(Zawgyi)
ေမာင္ – ေဗာက္အေၾကာင္း ေျပာျပပါဦးဆရာ။
ေဒါက္တာမဂၤလာ – ေခါင္းၿဖီးတဲ့အခါ အေၾကးခြံေသးေသးေလးေတြလို ဖြာၿပီးက်လာရင္ ေဗာက္ (Dumdruff) ေခၚပါတယ္။ အေရျပားမႈိတစ္မ်ိဳးေၾကာင့္ ျဖစ္ရတယ္။ သာမန္ျဖစ္႐ိုးျဖစ္စဥ္ ရွိႏိုင္တဲ့အျပင္ (HLU) လူနာနဲ႔ အာဟာရခ်ိဳ႕တဲ့လူေတြမွာ ပိုၿပီးအေတြ႕ရမ်ားတတ္ပါတယ္။
မယ္ – ဘယ္လိုေခါင္းေလွ်ာ္ရည္မ်ိဳး ေ႐ြးသင့္သလဲဆရာ။
ေဒါက္တာမဂၤလာ – ကီတိုကိုနေဇာ (ketoconazole) ဆိုတဲ့ မႈိသတ္ေဆးပါတဲ့ ေခါင္းေလွ်ာ္ရည္တို႔၊ ဆေလနီယမ္ဆာဖိတ္ (Selinium Sulphite) ပါတဲ့ ေခါင္းေလွ်ာ္ရည္သုံးေပးရင္ သက္သာႏိုင္ပါတယ္။ ယင္းေခါင္းေလွ်ာ္ရည္မ်ိဳးသုံးရင္ အျခားသာမန္ေခါင္းေလွ်ာ္ရည္သုံးသလို၊ ခ်က္ခ်င္းေရေလာင္းခ်ျခင္း မျပဳပဲ နည္းနည္းၾကာ၊ (၅)မိနစ္ေလာက္ေနၿပီး ေရေလာင္းခ်မွ ေဆးအာနိသင္ ရရွိႏိုင္ပါတယ္။
ေမာင္ – သန္းစြဲေနရင္ေရာဆရာ။
ေဒါက္တာမဂၤလာ – အခန္းေဖာ္၊ ခရီးေဖာ္ေတြမွာ သန္းရွိရင္ ကိုယ့္ကိုကူးဖို႔ ျပႆနာရွိတယ္။ ကေလးေတြမွာ အျဖစ္မ်ားသလို၊ အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတယ္။ ဦးထုပ္၊ ဘီး၊ ေခါင္းအုံးကတစ္ဆင့္ ကုးစက္ႏိုင္ပါတယ္။
မယ္ – သန္းထူတဲ့ဆံပင္ကို ဘယ္လိုရွင္းပစ္သင့္သလဲဆရာ။
ေဒါက္တာမဂၤလာ – ပိုးသတ္ေဆး (ဝ.၅%)ျပင္းအားရွိ မာလာသီယြန္ (Malathion) ကိုေခါင္းမွာ အုန္းဆီလိမ္းသလို တစ္ပတ္ကို တစ္ႀကိမ္နဲ႔ ႏွစ္ပတ္ေလာက္လိမ္း႐ုံနဲ႔ သန္းေရာသန္းဥပါ ကင္းစင္ႏိုင္ပါတယ္။ လင္ဒိန္းပိုးသတ္ေဆး (Lindane) ၁% ပါတဲ့ေဆးရည္နဲ႔ ေခါင္းကိုသုံးေလးမိနစ္ၾကာေလာက္ လိမ္းေပးၿပီး ခဏၾကာရင္ေလွ်ာ္ေပးမယ္ဆိုလည္း ေပ်ာက္ႏိုင္ပါတယ္။ကိုယ္ဝန္ေဆာင္နဲ႔ ႏို႔တိုက္မိခင္မွာေတာ့ မသုံးသင့္ပါ။
ေမာင္ – သန္းျပန္မစြဲေအာင္ ဘယ္လိုေနသင့္သလဲဆရာ။
ေဒါက္တာမဂၤလာ – သန္းျပန္မစြဲေအာင္ တစ္ကိုယ္ေရသန႔္ရွင္းေရးေကာင္းဖို႔နဲ႔ ဘီး၊ ဦးထုပ္၊ ေခါင္းအုံးစတာေတြကို အေရာေရာ အေႏွာေႏွာ မသုံးဖို႔ အေရးႀကီးတယ္။
မယ္ – ဆံပင္ျဖဴတာကေရာဆရာ။
ေဒါက္တာမဂၤလာ – အသက္ ၅၀ ေက်ာ္ရင္ ဆံပင္စၿပီးျဖဴတာ၊ ဇရာအရျဖဴတာပါ။ အသက္ (၃၅)ႏွစ္မတိုင္မီ ဆံပင္ျဖဴတယ္ဆိုရင္ (premature greyig) အခ်ိန္မတိုင္မီျဖဴတာေခၚၿပီး မ်ိဳး႐ိုးလိုက္ပါတယ္။ အျခားေရာဂါမ်ား ခ႐ုန္းေရာဂါစု (chron’s syndrome) ႏွင့္ အျခားေရာဂါမ်ားေၾကာင့္ ဆံပင္ျဖဴႏိုင္ပါတယ္။ အာဟာရမမွ်တရင္ ဆံပင္ျဖဴသလို၊ ေသြးထဲ သံဓာတ္ခ်ိဳ႕တဲ့ရင္လည္း ဆံပင္ျဖဴတတ္ပါတယ္။
