fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အိပ်ရေးပျက်ခြင်းနှင့် အရေပြားကျန်းမာရေး

Sleep deprivation and skin health
471
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/10/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

Covid 19 စတင်ဖြစ်ပွားပြီး မကြာခင် 2020 ခုနှစ်၊ ဇွန်လ မှ စတင်၍ ကောက်ယူခဲ့သော စစ်တမ်းများအရ လူအယောက် ၁၀၀ မှာ ၅၇ ယောက်ဟာ ကောင်းကောင်း အိပ်မပျော်ကြပါဘူး။ ၆၇ % သော သူတွေဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်တဲ့ Covid 19 မဖြစ်ပွားခင်က ပိုမိုကောင်းမွန်စွာ အိပ်ပျော်ခဲ့ကြပြီးတော့ ၉၈% သော သူတွေကတော့ အိပ်စက်အနားယူမှု ပုံစံ ပြောင်းလဲလာတာကို တွေ့ရပါတယ်။

အိပ်ရေးပျက်ခြင်းဟာ သွေးတိုး၊နှလုံး၊ ဆီးချို၊ ကင်ဆာရောဂါ စတဲ့ နာတာရှည် ရောဂါများ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေတဲ့အပြင် အရေပြား ကျန်းမာရေးမှာလည်း ဆိုးကျိုးများစွာ သယ်ဆောင်လာပါသေးတယ်။

အရေပြားဟာ ခန္ဓာကိုယ်ရဲ့ နေရာအတော်များများ ပိုင်ဆိုင်ထားတာဖြစ်လို့ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ အရေပြား အနေနဲ့ ခန္ဓာကိုယ်ရဲ့ ကိုယ်အပူချိန် ထိန်းညှိပေးခြင်း၊ ကိုယ်ခန္ဓာထဲ ပိုးမွှားများ ဝင်ရောက် ထိုးဖောက်ခြင်းကို အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးထားခြင်း၊ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်နဲ့ ကိုယ်ခံအားစနစ်မှာလည်း အရေးကြီးသော အခန်းကဏ္ဍ အနေနဲ့ ပါဝင်ပါတယ်။

လက်သည်း၊ခြေသည်းတွေဟာလည်း အရေပြားရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပြီးတော့ ကော်လဂျင်များစွာ ပါဝင်ကြပါတယ်။ ကော်လဂျင်ဟာ အရေပြားကို ငြမ်းသဖွယ် ထောက်ပံ့ပေးထားတဲ့ ပရိုတင်းတစ်မျိုး ဖြစ်ပါတယ်။ အိပ်ရေးပျက်တာဟာ ခန္ဓာကိုယ်ရဲ့ ကော်လဂျင် ထုတ်လုပ်နိုင်မှုမှာ များစွာအဟန့်အတား ဖြစ်လာပါတယ်။

၂၀၂၀ ခုနှစ်မှာ ကိုးရီးယားနိုင်ငံက အသက် ၄၀ အရွယ် အမျိုးသမီး ၃၂ ယောက်ကို လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ထိုအမျိုးသမီးများကို တစ်ညလျှင် ရှစ်နာရီကြာ ခြောက်ရက် အိပ်စက်စေခဲ့ပြီးတော့ နောက်ထပ် ခြောက်ရက်မှာ တစ်ညကို လေးနာရီပဲ အိပ်စက်စေခဲ့ပါတယ်။ သူတို့ အိပ်ရေးစပျက်တဲ့ ပထမနေ့မှာပဲ အရေပြားမှာ ရေဓာတ်ခမ်းခြောက်လာတာ တွေ့ခဲ့ရပြီးတော့ အချိန်ကြာလာတာနဲ့ အမျှ ပိုပိုပြီး ဆိုးလာပါတယ်။ အရေပြားဟာ ကြည်လင်တောက်ပမှု ကင်းမဲ့လာပြီးတော့ အရေခွံတွေကွာ၊ လျော့တိလျော့ရဲ ဖြစ်လာကာ အရေးအကြောင်းတွေ ပေါ်လာတာ တွေ့ရှိရပါတယ်။

