fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဝက်ခြံ အမာရွတ်နဲ့ အမဲစက်တွေ ပျောက်ကင်းစေဖို့

To get rid of acne scars and dark spots
1.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/09/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် မျက်နှာမှာ ဝက်ခြံတွေ၊ ကုတ်ဖဲ့လို့ရလာတဲ့ အမာရွတ်တွေနဲ့ အမဲစက်တွေ ဗရပွရှိနေခြင်းဟာ အရေပြားကျန်းမာရေးမကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒီလို ဝက်ခြံ၊ အမာရွတ်နဲ့ အမဲစက်တွေရှိတာဟာ အလှအပကိုဖျက်ဆီးပြီး ရုပ်ရည်သွင်ပြင်နဲ့ ပါတ်သက်ကာ စိတ်ပိုင်းဆိုင်ရာ မလုံမခြုံခံစားရစေနိုင်ပါတယ်။ တဆက်ထဲမှာပဲ မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးလာမှာ ဖြစ်ပါတယ်။

ဒီလိုမျိုးတွေကြောင့် နေ့စဉ်လူမှုဘဝထိခိုက်ပြီး စိတ်ဓာတ်မကျရလေအောင် အသုံးဝင်နိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးပါရစေ။ ဘယ်လိုနည်းလမ်းပဲ သုံးသုံး မှော်ကြိမ်တံနဲ့ တို့လိုက်သလို ညတွင်းချင်း ဟပ်ချလောင်း ဆိုပြီး ပျောက်ကင်းသွားတာမျိုးတော့ မရှိနိုင်ပါဘူး။ ထိုက်သင့်တဲ့ အချိန်ကာလ အတိုင်းအတာတစ်ခုကို စိတ်ရှည်စွာ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

ဝက်ခြံကနေ အမာရွတ်တွေ၊ အမဲစက်တွေ မဖြစ်အောင် အရိုးရှင်းဆုံး နည်းလမ်းကတော့ အရေပြားအသားအရေ ထိန်းသိမ်းမှု skin care နေ့စဉ်ပုံမှန်လုပ်ပြီး မသန့်ရှင်းတဲ့လက်နဲ့ မျက်နှာကိုကိုင်တာ၊ ဝက်ခြံကို ကုတ်ဖဲ့တာတာ၊ ဆိတ်တာ စတာတွေ မပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။

ပုံမှန်ထိန်းသိမ်းမှု ပြုလုပ်ပေမယ့် ဝက်ခြံအမာရွတ်၊ အမဲစက်တွေဟာ ပျောက်ကင်းဖို့ ခက်ခဲတတ်ပြီး၊ အချိန်တိုအတွင်း ပျောက်ကင်းလေ့ မရှိတတ်ပါ။ ကျွမ်းကျင်တဲ့ အရေပြားအထူးကု ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးတော့ ကုသမှု ခံယူရကောင်း ခံယူရနိုင်ပါတယ်။

GNC LAC taut White

မျက်နှာမှာ ဘယ်လိုကုသမှုတွေ ခံယူရနိုင်လဲ?

  • Steroid ထိုးသွင်းကုသခြင်း၊
  • အမာရွတ်ကြောင့် ချိုင့်နေတဲ့နေရာတွေ အစားထိုးပေးမဲ့ Dermal Fillers အသုံးပြုကုသခြင်း၊
  • အမာရွတ်၊အမဲစက်တွေ ယာယီဖုံးအုပ်ပေးမဲ့ make up လို အသုံးပြုနိုင်၊ ဖျက်နိုင်တဲ့ Scar Filler အသုံးပြုကုသခြင်း၊
  • 30% နဲ့ အထက် တိုးတက်ကောင်းမွန်လာစေတဲ့ Laser Treatment သုံးပြီး ကုသပေးခြင်း
  • အထဲထိနက်တဲ့ အမာရွတ်တွေကို အလွန်သေးငယ်တဲ့ အသားစယူတဲ့ ကိရိယာသုံးပြီး လှီးထုတ်ပေးခြင်းနဲ့ ကုသခြင်း၊
  • အမာရွတ်အမျိုးမျိုး ရှိတဲ့အတွက် အပေါ်က နည်းလမ်းတွေကို ပေါင်းစပ်အသုံးပြု ကုသပေးခြင်း တို့ပဲ ဖြစ်ပါတယ်။

 

အမဲစက်တွေ ပျောက်ကင်းအောင် ဘာတွေလုပ်လို့ရသေးလဲ?

ပထမဆုံးနဲ့ အရေးအကြီးဆုံး အနေနဲ့ မသုံးမဖြစ် သုံးရမှာက sunscreen ပါ။ နောက်ထပ်သုံးလို့ရတာတွေကတော့ Retinoid cream လိမ်းတာ၊ glycolic and salicylic acid ပါတဲ့ chemical peeling effect ရစေမယ့် Exfoliant သုံးတာ၊ salicylic acid ပါဝင်ပြီး deep cleansing effect ရတဲ့ မျက်နှာသန့်စင်ဆေးသုံးတာ၊ ချွေးပေါက်ကျဉ်းဆေးသုံးတာ၊ Vitamin C ပါဝင်တဲ့ Lightening serum သုံးတာ၊ တခြားသော body lotion, face mask, tranexamic acid ပါဝင်တဲ့ မျက်နှာပေါင်းတင် sheet mask၊ Detox scrub၊ အမဲစက်အတွက် သီးသန့်ထုတ်ထားတဲ့ patch သုံးတာတွေပဲ ဖြစ်ပါတယ်။

GNC LAC taut White

ဝက်ခြံ အမာရွတ်နဲ့ အမဲစက်တွေအတွက် ကော်လာဂျင်ဓါတ်( Collagen ) ကလည်း အရေးပါ ပါသေးတယ်။ collagen မှာပါတဲ့ အမိုင်နိုအက်ဆစ်ဟာ ဝက်ခြံအမာရွတ်နဲ့ အမဲစက်တွေကို မှိန်ဖျော့လာစေပြီးတော့ တစ်ရှူးအသစ်တွေကို ဖြစ်ပေါ်လာစေတဲ့အတွက် ပိုမိုလျင်မြန်စွာ သက်သာပျောက်ကင်းစေပါတယ်။

 

ဝက်ခြံ အမာရွတ်နဲ့ အမဲစက်တွေအတွက် သောက်ဆေးမရှိဘူးလား သိချင်နေကြပြီလား?

ဒီလိုမျိုး အဓိကကျတဲ့ collagen ထုတ်လုပ်တာကို အားပေးတဲ့ Vitamin C၊ အရေပြားတွေ နုပျိုလင်းလက်နေအောင် အားဖြည့်ပေးတဲ့ Yeast Extract (Glutathione)၊ Grape seed extract နဲ့ Alpha Lipoic Acid စတဲ့ antioxidants တွေပါဝင်တဲ့ ဖြည့်စွက်ဆေးတွေကိုလည်း မှီဝဲအသုံးပြုနိုင်ကြောင်း ရေးသားမျှဝေလိုက်ရပါတယ်။

 

Author: Dr.Yee Mon

Previous Post

အမျိုးသားနှင့် ဆီးကျိတ်အန္တရာယ်

Next Post

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
533
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
790

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

How to use condoms properly

ကွန်ဒုံးစနစ်တကျ အသုံးပြုနည်း

Why do you have to stop going every now and then?

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.