ေမာင္ – ဘယ္လိုအစားအေသာက္ေတြ ေရွာင္သင့္လဲဆရာ။
ေဒါက္တာမဂၤလာ – လက္ဖက္ရည္၊ ေကာ္ဖီ၊ အရက္၊ အပူအစပ္ႏွင့္ ဆီေၾကာ္မုန႔္ေတြ အလြန္အကြၽံစားသုံးရင္ အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴတတ္တယ္။ ဆံပင္ဆိုးေဆးလိမ္းေပးရင္လည္း အဆင္ေျပႏိုင္ပါတယ္။
မယ္ – ဆံပင္ဆိုးေဆးမ်ားအေၾကာင္းေဆြးေႏြးေပးပါဆရာ။
ေဒါက္တာမဂၤလာ – ဆံပင္သန႔္စင္ေအာင္ေလွ်ာ္တဲ့ ေခါင္းေလွ်ာ္ရည္ (shampoo) ၊ ဆံပင္ေပ်ာ့ေျပာင္းႏူးညံ့ေစတဲ့ေဆး (conditioners) ၊ ဆံပင္ကိုအေရာင္ေျပာင္းလဲျခင္း (Hair dyes) ၊ ဆံပင္အေရာင္ခြၽတ္ေဆး၊ ဆံပင္ေကာက္ေဆး၊ ဆံပင္ေျဖာင့္ေဆးတို႔ ရွိပါတယ္။
ေမာင္ – သီးျခားၫႊန္ျပေပးပါဦးဆရာ။
ေဒါက္တာမဂၤလာ – ဓာတုပစၥည္းနဲ႔တည့္မတည့္ စမ္းသပ္ၿပီးမွ အလွျပင္ပစၥည္းမ်ားကို သုံးသင့္တယ္။ ဓာတ္တည့္မႈ ရွိႏိုင္တယ္။
Author: Dr. မဂၤလာ, Healthcare Journal, vol 8,no 30 (11.8.17)
(Unicode)
မောင် – ဗောက်အကြောင်း ပြောပြပါဦးဆရာ။
ဒေါက်တာမင်္ဂလာ – ခေါင်းဖြီးတဲ့အခါ အကြေးခွံသေးသေးလေးတွေလို ဖွာပြီးကျလာရင် ဗောက် (Dumdruff) ခေါ်ပါတယ်။ အရေပြားမှိုတစ်မျိုးကြောင့် ဖြစ်ရတယ်။ သာမန်ဖြစ်ရိုးဖြစ်စဉ် ရှိနိုင်တဲ့အပြင် (HLU) လူနာနဲ့ အာဟာရချို့တဲ့လူတွေမှာ ပိုပြီးအတွေ့ရများတတ်ပါတယ်။
မယ် – ဘယ်လိုခေါင်းလျှော်ရည်မျိုး ရွေးသင့်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – ကီတိုကိုနဇော (ketoconazole) ဆိုတဲ့ မှိုသတ်ဆေးပါတဲ့ ခေါင်းလျှော်ရည်တို့၊ ဆလေနီယမ်ဆာဖိတ် (Selinium Sulphite) ပါတဲ့ ခေါင်းလျှော်ရည်သုံးပေးရင် သက်သာနိုင်ပါတယ်။ ယင်းခေါင်းလျှော်ရည်မျိုးသုံးရင် အခြားသာမန်ခေါင်းလျှော်ရည်သုံးသလို၊ ချက်ချင်းရေလောင်းချခြင်း မပြုပဲ နည်းနည်းကြာ၊ (၅)မိနစ်လောက်နေပြီး ရေလောင်းချမှ ဆေးအာနိသင် ရရှိနိုင်ပါတယ်။
မောင် – သန်းစွဲနေရင်ရောဆရာ။
ဒေါက်တာမင်္ဂလာ – အခန်းဖော်၊ ခရီးဖော်တွေမှာ သန်းရှိရင် ကိုယ့်ကိုကူးဖို့ ပြဿနာရှိတယ်။ ကလေးတွေမှာ အဖြစ်များသလို၊ အမျိုးသမီးတွေမှာ အဖြစ်များတယ်။ ဦးထုပ်၊ ဘီး၊ ခေါင်းအုံးကတစ်ဆင့် ကုးစက်နိုင်ပါတယ်။
