fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အိပ်ရေးပျက်ခြင်းနှင့် အရေပြားကျန်းမာရေးအကြောင်း

About sleep deprivation and skin health
255
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/09/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ညဘက်တွင် လုံလောက်သော အိပ်စက်ခြင်းမရရှိခဲ့ပါက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများစွာကို ဖြစ်စေပါတယ်။ အိပ်ရေးပျက်ခြင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအပေါ်ဆိုးကျိုးများဖြစ်စေပါတယ်။

လှုံ့ဆော်မှုများကို တုံ့ပြန်တဲ့အချိန်နှောင့်နှေးခြင်း၊ သတိမေ့လျော့တတ်ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေတဲ့အပြင် မျက်နှာအရေပြားနှင့် ခန္ဓာကိုယ် ပုံပန်းသွင်ပြင်တို့အပေါ်တွင်လည်း များစွာအကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့် မျက်နှာဆိုင်ရာ အရေပြားကျန်းမာရေးကို အောက်ပါအတိုင်း အကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်။

 

၁) မျက်ကွင်းညိုခြင်း

မျက်ကွင်းညိုနေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်တာနဲ့ ပြည့်ဝသော အိပ်စက်ခြင်းကို မရရှိထားကြောင်း လူတိုင်းနီးပါး သတိပြုမိတတ်ကြပါတယ်။ ထိုသို့ မျက်ကွင်းညိုခြင်းဟာ အိပ်ရေးမဝခြင်းကြောင့် မျက်လုံးအောက်ရှိသွေးကြောများ ကျယ်လာခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

 

၂) မျက်စိနီရဲခြင်း

မျက်ကွင်းညိုခြင်းနည်းတူ မျက်စိနီရဲခြင်းဟာလည်း မျက်လုံးအောက်ရှိ သွေးကြောများကျယ်လာခြင်းကြောင့် ဖြစ်ပါတယ်။

 

၃) ဆံပင်ပါးလာခြင်း

အိပ်ရေးကောင်းစွာမဝခြင်းဟာ စိတ်ဖိစီးမှု ဟော်မုန်းဟု သိကြသော Cortisol ပမာဏကို များပြားလာစေပါတယ်။ ထိုသို့စိတ်ဖိစီးမှုဟော်မုန်းများပြားလာခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းဟာ အချိန်ကြာလာသည်နဲ့အမျှ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်းများကို ဖြစ်ပေါ်လာစေပါတယ်။

 

၄) ဝက်ခြံများ ထွက်လာခြင်း

အိပ်ရေးမဝခြင်းဟာ မည်သည့်အသက်အရွယ်တွင်မဆို ဝက်ခြံများကို ပိုမိုထွက်လာစေရန် အားပေးပါတယ်။

 

၅) အရေးအကြောင်းများဖြစ်ပေါ်လာခြင်း၊ အသားအရေများ လျော့တွဲလာခြင်း

အိပ်ရေးမဝခြင်းဟာ အရေပြားတွင် ကော်လာဂျင်ပမာဏကိုလျော့နည်းစေကာ အရေပြားရဲ့ ရုန်းပြန်ဂုဏ်သတ္တိကို ကျဆင်းလာစေပါတယ်။ ဒါ့ကြောင့် မျက်နှာနှင့် နဖူးပေါ်တွင် အရေးအကြောင်းများ ပေါ်ပေါက်လာတတ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ညပေါင်းများစွာ ကောင်းမွန်စွာ အိပ်စက်ခြင်းမရှိခဲ့ပါက အရေးအကြောင်းများကြောင့် မျက်နှာရဲ့ ပုံပန်းသွင်ပြင်ဟာ စိတ်ဓါတ်ကျနေတဲ့သဏ္ဌာန်၊ စိတ်ညစ်နေတဲ့ သဏ္ဌာန်ကဲ့သို့ ဖြစ်ပေါ်နေတတ်ပါတယ်။

 

၆) ကိုယ်အလေးအချိန်တက်လာခြင်း

အိပ်ချိန်လုံလောက်စွာမရရှိသောသူများရဲ့ ခန္ဓာကိုယ်အတွင်းတွင် အဆီများကို ခြေဖျက်မှု ပမာဏဟာ အိပ်ချိန်လုံလောက်စွာရရှိသောသူများထက် ၂ ဆ ပိုမိုနည်းပါးကြောင်းလေ့လာတွေ့ရှိထားပါတယ်။ ဒါ့ကြောင့် အိပ်ရေးမဝသောသူများဟာ ပိုမိုဝဖြိုးလာတတ်ပါတယ်။

ဒါ့ပြင် အိပ်ရေးမဝသောသူများဟာ ဆာလောင်မှုပိုမိုဖြစ်ပေါ်ခြင်းနှင့် ခန္ဓာကိုယ်တွင် ဇီဝကမ္မဖြစ်ပျက်နှုန်းများ ပိုမိုနှေးကွေးခြင်းများ ဖြစ်ပွားတတ် ကြောင်းလည်း တွေ့ရှိရပါတယ်။ ဒါ့ကြောင့် အရေပြားကျန်းမာရေးနှင့် အလှအပရေးရာအတွက် အိပ်ရေးဝဖို့ လိုအပ်ကြောင်း ဆရာဝန်များက မကြာခဏသတိပေးနေခြင်းဖြစ်ပါတယ်။

