fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဝက်ခြံထွက်ခြင်းကို ဘယ်လိုလျှော့မလဲ

6
VIEWS
Share on FacebookShare on Twitter
17/06/2017
in အလှအပနှင့်ကျန်းမာရေး
စာဖတ်ရန်ကြာချိန် 1 မိနစ်
A A
0 0

(Zawgyi)

ဆယ္ေက်ာ္သက္လူငယ္မ်ားအၾကားတြင္ ဝက္ၿခံထြက္ျခင္းသည္ အဓိကအႀကီးမားဆုံး အလွအပေရးရာဆိုင္ရာ ျပႆနာတစ္ခုအျဖစ္ ရွိေနတတ္ၾကသည္။
ဆယ္ေက်ာ္သက္ၿမီးေကာင္ေပါက္စအ႐ြယ္၌ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ဝက္ၿခံမ်ားထြက္တတ္ၾကသည္။ ထို႔အျပင္ စိဖိစီးမႈ၊ မ်ိဳး႐ိုးဗီဇ အစရွိသည္တို႔  ေၾကာင့္လည္းမ်က္ႏွာေပၚ၌ ဝက္ၿခံမ်ား ထြက္တတ္ၾကသည္။ ထို႔သို႔ ဝက္ၿခံမ်ား မ်က္ႏွာေပၚတြင္မ်ားျပားစြာထြက္လာပါက စိတ္မသက္သာရာရၿပီး ေပ်ာက္    ကင္းေအာင္ နည္းလမ္းေပါင္းစုံျဖင့္ ကုသတတ္ၾကသည္။

သို႔ရာတြင္ သက္သာသြားသည္မ်ားရွိသလို ပိုမိုဆိုးဝါးသြားသည္မ်ားလည္းေတြ႕ျမင္ေနရသည္။ ထို႔ေၾကာင့္ ဝက္ၿခံ အလြန္မ်ားျပားလာပါကတတ္ကြၽမ္းနား  လည္ေသာာ အေရျပားအထူးကု ဆရာဝန္တစ္ဦးဦးႏွင့္ ျပသကုသ သင့္ပါသည္။ ဝက္ၿခံ အလြန္မဆိုးဝါးပါက မိမိ၏ ေနထိုင္မႈပုံစံကို ေျပာင္းလဲျခင္းျဖင့္
ဝက္ၿခံေလွ်ာ့ခ်ႏိူင္မည့္ နည္းလမ္းမ်ား ရွိပါသည္။ အဆိုပါ နည္းလမ္းမ်ားကိုေဖာ္ျပေပးလိုက္ပါသည္။

(၁) အိပ္စက္ခ်ိန္မ်ားမ်ား ယူေပးပါ။
သုေတသန ေလ့လာခ်က္မ်ားအရ အိပ္စက္ခ်ိန္ နည္းပါးျခင္းႏွင့္ ဝက္ၿခံထြက္ျခင္းဆက္စပ္ေနေၾကာင္း သိရသည္။ အိပ္စက္ခ်ိန္ နည္းပါးပါက စိတ္ဖိစီးမႈ မ်ား   ျပားလာႏိူင္ေျခပိုမ်ားၿပီးစိတ္ဖိစီးမႈသည္ Glucocorticoid ကို ထြက္ရွိေစကာ အေရျပား၏ တည္ေဆာက္ပုံႏွင့္လုပ္ငန္းေဆာင္တာမ်ားကို ယိုယြင္းပ်က္စီးေစသည္။ ထို႔အျပင္ အိပ္စက္ေနခ်ိန္ အခန္းအတြင္းအပူခ်ိန္ကို ၆၅ မွ ၇၂ ဒီဂရီဖာရင္ဟိုက္အတြင္း ထားရွိလွ်င္ အေကာင္းဆုံးျဖစ္ၿပီး ပိုမိုအိပ္ေပ်ာ္ေစကာဝက္ၿခံထြက္ျခင္း နည္းပါးႏိူင္ပါသည္။

