fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အရေပြားလျော့ရဲစေတဲ့ အကြောင်းအရင်းများ

395
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/12/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အသက်အရွယ် ရလာတာနဲ့အမျှ အရေပြားက လျော့တွဲလာပြီး အသားအရေက ပွစိစိ ပျော့ဖတ်ဖတ် ဖြစ်လာတတ်ကြပါတယ်။ အဲဒီလို အသားအရေ လျော့တွဲတာကို အသက်ကြီးလာတာကြောင့်လို့ အများစုက ထင်ကြပါတယ်။ တကယ်တော့ အရေပြားလျော့တွဲလာတာဟာ အသက်ကြီးတာ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ တခြားအကြောင်းတွေလည်း ရှိပါသေးတယ်။

အရေပြားလျော့တွဲစေတဲ့ အကြောင်းတွေကို ကြည့်လိုက်ကြရအောင်…

(၁) အသက်ကြီးလာတာ

အသက်ကြီးလာရင် အရေပြားတွေ လျော့တွဲလာတာ ဓမ္မတာပါပဲ။ အသက်ကြီးလာတဲ့အခါ အရေပြားကနေ ကော်လာဂျင်နဲ့ elastin တွေ ထုတ်တာလျော့နည်းလာတဲ့အတွက် အရေပြားက တင်းရင်းမှု မရှိတော့တဲ့အပြင် အရေးအကြောင်းအတွန့်တွေ ဖြစ်လာတာ၊ စိုပြေမှုမရှိတော့ဘဲ အမဲစက်၊ အညိုကွက်တွေ ပေါ်လာတာတွေ ဖြစ်တတ်ပါတယ်။

(၂) နေရောင်ခြည်နဲ့ ထိတွေ့တာ

နေရောင်ခြည်ထဲမှာ ပါဝင်တဲ့ UVA/UVB တွေက အရေပြားမှာရှိတဲ့ DNA တွေကို ပြောင်းလဲစေပြီး ဆဲလ်တွေ အချိန်မတိုင်ခင် သေဆုံးစေကာ ကော်လာဂျင်နဲ့ elastin တွေ လျော့နည်းသွားစေလို့ အရေပြားက လျော့တွဲလာတတ်ပါတယ်။

(၃) ကိုယ်အလေးချိန်ကျတာ

လေ့ကျင့်ခန်းလုပ်တာ၊ အသီးအရွက်တွေ များများစားပြီး အဆီအစိမ့်တွေ ရှောင်တာမျိုးနဲ့ စနစ်တကျ ကိုယ်အလေးချိန်ချတာမဟုတ်ဘဲ အချိန်တိုအတွင်းမှာ ရုတ်တရက် ကိုယ်အလေးချိန်အများကြီး ကျအောင်လုပ်လိုက်တဲ့အခါ (ဥပမာ-ပိန်ဆေးတွေ သောက်တာ၊ အစားမစားဘဲ ရှောင်တာ) အရေပြားက လျော့တွဲသွားစေတတ်ပါတယ်။

(၄) ဆေးလိပ်သောက်တာ

ဆေးလိပ်သောက်တာကလဲ အရွယ်မတိုင်ခင် အိုမင်းမှုရဲ့ တရားခံပါပဲ။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်က သွေးကြောတွေကို ကျဉ်းစေပြီး အရေပြားမှာ သွေးလှည့်ပတ်မှု နည်းစေပါတယ်။ အရေပြားက အောက်ဆီဂျင်နဲ့ အာဟာရတွေ ရရှိမှု လျော့နည်းလာတဲ့အခါ ဆဲလ်တွေအချိန်မတိုင်ခင် သေဆုံးပြီး အရေပြားက လျော့တွဲလာမှာပါ။

ဘယ်လို ကာကွယ်မလဲ?

*နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ။ နေပူထဲသွားတိုင်း sun protection factor SPF 30+ ပါတဲ့ နေရောင်ကာခရင်မ် လိမ်းပါ။ အိမ်ထဲမှာနေရင်လဲ မနက်ပိုင်း skin care အဆင့်တွေထဲမှာ နေရောင်ကာခရင်မ်ကို မဖြစ်မနေထည့်ဖို့ မမေ့ပါနဲ့။ အထူးသဖြင့် မနက် ၁၀ နာရီကနေ နေ့လည် ၂ နာရီအတွင်း နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ပါ။
* ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်ပါ။

