fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home ရောဂါကြီးများ

သားအိမ်ခေါင်းကင်ဆာ

9
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/06/2017
in ရောဂါကြီးများ
စာဖတ်ရန်ကြာချိန် 1 မိနစ်
A A
0 0

( Zawgyi )

အမ်ိဳးသမီးမ်ားတြင္ အျဖစ္အမ်ားဆုံး ကင္ဆာေရာဂါသည္ သားအိမ္ေခါင္းကင္ဆာျဖစ္ပါသည္။ ကြၽန္ေတာ္တို႔ႏိူင္ငံအပါအဝင္ ကမာၻ႔ႏိူင္ငံမ်ားတြင္ သားအိမ္ေခါင္းကင္ဆာေၾကာင့္အသက္ဆုံးရႈံးမႈသည္ မ်ားျပားလာပါသည္။ ထို႔ေၾကာင့္ သားအိမ္ေခါင္းကင္ဆာေရာဂါကို သိရွိၿပီးႀကိဳတင္ကာကြယ္မႈမ်ား ျပဳလုပ္ရပါမည္။

ေရာဂါျဖစ္ေစေသာ အေၾကာင္းအရင္း
သားအိမ္ေခါင္းကင္ဆာသည္ မ်ိဳး႐ိုးလိုက္ေသာေရာဂါမဟုတ္ပါ။ သို႔ရာတြင္ HPV(Human Papilloma Virus) ေရာဂါကူးစက္ခံရျခင္းေၾကာင့္ ကင္ဆာေရာဂါကို ျဖစ္ပြားေစပါသည္။
သားအိမ္ေခါင္းကင္ဆာျဖစ္သူ ၉၀ ရာခိုင္ႏႈန္းေက်ာ္တြင္ HPV ဗိုင္းရပ္စ္ပိုးကို ေတြ႕ရွိရပါသည္။ HPVအမ်ားဆုံး ကူးစက္ခံရျခင္းမွာ လိင္ဆက္ဆံျခင္းေၾကာင့္ ကူးစက္ခံရျခင္း ျဖစ္ပါသည္။

HPV ဗိုင္းရပ္စ္ပိုး
HPV ဗိုင္းရပ္စ္ပိုးသည္ အႏၲရာယ္ရွိေသာ ဗိုင္းရပ္စ္ျဖစ္ပါသည္။ HPV ဗိုင္းရပ္စ္ပိုးတြင္လည္း HPV ဗိုင္းရပ္စ္ပိုးအမ်ိဳးအစားမ်ား ကြဲျပားပါသည္။ အခ်ိဳ႕ေသာ ဗိုင္းရပ္စ္ပိုးမ်ားသည္ အလိုအေလ်ာက္ေပ်ာက္ကင္းႏိူင္ပါသည္။ ၎တို႔အထဲမွ အမ်ိဳးေပါင္း ၃၀ သည္ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးအဂၤါမ်ားမွတစ္ဆင့္ ကူးစက္ႏိူင္ပါသည္။ HPV ဗိုင္းရပ္စ္အမ်ိဳးအစား ၁၆ႏွင့္ ၁၈ သည္ကင္ဆာျဖစ္ေစႏိူင္ေသာ ရာခိုင္ႏႈန္း ၇၀ ရွိပါသည္။HPV ဗိုင္းရပ္စ္ပိုးသည္ သားအိမ္ေခါင္းရွိ ကလပ္စီး (ဆဲလ္)မ်ားကို ဖ်က္စီးပါသည္။ ဆဲလ္မ်ားေျပာင္းလဲျခင္းျဖစ္ေပၚၿပီး ကင္ဆာဆဲလ္သို႔ ေျပာင္းလဲႏိူင္ပါသည္။ HPV ဗိုင္းရပ္စ္သည္ သားအိမ္ေခါင္းကင္ဆာအျပင္ အျခားသားအိမ္ႏွင့္ဆိုင္ေသာ ကင္ဆာမ်ားလည္း ျဖစ္ပြားႏိူင္ပါသည္။

