(Zawgyi)
ေလထုညစ္ညမ္းမႈအႏၲရာယ္ သတိျပဳဖြယ္
တကမာၻလုံးမွာ ေလထုညစ္ညမ္းမႈေၾကာင့္ တႏွစ္လွ်င္ လူဦးေရ ၃သန္းနီးပါးေသဆုံးေနရပါတယ္လို႔သုေတသနတခုကေျပာထားပါတယ္။ ထိုပမာဏဟာ ေအအိုက္ဒီအက္စ္၊ ငွက္ဖ်ား၊ ဆီးခ်ိဳေရာဂါ၊ တီဘီေရာဂါ စတဲ့ေရာဂါေတြေၾကာင့္ ေသဆုံးရတဲ့ လူဦးေရ အေရအတြက္ထက္ပိုမ်ားပါတယ္။
အေမရိကန္ ျပည္ေထာင္စုပတ္ဝန္းက်င္ကာကြယ္ေရးေအဂ်င္စီ စံစနစ္မ်ားအရ ကမာၻ႔လူဦးေရ စုစုေပါင္း၏ ၃၈ ရာခိုင္ႏႈန္းဟာ မသန႔္ရွင္းေသာ ေလကိုေန႔စဥ္ ရွဴရႈိက္ေနရသည္။
အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕မွာေတာင္ ေလထုညစ္ညမ္းမႈေၾကာင့္ တစ္ႏွစ္လွ်င္ လူ ၆၀၀၀ ေသဆုံး ခဲ့ကာ ဘုရင္ေကာလိပ္ လန္ဒန္ ၏အဆိုအရ လန္ဒန္ၿမိဳ႕၏ တစ္ေန႔တာေလ ကို ရွဴရႈိက္ရျခင္းသည္ တစ္ေန႔လွ်င္ ေဆးလိပ္ ၁၅ လိပ္ ေသာက္တာနဲ႔ ညီမွ်ေၾကာင္း သိရသည္။
ကြၽန္ေတာ္တို႔ရဲ႕အိမ္နီးခ်င္းႏိုင္ငံတခုျဖစ္တဲ့ တ႐ုတ္ႏိုင္ငံမွာဆိုရင္ ေလထုညစ္ညမ္းမႈဟာ ျပႆနာတစ္ခု ျဖစ္ေနခဲ့တာဟာ ႏွစ္အတန္ၾကာခဲ့ၿပီျဖစ္သည္။ ဒါ့အျပင္ ေနာက္အိမ္နီးခ်င္းႏိုင္ငံတခုျဖစ္တဲ့ အိႏၵိယႏိုင္ငံမွာဆိုရင္လည္း ေလထုညစ္ညမ္းမႈ ျပသာနာဟာ တ႐ုတ္နဲ႔အၿပိဳင္ ေတာ္ေတာ္ေလးကိုဆိုးဝါးလာေနပါတယ္။၂၀၁၇ခုႏွစ္ ႏိုဝင္ဘာ ၈ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့သတင္းတခုမွာဆိုရင္ နယူးေဒလီၿမိဳ႕၏ ေလထုညစ္ညမ္းမႈသည္ ကမာၻ႔ က်န္းမာေရးအဖြဲ႕က သတ္မွတ္ ထားေသာ အႏၲရာယ္ကင္းမႈ ပမာဏထက္ အဆ ၇၀ ေက်ာ္ျမင့္မားခဲ့ေသာေၾကာင့္ အိႏၵိယအစိုးရက အေျခခံ ပညာေက်ာင္းအားလုံးကို ပိတ္ထားရန္ ၫႊန္ၾကားခဲ့သည္ ဆိုၿပီး ေဖာ္ျပထားပါတယ္။
ဒါေတြကေတာ့ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္း အင္အားႀကီးႏွစ္ႏိုင္ငံရဲ႕ ေလထုညစ္ညမ္းမႈနဲ႔ဆိုင္တဲ့ သတင္းေတြပါ။ ကြၽန္ေတာ္တို႔ေနထိုင္ရာ ျမန္မာႏိုင္ငံဟာဆိုရင္လည္း မၾကာေသးခင္က ထုတ္ျပန္ခဲ့ေသာ ကမာၻ႔က်န္းမာေရးအဖြဲ႕၏ အခ်က္အလက္မ်ားအရ အေရွ႕ေတာင္အာရွ ေဒသအတြင္းတြင္ ေလထုညစ္ညမ္းမႈ အျမင့္ဆုံးႏိုင္ငံနဲ႔ အမႈန္အမႊားအလြင့္ အမ်ားဆုံးႏိုင္ငံ ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ေနာက္ၿပီး ၂၀၁၆ ခုႏွစ္ စက္တင္ဘာလနဲ႔ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလ အတြင္း ရန္ကုန္ၿမိဳ႕ရဲ႕ ၿမိဳ႕နယ္ေျခာက္ခု က ေနရာ ကိုးခုမွာ ေလထုညစ္ညမ္းမႈတိုင္းတာခ်က္ေတြကို သုေတသနလုပ္ခဲ့တဲ့ စိမ္းလန္းအမိေျမအသင္းရဲ႕ သုေတသနရလဒ္စာတမ္းထုတ္ျပန္ခ်က္မွာ ဆိုရင္လည္း သုေတသနလုပ္ခဲ့တဲ့ ေနရာကိုးခုလုံးက ေလထုညစ္ညမ္းမႈေတြဟာ WHO (ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး)ရဲ႕ စံသတ္မွတ္ႏႈန္းေတြထက္ အမ်ားႀကီးေက်ာ္လြန္ေနတယ္လို႔ကို ေဖာ္ျပထားပါတယ္။
သူတို႔အသင္းဟာ ေလထုညစ္ညမ္းမႈ တိုင္းတာခ်က္ေတြကို စက္မႈဇုန္လိုေနရာေတြ၊ လူေနထူထပ္ၿပီး ယာဥ္ေၾကာသြားလာမႈမ်ားတဲ့ ကမာ႐ြတ္ၿမိဳ႕နယ္ လွည္းတန္းလမ္းဆုံ၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေျမနီကုန္းလမ္းဆုံ၊ ေက်ာက္တံတားၿမိဳ႕နယ္ ဆူးေလလမ္းဆုံ၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ မဂၤလာဒုံစက္မႈဇုန္၊ တာေမြၿမိဳ႕နယ္၊ လႈိင္သာယာၿမိဳ႕နယ္တို႔မွာ စမ္းသပ္တိုင္းတာခဲ့တာျဖစ္ပါတယ္လို႔လည္း ေဖာ္ျပထားခဲ့ပါတယ္။
ဒါဟာကြၽန္ေတာ္တို႔ျမန္မာျပည္သူျပည္သားေတြအတြက္ သတင္းဆိုးတခုပါ။ ကြၽန္ေတာ္တို႔ေတြက်န္းမာစြာ ဆက္လက္အသက္ရွင္ရပ္တည္ဖို႔အတြက္ သန႔္ရွင္းတဲ့ေလကို လိုအပ္ပါတယ္။
ေလထုညစ္ညမ္းမႈျဖစ္ေစတဲ့အေၾကာင္းေတြကေတာ့
-ဒီဇယ္၊ဓါတ္ဆီစတဲ့ေလာင္စာဆီေတြကိုအသုံးျပဳတဲ့ ကား၊ဆိုင္ကယ္ စက္ပစၥည္းေတြမ်ားလာတာေၾကာင့္
-စက္႐ုံေတြမ်ားလာတာေၾကာင့္
-ေဆးလိပ္အေသာက္မ်ားလာတာေၾကာင့္
-အမႈိက္ေတြကိုမီးရႈိ႕တာေၾကာင့္
-ေက်ာက္မီးေသြးစြမ္းအင္အသုံးျပဳတာေၾကာင့္
-သစ္ေတာမ်ားျပဳန္းတီးလာမႈေၾကာင့္
-ေတာမီးရႈိ႕တာေၾကာင့္
-ေဆာင္းရာသီမွာဆိုရင္ ထင္းတို႔ သစ္ကိုင္းေျခာက္ သစ္႐ြက္တို႔ကို မီးရႈိ႕ၿပီး မီးလႈံၾကတာေၾကာင့္ ဆိုၿပီး စသျဖင့္အေၾကာင္းေတြ အမ်ားႀကီးရွိပါတယ္။
ဘယ္လိုအေၾကာင္းေၾကာင့္ပဲ မီးခိုးနဲ႔အမႈန္အမႊားထြက္ထြက္ ထြက္လာတဲ့မီးခိုးေငြ႕နဲ႔အမႈန္အမႊားေတြဟာ ပတ္ဝန္းက်င္ရွိေလထုကို ညစ္ညမ္းမႈ ျဖစ္ေစပါတယ္။
