစ်ပါ

အိမ်မွေးတိရစ္ဆာန်တွေကို ကိုဗစ်ကူးစက်နိုင်သလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.