(၂) အစားအေသာက္ပုံစံ ေျပာင္းလဲလိုက္ပါ။
အခ်ိဳ႕အစားအစာမ်ားသည္ ေသြးတြင္းသၾကားဓာတ္ကို လွ်င္ျမန္စြာ တက္ေစၿပီးအင္ဆူလင္ကို အမ်ားအျပားထြက္ေစပါသည္။ အင္ဆူလင္မ်ားျပားလာပါက အေရျပားေပၚရွိေခြၽးေပါက္ကေလးမ်ားကို ပိတ္ေစႏိူင္သည့္ ဆဲလ္မ်ား ပိုမိုမ်ားျပားလာကာ အဆီဂလင္းကိုပိုမိုအလုပ္လုပ္ေစပါသည္။အေမရိကန္ အာဟာရဆိုင္ရာ ဂ်ာနယ္၏ အႀကဳံျပဳခ်က္တြင္ ဝက္ၿခံထြက္ျခင္းကိုအစားအေသာက္ေျပာင္းလဲျခင္းျဖင့္ သက္သာေစႏိူင္ေၾကာင္း၊ ေတြ႕ရွိရသည္။ ဂ်ဳံ၊ ေျပာင္း၊ပဲေတာင့္ရွည္ႏွင့္ ပဲအမ်ိဳးမ်ိဳး၊ ဟင္းသီးဟင္း႐ြက္မ်ား၊ အီတလီေခါက္ဆြဲ၊ ဆန္ျဖဴႏွင့္ေပါင္မုန႔္ျဖဴမ်ားသည္ ဝက္ၿခံထြက္တတ္သူမ်ားအတြက္ အသင့္ေတာ္ဆုံး အစားအစာမ်ား ျဖစ္သည္။

(၃) ေလ့က်င့္ခန္း ျပဳလုပ္ေပးပါ။
ေလ့က်င့္ခန္းျပဳလုပ္ေပးျခင္းျဖင့္ ေသြးလည္ပတ္မႈေကာင္းမြန္ေစ၍ အေရျပားဆဲလ္မ်ားကိုေအာက္စီဂ်င္ပိုမို ေရာက္ရွိေစၿပီး ဆဲလ္အေသမ်ားကို ဖယ္ရွားေပးကာ အေရျပားကိုက်န္းမာေစပါသည္။ ထို႔အျပင္ ေလ့က်င့္ခန္းလုပ္ေပးျခင္းသည္ စိတ္ဖိစီးမႈကို ေလ်ာ့က်ေစၿပီးဝက္ၿခံထြက္ျခင္းကို သက္သာေစသည္။ေလ့ က်င့္ခန္းလုပ္ျခင္းေၾကာင့္ ေခြၽးမ်ားထြက္ေနျခင္းက အေရျပားကို ထိခိုက္ႏိူင္သည္ဟုစိတ္ထဲကသိကေအာက္ ျဖစ္ေနပါက ေလ့က်င့္ခန္းျပဳလုပ္ၿပီးေနာက္ ေရခ်ိဳးေပးလိုက္ျခင္းသည္အေကာင္းဆုံးနည္းလမ္းျဖစ္သည္။

(၄) ေရမ်ားမ်ားေသာက္ေပးပါ။
ေရမ်ားမ်ားေသာက္ေပးျခင္းသည္ အေရျပားကိုက်န္းမာေစၿပီး ခႏၶာကိုယ္အဆိပ္အခ်ိဳ႕ကိုအျပင္သို႔ ေရာက္ရွိေစႏိူင္သည္။ ကိုလံဘီရာ တကၠသိုလ္၏ သုေတ သနေလ့လာခ်က္မ်ားအရေရမ်ားမ်ားေသာက္ေပးျခင္းသည္ ေသြးစီးဆင္းမႈကို ေကာင္းမြန္ေစၿပီးအေရျပားကို က်န္းမာေစကာဝက္ၿခံကိုသက္သာေစႏိူင္သည္။