အမ်ိဳးသမီးမ်ားႏွင့္ HPV ဗိုင္းရပ္စ္ေရာဂါပိုး
ဗိုင္းရပ္စ္ေရာဂါပိုးကို အသက္ ၁၈ ႏွစ္မွ ၃၀ ႏွစ္အ႐ြယ္မ်ားတြင္အမ်ားဆုံးေတြ႕ရွိရႏိူင္ပါသည္။ လိင္ဆက္ဆံဖူးေသာ အမ်ိဳးသမီးမ်ားတြင္၎ပိုးကို ေတြ႕ရွိရပါသည္။ေရာဂါပိုးကူးစက္ခံရၿပီး ပ်ံႏွံ႔ျခင္းေၾကာင့္ အမ်ိဳးသမီးမ်ား၏ ခႏၶာကိုယ္တြင္ ေရာဂါလကၡဏာျပရန္ ၁၀ႏွစ္မွ် အခ်ိန္ယူရပါသည္။ ထို႔ေၾကာင့္ သားအိမ္ေခါင္းကင္ဆာေရာဂါသည္ အသက္ ၃၀ မွ ၅၀ႏွစ္အ႐ြယ္ အမ်ိဳးသမီးမ်ားတြင္ ေတြ႕ရွိရျခင္းျဖစ္ပါသည္။

အမ်ိဳးသားမ်ားႏွင့္ HPV ဗိုင္းရပ္စ္ေရာဂါပိုး
အမ်ိဳးသားမ်ားတြင္ ဗိုင္းရပ္စ္ေရာဂါပိုးကူးစက္ျခင္းခံရပါက ၎အမ်ိဳးသားမ်ားႏွင့္လိင္ဆက္ဆံေသာ အမ်ိဳးသမီးတြင္ ကူးစက္ခံရႏိူင္ပါသည္။ အမ်ိဳးသားမ်ားတြင္ ေယာက်္ားအဂၤါ(လိင္တံ) ႏွင့္စအိုတြင္ ကင္ဆာေရာဂါျဖစ္ပြားႏိူင္ပါသည္။ ေယာက်္ားအဂၤါတြင္ HPV ဗိုင္းရပ္စ္အမ်ိဳးအစား ၁၆ ႏွင့္ ၁၁ သည္ ေရာဂါျဖစ္ရျခင္း အေၾကာင္းအရင္း၏ ၉၀ ရာခိုင္ႏႈန္း ျဖစ္ပါသည္။ေရာဂါလကၡဏာမ်ားမွာ ႂကြက္ႏို႔ကဲ့သို႔ ခပ္မာမာ အသားစကေလး (သို႔မဟုတ္)အသားပိုမ်ားသည္ ေယာက်္ားအဂၤါစပ္တြင္ ထြက္ေပၚလာတတ္ပါသည္။ အႏၲရာယ္ရွိေသာ HPVဗိုင္းရပ္စ္အမ်ိဳးအစားအျပင္ အျခားေသာ HPV ဗိုင္းရပ္စ္မ်ားသည္ မျပင္းထန္ေသာ္လည္းကူးစက္ေရာဂါျဖစ္ပြားႏိူင္ပါသည္။

သားအိမ္ေခါင္းကင္ဆာေရာဂါလကၡဏာ
သားအိမ္ေခါင္းကင္ဆာေရာဂါလကၡဏာမ်ားမွာ လိင္ဆက္ဆံၿပီးခ်ိန္ ေသြးဆင္းျခင္း၊ ေသြးဆုံးၿပီးေနာက္ ေသြးဆင္းျခင္း၊ မိန္းမကိုယ္မွ ပန္းေရာင္အရည္မ်ား  (သို႔မဟုတ္) အနံ႔ဆိုးမ်ားဆင္းျခင္းႏွင့္ လိင္ဆက္ဆံစဥ္ သားအိမ္နာက်င္ျခင္းတို႔ျဖစ္ပါသည္။ေရာဂါျပင္းထန္လာပါက ကိုယ္အေလးခ်ိန္ေလ်ာ့က်ျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ေက်ာကုန္းနာျခင္း၊ေျခေထာက္နာက်င္ၿပီးေရာင္ျခင္း၊ မိန္းမကိုယ္မွ ဆီး (သို႔မဟုတ္) မစင္မ်ား ပိတ္ေနျခင္းႏွင့္အ႐ိုးက်ိဳးလြယ္ျခင္းတို႔ ျဖစ္တတ္ပါသည္။