မယ် – သန်းထူတဲ့ဆံပင်ကို ဘယ်လိုရှင်းပစ်သင့်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – ပိုးသတ်ဆေး (ဝ.၅%)ပြင်းအားရှိ မာလာသီယွန် (Malathion) ကိုခေါင်းမှာ အုန်းဆီလိမ်းသလို တစ်ပတ်ကို တစ်ကြိမ်နဲ့ နှစ်ပတ်လောက်လိမ်းရုံနဲ့ သန်းရောသန်းဥပါ ကင်းစင်နိုင်ပါတယ်။ လင်ဒိန်းပိုးသတ်ဆေး (Lindane) ၁% ပါတဲ့ဆေးရည်နဲ့ ခေါင်းကိုသုံးလေးမိနစ်ကြာလောက် လိမ်းပေးပြီး ခဏကြာရင်လျှော်ပေးမယ်ဆိုလည်း ပျောက်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်မှာတော့ မသုံးသင့်ပါ။
မောင် – သန်းပြန်မစွဲအောင် ဘယ်လိုနေသင့်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – သန်းပြန်မစွဲအောင် တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းဖို့နဲ့ ဘီး၊ ဦးထုပ်၊ ခေါင်းအုံးစတာတွေကို အရောရော အနှောနှော မသုံးဖို့ အရေးကြီးတယ်။
မယ် – ဆံပင်ဖြူတာကရောဆရာ။
ဒေါက်တာမင်္ဂလာ – အသက် ၅၀ ကျော်ရင် ဆံပင်စပြီးဖြူတာ၊ ဇရာအရဖြူတာပါ။ အသက် (၃၅)နှစ်မတိုင်မီ ဆံပင်ဖြူတယ်ဆိုရင် (premature greyig) အချိန်မတိုင်မီဖြူတာခေါ်ပြီး မျိုးရိုးလိုက်ပါတယ်။ အခြားရောဂါများ ခရုန်းရောဂါစု (chron’s syndrome) နှင့် အခြားရောဂါများကြောင့် ဆံပင်ဖြူနိုင်ပါတယ်။ အာဟာရမမျှတရင် ဆံပင်ဖြူသလို၊ သွေးထဲ သံဓာတ်ချို့တဲ့ရင်လည်း ဆံပင်ဖြူတတ်ပါတယ်။
မောင် – ဘယ်လိုအစားအသောက်တွေ ရှောင်သင့်လဲဆရာ။
ဒေါက်တာမင်္ဂလာ – လက်ဖက်ရည်၊ ကော်ဖီ၊ အရက်၊ အပူအစပ်နှင့် ဆီကြော်မုန့်တွေ အလွန်အကျွံစားသုံးရင် အရွယ်မတိုင်ခင် ဆံပင်ဖြူတတ်တယ်။ ဆံပင်ဆိုးဆေးလိမ်းပေးရင်လည်း အဆင်ပြေနိုင်ပါတယ်။
မယ် – ဆံပင်ဆိုးဆေးများအကြောင်းဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ – ဆံပင်သန့်စင်အောင်လျှော်တဲ့ ခေါင်းလျှော်ရည် (shampoo) ၊ ဆံပင်ပျော့ပြောင်းနူးညံ့စေတဲ့ဆေး (conditioners) ၊ ဆံပင်ကိုအရောင်ပြောင်းလဲခြင်း (Hair dyes) ၊ ဆံပင်အရောင်ချွတ်ဆေး၊ ဆံပင်ကောက်ဆေး၊ ဆံပင်ဖြောင့်ဆေးတို့ ရှိပါတယ်။
မောင် – သီးခြားညွှန်ပြပေးပါဦးဆရာ။
ဒေါက်တာမင်္ဂလာ – ဓာတုပစ္စည်းနဲ့တည့်မတည့် စမ်းသပ်ပြီးမှ အလှပြင်ပစ္စည်းများကို သုံးသင့်တယ်။ ဓာတ်တည့်မှု ရှိနိုင်တယ်။
Author: Dr. မင်္ဂလာ, Healthcare Journal, vol 8,no 30 (11.8.17)