(၅) ေနေလာင္ခံ ခရင္လိမ္းေပးပါ။
ေနေလာင္ခံခရင္ကို မ်က္ႏွာေပၚတြင္ လိမ္းထားပါက အသားအေရ မၾကည္လင္၊ မရွင္းလင္းဟုထင္ေနတတ္ၾကသည္။ ေနပူထဲထြက္ပါက ေနေလာင္ခံ ခရင္လိမ္းထားျခင္းသည္ ေနေလာင္ျခင္းမွအေရျပားေရာင္ရမ္းျခင္းကို သက္သာေစႏိူင္သည္။ ေနေလာင္ခံ ခရင္ မလိမ္းထားပါက အလြယ္တကူေနေလာင္ကာ ဝက္ၿခံမ်ား၊ အမည္းစက္မ်ားကို ပိုမို ျဖစ္ေစႏိူင္ပါသည္။ ထို႔အျပင္ေနပူထဲ ေနေလာင္ခံခရင္ မလိမ္းဘဲ သြားပါက အေရျပားကင္ဆာ ျဖစ္ႏိူင္ေျခ ပိုမ်ားပါသည္။
ထို႔ေၾကာင့္ ေနပူထဲသြားတိုင္း ေနေလာင္ခံ ခရင္ လိမ္းသင့္ၿပီး ေဆးဘူးမွ ပါဝင္ပစၥည္းအၫႊန္းကိုလည္း ေသခ်ာ ဖတ္ၾကည့္သင့္သည္။ ဝက္ၿခံထြက္လြယ္သူ  ျဖစ္ပါကဓာတုပစၥည္းအေပ်ာ့စားမ်ား ျဖစ္ေသာ Avovenzone, Oxyben zone, Methoxycinnamate, Octocylene, Zinc Oxide မ်ားပါဝင္ေသာ ေနေလာင္ခံ ခရင္ကို ေ႐ြးခ်ယ္ေပးသင့္သည္။ ေဆးအၫႊန္းတြင္Noncome dogenic ဟု ေရးထားပါက အေရျပားအေပါက္မ်ားကို မပိတ္ေစႏိူင္ေၾကာင္းျဖစ္ၿပီးဝက္ၿခံရွိ သူမ်ားအတြက္ သင့္ေလ်ာ္သည္။

(၆) အိုမီဂါ ၃ ဖက္တီးအက္ဆစ္ပါေသာ အစားအစာမ်ားကို စားေပးပါ။
အိုမီဂါ ၃ သည္ လူကိုထ႐ိုင္းရန႔္ ဘီ ၄ ထုတ္လုပ္မႈကို ထိန္းခ်ဳပ္ေပး၍ လူကိုထ႐ိုင္းရန႔္သည္အဆီကို မ်ားျပားေစကာ ဝက္ၿခံကို ျဖစ္ေစႏိူင္သည္။ ထို႔ေၾကာင့္ အိုမီဂါ ၃ ပါဝင္ေသာအစားအစာမ်ားကို စားသုံးေပးသင့္ၿပီး ေထာပတ္သီး၊ ဆယ္လ္မြန္၊ သစ္ၾကားသီးႏွင့္ အေစ့မွရေသာအဆီမ်ားတြင္ အိုမီဂါ ၃ အမ်ားဆုံးပါရွိပါသည္။ လိုအပ္ပါက အိုမီဂါ ၃ ျဖည့္စြက္ေဆးမ်ားကို ေသာက္သုံးေပးႏိူင္သည္။

