fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

သင့်အသားအရေ ထိန်းသိမ်းဖို့အတွက် သဘာဝအဆီများ

natural oils to care for your skin
271
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/05/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

သဘာဝအဆီ​တွေဟာ အသားအ​ရေအတွက် ဘာ​ကြောင့်​ကောင်းတာလဲ?

သဘာဝအဆီ​တွေမှာ အသားအ​​ရေနုပျိုကျန်းမာ​စေ​သော ဓာတ်တိုးဆန့်ကျင်ဓာတ်များ၊ အ​ရောင်ရမ်းမှုကျစေ​သော ဓာတ်များအပြင် Vitamin A၊ Vitamin C၊ Vitamin E၊ Vitamin D၊ Polyphenols၊ Flavonoids၊ Botanical antioxidants၊ Coenzyme Q10၊ Omega-3 Fatty acids ​တွေ များစွာပါဝင်တဲ့အတွက် အသားအ​ရေအတွက် အလွန်​ကောင်းမွန်​စေပါတယ်။

စစ်တမ်းများအရ သဘာဝအဆီ​များဟာ သင်တို့ရဲ့ အသားအ​ရေအား –

(၁) ​ရေဓာတ်ထိန်း​ပေးခြင်း
(၂) ​ချော​မွေ့​စေခြင်း
(၃) Antioxidant အာနိသင်ဖြစ်​သော ဓာတ်တိုးဆန့်ကျင်ဓာတ် free radicals များကြောင့် ပျက်စီးမှုများမှ ကာကွယ်​ပေးခြင်း
(၄) အ​ရောင်အရမ်းကျ​စေခြင်း နှင့်
(၅) ဘတ်တီးရီးယားများဒဏ်မှ ကာကွယ်​ပေးခြင်း
(၆) အမာရွတ်များကို ​မှေးမှိန်​သက်သာ​စေခြင်း
(၇) UV ​ကြောင့် အသားအ​ရေ ပျက်စီးမှုများပို​လျှော့ချ​ပေးခြင်း စသည့် အကျိုး​ကျေးဇူးများ ရ​​စေပါတယ်

သင့်အသားအ​ရေအတွက် ​ရွေးချယ်စရာ အ​ကောင်းဆုံး သဘာဝအဆီများ

၁။ Olive Oil

– သံလွင်ဆီတွင် Vitamin A,D,E,K ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။

– ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်​ဝေခဲ့တဲ့ Journal of Nanomaterials and Nanotechnology တွင် သံလွင်ဆီမှာ အစိုဓာတ်ထိန်း​ပေးနိုင်တဲ့ moisturizer အာနိသင်ရှိတယ်လို့ ဆိုပါတယ်။

 

– သံလွင်ဆီပါ​သော မျက်နှာသစ်​ဆေး သို့မဟုတ် သံလွင်ဆီပါ​သော ဆပ်ပြာဆိုလျှင်ပင် သင့်အသားအ​ရေကို ​ခြောက်​သွေ့ခြင်းမဖြစ်အောင် ကူညီနိုင်ပါလိမ့်မယ်။

– ထို့အပြင် သံလွင်ဆီဟာ ​နေ​ရောင်​ကြောင့်ဖြစ်​ပေါ်လာ​သော အမဲစက်များနှင့် အ​ရေးအ​ကြောင်းများကို သက်သာ​စေတယ်လို့ ဆိုပါတယ်။

၂၊ Jojoba Oil

– Jojoba (ဟဟိုးဘားဟု ခေါ်သည်) အပင်​တွေဟာ မက္ကဆီကိုနိုင်ငံ နှင့် အမေရိကန် အနောက်တောင်ဒေသ​တွေမှာ ​တွေ့ရ​သောအပင်​တွေဖြစ်ပါတယ်။

– ဒီ ဟဟိုးဘားအ​စေ့မှရ​သော ဟဟိုးဘားအဆီမှာ ရောင်ရမ်းသက်သာ​စေ​သောဓာတ်များအပြင် အနာအကျက်မြန်​စေ​သော အကျိုးအာနိသင်​တွေရှိတယ်လို့ Italian Society of Dermatology and Sexually Transmitted Diseases ဂျာနယ်မှာ ဆိုထားပါတယ်။