ပတ္ဝန္းက်င္ေလထုမသန႔္ရွင္းဘဲညစ္ညမ္းမႈမ်ားလာရင္ နဂိုဘာေရာဂါမွမရွိတဲ့သူေတြေတာင္ တျဖည္းျဖည္း အသက္ရွဴၾကပ္လာတာ၊ ေမာလာတာ၊ အသက္ရွဴမဝတာ၊ အဆုတ္ပြတာေတြျဖစ္လာႏိုင္ပါတယ္။ ေရရွည္မွာဆိုရင္ အဆုတ္ေရာဂါ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြပါ ခံစားလာရႏိုင္ပါတယ္။
ေလာေလာလတ္လတ္မွာလည္း မသန႔္ရွင္းတဲ့ေလကို ရွဴရတဲ့အတြက္ ေခါင္းေနာက္တာ၊ ေခါင္းကိုက္တာ၊ ဇက္ေၾကာတက္တာ၊ အျမင္ဝါးတာ၊ ပ်ိဳ႕အန္တာေတြ ျဖစ္ႏိုင္ပါတယ္။ပတ္ဝန္းက်င္မွာ စက္႐ုံေတြ၊ ကားေတြ၊ ဆိုင္ကယ္ေတြကထြက္တဲ့ မီးခိုးေတြနဲ႔ပဲ ပိတ္ဖုံးေနတာၾကာလာရင္ ကာဘြန္မိုေနာ့ဆိုဒ္ အဆိပ္သင့္တဲ့လကၡဏာေတြပါ ခံစားလာရႏိုင္ပါတယ္။
သာမန္လူေတြေတာင္ ေလထုညစ္ညမ္မႈကို ဒီေလာက္ခံရရင္ ေရာဂါအခံတခုခုရွိတဲ့ သက္ႀကီး႐ြယ္အိုေတြ၊ ပန္းနာရင္ၾကပ္ စတဲ့ေရာဂါအခံရွိသူေတြ ၊ကေလးသူငယ္ေတြဆို ပိုဒုကၡေရာက္ႏိုင္ပါတယ္။
Global Burden of Disease အဖြဲ႕၏ ေလ့လာမႈအရ ျမန္မာႏိုင္ငံတြင္ ၂၀၁၅ အတြင္း ေလထုညစ္ညမ္းမႈေၾကာင့္ျဖစ္ေသာ အဆုတ္ကင္ဆာ၊ ေလျဖတ္ျခင္း၊ ႏွလုံးေရာဂါမ်ားေၾကာင့္ အခ်ိန္မတိုင္မီ ေသဆုံးရသူဦးေရသည္ ေန႔စဥ္ ၄၅ ဦးခန႔္ရွိႏိုင္ေၾကာင္း ခန႔္မွန္းခဲ့သည္။ ဒါဟာစိုးရိမ္ရတဲ့ အေနထားပါ။
ဒါေၾကာင့္ အဆုံးသတ္အေနနဲ႔ေျပာခ်င္တာကေတာ့ ေလထုညစ္ညမ္းမႈကို ေလွ်ာ့ခ်ရာမွာ အစိုးရကလည္း ေလထုညစ္ညမ္းမႈျဖစ္ေစတဲ့အရာေတြကို စည္းကမ္းနဲ႔ ထိန္းခ်ဳပ္ေလွ်ာ့ခ်ခိုင္းဖို႔လိုသလို ျပည္သူေတြကလည္း ေဆးလိပ္မေသာက္ဖို႔၊ နီးနီးနားနားဆို ကား၊ ဆိုင္ကယ္ မသုံးဘဲ စက္ဘီးေလာက္နဲ႔သြားတာလုပ္ဖို႔၊ ထင္း၊ မီးေသြးစတာေတြကို ေလွ်ာ့သုံးဖို႔၊ အမႈိက္ေတြ၊ သစ္႐ြက္ေျခာက္ေတြကို မီးမရႈိ႕ဘဲ အမႈိက္ကားလာတိုင္းထည့္ဖို႔ ဆိုတဲ့အခ်က္ေတြကို လိုက္နာမွသာ ကြၽန္ေတာ္တို႔ရဲ႕ အိမ္နီးခ်င္းႏွစ္ႏိုင္ငံလိုအျဖစ္မ်ိဳးေတြမႀကဳံရမွာပါ။
Author : Dr. 528
(Unicode)
လေထုညစ်ညမ်းမှုအန္တရာယ် သတိပြုဖွယ်