(၇) တစ္ေန႔ ႏွစ္ႀကိမ္ မ်က္ႏွာေဆးေပးပါ။
မ်က္ႏွာသည္ ခႏၶာကိုယ္ရွိ အျခားအစိတ္အပိုင္းမ်ားထက္ အဆီထုတ္ဂလင္းမ်ားပိုမိုမ်ားျပားေၾကာင္း၊ ခ်ီကာဂိုအေရျပား အထူးကုဆရာဝန္ ေဒါက္တာ ဂ်က္    ေကာ့က အေရျပားဆိုင္ရာဂ်ာနယ္တြင္ တင္ျပထားသည္။ တစ္ေန႔တာလုံး မိတ္ကပ္မ်ား၊ ေခြၽးမ်ား၊ ဖုန္မ်ားေၾကာင့္ မ်က္ႏွာေပၚရွိအေရျပားေပါက္ကေလးမ်ား ပိတ္ဆို႔သြားတတ္ၿပီး မ်က္ႏွာကို ပုံမွန္မေဆးေၾကာေပးပါက ဝက္ၿခံမ်ား၊အမည္းစက္မ်ား ျဖစ္လာႏိူင္သည္။ အကယ္၍ တစ္ေန႔ႏွစ္ႀကိမ္ ေရမခ်ိဳးေပးႏိူင္လွ်င္   ေတာင္မွမ်က္ႏွာကို မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ မ်က္ႏွာသစ္ သန႔္ရွင္းေရး ဆပ္ျပာျဖင့္ ညင္သာစြာ
ေဆးေပးသင့္သည္။

(၈) ဟန္းဖုန္းမ်က္ႏွာျပင္ကို သန႔္ရွင္းေအာင္ထားေပးပါ။
သုေတသနေလ့လာခ်က္မ်ားအရ ဟန္းဖုန္းမ်ားတြင္ ေထာင္ေပါင္းမ်ားစြာေသာဘက္တီးရီးယားမ်ားရွိေနႏိူင္ၿပီး လက္ေခ်ာင္းေလးမ်ားမွ ဘက္တီးရီးယားမ်ား ပ်ံ႕ႏွံ႔၍ဟန္းဖုန္းမ်က္ႏွာျပင္ႏွင့္ မ်က္ႏွာထိေတြ႕ကာ ဝက္ၿခံမ်ား ထြက္ရွိလာႏိုင္သည္။ ထို႔အျပင္ဖုန္းမ်က္ႏွာျပင္တြင္ ဘက္တီးရီယားမ်ား မရွိေစရန္ ဖုန္းမ်က္ႏွာ   ျပင္ကို လက္သန႔္ရွင္းေရး ဆပ္ျပာျဖင့္ေန႔စဥ္ ေဆးေၾကာေပးသင့္သည္။

Author: ေဒါက္တာျဖဴစင္, Healthcare Journal, (19.5.17) vol 8,no 18

(Unicode)

ဆယ်ကျော်သက်လူငယ်များအကြားတွင် ဝက်ခြံထွက်ခြင်းသည် အဓိကအကြီးမားဆုံး အလှအပရေးရာဆိုင်ရာ ပြဿနာတစ်ခုအဖြစ် ရှိနေတတ်ကြသည်။
ဆယ်ကျော်သက်မြီးကောင်ပေါက်စအရွယ်၌ ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံများထွက်တတ်ကြသည်။ ထို့အပြင် စိဖိစီးမှု၊ မျိုးရိုးဗီဇ အစရှိသည်တို့  ကြောင့်လည်းမျက်နှာပေါ်၌ ဝက်ခြံများ ထွက်တတ်ကြသည်။ ထို့သို့ ဝက်ခြံများ မျက်နှာပေါ်တွင်များပြားစွာထွက်လာပါက စိတ်မသက်သာရာရပြီး ပျောက်    ကင်းအောင် နည်းလမ်းပေါင်းစုံဖြင့် ကုသတတ်ကြသည်။

သို့ရာတွင် သက်သာသွားသည်များရှိသလို ပိုမိုဆိုးဝါးသွားသည်များလည်းတွေ့မြင်နေရသည်။ ထို့ကြောင့် ဝက်ခြံ အလွန်များပြားလာပါကတတ်ကျွမ်းနား  လည်သောာ အရေပြားအထူးကု ဆရာဝန်တစ်ဦးဦးနှင့် ပြသကုသ သင့်ပါသည်။ ဝက်ခြံ အလွန်မဆိုးဝါးပါက မိမိ၏ နေထိုင်မှုပုံစံကို ပြောင်းလဲခြင်းဖြင့်
ဝက်ခြံလျှော့ချနိူင်မည့် နည်းလမ်းများ ရှိပါသည်။ အဆိုပါ နည်းလမ်းများကိုဖော်ပြပေးလိုက်ပါသည်။

