(Unicode)
အရပ်ရှည်အောင်ဘယ်လိုလုပ်ရမလဲ ?
How to grow taller
ဆရာ/ ဆရာမ ကျွန်တော် /ကျွန်မအရပ်ရှည်ချင်တယ်။ ဘာလုပ်ရမလဲပေါ့။ ကျွန်ုပ်တို့ Doctor On Call ဆီကို မကြာခဏ ဖုန်းဆက်မေးကျပါတယ်။
မိမိအရပ်ရှည်ခြင်း ၊မရှည်ခြင်းက မိမိ၏ မိဘမျိုးရိုးှဗီဇနဲ့ အများကြီးဆိုင်ပါတယ်။ ဒီလိုဆိုရင် မိဘက အရပ်ပုရင် ကိုယ်ကလိုက်ပုုရမှာလားလို့ မေးစရာရှိပါတယ်။
အဲ့ဒီလိုလည်းမဟုတ်ပါဘူး။ ဒါကတော့ အရပ်ပုခြင်းရဲ့ အကြောင်းရင်းထဲကတမျိုး
ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဆေးပညာ ၊Growth end Plate ဆိုတဲ့ စကားလုံးရှိပါတယ်။ အရပ်ထဲကအပြောအရ အရိုးဆက်ကြောင်း ၊အရိုးဆက်ခြင်းကိုခေါ်ပါတယ်။ အသက် (၂၅ )နှစ်ရောက်မှသာ ကျွန်ုပ်တို့အရိုးဆက်ကြောင်း (Growth end Plate ) ပိတ်ပါတယ်။ အဲ့ဒီတော့ အသက် (၂၅) နှစ်နောက်ပိုင်း အရပ်ရှည်နိုင်ဖို့ အခွင့်အရေးမရှိသလောက် နည်းပါးသွားပါတယ်။
ဒီလိုဆို အသက် (၂၅)နှစ် မတိုင်ခင် ကျွန်တော် / ကျွန်မ တို့ ဘယ်လိုလုပ်ရမလဲ။
(၁) အစားအသောက်ကို သင့်တင့်မျှတစွာ စားခြင်းဖြင့် သင့်ကိုကျန်းမာကြံခိုင်
စေရုံ သာမက အရပ်လည်းရှည်စေပါတယ် ။ ကိတ်မုန့် ၊ဆိုဒါအရည် ၊ ပီဇာ စတာတွေကို ရှောင်ကြည့်ပြီး အသားငါးဟင်းသီးဟင်းရွက် ကို စုံစုံလင်လင်စားပေးရပါမယ်။
(၂) Protein ဓာတ်သည် ကျွန်ုပ်တို့ ခန္ဓာကိုယ်ရှိ ဒခရိုး ၊ ကြွက်သားများကို သန်မာစေပါတယ် ။ Protein ပါတဲ့ အစားအစားတွေက အသား ၊ ငါး ၊ ဥ ၊ ပဲ အမျိုးမျိုးတို့ကို လုံလောက်အောင် စားပေးရပါမယ်။
(၃) နောက်ထပ်လိုအပ်တာတွေကတော့ Vit D , Calcium, Zin တု့ိဖြစ်ပါတယ်။Vit D ကို ကျွန်ုပ်တို့နေရောင်ခြည်ကနေ တဆင့်ရရှိနိုင်ပါတယ်။ အနည်းငယ်များ နေရောင်ချည် ထိတွေ့ရုံမျှဖြင့် Vit D ကို လုံလောက်စွာရရှိနိုင်ပါတယ်။
(၄) အိပ်ရေးဝအောင် အိပ်ပါ ။ အိပ်နေစဉ် အတွင်း ခန္ဓာကိုယ် ကြီးထွားစေသော hormone ( Growth hormone) ထွက်လာသောကြောင့် ဖြစ်ပါတယ် ။
(၅) အချိန်ပေးပြီး အားကစား တစ်ခုခုကို လေ့လာလိုက်စားပါ။ ဘယ်လိုလေ့ကျင့်ခန်းကို လေ့လာလိုက်စားရမယ် လို့ အတိအကျမရှိပါ။ Stretching / Jumping လုပ်ရတဲ့ ကစားနည်းများသည် သင့့်ကို အရပ်ရှည်စေနိုင်ပါတယ်။
ဥပမာ basketball , swimming ဖြစ်ပါတယ်။
ကျန်းမာရေး နဲ့ပက်သက်တာတွေကို သိချင်ရင် ဆရာဝန်များ ကိုယ်တိုင်ဖြေကြားပေးနေတဲ့ Doctor On Call ရဲ့ hotline 1877 ကို ဆက်သွယ် ပြီး ၂၄နာရီ အချိန်မရွေး ဆက်သွယ် တိုင်ပင်ဆွေးနွေး နိုင်ပါတယ်နော်…
ခုဘဲ hotline 1877 ကို ဆက်လိုက်ရအောင်
အောက်ပါ link မှ Doctor On Call application ကို download ရယူပြီး ကျန်းမာရေးဆောင်းပါးများကို ဖတ်ရှုနိုင်ပါပြီ
https://play.google.com/store/apps/details?id=com.digitalabs.doctoroncall
(Zawgyi)
How to grow taller
မိမိအရပ်ရှည်ခြင်း ၊မရှည်ခြင်းက မိမိ၏ မိဘမျိုးရိုှးဗီဇနဲ့ အများကြီးဆိုင်ပါတယ်။ ဒီလိုဆိုရင် မိဘက အရပ်ပုရင် ကိုယ်ကလိုက်ပုရမှာလားလို့ မေးစရာရှိပါတယ်။