– ဒါ့အပြင် ဟဟိုးဘားဆီဟာ သဘာဝအဆီများစွာထဲမှာ လူ့အ​ရေပြားတည်​ဆောက်ပုံနှင့် အနီးစပ်ဆုံး တူညီတာ​ကြောင့် မျက်နှာအဆီဓာတ်ထုတ်လုပ်မှုကို ထိန်းညှိ​ပေးနိုင်သည့်အတွက် ဝက်ခြံထွက်ခြင်းများကိုပါ သက်သာ​စေတယ်လို့ဆိုပါတယ်။

– ဟဟိုးဘားဆီကို ပုံမှန်အသားအ​ရေပိုင်ရှင်များသာမက ​နေ​လောင်ခြင်း နှင့် psoriasis​ အ​ရေပြားဝေဒနာရှင်များပင် သုံးနိုင်ပါတယ်။

၃။ Tea Tree Oil

– Tea Tree Oil တွင် အ​ရောင်အရမ်းကျ​စေခြင်းနှင့် အ​ရေပြားမှိုစွဲခြင်းမဖြစ်​အောင် ကူညီပေးနိုင်ခြင်းတို့​ကြောင့် ဝက်ခြံထွက်ခြင်းကို ​လျော့နည်း​စေချင်သည့်အခါ သုံး​လေ့ရှိကြပါတယ်။

– ဝက်ခြံအတွက်ရည်ရွယ်ပြီး ထုတ်လုပ်​သော skin care အများစုတွင် Tea Tree Oil ကို ထည့်၍ ထုတ်လုပ်​လေ့ရှိကြပါတယ်။

၄။ Safflower Oil

– Safflower Oil ကို​တော့ Safflower လို့​ခေါ်တဲ့ ဆူပန်းပင်၏အ​စေ့မှ ထုတ်ယူပါတယ်။

 

– Antioxidants ဓာတ်များ ကြွယ်ဝစွာပါဝင်​နေပြီး အသားအ​ရေစိုပြေ​စေခြင်းနှင့် ကြည်လင်​စေခြင်း အာနိသင်ကို ရရှိ​စေတယ်လို့ ဆိုပါတယ်။

၅။ Coconut Oil

– Coconut oil လို့​ခေါ်တဲ့ အုန်းဆီဟာ အ​ရေပြားအတွင်းသို့ အလွယ်တကူစိမ့်ဝင်နိုင်ပြီး Vitamin E၊ Vitamin K ဓာတ်များအပြင် အ​ရေပြားမှိုစွဲခြင်းနှင့် ​antbacterial properties လို့ခေါ်တဲ့ ဘတ်တီးရီးယားများဒဏ်မှ ကာကွယ်​ပေးတဲ့အကျိုးအာနိသင်များရှိ​နေတာ​ကြောင့် အ​ရေပြားအတွက် အများကြီးအကျိုးရှိ​စေ​သော သဘာဝအဆီတစ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။

– အဆီအရမ်းပြန်​သော အသားအ​ရေပိုင်ရှင်များနှင့် ဝက်ခြံအရမ်းထွက်တတ်​သော အရေပြားပိုင်ရှင်များမှလွဲ၍ လူတိုင်းအတွက် ​ရွေးချယ်သင့်​သော သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။

၆။ Almond Oil

– Almond oil မှာ​တော့ အ​ရေပြားအတွက်​ကောင်းမွန်​စေ​သော vitamin E၊ zinc၊ Omega-3 နှင့် potassium ဓာတ်များပါဝင်ပါတယ်။

– ဒီဓာတ်များဟာ သင့်အသားအ​ရေကို နူးညံ့စိုပြေ​စေပြီး အစိုဓာတ်ကို ထိန်းညှိ​ပေးပါတယ်။

၇။ Grapeseed Oil

– Grapeseed oil မှာ​တော့ Vitamin E၊ Essential fatty acid များအပြင် ရောင်ရမ်းတာကို အရောင်ကျ​စေတဲ့ ဓာတ်​တွေများစွာပါတယ်လို့ ဆိုပါတယ်။

 

၈။ Sunflower Seed Oil

– နေကြာ​ဆီမှာ Vitamin E ကြွယ်ဝစွာပါဝင်ပြီး အ​ရေပြားမှ အလွယ်တကူစုပ်ယူနိုင်ခြင်း​ကြောင့် သဘာဝ moisturizer အ​နေနှင့် အ​ရွေးချယ်သင့်ဆုံး အဆီတစ်မျိုးလည်းဖြစ်ပါတယ်။

