fbpx

Myanmar (Covid-19 Stats)

😷 44,774 Total Cases
😥 1,095 Deaths
😇 24,920 Recovered

အိမ်သုံးပစ္စည်းလေးတွေသုံးပြီးလှကြရအောင်

အချိန်မကုန်လူမပင်ပန်း၊ ဈေးသက်သာစွာဖြင့် လူတိုင်းနီးပါးသုံးနိုင်တဲ့ အသီးတွေ အစားအသောက်တွေက သင့်အသားအရေအတွက် ဘယ်လိုအထောက်အကူပြုလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာပြောပြပေးလိုက်ပါတယ်နော်။

ကြက်ဥ အကာ
ကြက်ဥတစ်လုံးကို ဖောက်ပြီး အနှစ်ကိုဖယ်ထားပါ အကာကိုယူပြီး မျက်နှာတစ်ဝိုက်ကို လိမ်းပေးရပါမယ်။ ပြီးလျှင်
အခြောက်ခံပေးပါ။ မျက်လုံးတစ်ဝိုက်နေရာများကို လိမ်းပေးဖို့လည်း မမေ့သင့်ပါဘူးနော် … မျက်နှာ်မှာ လိမ်ထားတဲ့အကာတွေ တင်းတင်းလေးဖြစ်လာရင်တော့ ရေဖြင့် ဆေးပြီး နူးညံ့သော ပဝါဖြင့်သုတ်ပေးပါ။ အသားအရေ တင်းတင်းလေးနဲ့ နဂိုထက်ကြည်လင်ဝင်းပလာပါလိမ့်မယ်။ ခဏခဏတော့ မလုပ်သင့်ပါဘူးနော်။

သင်္ဘောသီး

သင်္ဘောသီးအမှည့်တစ်လုံးကနေ ရရှိတဲ့အနှစ်ကို မျက်နှာမှာ မိနစ် ၂၀ လောက်လိမ်းပေးပါ။ မျက်လုံးအောက်နဲ့ မျက်ခွံတွေပေါ်ကိုလည်းလိမ်းပေးဖို့မမေ့ပါနဲ့နော်။ မိနစ် ၂၀လောက်ပြည့်ရင် မျက်နှာကို ရေနွေးနွေးလေးဖြင့်ဆေးပေးပါ။ မျက်နှာအသားအရေ လှပစိုပြေပြီးပုံမှန်ပြုလုပ်ပေးရင် အမဲစက်တွေကိုတောင် သက်သာပျောက်ကင်းစေပါတယ်နော်။

ပျားရည်နှင့်လီမွန်

လီမွန် စားပွဲတင်ဇွန်းတစ်ဇွန်းကို ရောစပ်ပြီး ပျစ်ချွဲသော အရည်တစ်ခွက်ဖြစ်အောင် ပြုလုပ်ပါ။ ပြီးလျှင် မျက်နှာပြင်ပေါ်သို့ လိမ်း၍ အဝိုင်းပုံစံအတိုင်း ဖြည်းညင်းစွာ နှိပ်နယ်ပေးပါ။မိနစ်နှစ်ဆယ်ခန့် မျက်နှာပြင်ပေါ်တွင် ခြောက်အောင်ထားပေးပါ။ အကယ်၍ ယားယံလာပါက လီမွန်အနည်းငယ် ထပ်ရောပေးပါ။ အဆိုပါ နည်းလမ်းများအတိုင်း တစ်လလုံးလုံး ညတိုင်း ဆက်တိုက်လုပ်ဆောင်ပေးပါက အရေးအကြောင်းများ၊ ပါးရေတွန့်ခြင်းများ၊ အမည်းစက်များ
ပျောက်ကင်းသက်သာလာသည်ကို တွေ့ရပါလိမ့်မည်။