တကမ္ဘာလုံးမှာ လေထုညစ်ညမ်းမှုကြောင့် တနှစ်လျှင် လူဦးရေ ၃သန်းနီးပါးသေဆုံးနေရပါတယ်လို့သုတေသနတခုကပြောထားပါတယ်။ ထိုပမာဏဟာ အေအိုက်ဒီအက်စ်၊ ငှက်ဖျား၊ ဆီးချိုရောဂါ၊ တီဘီရောဂါ စတဲ့ရောဂါတွေကြောင့် သေဆုံးရတဲ့ လူဦးရေ အရေအတွက်ထက်ပိုများပါတယ်။
အမေရိကန် ပြည်ထောင်စုပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီ စံစနစ်များအရ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းဟာ မသန့်ရှင်းသော လေကိုနေ့စဉ် ရှူရှိုက်နေရသည်။
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာတောင် လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင် လူ ၆၀၀၀ သေဆုံး ခဲ့ကာ ဘုရင်ကောလိပ် လန်ဒန် ၏အဆိုအရ လန်ဒန်မြို့၏ တစ်နေ့တာလေ ကို ရှူရှိုက်ရခြင်းသည် တစ်နေ့လျှင် ဆေးလိပ် ၁၅ လိပ် သောက်တာနဲ့ ညီမျှကြောင်း သိရသည်။
ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံမှာဆိုရင် လေထုညစ်ညမ်းမှုဟာ ပြဿနာတစ်ခု ဖြစ်နေခဲ့တာဟာ နှစ်အတန်ကြာခဲ့ပြီဖြစ်သည်။ ဒါ့အပြင် နောက်အိမ်နီးချင်းနိုင်ငံတခုဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာဆိုရင်လည်း လေထုညစ်ညမ်းမှု ပြသာနာဟာ တရုတ်နဲ့အပြိုင် တော်တော်လေးကိုဆိုးဝါးလာနေပါတယ်။၂၀၁၇ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့သတင်းတခုမှာဆိုရင် နယူးဒေလီမြို့၏ လေထုညစ်ညမ်းမှုသည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က သတ်မှတ် ထားသော အန္တရာယ်ကင်းမှု ပမာဏထက် အဆ ၇၀ ကျော်မြင့်မားခဲ့သောကြောင့် အိန္ဒိယအစိုးရက အခြေခံ ပညာကျောင်းအားလုံးကို ပိတ်ထားရန် ညွှန်ကြားခဲ့သည် ဆိုပြီး ဖော်ပြထားပါတယ်။
ဒါတွေကတော့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အင်အားကြီးနှစ်နိုင်ငံရဲ့ လေထုညစ်ညမ်းမှုနဲ့ဆိုင်တဲ့ သတင်းတွေပါ။ ကျွန်တော်တို့နေထိုင်ရာ မြန်မာနိုင်ငံဟာဆိုရင်လည်း မကြာသေးခင်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ အရှေ့တောင်အာရှ ဒေသအတွင်းတွင် လေထုညစ်ညမ်းမှု အမြင့်ဆုံးနိုင်ငံနဲ့ အမှုန်အမွှားအလွင့် အများဆုံးနိုင်ငံ ဖြစ်ကြောင်း ဖော်ပြထားသည်။
