fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဝက်ခြံကင်းစင်လှပဖို့ လိုအပ်တဲ့ဗီတာမင်ဓာတ်များ

Vitamins necessary for acne-free beauty
321
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/08/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ဝက်ခြံထွက်ခြင်းဟာ အသက်အရွယ်မရွေး ကြုံတွေ့ရတတ်တဲ့ အရေပြားပြဿနာတစ်ခုဖြစ်ပါတယ်။ ဝက်ခြံထွက်ရခြင်းအကြောင်းရင်းမှာ အရေပြားအတွင်း အဆီဓာတ်အလွန်အကျွံ ထုတ်လုပ်ခြင်းနှင့် အရေပြားပေါ်တွင် ဆဲလ်သေများစုဝေးများပြားလာခြင်းကြောင့် ဘက်တီးရီးယားပိုးများပေါက်ပွားလာခြင်းကြောင့် ဖြစ်ပါတယ်။

ဒါ့ပြင် ဟော်မုန်းဓာတ်ပြောင်းလဲခြင်းနှင့် မိသားစုဝင်များတွင် ဝက်ခြံထွက်တတ်သော ရာဇဝင်ရှိခြင်းများဟာလည်း ဝက်ခြံထွက်ရခြင်းရဲ့ အကြောင်းရင်းများဖြစ်ပါတယ်။ ဝက်ခြံထွက်စေတဲ့အကြောင်းရင်းများ ရှိသကဲ့သို့ ဝက်ခြံကို သက်သာစေနိုင်တဲ့အရာများလည်း ရှိပါတယ်။ အောက်ပါဗီတာမင်ဓာတ်များဟာ ဝက်ခြံထွက်ခြင်းကို ကာကွယ်ပေးနိုင်သော ဗီတာမင်များ ဖြစ်ကြပါတယ်။

( ၁ ) Vitamin A

ဗီတာမင်အေဟာ မျက်နှာအရေပြားတွင်အဆီဖြစ်ပေါ်ခြင်းကို လျော့နည်းစေခြင်းအားဖြင့် ဝက်ခြံထွက်ခြင်းကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင်အေဟာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေသော အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သော အာနိသင်ရှိကြောင်းလည်း တွေ့ရှိရပါတယ်။ ဒါ့ကြောင့် ဝက်ခြံပျောက်လိမ်းဆေးအများစုကို ဗီတာမင် အေ အခြေခံပြီးထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။

ဗီတာမင် အေ ကြွယ်၀သော အစားအစာများမှာ

ဟင်းနုနွယ်၊ ဘရိုကိုလီ၊ မုန်လာဥနီ၊ သရက်သီး၊ ရွှေဖရုံသီး၊ ကျောက်ကပ်၊ အသည်း၊ ဥအနှစ်၊ ထောပတ်၊ နို့၊ ချိစ် နှင့် ငါးအသည်း၏အဆီ စသည်တို့ဖြစ်ကြပါတယ်။

( ၂ ) Vitamin B complex

လေ့လာတွေ့ရှိချက်များအရ စိတ်ဖိစီးမှုများခြင်းဟာလည်း ဝက်ခြံထွက်ခြင်းရဲ့အကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်းတွေ့ရပါတယ်။ Vitamin B complex ဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တာကြောင့် ဝက်ခြံကာကွယ်ရန် Vitamin B complex ကို‌ သောက်သုံးနိုင်ကြောင်းတွေ့ရှိရပါတယ်။

( ၃ ) Vitamin B 5 (Pantothenic acid )

Vitamin B5 ဟာ အရေပြားရှိ အဆီဓာတ်ကို ခြေဖျက်ရန်လိုအပ်သော Coenzyme A ဟူသော အင်ဇိုင်းဓါတ်ထုတ်လုပ်ရာတွင် အရေးပါသော ဗီတာမင်တစ်မျိုးလည်းဖြစ်ပါတယ်။ ၎င်းပြင် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်သော ဂုဏ်သတ္တိလည်းရှိတာကြောင့် ဝက်ခြံထွက်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။

( ၄ ) Vitamin C (Ascorbic acid)

Vitamin C ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ် ခုခံအားစနစ်နှင့် ရောဂါကူးစက်ခြင်းကို ကာကွယ်ပေးနိုင်သော ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ ဝက်ခြံအတွင်း ပေါက်ဖွားတတ်သော ဘက်တီးရီးယားပိုးမွှားများကိုလည်း ဖယ်ရှားရှင်းလင်းပေးနိုင်သော အရည်အသွေးလည်းရှိပါတယ်။ ဒါ့ပြင် ဝက်ခြံအမာရွတ်များ ပြန်လည်သက်သာစေရန် လိုအပ်သည့် အာဟာရဓါတ်များကို အူလမ်းကြောင်းမှ စုပ်ယူရာတွင်လည်း Vitamin C က ကူညီပေးပါတယ်။

Vitamin C ကို သံပုရာသီး၊ လိမ္မော်သီး၊ မာလကာသီး၊ ဇီးသီး၊ ကီဝီသီး၊ဟင်းနုနွယ်၊ ဂေါ်ဖီထုပ်၊အာလူး၊ ခရမ်းချဉ်သီး စသည့်ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများတွင် ပေါကြွယ်၀စွာတွေ့ရှိရပါတယ်။