(၁) အိပ်စက်ချိန်များများ ယူပေးပါ။
သုတေသန လေ့လာချက်များအရ အိပ်စက်ချိန် နည်းပါးခြင်းနှင့် ဝက်ခြံထွက်ခြင်းဆက်စပ်နေကြောင်း သိရသည်။ အိပ်စက်ချိန် နည်းပါးပါက စိတ်ဖိစီးမှု များ   ပြားလာနိူင်ခြေပိုများပြီးစိတ်ဖိစီးမှုသည် Glucocorticoid ကို ထွက်ရှိစေကာ အရေပြား၏ တည်ဆောက်ပုံနှင့်လုပ်ငန်းဆောင်တာများကို ယိုယွင်းပျက်စီးစေသည်။ ထို့အပြင် အိပ်စက်နေချိန် အခန်းအတွင်းအပူချိန်ကို ၆၅ မှ ၇၂ ဒီဂရီဖာရင်ဟိုက်အတွင်း ထားရှိလျှင် အကောင်းဆုံးဖြစ်ပြီး ပိုမိုအိပ်ပျော်စေကာဝက်ခြံထွက်ခြင်း နည်းပါးနိူင်ပါသည်။

(၂) အစားအသောက်ပုံစံ ပြောင်းလဲလိုက်ပါ။
အချို့အစားအစာများသည် သွေးတွင်းသကြားဓာတ်ကို လျှင်မြန်စွာ တက်စေပြီးအင်ဆူလင်ကို အများအပြားထွက်စေပါသည်။ အင်ဆူလင်များပြားလာပါက အရေပြားပေါ်ရှိချွေးပေါက်ကလေးများကို ပိတ်စေနိူင်သည့် ဆဲလ်များ ပိုမိုများပြားလာကာ အဆီဂလင်းကိုပိုမိုအလုပ်လုပ်စေပါသည်။အမေရိကန် အာဟာရဆိုင်ရာ ဂျာနယ်၏ အကြုံပြုချက်တွင် ဝက်ခြံထွက်ခြင်းကိုအစားအသောက်ပြောင်းလဲခြင်းဖြင့် သက်သာစေနိူင်ကြောင်း၊ တွေ့ရှိရသည်။ ဂျုံ၊ ပြောင်း၊ပဲတောင့်ရှည်နှင့် ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များ၊ အီတလီခေါက်ဆွဲ၊ ဆန်ဖြူနှင့်ပေါင်မုန့်ဖြူများသည် ဝက်ခြံထွက်တတ်သူများအတွက် အသင့်တော်ဆုံး အစားအစာများ ဖြစ်သည်။

(၃) လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် သွေးလည်ပတ်မှုကောင်းမွန်စေ၍ အရေပြားဆဲလ်များကိုအောက်စီဂျင်ပိုမို ရောက်ရှိစေပြီး ဆဲလ်အသေများကို ဖယ်ရှားပေးကာ အရေပြားကိုကျန်းမာစေပါသည်။ ထို့အပြင် လေ့ကျင့်ခန်းလုပ်ပေးခြင်းသည် စိတ်ဖိစီးမှုကို လျော့ကျစေပြီးဝက်ခြံထွက်ခြင်းကို သက်သာစေသည်။လေ့ ကျင့်ခန်းလုပ်ခြင်းကြောင့် ချွေးများထွက်နေခြင်းက အရေပြားကို ထိခိုက်နိူင်သည်ဟုစိတ်ထဲကသိကအောက် ဖြစ်နေပါက လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ရေချိုးပေးလိုက်ခြင်းသည်အကောင်းဆုံးနည်းလမ်းဖြစ်သည်။

(၄) ရေများများသောက်ပေးပါ။
ရေများများသောက်ပေးခြင်းသည် အရေပြားကိုကျန်းမာစေပြီး ခန္ဓာကိုယ်အဆိပ်အချို့ကိုအပြင်သို့ ရောက်ရှိစေနိူင်သည်။ ကိုလံဘီရာ တက္ကသိုလ်၏ သုတေ သနလေ့လာချက်များအရရေများများသောက်ပေးခြင်းသည် သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီးအရေပြားကို ကျန်းမာစေကာဝက်ခြံကိုသက်သာစေနိူင်သည်။