နောက်ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလနဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်း ရန်ကုန်မြို့ရဲ့ မြို့နယ်ခြောက်ခု က နေရာ ကိုးခုမှာ လေထုညစ်ညမ်းမှုတိုင်းတာချက်တွေကို သုတေသနလုပ်ခဲ့တဲ့ စိမ်းလန်းအမိမြေအသင်းရဲ့ သုတေသနရလဒ်စာတမ်းထုတ်ပြန်ချက်မှာ ဆိုရင်လည်း သုတေသနလုပ်ခဲ့တဲ့ နေရာကိုးခုလုံးက လေထုညစ်ညမ်းမှုတွေဟာ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး)ရဲ့ စံသတ်မှတ်နှုန်းတွေထက် အများကြီးကျော်လွန်နေတယ်လို့ကို ဖော်ပြထားပါတယ်။
သူတို့အသင်းဟာ လေထုညစ်ညမ်းမှု တိုင်းတာချက်တွေကို စက်မှုဇုန်လိုနေရာတွေ၊ လူနေထူထပ်ပြီး ယာဉ်ကြောသွားလာမှုများတဲ့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းလမ်းဆုံ၊ ကျောက်တံတားမြို့နယ် ဆူးလေလမ်းဆုံ၊ ကြည့်မြင်တိုင်မြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်၊ တာမွေမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့မှာ စမ်းသပ်တိုင်းတာခဲ့တာဖြစ်ပါတယ်လို့လည်း ဖော်ပြထားခဲ့ပါတယ်။
ဒါဟာကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေအတွက် သတင်းဆိုးတခုပါ။ ကျွန်တော်တို့တွေကျန်းမာစွာ ဆက်လက်အသက်ရှင်ရပ်တည်ဖို့အတွက် သန့်ရှင်းတဲ့လေကို လိုအပ်ပါတယ်။
လေထုညစ်ညမ်းမှုဖြစ်စေတဲ့အကြောင်းတွေကတော့
-ဒီဇယ်၊ဓါတ်ဆီစတဲ့လောင်စာဆီတွေကိုအသုံးပြုတဲ့ ကား၊ဆိုင်ကယ် စက်ပစ္စည်းတွေများလာတာကြောင့်
-စက်ရုံတွေများလာတာကြောင့်
-ဆေးလိပ်အသောက်များလာတာကြောင့်
-အမှိုက်တွေကိုမီးရှို့တာကြောင့်
-ကျောက်မီးသွေးစွမ်းအင်အသုံးပြုတာကြောင့်
-သစ်တောများပြုန်းတီးလာမှုကြောင့်
-တောမီးရှို့တာကြောင့်
-ဆောင်းရာသီမှာဆိုရင် ထင်းတို့ သစ်ကိုင်းခြောက် သစ်ရွက်တို့ကို မီးရှို့ပြီး မီးလှုံကြတာကြောင့် ဆိုပြီး စသဖြင့်အကြောင်းတွေ အများကြီးရှိပါတယ်။
ဘယ်လိုအကြောင်းကြောင့်ပဲ မီးခိုးနဲ့အမှုန်အမွှားထွက်ထွက် ထွက်လာတဲ့မီးခိုးငွေ့နဲ့အမှုန်အမွှားတွေဟာ ပတ်ဝန်းကျင်ရှိလေထုကို ညစ်ညမ်းမှု ဖြစ်စေပါတယ်။