၂၀၁၇ ခုနှစ်၊ ဆွီဒင်နိုင်ငံက လေ့လာမှုတစ်ခုမှာဆိုရင် အသက် ၁၈-၄၇ နှစ်အကြား အမျိုးသမီး ၂၅ ယောက် ပါဝင်ခဲ့ပါတယ်။ သူတို့ရဲ့ အိပ်စက်ချိန်ဟာ တစ်ညကို ရှစ်နာရီနဲ့ နှစ်ည အိပ်စက်ခဲ့ပြီး နောက် တစ်ညကို လေးနာရီနဲ့ နှစ်ည အိပ်စက်စေပြီး လေ့လာမှုထဲ မပါဝင်ခင်နဲ့ ပါဝင်ပြီး ပုံများကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားခဲ့ကြပါတယ်။ လူပေါင်း ၁၂၂ ယောက်ကို ဒီဓာတ်ပုံတွေကို ကြည့်ပြီး ဘယ်လိုလူတွေနဲ့ ပေါင်းသင်း ဆက်ဆံလိုကြတယ် ဆိုတာကို စစ်တမ်းကောက်ရာမှာ အိပ်ရေးပျက်တဲ့ သူတွေဟာ အိပ်ချင်မူးတူး၊ မကျန်းမာတဲ့ ပုံစံဖြစ်ပြီး မိတ်ဆွေဖွဲ့ဖို့အတွက်လည်း နှစ်လိုဖွယ်ရာ ဖြစ်မနေခဲ့ဘူးလို့ ကောက်ချက်ချကြပါတယ်။

အရေပြား တင်းတင်းရင်းရင်းနဲ့ အရွယ်တင်နုပျိုစေဖို့ အစာအာဟာရ ကော်လာဂျင်ဖြည့်စွက်ဆေးများ မှီဝဲပေးနိုင်သလို မိမိညစဉ် အနားယူအိပ်စက်တဲ့ အိပ်ချိန်ပုံမှန်ဖြစ်အောင် အိပ်စက်ဖို့လည်း အလွန်အရေးပါကြောင်း ရေးသားမျှဝေလိုက်ပါတယ်။

Author: Dr.Yee Mon

Previous Post

လူ့ခန္ဓာကိုယ်မှာ ကြွက်သားတွေဟာ ဘာကြောင့် အရေးကြီးတာပါလဲ

Next Post

အသက်အရွယ် ကြီးလာရင် ဖြစ်တဲ့ ကြွက်သားဆုံးရှုံးမှု ပြဿနာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 months ago
253

ဆံပင်တွေအရမ်းကျွတ်နေရင်

3 months ago
225
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

3 months ago
501
The type of skin whitening medicine that makes the skin white and beautiful without side effects

ဘေးထွက်ဆိုးကျိုးမရှိဘဲ အသားအရေ ဖြူစင်ဝင်းပစေမယ့် အသားဖြူဆေးအမျိုးအစား

5 months ago
596
When is the best time to take collagen

ကော်လာဂျင်သောက်ဖို့ အကောင်းဆုံးအချိန်

5 months ago
988

အရေပြားလျော့ရဲစေတဲ့ အကြောင်းအရင်းများ

5 months ago
581

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Problems with muscle loss with age

အသက်အရွယ် ကြီးလာရင် ဖြစ်တဲ့ ကြွက်သားဆုံးရှုံးမှု ပြဿနာများ

Good to know about warts

ကြွက်နို့အကြောင်း သိကောင်းစရာ

How to prevent age-related muscle loss?

အသက်အရွယ်အရ ကြွက်သားဆုံးရှုံးတာကို ဘယ်လိုကာကွယ်မလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.