fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

OMEGA-3 Fatty acid တစ်မျိုးဖြစ်တဲ့ DHA က ခန္ဓာကိုယ်အပေါ်ဘယ်လိုကောင်းကျိုးပြုသလဲ အပိုင်း ( ၂ )

208
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/11/2020
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ, ကျန်းမာသောစိတ်
1 min read
A A

ခန္ဓာကိုယ်နှင့်ဦးနှောက်အပေါ် အကျိုးကျေးဇူးများစွာပေးနိုင်သည့် Omega-3 Fatty acids (DHA) များသည် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အလွန့်အလွန်အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်ပါသည်။

အောက်ပါအကြောင်းခြင်းရာများသည် အာဟာရပညာရှင်များက Omega -3 Fatty acids (DHA) ၏ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများမှ အချို့ကို အပိုင်း ( ၂ ) အဖြစ် ဆက်လက်ဖော်ပြခြင်း ဖြစ်ပါသည်။

 

ကလေးများတွင် အတွေ့ရများသည့် ADHD ရောဂါ

ADHD ဟုလူသိများသော Attention Deficit Hyperactivity Disorder သည် အာရုံမစူးစိုက်နိုင်ခြင်း၊ အလွန်အမင်းဂနာမငြိမ်ဖြစ်နေခြင်း၊ ပြောဆိုခိုင်းစေမှုများကို လိုက်နာ မလုပ်ဆောင်နိုင်ခြင်းနှင့် ရည်ရွယ်ချက်မရှိဘဲ စိတ်လိုက်မာန်ပါ လျှပ်တပြတ် ပြုမူတတ်ခြင်း စသည့် လက္ခဏာများဖြစ်ပွားလေ့ရှိသည့် အပြုအမှုဆိုင်ရာ မူမမှန်ခြင်းရောဂါတစ်မျိုးဖြစ်ပါသည်။

များစွာသော လေ့လာတွေ့ရှိချက်များအရ ADHD ရောဂါ ခံစားနေရသော ကလေးများသည် သွေးအတွင်း Omega-3 Fatty acids ပမာဏနည်းပါးနေကြောင်းတွေ့ရှိရပါသည်။

ထို့အပြင် Omega -3 ဖြည့်စွက်အာဟာရများကို တိုက်ကျွေးခြင်းအားဖြင့်လည်း ADHD ရောဂါ ဖြစ်နိုင်သည့် အလားအလာများကို လျော့ချပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

ADHD ရောဂါဖြစ်ပွားနေသော ကလေးများတွင်လည်း Omega -3 သည် အာရုံမစူးစိုက်နိုင်သည့်လက္ခဏာများကို တိုးတက်စေပြီး ပြောဆိုခိုင်းစေသည့်အရာများကိုလည်း ပြီးမြောက်အောင်လုပ်ဆောင်နိုင်စေရန် အားပေးကူညီပေးပါသည်။

ထို့အပြင် အလွန်အမင်း ဂနာမငြိမ်ဖြစ်ခြင်း၊ ရည်ရွယ်ချက်မရှိဘဲ စိတ်လိုက်မာန်ပါ လျှပ်တပြတ် ပြုမူတတ်ခြင်းနှင့် ရန်လိုခြင်း လက္ခဏာရပ်များကိုလည်း လျော့ကျစေကြောင်း တွေ့ရပါသည်။

မကြာသေးမီနှစ်ပိုင်းများကပြုလုပ်သော သုတေသနများအရ ငါးကြီးဆီဖြည့်စွက်အာဟာရသည် ADHA ရောဂါကုသရန်အတွက် အကောင်းမွန်ဆုံးသော ကုသရန်နည်းလမ်းများထဲမှ တစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။

နှလုံးရောဂါ

နှလုံးရုတ်တရက် ရပ်ခြင်းနှင့် လေဖြတ်ရောဂါတို့သည် ကမ္ဘာပေါ်တွင် သေဆုံးမှုအများဆုံး ဖြစ်စေသည့် ရောဂါများထဲတွင် ပါဝင်ကြပါသည်။

မကြာသေးမီ ၁၀ စုနစ်များက သုတေသနပညာရှင်များသည် ငါးစားသုံးမှုများသောသူများတွင် အဆိုပါနှလုံးရုတ်တရက် ရပ်ခြင်းနှင့် လေဖြတ်ရောဂါ ဖြစ်ပွားမှု ရာခိုင်နှုန်းနည်းပါးကြောင်းတွေ့ရှိရပါသည်။