ကာကြယ္ျခင္း
အာရွတြင္ သားအိမ္ေခါင္းကင္ဆာေၾကာင့္ ေလးမိနစ္တိုင္းအမ်ိဳးသမီးတစ္ဦးေသဆုံးေနရပါသည္။ သားအိမ္ေခါင္းကင္ဆာကာကြယ္ရန္နီးစပ္ရာ ဆရာဝန္ႏွင့္တိုင္ပင္ရပါမည္။     HPV ဗိုင္းရပ္စ္ပိုးကာကြယ္ေဆးကိုထိုးေပးရပါမည္။ ေျခာက္လအတြင္းစုစုေပါင္းကာကြယ္ေဆး သုံးႀကိမ္ထိုးရပါမည္။ပထမတစ္ႀကိမ္ကိုပထမတစ္လ၊ဒုတိယအႀကိမ္ကိုဒုတိယတစ္လ၊ တတိယအႀကိမ္ကို ေျခာက္လေျမာက္တြင္ ထိုးေပးရပါမည္။ကာကြယ္ေဆးထိုးေစကာမူ အမ်ိဳးသမီးမ်ားသည္ ဆရာဝန္ႏွင့္ အၿမဲတမ္းျပသရပါမည္။

အႀကံျပဳခ်က္
အသက္အ႐ြယ္ ငယ္႐ြယ္စဥ္တြင္ လိင္ဆက္ဆံျခင္းကို မျပဳလုပ္သင့္ပါ။ ႏွစ္စဥ္သားအိမ္ေခါင္းကင္ဆာ စစ္ေဆးျခင္း ျပဳလုပ္ရပါမည္။ သားအိမ္ေခါင္းကင္ဆာေရာဂါမွ ေဝးကြာရန္ကာကြယ္မႈမ်ားျပဳလုပ္ရပါမည္။

Author : ေဒါက္တာျမင့္သန္းထြန္း (ျပည္သူ႔က်န္းမာေရး), Healthcare Journal

(Unicode)

အမျိုးသမီးများတွင် အဖြစ်အများဆုံး ကင်ဆာရောဂါသည် သားအိမ်ခေါင်းကင်ဆာဖြစ်ပါသည်။ ကျွန်တော်တို့နိူင်ငံအပါအဝင် ကမ္ဘာ့နိူင်ငံများတွင် သားအိမ်ခေါင်းကင်ဆာကြောင့်အသက်ဆုံးရှုံးမှုသည် များပြားလာပါသည်။ ထို့ကြောင့် သားအိမ်ခေါင်းကင်ဆာရောဂါကို သိရှိပြီးကြိုတင်ကာကွယ်မှုများ ပြုလုပ်ရပါမည်။

ရောဂါဖြစ်စေသော အကြောင်းအရင်း
သားအိမ်ခေါင်းကင်ဆာသည် မျိုးရိုးလိုက်သောရောဂါမဟုတ်ပါ။ သို့ရာတွင် HPV(Human Papilloma Virus) ရောဂါကူးစက်ခံရခြင်းကြောင့် ကင်ဆာရောဂါကို ဖြစ်ပွားစေပါသည်။
သားအိမ်ခေါင်းကင်ဆာဖြစ်သူ ၉၀ ရာခိုင်နှုန်းကျော်တွင် HPV ဗိုင်းရပ်စ်ပိုးကို တွေ့ရှိရပါသည်။ HPVအများဆုံး ကူးစက်ခံရခြင်းမှာ လိင်ဆက်ဆံခြင်းကြောင့် ကူးစက်ခံရခြင်း ဖြစ်ပါသည်။