အာလူး

အာလူးတစ်လုံးကိုရေနဲ့သန့်စင်အောင် ဆေးကြောပါ ။ ခပ်ပါးပါး အဝိုင်းပြားကလေးများ ဖြစ်အောင် လှီးဖြတ်ပြီး မျက်နှာပြင်ပေါ်မှာ အသေအချာ ကပ်ထားပေးပါ။ ဒီနည်းလမ်းလေးမပြလုပ်ခင် မျက်နှာကိုတော့ မျက်နှာသစ်ဆေးသုံးပြီး ဒါမှမဟုတ် ဆပ်ပြာနဲ့ မျက်နှာသစ်ထားဖို့တော့လိုမယ်နေ်ာ။ အာလူးအချပ်လေးတွေကပ်ပြီး မိနစ် ၂ဝ လောက်ထားပါ။ ပြီးရင် ရေအေးအေးနဲ့ မျက်နှာပြန်သစ်ပါ။ သင့်မျက်နှာပြင်က အမည်းအစက် အပျောက်တွေအတွက် ထူးခြားမှုကို စတွေ့ရမှာပါ။ မကြာခဏပြုလုပ်ဖို့တော့ မမေ့ပါနဲ့။
ကန်စွမ်းဥ

ကန်စွန်းဥကို ပြုတ်၍ အအေးခံပြီး အနှစ်ဖြစ်အောင် ပြုလုပ်ပါ။ ပြီးလျှင် မျက်နှာပြင်ပေါ်သို့လိမ်းပေးပြီး ၁၅ မိနစ်မှ မိနစ် ၂၀ ခန့် အခြောက်ခံပေးကာ ရေဖြင့်ဆေးပေးပါ။ မျက်လုံးတစ်ဝိုက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးနိုင်ပါသည်။ ကန်စွန်းဥကို နှစ်ခြမ်းခွဲ၍မျက်လုံးပေါ်သို့ တင်ထားပေးပါက မျက်လုံးညောင်းညာခြင်းကို  သက်သာစေနိုင်သည်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးတစ်လုံးကိုရေဆေးပါ။ ရေဆေးပြီးသားခရမ်းချဉ်သီးကို ထပ်ခြမ်းခြမ်းပြီး ခရမ်းချဉ်သီးဖြင့် မျက်နှာကိုပွတ်ပေးပါ။ မျက်နှာပြင်တစ်ခုလုံးပွတ်လိမ်းပေးပြီး ၁၅ မိနစ် ၊ မိနစ် ၂၀ခန့်ထားပါ။ ထို့နောက်ရေအေးအေးလေးနှင့် မျက်နှာကို ဆေးပေးပါ။ ထို့နောက်မျက်နှာသုတ်ပုဝါ နုနုလေးဖြင့်မျက်နှာ်ကိုသုတ်ပေးပါ။ သင့်မျက်နှာလေးချောမွတ်လာတာကိုတွေ့ရပါလိမ့်မယ်။ အကောင်းဆုံးအချိန်ကတော့ ညဘက်မအိပ်ခင် လုပ်သင့်ပါတယ်။ ဒီနည်းလေးအတိုင်းပြုလုပ်ပြီး မျက်နှစ်သစ်ကာ ညအိပ်ယာဝင်ရင် နဂိုညတွေထက်ကို ပိုမိုနှစ်ခြိုက်စွာအိပ်ပျော်စေနိုင်မှာပါနော်။

ဒိန်ချဉ်နှင့် သခွားမွေး

ဒိန်ချဉ်တစ်ဝက်ထည့်ထားသော ခွက်ထဲသို့ ရင့်မှည့်နေသည့် သခွားမွှေး ရှစ်ပုံတစ်ပုံခန့်ထည့်ကာ  အနှစ်ရအောင် ပြုလုပ်ပါ။ ပြီးလျှင် မျက်နှာပြင်ပေါ်တွင် လိမ်းပေး၍ ဆယ်မိနစ်ခန့်ထားပေးပါ။ ထို့နောက် ရေနွေးဖြင့် ဆေးပေးပါ။ တစ်ပတ်ကို သုံးကြိမ်လောက် ပြုလုပ်ပေးပါ။
အသားအရေ စိုပြေဝင်းလက်၍ ဇရာလက္ခဏာများကို သက်သာပျောက်ကင်းစေနိုင်ပါသည်။

ဆက်စပ် ဆောင်းပါးများ