လေးစားစွာဖြင့်
အိမ်မှာ ဆီ ကို ဘယ်နှစ်ခါ ကြော်နေလဲ????
ထပ်ခါထပ်ခါ ပြန်သုံးနေတဲ့ ဆီတွေ က ဘယ်လောက် အန္တရာယ်များလဲ????
ကျွန်တော် တို့ အခုနောက်ပိုင်း ဆီကြော် တွေ အရမ်း စားလာကြပါတယ်။ အာလူးကြော် ကြက်ကြော် အကြော်စုံ စတဲ့ Deep Fries တွေ ကို အရမ်းစားလာပါတယ်။
ကျွန်တော် ဆီ မှာ လာမေးတဲ့ လူတိုင်းကို အမြဲရှောင် ခိုင်းပါတယ်။ အစားအစာ တွေ ကို deep fried လုပ်တဲ့ အချိန်မှာ ဆီ မှာပါဝင်တဲ့ saturated or unsaturated fat တွေ က trans-fat အနေနဲ့ ပြောင်းသွားပါတယ်။ လူတွေ အဓိက အန္တရာယ်ပေးတာလဲ ဒီ trans-fat တွေပါပဲ။ နှလုံးသွေးကြောကျဉ်းရောဂါ ၊သွေးတွင်း အဆီဓါတ်များတဲ့ ရောဂါ စတဲ့ ရောဂါတွေ ကို ဖြစ်စေပါတယ်။
Trans-fat ကို ဘယ်လိုလျှော့ကြမလဲ ????
1. Fast food တွေ ကို လျှော့စားရပါမယ်။ ဥပမာ- ကြက်ကြော်၊ ဘာဂါ၊ အာလူးကြော်၊ အကြော်စုံ လျှော့စားရပါမယ်။
2. Cookie တွေ ကို လျှော့စားရပါမယ်။
3. အိမ်မှာ လည်း သုံးပြီးသား ကြော်ပြီးသား ဆီ တွေ ကို ထပ်ခါ ထပ်ခါ မသုံးရပါဘူး။ ဖြစ်နိုင်ရင် non sticky pan (ဆီမကပ်တဲ့ ဒယ်အိုး) ကို အသုံးပြုပြီး ဆီ နည်းနည်းပဲ ထည့်ပြီးကြော်ပါ။ ဆီတွေ ကို ထပ်ခါထပ်ခါ အသုံးပြုနေရင် Trans-fat အနေနဲ့ ပြောင်းသွားပြီး Acrylamide လို့ခေါ် တဲ့ ဓါတုပစ္စည်း က ကင်ဆာရောဂါ ဖြစ်စေနိုင်ပါတယ်။
4. ထမင်းကြော် ကြာဇံကြော် ခေါက်ဆွဲကြော် စတဲ့ အစားအစာ များကို လည်း ရံဖန်ရံခါ သာ စားသင့်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော် @ Dr. Nutrition