fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ကော်လာဂျင်သောက်ဖို့ အကောင်းဆုံးအချိန်

When is the best time to take collagen
3.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/12/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ယနေ့ခေတ်မှာဆိုရင် ခေတ်မီသူတိုင်း ကော်လာဂျင်သောက်ကြတယ်လို့ဆိုရမလို ကော်လာဂျင် သောက်တဲ့သူတွေ အများကြီး ရှိနေပါပြီ။ အသက်ရလာတာနဲ့ အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်က ကော်လာဂျင်ထုတ်လုပ်မှု လျော့နည်းလာတာကို ပြန်ဖြည့်တင်းပေးတဲ့အနေနဲ့ ကော်လာဂျင်ကို ဖြည့်စွက်ပြီး သောက်သင့်ပါတယ်။ ကော်လာဂျင်ကို သောက်ကြရာမှာ အလှအပရေးရာအတွက် သောက်ကြသလို ကျန်းမာရေးအတွက်လည်း (ဥပမာ- အရိုးအဆစ်တွေ သန်မာဖို့၊ ဒူးနာ၊ ခါးနာတာသက်သာဖို့) သောက်သုံးကြပါတယ်။

ကော်လာဂျင်သောက်ရာမှာ ထိရောက်မှုရှိစေဖို့…

ကော်လာဂျင်ကို ဘယ်အရွယ်မှာ စသောက်ရမလဲ ?

မနက်ပိုင်းသောက်ရမှာလား? ညမအိပ်ခင် သောက်ရမှာလား?

အကိုက်အခဲပျောက်ဆေးတွေလို အစာနဲ့တွဲသောက်ရမှာလား?

ပိုးသတ်ဆေးတွေသောက်သလို အစာနဲ့ဝေးဝေးသောက်မှ အာနိသင်ပိုရှိမှာလား?

ဘယ်အချိန်မှာ ဘယ်လိုသောက်တာက အကောင်းဆုံးဖြစ်မလဲ?

ဆိုတာက အတော်များများသိချင်ကြတာတွေ ဖြစ်သလို ဒွိဟအဖြစ်ရဆုံးအချက်တွေ ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် ကော်လာဂျင်သောက်ဖို့ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲဆိုတာ ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားပါမယ်။

အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ အသက်၂၅ နှစ်ကျော်လာတာနဲ့ ခန္ဓာကိုယ်မှာ ကော်လာဂျင်ဓါတ် ထုတ်နိုင်စွမ်းကျဆင်း လာတဲ့အတွက် အသက်ရလာတာနဲ့အမျှ ကော်လာဂျင်ကို ပြန်ဖြည့်တင်းပေးတဲ့အနေနဲ့ စတင်သောက်သုံးသင့်ပါတယ်။တကယ်တော့ ကော်လာဂျင်ကို တစ်နေ့တာရဲ့ ဘယ်အချိန်မှာမဆို သောက်လို့ရပါတယ်။ ဘယ်အချိန်မှာ ပိုသောက်သင့်သလဲ ဆိုတာကတော့ သောက်ရတဲ့ ရည်ရွယ်ချက်နဲ့ သက်ဆိုင်ပါတယ်။

• အိုမင်းရင့်ရော်မှုကို ကာကွယ်ဖို့နဲ့ ဆံပင်၊ လက်သည်းခြေသည်းနဲ့ အသားအရေ လှပဖို့အတွက် သောက်တာဆိုရင် မနက်ပိုင်းမှာ သောက်တာအကောင်းဆုံးပါ။ မနက်ပိုင်းမှာ သောက်တာက အသားအရေကို တင်းရင်းစေသလို ခြေသည်းလက်သည်းတွေ သန်မာစေပါတယ်။

• ကော်လာဂျင်ရဲ့ သုံးပုံတစ်ပုံခန့်ဟာ glycine ဆိုတဲ့ ပရိုတင်းတွေပါ။ Glycine တွေက ကြွက်သားတည်ဆောက်မှုအတွက် အထောက်အကူဖြစ်သလို အဆစ်နာတာတွေကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်မှုတွေ သက်သာဖို့၊ အသားအရေ ယောင်ရမ်းပျက်စီးတာတွေ ပြန်ကောင်းဖို့ဆိုရင်တော့ ကော်လာဂျင်ကို ညဘက်သောက်တာ အကောင်းဆုံးပါ။ ကော်လာဂျင်မှာပါတဲ့ gelatin နဲ့ amino acids တွေက အူနံရံတွေကို ချောမွေ့စေပြီး အစာခြေစနစ်ပိုမိုကောင်းမွန်အောင် အထောက်အကူပေးတဲ့အပြင် ညဘက်ကောင်းစွာ အိပ်ပျော်စေလို့ အင်အားအပြည့်နဲ့ လန်းဆန်းစွာ နိုးထလာစေမှာပါ။

• ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ဆောင်မှုများအရ အမိုင်နိုအက်ဆစ်နှင့် အခြားဇီဝလုပ်ဆောင်မှုများ ကောင်းစွာပြန်လည် ဖြည့်တင်းလုပ်ဆောင်ပေးသော recovery အချိန်ဖြစ်တဲ့ ညဖက်တွင် ကော်လာဂျင်ကို မှီဝဲသင့်တယ်လို့ အချို့ကယူဆကြပါတယ်။

• အစာနဲ့ တွဲသောက်ရမှာလား?

ကော်လာဂျင်ဟာ အစာနဲ့တွဲသောက်လို့ ရသလို့ အစာမပါဘဲလည်း သောက်လို့ရတဲ့ ဖြည့်စွက်အာဟာရ ဖြစ်ပါတယ်။ ဒါပေမယ့် အစာအိမ်ထဲမှာ အစာတွေပြည့်နေရင် အစာခြေအက်ဆစ်တွေရဲ့ ချေဖျက်မှုကြောင့် ကော်လာဂျင်ရဲ့အာနိသင် လျော့နည်းသွားနိုင်ပါတယ်။ ဒါကြောင့် ကော်လာဂျင်ကို အစာနဲ့ဝေးတဲ့အချိန် ဒါမှမဟုတ် အအေး၊ ကော်ဖီလို သောက်စရာတစ်ခုခုနဲ့သာ တွဲဖက်သောက်သုံးသင့်ပါတယ်။

ကော်လာဂျင်ကို ဖြည့်စွက်သောက်သုံးတဲ့အခါ လိုချင်တဲ့ အာနိသင်ကို ပြည့်ပြည့်ဝဝရအောင် မနက်အိပ်ယာထချိန်၊ ညအိပ်ယာဝင်ချိန် စသည့် အစာနဲ့ဝေးတဲ့ အချိန်များမှာ မှန်ကန်စွာ မှီဝဲနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။

Author: Dr.Yee Mon

Previous Post

အရေပြားလျော့ရဲစေတဲ့ အကြောင်းအရင်းများ

Next Post

အမျိုးသမီးနှင့် မီးယပ်သွေးဆုံးဝေဒနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
533
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
790

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးနှင့် မီးယပ်သွေးဆုံးဝေဒနာ

အသက် ၅၀ ကျော်အမျိုးသားတို့ သတိထားသင့်တဲ့ကျန်းမာရေးဆိုင်ရာပြဿနာများ

The type of skin whitening medicine that makes the skin white and beautiful without side effects

ဘေးထွက်ဆိုးကျိုးမရှိဘဲ အသားအရေ ဖြူစင်ဝင်းပစေမယ့် အသားဖြူဆေးအမျိုးအစား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.