(၅) နေလောင်ခံ ခရင်လိမ်းပေးပါ။
နေလောင်ခံခရင်ကို မျက်နှာပေါ်တွင် လိမ်းထားပါက အသားအရေ မကြည်လင်၊ မရှင်းလင်းဟုထင်နေတတ်ကြသည်။ နေပူထဲထွက်ပါက နေလောင်ခံ ခရင်လိမ်းထားခြင်းသည် နေလောင်ခြင်းမှအရေပြားရောင်ရမ်းခြင်းကို သက်သာစေနိူင်သည်။ နေလောင်ခံ ခရင် မလိမ်းထားပါက အလွယ်တကူနေလောင်ကာ ဝက်ခြံများ၊ အမည်းစက်များကို ပိုမို ဖြစ်စေနိူင်ပါသည်။ ထို့အပြင်နေပူထဲ နေလောင်ခံခရင် မလိမ်းဘဲ သွားပါက အရေပြားကင်ဆာ ဖြစ်နိူင်ခြေ ပိုများပါသည်။
ထို့ကြောင့် နေပူထဲသွားတိုင်း နေလောင်ခံ ခရင် လိမ်းသင့်ပြီး ဆေးဘူးမှ ပါဝင်ပစ္စည်းအညွှန်းကိုလည်း သေချာ ဖတ်ကြည့်သင့်သည်။ ဝက်ခြံထွက်လွယ်သူ  ဖြစ်ပါကဓာတုပစ္စည်းအပျော့စားများ ဖြစ်သော Avovenzone, Oxyben zone, Methoxycinnamate, Octocylene, Zinc Oxide များပါဝင်သော နေလောင်ခံ ခရင်ကို ရွေးချယ်ပေးသင့်သည်။ ဆေးအညွှန်းတွင်Noncome dogenic ဟု ရေးထားပါက အရေပြားအပေါက်များကို မပိတ်စေနိူင်ကြောင်းဖြစ်ပြီးဝက်ခြံရှိ သူများအတွက် သင့်လျော်သည်။

(၆) အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါသော အစားအစာများကို စားပေးပါ။
အိုမီဂါ ၃ သည် လူကိုထရိုင်းရန့် ဘီ ၄ ထုတ်လုပ်မှုကို ထိန်းချုပ်ပေး၍ လူကိုထရိုင်းရန့်သည်အဆီကို များပြားစေကာ ဝက်ခြံကို ဖြစ်စေနိူင်သည်။ ထို့ကြောင့် အိုမီဂါ ၃ ပါဝင်သောအစားအစာများကို စားသုံးပေးသင့်ပြီး ထောပတ်သီး၊ ဆယ်လ်မွန်၊ သစ်ကြားသီးနှင့် အစေ့မှရသောအဆီများတွင် အိုမီဂါ ၃ အများဆုံးပါရှိပါသည်။ လိုအပ်ပါက အိုမီဂါ ၃ ဖြည့်စွက်ဆေးများကို သောက်သုံးပေးနိူင်သည်။

(၇) တစ်နေ့ နှစ်ကြိမ် မျက်နှာဆေးပေးပါ။
မျက်နှာသည် ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများထက် အဆီထုတ်ဂလင်းများပိုမိုများပြားကြောင်း၊ ချီကာဂိုအရေပြား အထူးကုဆရာဝန် ဒေါက်တာ ဂျက်    ကော့က အရေပြားဆိုင်ရာဂျာနယ်တွင် တင်ပြထားသည်။ တစ်နေ့တာလုံး မိတ်ကပ်များ၊ ချွေးများ၊ ဖုန်များကြောင့် မျက်နှာပေါ်ရှိအရေပြားပေါက်ကလေးများ ပိတ်ဆို့သွားတတ်ပြီး မျက်နှာကို ပုံမှန်မဆေးကြောပေးပါက ဝက်ခြံများ၊အမည်းစက်များ ဖြစ်လာနိူင်သည်။ အကယ်၍ တစ်နေ့နှစ်ကြိမ် ရေမချိုးပေးနိူင်လျှင်   တောင်မှမျက်နှာကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ် သန့်ရှင်းရေး ဆပ်ပြာဖြင့် ညင်သာစွာ
ဆေးပေးသင့်သည်။