ထိုသို့နည်းပါးရခြင်းမှာ ငါးတွင်ပါဝင်သော အာဟာရများအနက် Omega-3 အဆီကြောင့် အဓိကဖြစ်ရကြောင်း ထပ်မံတွေ့ရှိကြပါသည်။ ထိုအချိန်မှစ၍ Omega-3 သည် နှလုံးကျန်းမာရေးအတွက် များစွာအကျိုးရှိကြောင်း လက်ခံလာကြပါသည်။

Omega-3 အဆီသည် နှလုံးကျန်းမာရေးအတွက် အောက်ပါအတိုင်း အကျိုးကျေးဇူးများပေးနိုင်ပါသည်။

 

၁။  Triglycerides

Omega-3 သည် မကောင်းသောအဆီတစ်မျိုးဖြစ်သည့် Triglycerides ပမာဏကို ၁၅% မှ ၃၀% အထိ လျော့ကျစေနိုင်ကြောင်း တွေ့ရှိရပါသည်။

 

၂။  သွေးပေါင်ချိန်

Omega -3 သည် သွေးတိုးရောဂါရှိသူများတွင် သွေးပေါင်ချိန်ကို လျော့ကျစေနိုင်ကြောင်း တွေ့ရပါသည်။

 

၃။  HDL cholesterol

Omega -3 သည် ကောင်းသည့် cholesterol ဖြစ်သည့် HDL ပမာဏကို မြင့်တက်စေပါသည်။

 

၄။  သွေးခဲခြင်း

Omega -3 သည် သွေးဥမွှားများ တစ်ခုနှင့်တစ်ခုပူးကပ်တွယ်ဆက်သွားခြင်းမှ တားဆီးကာကွယ်ပေးပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်အတွင်းတွင် အန္တရာယ်ရှိသည့် သွေးခဲခြင်းများ မဖြစ်စေရန် ကာကွယ်ပေးပါသည်။

 

၅။ သွေးကြော အနာဖေးများ တက်ခြင်းကို ကာကွယ်ပေးခြင်း

Omega -3 သည် သွေးလွှတ်ကြောများကို ချောမွေ့စေပြီး ဒဏ်ရာအနာတရမရရှိအောင် ကာကွယ်ပေးပါသည်။ ဤနည်းအားဖြင့် သွေးစီးဆင်းမှုကိုအနှောင့်အယှက် အဟန့်အတားဖြစ်စေ၍ သွေးလွှတ်ကြောများကို မာလာစေသည့် အနာဖေးများ သွေးလွှတ်ကြောများအတွင်း မဖြစ်ပေါ်လာစေရန် တားဆီးကာကွယ်ပေးပါသည်။

 

၆။ ရောင်ရမ်းခြင်း

Omega -3 သည် ခန္ဓာကိုယ်၏ရောင်ရမ်းခြင်းတုံ့ပြန်မှုဖြစ်စဉ်တွင် ထွက်လာတတ်သည့် အချို့သောအရာဝတ္တုများ၏ ထုတ်လုပ်ခြင်းကို လျော့ကျစေရန် ကူညီပေးခြင်းအားဖြင့် ခန္ဓာကိုယ်ကို အကျိုးပြုပါသည်။

Author : Dr. မိုး (ဆေး ၁)

Previous Post

OMEGA-3 Fatty acid တစ်မျိုးဖြစ်တဲ့ DHA က ခန္ဓာကိုယ်အပေါ်ဘယ်လိုကောင်းကျိုးပြုသလဲ အပိုင်း ( ၁ )

Next Post

ငါးကြီးဆီ (DHA) ပြည့်ဝခဲ့မယ်ဆိုလျှင် (အပိုင်း – ၁)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ငါးကြီးဆီ (DHA) ပြည့်ဝခဲ့မယ်ဆိုလျှင် (အပိုင်း - ၁)

ငါးကြီးဆီ (DHA) ပြည့်ဝခဲ့မယ်ဆိုလျှင် (အပိုင်း - ၂)

ကလေးတို့၏ ဦးနှောက်နှင့်အမြင်အာရုံဖွံ့ဖြိုးတိုးတက်မှုများအတွက် DHA   က ဘယ်လောက်တောင်အရေးကြီးသလဲ။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.