HPV ဗိုင်းရပ်စ်ပိုး
HPV ဗိုင်းရပ်စ်ပိုးသည် အန္တရာယ်ရှိသော ဗိုင်းရပ်စ်ဖြစ်ပါသည်။ HPV ဗိုင်းရပ်စ်ပိုးတွင်လည်း HPV ဗိုင်းရပ်စ်ပိုးအမျိုးအစားများ ကွဲပြားပါသည်။ အချို့သော ဗိုင်းရပ်စ်ပိုးများသည် အလိုအလျောက်ပျောက်ကင်းနိူင်ပါသည်။ ၎င်းတို့အထဲမှ အမျိုးပေါင်း ၃၀ သည် အမျိုးသားနှင့် အမျိုးသမီးအင်္ဂါများမှတစ်ဆင့် ကူးစက်နိူင်ပါသည်။ HPV ဗိုင်းရပ်စ်အမျိုးအစား ၁၆နှင့် ၁၈ သည်ကင်ဆာဖြစ်စေနိူင်သော ရာခိုင်နှုန်း ၇၀ ရှိပါသည်။HPV ဗိုင်းရပ်စ်ပိုးသည် သားအိမ်ခေါင်းရှိ ကလပ်စီး (ဆဲလ်)များကို ဖျက်စီးပါသည်။ ဆဲလ်များပြောင်းလဲခြင်းဖြစ်ပေါ်ပြီး ကင်ဆာဆဲလ်သို့ ပြောင်းလဲနိူင်ပါသည်။ HPV ဗိုင်းရပ်စ်သည် သားအိမ်ခေါင်းကင်ဆာအပြင် အခြားသားအိမ်နှင့်ဆိုင်သော ကင်ဆာများလည်း ဖြစ်ပွားနိူင်ပါသည်။

အမျိုးသမီးများနှင့် HPV ဗိုင်းရပ်စ်ရောဂါပိုး
ဗိုင်းရပ်စ်ရောဂါပိုးကို အသက် ၁၈ နှစ်မှ ၃၀ နှစ်အရွယ်များတွင်အများဆုံးတွေ့ရှိရနိူင်ပါသည်။ လိင်ဆက်ဆံဖူးသော အမျိုးသမီးများတွင်၎င်းပိုးကို တွေ့ရှိရပါသည်။ရောဂါပိုးကူးစက်ခံရပြီး ပျံနှံ့ခြင်းကြောင့် အမျိုးသမီးများ၏ ခန္ဓာကိုယ်တွင် ရောဂါလက္ခဏာပြရန် ၁၀နှစ်မျှ အချိန်ယူရပါသည်။ ထို့ကြောင့် သားအိမ်ခေါင်းကင်ဆာရောဂါသည် အသက် ၃၀ မှ ၅၀နှစ်အရွယ် အမျိုးသမီးများတွင် တွေ့ရှိရခြင်းဖြစ်ပါသည်။

အမျိုးသားများနှင့် HPV ဗိုင်းရပ်စ်ရောဂါပိုး
အမျိုးသားများတွင် ဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခြင်းခံရပါက ၎င်းအမျိုးသားများနှင့်လိင်ဆက်ဆံသော အမျိုးသမီးတွင် ကူးစက်ခံရနိူင်ပါသည်။ အမျိုးသားများတွင် ယောကျ်ားအင်္ဂါ(လိင်တံ) နှင့်စအိုတွင် ကင်ဆာရောဂါဖြစ်ပွားနိူင်ပါသည်။ ယောကျ်ားအင်္ဂါတွင် HPV ဗိုင်းရပ်စ်အမျိုးအစား ၁၆ နှင့် ၁၁ သည် ရောဂါဖြစ်ရခြင်း အကြောင်းအရင်း၏ ၉၀ ရာခိုင်နှုန်း ဖြစ်ပါသည်။ရောဂါလက္ခဏာများမှာ ကြွက်နို့ကဲ့သို့ ခပ်မာမာ အသားစကလေး (သို့မဟုတ်)အသားပိုများသည် ယောကျ်ားအင်္ဂါစပ်တွင် ထွက်ပေါ်လာတတ်ပါသည်။ အန္တရာယ်ရှိသော HPVဗိုင်းရပ်စ်အမျိုးအစားအပြင် အခြားသော HPV ဗိုင်းရပ်စ်များသည် မပြင်းထန်သော်လည်းကူးစက်ရောဂါဖြစ်ပွားနိူင်ပါသည်။

