fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

လူ့ခန္ဓာကိုယ်မှာ ကြွက်သားတွေဟာ ဘာကြောင့် အရေးကြီးတာပါလဲ

Why is The Muscular System Important to The Human Body?
181
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/10/2022
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

Why is The Muscular System Important to The Human Body?

လူ့ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေဟာ အလွန်အရေးကြီးပါတယ်။ ဘာကြောင့် ပြောနိုင်သလဲဆိုလျှင် ယခု ဆောင်းပါးကို သင် ဖတ်နေနိုင်တာဟာ မျက်လုံးမှာရှိတဲ့ ကြွက်သားတွေကြောင့် ဖြစ်ပါတယ်။ အလွယ်ကူဆုံးအရာတွေကို “ထမင်းစားရေသောက်ပါပဲ”ဟု ပြောရသလောက်ကို လွယ်ကူရိုးရှင်းသော အစားစားဝါးခြင်း၊ ရေသောက်ခြင်း၊ အသက်ရှူခြင်း၊ အရာဝတ္ထုများကို ကိုင်တွယ် သယ်ယူခြင်း၊ လှုပ်ရှားခြင်း စတာတွေကပင် ကြွက်သားတွေရဲ့ ထိန်းချုပ်ပေးမှုဖြင့်သာ အလွယ်တကူလုပ်ဆောင်နိုင်ခြင်း ဖြစ်ပါတယ်။ အသေးစိတ် ပြောရမယ်ဆ်ိုရင်-

ကြွက်သားဖွဲ့စည်းတည်ဆောက်ပုံစနစ် ( Muscular system )မှာ ကြွက်သားအရေအတွက် ၆၀၀ကျော်ခန့်က ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ အတူတကွလုပ်ဆောင်နေကြပါတယ်။ကြွက်သား‌ တွေကို အမျိုးအစား သုံးမျိုး ခွဲခြားထားပါတယ်။

Skeletal Muscles – အရိုးမှာ တွယ်ကပ်ပြိး သတိနဲ့ ထိန်းချုပ်လို့ရတဲ့ လှုပ်ရှားမှုတွေပြုလုပ်တဲ့အခါမှာ ပါဝင်ပါတယ်။ (ဥပမာ- အစားဝါးစားခြင်း၊ စာရေးခြင်း၊ လမ်းလျှောက်ခြင်း )

Smooth Muscles (Visceral Muscles)- ကိုယ်တွင်း ကလီစာ(ဥပမာ- ဆီးအိမ်၊ အစာအိမ်) တွေနဲ့ သွေးကြောများမှာ ပါဝင်ဖွဲ့စည်းထားတဲ့ ကြွက်သားများဖြစ်ပါတယ်။ အစာခြေဖျက်ခြင်း၊ သွေးလှည့်ပတ်မှု လုပ်ငန်းများမှာ ပါဝင်‌ပြီး သတိနဲ့ ထိန်းချုပ်လို့ မရတဲ့ကြွက်သား( involuntary muscles )တွေဖြစ်ပါတယ်။

Cardiac Muscle- နှလုံးကြွက်သားများဟာ ခန္ဓာကိုယ် တစ်ကိုယ်လုံးကို စီးဆင်းမယ့် သွေးတွေကို နှလုံးကြွက်သားညှစ်အားနဲ့ ပို့ဆောင်ပေးရာမှာ ပါဝင်ပါတယ်။ နှလုံးကြွက်သားများဟာ ဦးနှောက်အာရုံ‌ကြောစနစ်ရဲ့ လှုံ့ဆော်မှုကြောင့် စည်းချက်မှန်မှန် ခုန် နိုင်ခြင်းဖြစ်ပါတယ်။

ခန္ဓာကိုယ်အတွက် ကြွက်သားများရဲ့အရေးပါပုံ

ကြွက်သားများဟာ ကျုံ့နိုင်၊ဆန့်နိုင်ခြင်းပေါ် မူတည်ပြီး ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို သူ့နေရာနဲ့သူ လုပ်ဆောင်ပေးနေကြပါတယ်။

● သွေးလှည့်ပတ်မှု

နှလုံးကြွက်သားရဲ့ညှစ်အားကြောင့် ခန္ဓာကိုယ်အနှံ့ကို သွေးစီးဆင်းစေပြီး ကိုယ်တွင်းကလီစာတွေဆီကို လိုအပ်တဲ့ သွေးပမာဏ ရရှိလာပါတယ်။ ထို့အတူ သွေးကြောတွေမှာရှိတဲ့ ကြွက်သားများဟာလည်း အာရုံကြောစနစ်Autonomic nervous system ရဲ့ ထိန်းချုပ်မှုအရ သွေးလှည့်ပတ်မှုမှာ ပါဝင် လုပ်ဆောင်ပါတယ်။

