fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အသားအရေလျော့တွဲခြင်းကို သဘာဝနည်းနဲ့ ဘယ်လိုကုသမလဲ?

How to treat sagging skin naturally?
186
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/08/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အရေပြားတွင် အရေးအကြောင်းများပေါ်ပေါက်ခြင်း၊ အရေပြားလျော့တွဲလာခြင်း စတဲ့ အိုမင်းရင့်ရော်မှုကိုပြတဲ့လက္ခဏာတွေဟာ လူတိုင်း တစ်နေ့နေ့တစ်ချိန်ချိန် ကြုံတွေ့ကြရမယ့် ရှောင်လွှဲမရနိုင်တဲ့ အရာများ ဖြစ်ကြပါတယ်။

အိုမင်းရင့်ရော်မှုကိုပြတဲ့ လက္ခဏာတွေ စတင်မပေါ်ပေါက်မီအချိန်မှာ အရေပြားကို အားဖြည့်ထိန်းသိမ်းပြီး ကာကွယ်မှုများပြုလုပ်ထားခြင်းဟာ ငယ်ရွယ်နုပျိုမှုကို ကြာရှည်ထိန်းသိမ်းထားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ Collagen နဲ့ Elastin ပရိုတင်းများ ထုတ်လုပ်မှုလျော့နည်းလာခြင်းကြောင့်လည်းကောင်း၊ မျက်နှာမှာရှိတဲ့ အဆီများ ဆုံးရှုံးလာခြင်းနဲ့ မညီမညာပျံ့နှံ့ခြင်းများကြောင့်လည်းကောင်း၊ မျက်နှာတွင်ရှိသော ကြွက်သားများ တဖြည်းဖြည်း အားနည်းယုတ်လျော့လာမှုကြောင့် လည်းကောင်း အရေပြားရဲ့တင်းရင်းမှုများ ကျဆင်းလာတတ်ပါတယ်။

Collagen နဲ့ Elastin ပရိုတင်းများဟာ အရေပြားကို ချောမွေ့တင်းရင်းစေပြီး အရေးအကြောင်းများ ကင်းစင်စေဖို့အတွက် ထိန်းသိမ်းပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။

နှစ်ပေါင်းများစွာကြာအောင် နေရောင်ခြည်နဲ့ ထိတွေ့ပျက်စီးမှုများကြောင့်သော်လည်းကောင်း၊

ပတ်ဝန်းကျင်မှာရှိတဲ့ အညစ်အကြေးများနဲ့ထိတွေ့မှုကြောင့်သော်လည်းကောင်း၊

နေထိုင်မှုဆိုင်ရာ အလေ့အကျင့်မမှန်မှုများကြောင့် လည်းကောင်း၊

အသက်အရွယ်ကြီးရင့်လာမှုများကြောင့်လည်းကောင်း စတဲ့ အကြောင်းရင်းများကြောင့် Collagen နှင့် Elastin ပရိုတင်းများဟာ မျက်နှာတစ်ဝိုက်မှာ ပြိုကွဲပျက်စီးသွားတတ်ကြပါတယ်။

အသက်အရွယ်ကြီးရင့်လာခြင်းကို ပြန်လည်ငယ်ရွယ်အောင် ပြုလုပ်ဖို့ မဖြစ်နိုင်ပေမယ့် အသက်အရွယ်ကြီးရင့်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အိုမင်းရင့်ရော်မှုရဲ့ လက္ခဏာများကိုတော့ နှေးကွေးသွားအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းများစွာရှိပါတယ်။

 

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ဟာ အရေပြားလျော့တွဲခြင်းကို တင်းရင်းစေတဲ့ အကောင်းဆုံး ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်မှာပါဝင်တဲ့ Malic Acid ဟာ အရေပြားရဲ့ ရုန်းပြန်မှုကို တိုးတက်စေပြီး အရေပြားလျော့တွဲခြင်းကို ပျောက်ကင်းသက်သာစေပါတယ်။ ဒါ့ပြင် ရှားစောင်းလက်ပပ်ဟာ အရေပြားကို ရေဓာတ်ဖြည့်တင်းပေးတဲ့သဘာဝ ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်မှ အနှစ်များကိုထုတ်ယူကာ မျက်နှာနှင့် လည်ပင်းတွင် လိမ်းကျံကာ ၁၅ မိနစ် မိနစ် ၂၀ ခန့်ထားပြီး မျက်နှာသစ်နိုင်ပါတယ်။ သီတင်းပတ်တစ်ပတ်လျှင် အကြိမ်ပေါင်းမြောက်များစွာ ပြုလုပ်ပေးနိုင်ပါတယ်။

