fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ခေါင်းကိုက်သက်သာစေမဲ့ ပေါက်ပန်းဖြူ

599
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/12/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ပေါက်ပန်းဖြူပင်ရဲ့ရုက္ခဗေဒနာမည်ကတော့ Sesbania grandiflora Pers. ဖြစ်ပါတယ်။

မျိုးရင်းကတော့ Papilionaceae ပါ။

မြန်မာနိုင်ငံနေရာဒေသ အနှံ့အပြားတွင် သဘာဝပေါက်ပင် သို့မဟုတ် စိုက်ပျိုးပင်အနေနဲ့တွေ့ရတတ်ပါတယ်။

အပင်လတ်အမျိုးအစားဖြစ်ပြီး ပေ ၂၀ မှ ၃၀ ခန့်အထိမြင့်တက်ကာ အကိုက်အခက်များစွာရှိပါတယ်။

အရွက်မှာငှက်မွှေးရွက်ပေါင်းအမျိုးအစားဖြစ်ပြီး ၆လက်မမှ ၁ပေအထိအရှည်ရှိတတ်ပါတယ်။ရွက်ရင်း ရွက်ထိပ်ဝိုင်းကာ ရွက်ပြားပြောင်ချောပြီး အနားညီပါတယ်။

အပွင့်အနေနဲ့တော့ ကြားထွက်ပန်းခိုင်တခိုင်လျှင် အပွင့်နှစ်ပွင့်မှ လေးပွင့်အထိရှိတတ်ပါတယ်။အပွင့်မှာအဖြူရောင်ဖြစ်ကာ ဝါခေါင်နဲ့တော်သလင်းလတို့မှာပွင့်လေ့ရှိတတ်ပါတယ်။

အသီးမှာ တွဲလျားကျသီးသော သီးတောင့်ရှည်အမျိုးအစားဖြစ်ပြီး အထဲမှာ အစေ့များစွာပါရှိပါတယ်။

ပေါက်ပန်းဖြူပင်ရဲ့အရွက်နဲ့အပွင့်ဟာ စားလို့ရသလို ဆေးဖက်လည်းဝင်ကာ ကျန်းမာရေးကိုလည်း အကျိုးပြုပါတယ်။

ပေါက်ပန်းဖြူပွင့်နဲ့အရွက်ကို ပြုတ်ပြီးသော်လည်းကောင်း၊ရေနွေးဖျောပြီးသော်လည်းကောင်း အတို့အမြုပ်အဖြစ် ငါးပိရည်နဲ့တို့စားလို့လည်းရသလို ဆီချက်၊မြေပဲဆံစသည်တို့နဲ့ရောပြီး သုပ်စားလို့လည်းရပါတယ်။

ဒါ့အပြင် ကြော်စားလို့လည်းရသလို ဟင်းချက်စားလို့လည်းရပါတယ်။

မြန်မာ့ဆေးကျမ်းများမှာ ပေါက်ပန်းဖြူပင်သည် အေး၏။ လေကိုပွားစေ၏။ခါးသက်သက်ရှိ၏။သည်းခြေရောဂါ၊သလိပ်ရောဂါ၊နှာရည်ယိုခြင်း၊ကြက်မျက်သင့်ခြင်းတို့ကိုပျောက်စေ၏။အရွက်သည်စပ်၏။ချို၏။ခါးသက်သက်ရှိ၏။သွေးကိုကြည်လင်စေ၏။

ဆိုပြီးရေးသားဖော်ပြထားပါတယ်။

ခုခေတ်သုတေသနပြုချက်တွေအရ ပေါက်ပန်းဖြူဟာ သန်ကောင်ကျစေသောအာနိသင်လည်းရှိကြောင်းသိရပါတယ်။

ပေါက်ပန်းဖြူပင်ရဲ့အရွက်နဲ့အပွင့် စသည်တို့ကို ထိခိုက်ဒဏ်ရာရတာ၊ရာသီဖျားရောဂါ၊ဝမ်းပျက်ဝမ်းလျှောရောဂါ၊သန်ကောင်ရောဂါတွေအတွက် ဆေးဖော်ရာမှာ တခြားဆေးဖက်ဝင်ပစ္စည်းတွေနဲ့ရောပြီးသုံးလေ့ရှိပါတယ်။

အိမ်သုံးဆေးမြီးတို အနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

မျက်စိမှုန်ခြင်း၊မျက်စိဝေခြင်းဖြစ်ပါက ပေါက်ပန်းဖြူပွင့်ကို အရည်ညှစ်ပြီး ခတ်ပေးနိုင်ပါတယ်။

ခေါင်းတခြမ်းကိုက်ပါက ပေါက်ပန်းဖြူအပွင့်နဲ့အရွက်ကို အရည်ညှစ်ပြီး ရှုပေးခြင်းဖြင့် ခေါင်းတခြမ်းကိုက်ဝေဒနာကို သက်သာစေနိုင်ပါတယ်။

ပေါက်ပန်းဖြူပွင့်ကို မကြာခဏပြုတ်ပြီးစားခြင်း၊သုပ်ပြီးစားခြင်းဖြင့် ကြက်မျက်သင့်ရောဂါ၊မီးယပ်အဖြူဆင်းရောဂါ၊အရိုးကျီးပေါင်းရောဂါ၊သန်ကောင်ရောဂါ၊သွေးကျရောဂါတွေကို သက်သာစေနိုင်သည်။

တုပ်ကွေးဖျား သို့မဟုတ် အအေးမိဖျားနာဖြစ်ပါက ပေါက်ပန်းဖြူရွက်ကို ကြက်သွန်နီနဲ့ကြော်စားခြင်းဖြင့် တုပ်ကွေးဖျားနာ၊အအေးမိဖျားနာတွေကိုသက်သာစေနိုင်ပါတယ်။

အပူလောင်နာ၊ထိခိုက်ဒဏ်ရာရတာတွေဖြစ်ပါက ပေါက်ပန်းဖြူရွက်သတ္ထုရည်ကို ထည့်ပေး အုံပေးနိုင်ပါတယ်။

ပေါက်ပန်းဖြူရွက်နှင့်ပေါက်ပန်းဖြူပွင့်တို့ကို မကြာခဏ ကြော်စား၊ချက်စားခြင်းဖြင့် ဆီးနီတာ၊ဆီးနည်းတာစတဲ့ဆီးရောဂါတွေကို သက်သာစေနိုင်ပါတယ်။

 

Dr သီတာနွယ်(အမရပူရ)

 

Previous Post

အအေးမိချောင်းဆိုးသက်သာစေတဲ့ ကြောင်လျှာသီး

Next Post

ဝမ်းနှုတ်ဆေးကို အမြဲတမ်း စွဲမသောက်သင့်တဲ့အကြောင်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
604

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝမ်းနှုတ်ဆေးကို အမြဲတမ်း စွဲမသောက်သင့်တဲ့အကြောင်းများ

ချောင်ချိလျော့ရဲလာတာ ပြဿနာလား

ခြင်ကိုက်ဖုကို အမြန်သက်သာစေသောနည်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.