● လှုပ်ရှားမှု ပြုလုပ်နိုင်ခြင်း

Skeletal muscles တွေဖြစ်တဲ့ အရိုးမှာ တွယ်ကပ်နေတဲ့ ကြွက်သားတွေဟာ မိမိလှုပ်ရှားပြု ပြုလုပ်လိုတဲ့အခါမှာ ပင်မ အာရုံကြောစနစ်ရဲ့ ညွှန်ကြားချက်အရ ကျုံ့ ခြင်း၊ ဆန့်ခြင်း ပြုလုပ်ပြီး လိုသလို လှုပ်ရှားနိုင်ခြင်းဖြစ်ပါတယ်။

● အသက်ရှူခြင်း

ရင်ဝမ်းခြားကြွက်သား၊ ကျော၊ လည်ပင်းနဲ့ ဝမ်းဗိုက်ကြွက်သားများဟာ အသက်ရှူရာမှာ ပါဝင်လုပ်‌ ဆောင်ပါတယ်။

● အစာခြေဖျက်ခြင်း

စားလိုက်တဲ့အစားအသောက်တွေကို ပါးစပ်ကနေ စပြီး အစာအိမ်၊ အူသိမ်၊အူမကြီး၊ အစာအိမ်ဟောင်းနဲ့ စအိုအထိ အစာအိမ်အူလမ်းကြောင်းမှာရှိတဲ့ ကြွက်သားများက တာဝန်ယူ ခြေဖျက်ပေးပြီး လိုအပ်တဲ့အာဟာရတွေကို သွေးကြောထဲသို့ ပို့ဆောင်ပေးပါတယ်။

● ဆီးသွားခြင်း

ကျောက်ကပ်၊ ဆီးပြွန်၊ ဆီးအိမ် စသဖြင့် ဆီးလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ကြွက်သား (smooth muscles)တွေဟာ ကျုံ့ဆန့်လုပ်ပြီး ဆီးသွားရာမှာ ပါဝင်ပါတယ်။ ဆီးသွားချင်လာရင် ထိန်းနိုင်တာဟာလည်း ဆီးအိမ်ကြွက်သားတွေရဲ့ ကျုံ့၊ဆန့် လုပ်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။

● ကလေး မီးဖွားခြင်း

ကိုယ်ဝန်ဆောင်စဉ်မှာ သန္ဓေသား တဖြည်းဖြည်း ကြီးထွားလာတာနဲ့အမျှ သားအိမ်ကြွက်သားများဟာလည်း ဖွံ့ဖြိုးလာပါတယ်။ လစေ့လို့ မွေးဖွားရမယ့်

အချိန်ရောက်လာတဲ့အခါ သားအိမ်ခေါင်းနဲ့ တင်ပဆုံကြွက်သားတွေရဲ့ ကျုံ့၊ဆန့် လုပ်နိုင်စွမ်းကြောင့် ကလေး မွေးဖွားနိုင်ခြင်းဖြစ်ပါတယ်။

● အမြင်အာရုံ

မျက်လုံးရဲ့ အနောက်ဘက်ခြမ်းမှာ အမြင်အာရုံကို ထိန်းညှိပေး နိုင်တဲ့ ကြွက်သား များရှိပါတယ်။ သည် ကြွက်သားတစ်ခုခုမှာ အားနည်းနေရင် အမြင်အာရုံချို့ယွင်းတတ်ပါတယ်။

● ကိုယ်နေဟန်ထားကို ထိန်းသိမ်း‌ခြင်း

အရိုးများမှာ တွယ်ကပ်နေတဲ့ skeletal muscles ကြွက်သားများဟာ လူတစ်ယောက်ရဲ့ ကိုယ်နေဟန်ထားကို တည့်မတ်အောင် ထိန်းထားပေးနိုင်ပါတယ်။ သည်ကြွက်သားတွေ ဒဏ်တစ်ခုခု ခံခဲ့ရမယ်ဆိုရင် ကိုယ်နေဟန်ထားကို ပျက်ယွင်းသွားစေနိုင်ပါတယ်။

သည်လို လူသားတို့အတွက်မရှိမဖြစ်လုပ်ဆောင်ပေးရမယ့် အလုပ်တွေကို ကြွက်သားတွေဟာ လုပ်ဆောင်ပေးခြင်းကြောင့် ကြွက်သားများဟာ လူ့ခန္ဓာကိုယ်အတွက် အလွန်အရေးပါခြင်းဖြစ်ပါတယ်။

Previous Post

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

Next Post

အိပ်ရေးပျက်ခြင်းနှင့် အရေပြားကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အလွှာခြားတာကောင်းလား?

2 weeks ago
108
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 months ago
227

ပန်ဒါမျက်ဝန်းလေး မဖြစ်စေဖို့

2 months ago
212

Screen Time တွေကြောင့် ညအိပ်မပျော်ခြင်း

2 months ago
221

အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေသော အကြောင်းအရင်းများ

3 months ago
315

ဗီတာမင် C ချို့တဲ့ရင် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ?

4 months ago
763

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Sleep deprivation and skin health

အိပ်ရေးပျက်ခြင်းနှင့် အရေပြားကျန်းမာရေး

Problems with muscle loss with age

အသက်အရွယ် ကြီးလာရင် ဖြစ်တဲ့ ကြွက်သားဆုံးရှုံးမှု ပြဿနာများ

Good to know about warts

ကြွက်နို့အကြောင်း သိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.