fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အသက် ၅၀ ကျော်အမျိုးသားတို့ သတိထားသင့်တဲ့ကျန်းမာရေးဆိုင်ရာပြဿနာများ

321
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/01/2023
in အမျိုးသားကျန်းမာရေး
1 min read
A A

လူ့ခန္ဓာကိုယ်ရဲ့ ပျက်စီးယိုယွင်းတတ်တဲ့ သဘောအရ အသက်အရွယ်ရလာတာနဲ့ ကျန်းမာရေးပြဿနာများကို ကြုံတွေ့လာရတတ်ပါတယ်။ အမျိုးသမီးများတွင် အသက်ကြီးလာသည်နှင့် အမျိုးသမီးရောဂါများဖြစ်သည့် သွေးဆုံးကိုင်ခြင်း၊ သားအိမ်ရောဂါများ၊ ဟော်မုန်းရောဂါများကို ခံစားရလေ့ရှိပါတယ်။ အလားတူပင် အမျိုးသားများတွင် အသက်အရွယ်ရလာသည်နှင့် ခန္ဓာကိုယ်ကျန်းမာရေး ပြောင်းလဲမှုများ ပို၍ကြုံတွေ့လာနိုင်ပါတယ်။ အသက် ၅၀ ကျော်အမျိုးသားတို့ သတိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေကတော့

(၁) သွေးတိုးရောဂါ
အသက်အရွယ် ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်ရှိ သွေးကြောနံရံများ ထူလာခြင်း၊ ကိုယ်အလေးချိန်နှင့် စိတ်ဖိစီးမှု များလာခြင်းတို့ကြောင့် သွေးတိုးရောဂါ ခံစားလာရတတ်ပါတယ်။သွေးပေါင်ထိန်းညှိပေးသည့် သွေးတိုးကျဆေးများ antihypertensive၊ အစားအသောက်နှင့် နေ့စဉ်နေ့ထိုင်မှု ပုံစံကို ပြောင်းလဲခြင်း Diet and lifestyle modification၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းတို့ဖြင့် သွေးတိုးရောဂါကို ထိန်းချုပ်နိုင်ပါတယ်။

(၂) အဝလွန်ခြင်း
အစားအသောက် သင့်တင့်မျှတအောင် မှီဝဲခြင်းမပြုဘဲ အဆီများသော အသင့်စားအစာများ၊ ဆီကြော်အစားအစာများ၊ အချိုရည်များ၊ ဘီယာကဲ့သို့ အရက်ယမကာများ အလွန်အကျွံမှီဝဲခြင်း၊ လမ်းလျှောက်ခြင်းကဲ့သို့ လေ့ကျင့်ခန်း ပုံမှန်မပြုလုပ်ခြင်းတို့ကြောင့် အဝလွန်ခြင်း ပြဿနာကို ကြုံတွေ့ရပြီး နောက်ဆက်တွဲ အနေနဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတို့ ခံစားလာရတတ်ပါတယ်။

(၃) ဆီးချိုရောဂါ
အမျိုးအစား၂ ဆီးချိုရောဂါသည် အသက် ၅၀ ကျော် အမျိုးသားတို့ သတိပြုရမည့် ရောဂါတစ်ခုဖြစ်ပြီး မိဘမျိုးရိုးရောဂါရာဇဝင်တွင် ဆီးချိုရောဂါရှိသူများသည် အစားအသောက် နေထိုင်မှုပုံစံကို ဂရုစိုက်ပြီး သွေးတွင်းသကြားဓါတ် စစ်ဆေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

(၄) သွေးတွင်းအဆီဓါတ်နှင့် ကိုလက်စထရောများရောဂါ
အဆီအဆိမ့်များသော အစားအစာများ၊ ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း၊ သွေးတွင်းအဆီဓါတ်နှင့် ကိုလက်စထရောများသော hyperlipidaemia မျိုးရိုးရှိသူများတွင် သွေးတွင်းအဆီဓါတ်နှင့် ကိုလက်စထရောများတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးဖောက်ခြင်း၊ လေဖြတ်လေဖြန်းခြင်း စတဲ့ပြဿနာတွေ ခံစားရနိုင်ပါတယ်။

(၅) နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြန်းရောဂါများ
သွေးတိုးဆီးချို၊ အဝလွန်၊ သွေးတွင်းအဆီဓါတ် များတဲ့ရောဂါ အခံရှိသူများတွင် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွါးမှုများတတ်၍ ဂရုပြုဆင်ခြင်သင့်ပါတယ်။

(၆) ကင်ဆာရောဂါများ
အသက်ကြီးလာသည်နှင့် သတိပြု စစ်ဆေးရမည့် ရောဂါအမျိုးအစားတစ်ခုမှာ ကင်ဆာရောဂါဖြစ်ပါတယ်။ အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာများ၊ အသည်း၊ အဆုတ်ကင်ဆာ၊ ဆီးကြိတ်ကင်ဆာ စသည့်ရောဂါများကို နှစ်စဉ်စစ်ဆေးသင့်ပါတယ်။