သားအိမ်ခေါင်းကင်ဆာရောဂါလက္ခဏာ
သားအိမ်ခေါင်းကင်ဆာရောဂါလက္ခဏာများမှာ လိင်ဆက်ဆံပြီးချိန် သွေးဆင်းခြင်း၊ သွေးဆုံးပြီးနောက် သွေးဆင်းခြင်း၊ မိန်းမကိုယ်မှ ပန်းရောင်အရည်များ  (သို့မဟုတ်) အနံ့ဆိုးများဆင်းခြင်းနှင့် လိင်ဆက်ဆံစဉ် သားအိမ်နာကျင်ခြင်းတို့ဖြစ်ပါသည်။ရောဂါပြင်းထန်လာပါက ကိုယ်အလေးချိန်လျော့ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကျောကုန်းနာခြင်း၊ခြေထောက်နာကျင်ပြီးရောင်ခြင်း၊ မိန်းမကိုယ်မှ ဆီး (သို့မဟုတ်) မစင်များ ပိတ်နေခြင်းနှင့်အရိုးကျိုးလွယ်ခြင်းတို့ ဖြစ်တတ်ပါသည်။

ကာကွယ်ခြင်း
အာရှတွင် သားအိမ်ခေါင်းကင်ဆာကြောင့် လေးမိနစ်တိုင်းအမျိုးသမီးတစ်ဦးသေဆုံးနေရပါသည်။ သားအိမ်ခေါင်းကင်ဆာကာကွယ်ရန်နီးစပ်ရာ ဆရာဝန်နှင့်တိုင်ပင်ရပါမည်။     HPV ဗိုင်းရပ်စ်ပိုးကာကွယ်ဆေးကိုထိုးပေးရပါမည်။ ခြောက်လအတွင်းစုစုပေါင်းကာကွယ်ဆေး သုံးကြိမ်ထိုးရပါမည်။ပထမတစ်ကြိမ်ကိုပထမတစ်လ၊ဒုတိယအကြိမ်ကိုဒုတိယတစ်လ၊ တတိယအကြိမ်ကို ခြောက်လမြောက်တွင် ထိုးပေးရပါမည်။ကာကွယ်ဆေးထိုးစေကာမူ အမျိုးသမီးများသည် ဆရာဝန်နှင့် အမြဲတမ်းပြသရပါမည်။

အကြံပြုချက်
အသက်အရွယ် ငယ်ရွယ်စဉ်တွင် လိင်ဆက်ဆံခြင်းကို မပြုလုပ်သင့်ပါ။ နှစ်စဉ်သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်း ပြုလုပ်ရပါမည်။ သားအိမ်ခေါင်းကင်ဆာရောဂါမှ ဝေးကွာရန်ကာကွယ်မှုများပြုလုပ်ရပါမည်။

Author : ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး), Healthcare Journal

Previous Post

လူနာဘက်လည်း ပြန်ကြည့်ပါ

Next Post

ဝက်ခြံထွက်ခြင်းကို ဘယ်လိုလျှော့မလဲ

9
VIEWS
Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ခါးနာခြင်းသက်သာစေဖို့ဆိုရင်

4 weeks ago

ကလေးများအတွက် မဖြစ်အနေလိုအပ်သော အာဟာရဓါတ်များ

1 month ago

ရင်ပူခြင်းအကြောင်းသိကောင်းစရာများ

1 month ago

ဆောင်းရာသီမှာအဖြစ်များတဲ့ရောဂါများ နှင့်နာကျင်ကိုက်ခဲမှုများအကြောင်း

1 month ago

နာတာရှည်အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများနှင့် သင့်လျော်သောအစားအစာများ

1 month ago

သွေးအားနည်းရောဂါဖြစ်ပွားရသော အကြောင်းရင်းများ

1 month ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အရေပြားကျန်းမာရေးအတွက် ရှားစောင်းလက်ပပ်၏ကောင်းကျိုးများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အစာအိမ်ရောင်သောအခါ စားသင့်သော အစားအစာများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0
  • ရင်ဘတ်အောင့်တာအစာအိမ်ကြောင့်လား၊ နှလုံးကြောင့်လား ။

    0 shares
    Share 0 Tweet 0
  • သွေးတိုးရောဂါရှင်များအတွက်ဆောင်ရန်/ရှောင်ရန် ( ၁၀ )ချက်

    0 shares
    Share 0 Tweet 0
Next Post

ဝက်ခြံထွက်ခြင်းကို ဘယ်လိုလျှော့မလဲ

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Subscribe For Latest Updates

Sign up to best of business news, informed analysis and opinions on what matters to you.
Invalid email address
We promise not to spam you. You can unsubscribe at any time.
Thanks for subscribing!