* Skin care လုပ်ပါ။ ဆဲလ်သေတွေ ဖယ်ရှားတဲ့ exfoliation၊ ရေဓာတ်
ဖြည့်ပေးတဲ့ hydration နဲ့ အစိုဓာတ်ဖြည့်ပေးတဲ့ moisturizing တွေ သေချာလုပ်ပါ။
* အာဟာရဖြစ်အောင် စားပါ။ အသားအရေကောင်းစေတဲ့ ဗိုက်တာမင် A, C, E နဲ့ antioxidants တွေပါတဲ့ အသီးအရွက်၊ ပဲနဲ့ အစေ့အဆန်တွေ များများစားပါ။ ဆီကြော်တွေ၊ ရယ်ဒီမိတ်အစားအစာတွေ၊ သကြားနဲ့ ဆားအများကြီးပါတဲ့ အစားအစာတွေ ရှောင်ပါ။
* ရေများများသောက်ပါ။ ရေသောက်တာက အရေပြားကို ရေဓာတ်ဖြည့်ပေးပြီး အသားအရေ တင်းရင်းစေပါတယ်။
* စနစ်တကျ ဝိတ်ချပါ။ တစ်ပတ်ကို တစ်ပေါင်၊ နှစ်ပေါင်ခန့် ကိုယ်အလေးချိန်ချတာက အသင့်တော်ဆုံးပါပဲ။ လေ့ကျင့်ခန်း စနစ်တကျလုပ်တာ၊ အစာမစားတာထက် အဆီအစိမ့်နဲ့ ကယ်လိုရီတွေနေရာမှာ အသီးအရွက်နဲ့ ပဲများများ အစားထိုးစားခြင်းဖြင့် ကိုယ်အလေးချိန်ချတာမျိုး လုပ်သင့်ပါတယ်။
* စိတ်ဖိစီးမှုနည်းအောင်နေပါ။ အိပ်ရေးဝအောင်အိပ်ပါ။
* မျက်နှာ facial yoga ယောဂလို့ခေါ်တဲ့ မျက်နှာလေ့ကျင့်ခန်းလုပ်တာကလည်း အသားအရေကို တင်းရင်းစေပါတယ်။
* ကော်လာဂျင်ပါတဲ့ ဖြည့်စွက်စာတွေလည်း သောက်လို့ရပါတယ်။
* Botox ထိုးတာ၊ ကော်လာဂျင် ကြိုးထိုးတာ၊ filler ဖြည့်တာ၊ လေဆာရောင်ခြည်နဲ့ကုတာ စသဖြင့် အရေပြားဆေးခန်းမှာ လုပ်လို့ရတဲ့ ကုသမှုတွေလည်း ရှိပြီး တကယ်နားလည်တတ်ကျွမ်းတဲ့သူနဲ့သာ လုပ်သင့်ပါတယ်။

အိုမင်းတာဟာ သဘာဝမို့ မအိုအောင် တားဆီးလို့မရပေမယ့် အရွယ်မတိုင်ခင် မအိုအောင်နဲ့ နုပျိုလှပစွာ အသက်အရွယ် ရလာအောင် လုပ်လို့ရတာမို့လို့ အထက်ပါနည်းလမ်းများအတိုင်း ဂရုစိုက်ကြရအောင်ပါ။

Author: Dr.Yee Mon

Previous Post

ဝက်ခြံပေါက်သူတွေ သတိထားသင့်တဲ့အမှားများ

Next Post

ကော်လာဂျင်သောက်ဖို့ အကောင်းဆုံးအချိန်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

The type of skin whitening medicine that makes the skin white and beautiful without side effects

ဘေးထွက်ဆိုးကျိုးမရှိဘဲ အသားအရေ ဖြူစင်ဝင်းပစေမယ့် အသားဖြူဆေးအမျိုးအစား

3 weeks ago
335
When is the best time to take collagen

ကော်လာဂျင်သောက်ဖို့ အကောင်းဆုံးအချိန်

1 month ago
499
Mistakes that people with acne should be aware of

ဝက်ခြံပေါက်သူတွေ သတိထားသင့်တဲ့အမှားများ

1 month ago
331
About the difference between collagen and glutamate

ကော်လာဂျင်နဲ့ ဂလူတာရဲ့ကွာခြားချက်အကြောင်း

1 month ago
315
A type of whitening medicine that can be taken by people with acne

ဝက်ခြံရှိသူတွေပါသောက်လို့ရတဲ့ အသားဖြူဆေးအမျိုးအစား

2 months ago
299
causes of acne

ဝက်ခြံပေါက်ရခြင်း အကြောင်းအရင်းများ

2 months ago
358

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0

Health Tips

Next Post
When is the best time to take collagen

ကော်လာဂျင်သောက်ဖို့ အကောင်းဆုံးအချိန်

အမျိုးသမီးနှင့် မီးယပ်သွေးဆုံးဝေဒနာ

အသက် ၅၀ ကျော်အမျိုးသားတို့ သတိထားသင့်တဲ့ကျန်းမာရေးဆိုင်ရာပြဿနာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.