( ၅ ) Vitamin E

Vitamin E ဟာ ဝက်ခြံပျောက်ပြီးနောက် ကျန်ရစ်သော အမာရွတ်များကို သက်သာ ပျောက်ကင်းစေနိုင်သော ဗီတာမင်ဓာတ်တစ်မျိုးဖြစ်ပါတယ်။ဒါ့အပြင် နေရောင်ခြည်နှင့်ထိတွေ့မှုကြောင့် ရရှိနိုင်သော ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှလည်း ကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိရပါတယ်။ မြေပဲဆီ၊ နေကြာဆီ၊ ပြောင်းဖူးဆီ၊ နို့၊ အသား၊ ထောပတ်နှင့် ဥများတွင် Vitamin E ပေါကြွယ်၀စွာ ပါဝင်ကြောင်းတွေ့ရှိရပါတယ်။

( ၆ ) Vitamin K

ဝက်ခြံကြောင့် အရေပြားခြောက်သွေ့ခြင်းနှင့် အရေပြားအရောင်ပြောင်းခြင်းတို့ကို Vitamin K က ပြန်လည်သက်သာ ကောင်းမွန်စေနိုင်တဲ့အပြင် မျက်နှာရှိအရေးအကြောင်းများ ထွက်ပေါ်ခြင်းနှင့် မျက်ကွင်းညိုခြင်းတို့ ကိုလည်း ကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိရပါတယ်။

( ၇ ) Vitamin B 2 (Riboflavin)

Vitamin B2 ဟာ အရေပြား၊ ဆံပင်နှင့် လက်သည်း တို့ကို ကောင်းမွန်ကျန်းမာစေသော အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ဒါ့အပြင် Vitamin B2 ချို့တဲ့ခြင်းကြောင့်လည်း ဝက်ခြံထွက်နိုင်ကြောင်းတွေ့ရှိရပါတယ်။ ဒါ့ကြောင့် ဝက်ခြံကင်းစင်သော အသားအရေပိုင်ဆိုင်နိုင်ရန် Vitamin B2 များပြားစွာ ပါဝင်သော အစားအစာများကို စားသုံးရန်လိုအပ်ပါတယ်။

နို့၊ နို့ထွက်ပစ္စည်းများ၊ ဥ၊ အသား၊ အသည်း ၊ ငါး၊ သစ်သီး၀လံများနှင့် ဟင်းသီးဟင်းရွက်များ စသော အစားအစာများတွင် Vitamin B 2 ပြည့်၀စွာပါဝင်ကြောင်းတွေ့ရှိရပါတယ်။

( ၈ ) Vitamin B3 (Niacin)

Vitamin B3 ဟာ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ကာဗိုဟိုက်ဒရိတ်ဓာတ်၊ အဆီဓာတ်နှင့် အသားဓာတ်တို့ရဲ့ခြေဖျက်မှုတွင် အထောက်အကူပေးသော ဗီတာမင်ဓာတ်တစ်မျိုးဖြစ်ပါတယ်။ဒါ့ပြင် အရေပြားဆဲလ်များမှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သော ဂုဏ်သတ္တိလည်းရှိကြောင်း တွေ့ရှိရပါတယ်။

သို့သော် Vitamin B3 ကို လိုအပ်သော ပမာဏထက်ပို၍လိမ်းမိလျှင် အရေပြားပြဿနာများ ဖြစ်နိုင်သဖြင့် သတိပြုရန်လိုအပ်ပါတယ်။ Vitamin B3 ပေါကြွယ်၀သော အစားအစာများမှာ တစေး၊ အသည်း၊ ပဲ၊ မြေပဲ၊ ငါး၊ ဥ၊ နို့ နှင့်ဟင်းသီးဟင်းရွက်စသည်တို့ဖြစ်ပါတယ်။

Author: Dr. မိုး (ဆေး ၁)

Previous Post

မနက်မိုးလင်းတိုင်း မျက်နှာလေးစိုပြေလှပစေဖို့

Next Post

ယောက်ျားတွေရော သားကြောဖြတ်လို့ရလား?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

6 months ago
545

ဆံပင်တွေအရမ်းကျွတ်နေရင်

6 months ago
564
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

7 months ago
823
The type of skin whitening medicine that makes the skin white and beautiful without side effects

ဘေးထွက်ဆိုးကျိုးမရှိဘဲ အသားအရေ ဖြူစင်ဝင်းပစေမယ့် အသားဖြူဆေးအမျိုးအစား

9 months ago
817
When is the best time to take collagen

ကော်လာဂျင်သောက်ဖို့ အကောင်းဆုံးအချိန်

9 months ago
1.7k

အရေပြားလျော့ရဲစေတဲ့ အကြောင်းအရင်းများ

9 months ago
744

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Can men be circumcised?

ယောက်ျားတွေရော သားကြောဖြတ်လို့ရလား?

When newborn babies have red spots on their faces

မွေးကင်းစကလေးတွေ မျက်နှာမှာအနီစက်လေးတွေထွက်တဲ့အခါ

Do you know how to wash your hair the right way

နည်းမှန် လမ်းမှန်ခေါင်းလျှော်တတ်ပြီလား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.