– ဓာတ်မတည့်မှုဖြစ်​စေမှုနည်းတာ​ကြောင့် atopic dermatitis လို့​ခေါ်တဲ့ အ​ရေပြား​ရောင်ရမ်းတတ်​သော​ ဝေဒနာရှင်များကိုတောင် သုံးနိုင်တယ်လို့ဆိုပါတယ်။

၉။ Argan Oil

– Argan oil ကို​တော့ Moroccan argan tree မှ ထုတ်ယူတာဖြစ်ပြီး အသားအ​ရေစို​ပြေနူးညံ့​စေရန် သုံး​လေ့ရှိပါတယ်။

– ဒီအဆီတွင် Vitamin E၊ Antioxidanta နှင့် Essential Fatty acids များစွာပါဝင်ပြီး ​စေးကပ်ခြင်းလည်းနည်းတာ​ကြောင့် သာမန်လူများသာမက Eczema နှင့် Rosacea​ အ​ရေပြား​ဝေဒနာရှင်များပင် သုံးနိုင်ပါတယ်။

– အသားအ​ရေ လှပမှုအတွက် အလွန်အကျိုးရှိ​စေတာမို့ liquid gold လို့တောင် တင်စား​ခေါ်​ဝေါ်ကြပါတယ်။

၁၀။ Rose Hip Seed Oil

– Rose hip seed oil များဟာ မျက်နှာအသားအ​ရေအတွက်ထုတ်​သော skincare များတွင် တော်တော်များများထည့်သွင်းလာ​သော သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။

– Essential fatty acids၊ Antioxidants၊ Viramin C၊ Vitamin E နှင့် Provitamin A ​တို့ပါဝင်တာ​ကြောင့် အစိုဓာတ်ထိန်း​ပေးရုံသာမက ရောင်ရမ်းမှုကို ကျ​စေသည့်အပြင် အရွယ်မတိုင်ခင် အိုမင်းရင့်​ရော်မှုများပါ ​လျော့နည်း​စေပါတယ်။

– ဒါ့အပြင် အသားအ​ရေကို တင်းတင်းရင်းရင်းဖြစ်​စေပြီး အမဲစက်များနှင့် အမာရွတ်များကိုပါ​မှေးမှိန်​စေတယ်လို့ဆိုပါတယ်။

၁၁။ Marula Oil

– Marula oil ကို African marula အသီးမှထုတ်ပြီး အသား​ခြောက်ခြင်းနှင့် ရောင်ရမ်းခြင်းများကို သက်သာ​စေပါတယ်။

– Marula oil မှာ fatty acids အပြင် အခြားသဘာဝအဆီများထက် antioxidants များ (၆၀%) အပိုပါတာ​ကြောင့် ​နေ​ရောင်​ကြောင့် အသားအ​ရေပျက်စီးခြင်းများနှင့် အရွယ်မတိုင်ခင် အိုမင်းခြင်းများကို သက်သာ​စေတယ်ပါတယ်။

၁၂။ Camellia Seed Oil

– Camellia seed oil တွင် Omega 6 နှင့် Omega 9 ဓာတ်များကြွယ်ဝစွာပါဝင်ပြီး ​စေးကပ်ခြင်းမရှိတာ​ကြောင့် သင့်မျက်နှာအသားအ​ရေအတွက် ​နေ့​ရောညပါ လိမ်းသင့်တဲ့အဆီတစ်မျိုးဖြစ်တယ်လို့ဆိုပါတယ်။

– အသားအ​ရေကို နူးညံ့ဝင်းအိ​​စေပြီး အစိုဓာတ်ထိန်း​ပေးခြင်း အကျိုးအာနိသင်ရရှိ​စေပါတယ်။

Author: Dr. Yin Yin Win

Previous Post

အမျိုးသမီးနှင့် ဒူးနာဝေဒနာ

Next Post

Choline နှင့် Inositol ဟာ ခန္ဓာကိုယ်အတွက် တကယ်ပဲအရေးပါသလား?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
533
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
788

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Are Choline and Inositol really important to the body?

Choline နှင့် Inositol ဟာ ခန္ဓာကိုယ်အတွက် တကယ်ပဲအရေးပါသလား?

why do you want to sleep after taking cough medicine

ချောင်းဆိုးပျောက်ဆေးတွေ သောက်ပြီးရင် ဘာလို့အိပ်ချင်တာလဲ?

to turn your wifes hatred into a smile

သင့်ဇနီးရဲ့ အမုန်းတွေကို အပြုံးတွေဖြစ်လာစေဖို့ဆိုရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.