 

သံပရာသီး

သံပုရာသီးတွင် ပါဝင်သော ဗီတာမင် C ဟာ Collagen ထုတ်မှုကိုတိုးတက်စေပြီး အရေပြားရဲ့ တင်းရင်းမှုကို ကောင်းမွန်စေပါတယ်။ ဒါ့ပြင် သံပုရာသီးဟာ အရေပြားကို ကျုံ့စေနိုင်သော အစွမ်းသတ္တိရှိတာကြောင့် အရေပြားကို တင်းရင်းစေပြီး အရေးအကြောင်းများကို သက်သာစေပါတယ်။ သံပရာရည်ကို မျက်နှာနဲ့ လည်ပင်းတို့အပေါ်တွင် ဖြည်းညင်းစွာပွတ်လိမ်းပါ။ ၅ မိနစ် ၁၀ မိနစ် ခန့်ထားပေးပြီး နောက်တွင် ရေဖြင့် ဆေးချပါ။ တစ်နေ့လျှင် ၂ ကြိမ် ၃ ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။

 

သခွားသီး

သခွားသီးဟာ အရေပြားလျော့တွဲမှုကို သက်သာစေတဲ့ သဘာဝ Toner တစ်ခုဖြစ်ပါတယ်။ဒါ့အပြင် အရေပြားကို ပြန်လည်လန်းဆန်းစေတဲ့အပြင် အားအင်လည်း ပြန်လည်ဖြည့်တင်းပေးပါတယ်။ သခွားသီး တစ်ဝက်ခန့်ကို ကြိတ်၍ အရည်ညှစ်ပြီးနောက် အရည်ကို မျက်နှာပေါ်တွင် လိမ်းကျံ၍ ခြောက်သွေ့အောင်ထားပါ။ ပြီးမှ ရေအေးဖြင့် ဆေးချပါ။ တစ်နေ့တစ်ကြိမ် နေ့စဉ် ပြုလုပ်ပေးနိုင်ပါတယ်။

 

ပျားရည်

ပျားရည်ဟာ အရေပြားလျော့တွဲခြင်းကို ကာကွယ်ပေးနိုင်တဲ့ သဘာဝရေဓာတ်ဖြည့်တင်းပေးသော အရာဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများနဲ့ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ အစွမ်းသတ္တိများရှိပါတယ်။ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း ၃ ဇွန်းထဲကို သံပရာသီးနဲ့ သံလွင်ဆီ အစက်အနည်းငယ်ရောပါ။ ထို့နောက် မျက်နှာ၊ လည်ပင်းတို့ကို လိမ်းကျံပြီးခြောက်သွေ့အောင် ထားရှိပြီးနောက်ရေနွေးဖြင့် ဆေးချပါ။ တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်ခန့်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

 

အဆီဖြင့် နှိပ်နယ်ခြင်း

မျက်နှာနဲ့ လည်ပင်းကို သံလွင်ဆီကဲ့သို့သော အဆီတစ်မျိုးမျိုးဖြင့် လိမ်းကျံနှိပ်နယ်ပေးခြင်းအားဖြင့် အရေပြားကို ချောမွေ့စေတဲ့အပြင် တင်းရင်းလှပစေပါတယ်။ သံလွင်ဆီတွင် ဗီတာမင် A ၊ ဗီတာမင် E ကဲ့သို့သော အိုမင်းရင့်ရော်မှုရဲ့ လက္ခဏာများကို ကာကွယ်ပေးနိုင်သောဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပါတယ်။

 

Author: Dr. မိုး (ဆေး ၁)

Previous Post

နှာစေး၊ နှာမွှန်ဖြစ်ရင် ဘာလုပ်ရမလဲ?

Next Post

ကင်ဆာတစ်ခုဝင်လာရင် ပြတတ်တဲ့ရှေ့ပြေးလက္ခဏာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
533
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
790

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Early signs of cancer

ကင်ဆာတစ်ခုဝင်လာရင် ပြတတ်တဲ့ရှေ့ပြေးလက္ခဏာများ

Pet scratch injuries that should not be neglected

မပေါ့ဆသင့်တဲ့ အိမ်မွေးတိရစ္ဆာန် ကုတ်ခြစ်ဒဏ်ရာ

If you have sex while you're on your period, you'll have a baby, right?

ရာသီလာနေတုန်း လိင်ဆက်ဆံမိရင် ကလေးရတယ်ဆိုတာ ဟုတ်လား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.