(၇) စိုးရိမ်လွန်ကဲစိတ်ရောဂါနှင့် စိတ်ကျရောဂါ
အသက်၅၅နှစ်နှင့်အထက် အမျိုးသားများ၏ ၂၂%ခန့်သည် စိတ်ကျန်းမာရေးပြဿနာများ ရင်ဆိုင်နေရလေ့ရှိသည်ဟု လေ့လာချက်စစ်တမ်းများက ဖော်ပြထားပါတယ်။ အလုပ်တာဝန်၊ မိသားစုတာဝန်နှင့် အခြားသောစိတ်ဖိစီးမှုများကြောင့် အသက်၅၀ကျော်အမျိုးသားများတွင် စိုးရိမ်လွန်ကဲစိတ်ရောဂါနှင့် စိတ်ကျရောဂါများ ဖြစ်တတ်ပါတယ်။ သွေးတိုးဆီးချို၊ နှလုံးရောဂါကဲ့သို့ ရောဂါများဟာ ကျန်းမာသောနေထိုင်မှုပုံစံမှ သွေဖယ်သည့် နေထိုင်မှုပုံစံများ ( ဆေးလိပ်၊ အရက်နှင့် ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း) ကြောင့်ဖြစ်နိုင်ပြီး ထိုအပြုအမှုများသည် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကြောင့် ဖြစ်နိုင်ပါတယ်။

(၈) ဆီးကြိတ်ရောဂါများ
ဆီးကြိတ်ကြီးခြင်း၊ ဆီးကြိတ်ယောင်ခြင်းနှင့် ဆီးကြိတ်ကင်ဆာရောဂါများသည် အမျိုးသားအသက်၅၀ အထက်များတွင် ဖြစ်ပွါးမှုများသဖြင့် အမျိုးသားများအနေဖြင့် အသက် ၄၀ကျော်မှစ၍ ဆီးကျိတ်ရောဂါနှင့် ကင်ဆာ ရှိမရှိကို ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။

(၉) ကိုယ်ခံစွမ်းအားနှင့် ရောဂါပိုးကူးစက်နိုင်မှု
အသက်အရွယ်ရလာတာနဲ့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားနှင့် ရောဂါကာကွယ်နိုင်မှုတွေဟာ လျော့နည်းလာလေ့ရှိပြီး တုပ်ကွေးနှင့် အခြားဗိုင်းရပ်စ ရောဂါပိုးမွှားများ ပိုကူးစက်လာနိုင်ပါတယ်။ ထို့ကြောင့် ရောဂါကူးစက်နိုင်သည့် လူထူထပ်သည့် နေရာများရှောင်ခြင်း၊ နှာခေါင်းစည်း အကာအကွယ်တပ်ဆင်ခြင်း၊ လက်ကိုသေချာဆေးကြောခြင်းစည့် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်သင့်ပါတယ်။

Author: Dr.Yee Mon

 

Previous Post

အမျိုးသမီးနှင့် မီးယပ်သွေးဆုံးဝေဒနာ

Next Post

ဘေးထွက်ဆိုးကျိုးမရှိဘဲ အသားအရေ ဖြူစင်ဝင်းပစေမယ့် အသားဖြူဆေးအမျိုးအစား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Why men lose their sexuality prematurelyuality -prematurely

အမျိုးသားများ အရွယ်မတိုင်ခင် လိင်စိတ်နည်းပါးလာရခြင်းအကြောင်း

2 months ago
1.8k
To be a healthy, happy and energetic man

ကျန်းမာပျော်ရွှင်ပြီး တက်ကြွလန်းဆန်းတဲ့ အမျိုးသားတစ်ဦးဖြစ်ဖို့

3 months ago
731
Men's Skincare

အမျိုးသားတို့ Skincare ဖို့

4 months ago
650
bachelor, Puberty and obesity

လူပျို၊ အပျိုဖော်ဝင်စအရွယ်နှင့် အဝလွန်ခြင်းအကြောင်း

4 months ago
634
How to use condoms properly

ကွန်ဒုံးစနစ်တကျ အသုံးပြုနည်း

4 months ago
1.5k
Men and prostate risk

အမျိုးသားနှင့် ဆီးကျိတ်အန္တရာယ်

5 months ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0

Health Tips

Next Post
The type of skin whitening medicine that makes the skin white and beautiful without side effects

ဘေးထွက်ဆိုးကျိုးမရှိဘဲ အသားအရေ ဖြူစင်ဝင်းပစေမယ့် အသားဖြူဆေးအမျိုးအစား

summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

ကိုယ်လက်တွေကိုက်ခဲပြီး ဖျားနာချင်လာပြီဆိုရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.