 

၇) အခြားအရေပြားပြဿနာများ

ကောင်းမွန်သော အိပ်စက်ခြင်းမရရှိသူများဟာ အခြားသူများထက်စာလျှင် ပိုမိုကြီးရင့်တဲ့ ပုံပန်းသွင်ပြင်များ ပေါ်ပေါက်နေတတ်ပါတယ်။ ဒါ့အပြင် မျက်နှာပေါ်တွင် အရေးအကြောင်းများ၊ အမာရွတ်များလည်း ပေါ်ပေါက်လာတတ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ အိပ်ရေးပျက်ခြင်းကို ၅ ညနှင့် အထက်ဖြစ်ပေါ်ခဲ့ပါက ပုံမှန်လူများထက် အရေးအကြောင်းနှင့် အမည်းစက်များ ဖြစ်ပေါ်လာနိုင်ခြေ ( ၂ ) ဆ ပိုမိုများပြားလာပြီး အညိုရောင်အစက်အပြောက်များ ပေါ်ပေါက်နိုင်ခြေ ၇၅% ပိုမိုများပြားကြောင်းတွေ့ရှိရပါတယ်။

 

ပိုမိုအိပ်စက်ခြင်းအားဖြင့် အရေးအကြောင်း၊ အစက်အပြောက်များကို ပျောက်ကင်းအောင်ပြုလုပ်နိုင်ပါသလား?

လူအများစုဟာ အိပ်ရေးပျက်ခဲ့တဲ့ ညများအတွက် အားလပ်ရက်များ၊ ပိတ်ရက်များတွင် ပိုမိုအိပ်စက်ခြင်းအားဖြင့် အစားထိုး ဖြည့်တင်းရန် ကြိုးစားတတ်ကြပါတယ်။ ထိုသို့ပြုလုပ်ခြင်းနည်းလမ်းဟာ မျက်နှာအရေပြား ကျန်းမာရေးအတွက် မှန်ကန်ခြင်းမရှိသော နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် မျက်နှာပေါ်တွင် အရေးအကြောင်းများ၊ မျက်ကွင်းညိုခြင်းနှင့် အိုမင်းရင့်ရော်ခြင်း လက္ခဏာများကို အနည်းငယ် သက်သာစေနိုင်ပေမယ့် လုံးဝပျောက်ကင်းသွားခြင်း မဖြစ်နိုင်ပေ။

နောက်ထပ်တဖန် စိတ်ဖိစီးမှုများ၊ အလုပ်များမှုများ၊ အိပ်ရေးပျက်ခြင်းများ ပြန်လည်ကြုံတွေ့လာရပါက ထိုအရေးအကြောင်း၊ အစက်အပြောက်များစတဲ့အိုမင်းရင့်ရော်သော လက္ခဏာများ ပြန်လည်ပေါ်ပေါက်လာကာ ပိုမိုကြာရှည်စွာ ဖြစ်ပေါ်တည်ရှိလာတတ်ပါတယ်။ သို့သော် ထိုသို့အစားထိုးပြန်လည်အိပ်စက်ခြင်းဟာ စိတ်ဖိစီးမှုဟော်မုန်းဖြစ်သော Cortisol ရဲ့ပမာဏကိုတော့ ကျဆင်းသွားစေပါတယ်။ ထိုအခါ cortisol ပမာဏများပြားခြင်းကြောင့်ဖြစ်လာတတ်သော ဆံပင်ပါးခြင်း၊ ဝက်ခြံထွက်ခြင်း စသည့်အကျိုးသက်ရောက်မှုများမှာမူ နည်းပါးသွားနိုင်ခြေရှိပါတယ်။

 

Author: Dr. CK

Previous Post

လူပျို၊ အပျိုဖော်ဝင်စအရွယ်နှင့် အဝလွန်ခြင်းအကြောင်း

Next Post

ရာသီစက်ဝန်းလေးမှန်ကန်စေဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 months ago
253

ဆံပင်တွေအရမ်းကျွတ်နေရင်

3 months ago
225
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

3 months ago
501
The type of skin whitening medicine that makes the skin white and beautiful without side effects

ဘေးထွက်ဆိုးကျိုးမရှိဘဲ အသားအရေ ဖြူစင်ဝင်းပစေမယ့် အသားဖြူဆေးအမျိုးအစား

5 months ago
596
When is the best time to take collagen

ကော်လာဂျင်သောက်ဖို့ အကောင်းဆုံးအချိန်

5 months ago
989

အရေပြားလျော့ရဲစေတဲ့ အကြောင်းအရင်းများ

5 months ago
581

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
To correct the menstrual cycle

ရာသီစက်ဝန်းလေးမှန်ကန်စေဖို့

Natural fruit juices that make the skin soft and beautiful

အသားအရေ စိုပြေလှပစေမယ့် သဘာဝသစ်သီးဖျော်ရည်များ

Uterus and cysts

သားအိမ်နှင့် အလုံးအကျိတ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.