(၈) ဟန်းဖုန်းမျက်နှာပြင်ကို သန့်ရှင်းအောင်ထားပေးပါ။
သုတေသနလေ့လာချက်များအရ ဟန်းဖုန်းများတွင် ထောင်ပေါင်းများစွာသောဘက်တီးရီးယားများရှိနေနိူင်ပြီး လက်ချောင်းလေးများမှ ဘက်တီးရီးယားများ ပျံ့နှံ့၍ဟန်းဖုန်းမျက်နှာပြင်နှင့် မျက်နှာထိတွေ့ကာ ဝက်ခြံများ ထွက်ရှိလာနိုင်သည်။ ထို့အပြင်ဖုန်းမျက်နှာပြင်တွင် ဘက်တီးရီယားများ မရှိစေရန် ဖုန်းမျက်နှာ   ပြင်ကို လက်သန့်ရှင်းရေး ဆပ်ပြာဖြင့်နေ့စဉ် ဆေးကြောပေးသင့်သည်။

Author: ဒေါက်တာဖြူစင်, Healthcare Journal, (19.5.17) vol 8,no 18

Previous Post

သားအိမ်ခေါင်းကင်ဆာ

Next Post

မြီးကောင်ပေါက်အရွယ်တို့သဘာဝ

6
VIEWS
Share on FacebookShare on Twitter

ဆက်စပ် ဆောင်းပါးများ

အရွယ်တင်နုပျိုခြင်းအတွက် အရေးပါသော ကော်လဂျင်ဓာတ်အကြောင်း

19 hours ago

အရေပြားကျန်းမာရေးအတွက် ရှားစောင်းလက်ပပ်၏ကောင်းကျိုးများ

19 hours ago

ဆယ်ကျော်သက်များပိုမိုအရပ်ရှည်လာနိုင်စေသည့် ထိရောက်သည့်နည်းလမ်းများ။

23 hours ago

ကလေးများ ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သော အခြေခံအာဟာရဓာတ်များ။

23 hours ago

ခြောက်သွေ့တဲ့ အသားအရေအတွက် အသားအရေထိန်းသိမ်းနိုင်မယ့်နည်းလမ်းများ

2 days ago

ကလေးများ ဖွံ့ဖြိုးကြီးထွားမှုဆိုတာ

2 days ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • သွေးတိုးရောဂါရှင်များအတွက်ဆောင်ရန်/ရှောင်ရန် ( ၁၀ )ချက်

    0 shares
    Share 0 Tweet 0
  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အရေပြားကျန်းမာရေးအတွက် ရှားစောင်းလက်ပပ်၏ကောင်းကျိုးများ

    0 shares
    Share 0 Tweet 0
  • ကြည်လင်ဝင်းပသော အသားအရေရရှိစေဖို့ လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်များ။

    0 shares
    Share 0 Tweet 0
  • ဆီးချိုဘာကြောင့်မကျတာလဲ

    0 shares
    Share 0 Tweet 0
  • ‌အရက်ကြောင့်ဖြစ်ရသော အသည်းရောဂါ။

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • ခန္ဓာကိုယ်တွင် သံဓာတ်လွန်ကဲခြင်း အကြောင်းအရင်းများနှင့် ရောဂါလက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အနာမြန်မြန်ကျက်စေမဲ့ ပျားရည်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
Next Post

မြီးကောင်ပေါက်အရွယ်တို့သဘာဝ

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Subscribe For Latest Updates

Sign up to best of business news, informed analysis and opinions on what matters to you.
Invalid email address
We promise not to spam you. You can unsubscribe at any time.
Thanks for subscribing!