ပတ်ဝန်းကျင်လေထုမသန့်ရှင်းဘဲညစ်ညမ်းမှုများလာရင် နဂိုဘာရောဂါမှမရှိတဲ့သူတွေတောင် တဖြည်းဖြည်း အသက်ရှူကြပ်လာတာ၊ မောလာတာ၊ အသက်ရှူမဝတာ၊ အဆုတ်ပွတာတွေဖြစ်လာနိုင်ပါတယ်။ ရေရှည်မှာဆိုရင် အဆုတ်ရောဂါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေပါ ခံစားလာရနိုင်ပါတယ်။
လောလောလတ်လတ်မှာလည်း မသန့်ရှင်းတဲ့လေကို ရှူရတဲ့အတွက် ခေါင်းနောက်တာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာ၊ အမြင်ဝါးတာ၊ ပျို့အန်တာတွေ ဖြစ်နိုင်ပါတယ်။ပတ်ဝန်းကျင်မှာ စက်ရုံတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေကထွက်တဲ့ မီးခိုးတွေနဲ့ပဲ ပိတ်ဖုံးနေတာကြာလာရင် ကာဘွန်မိုနော့ဆိုဒ် အဆိပ်သင့်တဲ့လက္ခဏာတွေပါ ခံစားလာရနိုင်ပါတယ်။
သာမန်လူတွေတောင် လေထုညစ်ညမ်မှုကို ဒီလောက်ခံရရင် ရောဂါအခံတခုခုရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ပန်းနာရင်ကြပ် စတဲ့ရောဂါအခံရှိသူတွေ ၊ကလေးသူငယ်တွေဆို ပိုဒုက္ခရောက်နိုင်ပါတယ်။
Global Burden of Disease အဖွဲ့၏ လေ့လာမှုအရ မြန်မာနိုင်ငံတွင် ၂၀၁၅ အတွင်း လေထုညစ်ညမ်းမှုကြောင့်ဖြစ်သော အဆုတ်ကင်ဆာ၊ လေဖြတ်ခြင်း၊ နှလုံးရောဂါများကြောင့် အချိန်မတိုင်မီ သေဆုံးရသူဦးရေသည် နေ့စဉ် ၄၅ ဦးခန့်ရှိနိုင်ကြောင်း ခန့်မှန်းခဲ့သည်။ ဒါဟာစိုးရိမ်ရတဲ့ အနေထားပါ။
ဒါကြောင့် အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ လေထုညစ်ညမ်းမှုကို လျှော့ချရာမှာ အစိုးရကလည်း လေထုညစ်ညမ်းမှုဖြစ်စေတဲ့အရာတွေကို စည်းကမ်းနဲ့ ထိန်းချုပ်လျှော့ချခိုင်းဖို့လိုသလို ပြည်သူတွေကလည်း ဆေးလိပ်မသောက်ဖို့၊ နီးနီးနားနားဆို ကား၊ ဆိုင်ကယ် မသုံးဘဲ စက်ဘီးလောက်နဲ့သွားတာလုပ်ဖို့၊ ထင်း၊ မီးသွေးစတာတွေကို လျှော့သုံးဖို့၊ အမှိုက်တွေ၊ သစ်ရွက်ခြောက်တွေကို မီးမရှို့ဘဲ အမှိုက်ကားလာတိုင်းထည့်ဖို့ ဆိုတဲ့အချက်တွေကို လိုက်နာမှသာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနှစ်နိုင်ငံလိုအဖြစ်မျိုးတွေမကြုံရမှာပါ။
Author : Dr. 528