fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

Cranberry သီး နှင့် ကျန်းမာရေး အကျိုးကျေးဇူးများ

95
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/01/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

Cranberry သီး ႏွင့္ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

Cranberry သီးကေတာ့ အခုေနာက္ပိုင္း ကြၽန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြ နဲ႔ နည္းနည္းရင္းႏွီးစ ျပဳလာပါၿပီ။ စူပါမားကတ္ေတြမွာ ဆိုရင္ အသီး အေနနဲ႔ေရာ ေဖ်ာ္ရည္ အေနနဲ႔ပါ အလြယ္တကူ ဝယ္လို႔ရေနပါၿပီ။

သူ႔ရဲ႕ က်န္းမာေရး အက်ိဳးျပဳပုံ မေျပာခင္မွာ ဘာေတြ ပါဝင္သလဲ ဆိုတာ အရင္ေျပာခ်င္ပါတယ္။ Cranberry သီး တ႐ုတ္ထမင္းဂပန္းကန္လုံး တဝက္မွာ ဆိုရင္ 25 ကယ္လိုရီ ပဲရွိၿပီး အျခားေသာ အာဟာရဓါတ္ေတြ ျဖစ္ၾကတဲ့
1. အမွ်င္ဓါတ္
2. ကယ္ဆီယမ္
3. သံဓါတ္
4. မဂၢနီဆီယမ္
5. Phosphorus
6. ပိုတက္ဆီယမ္
7. ဆိုဒီယမ္
8. ဇင့္ဓါတ္
9. ေဖာလိတ္
10. ဗီတာမင္ C
11. ဗီတာမင္ A
12. ဗီတာမင္ K
13. ဗီတာမင္ E စတာေတြ ပါဝင္ပါတယ္။

က်န္းမာေရး ကို ဘယ္လိုအက်ိဳးျပဳေစလဲ။

1. ဆီးလမ္းေၾကာင္း ပိုးဝင္ျခင္း မွ ကာကြယ္ေပးျခင္း။
Cranberry သီး စားျခင္း ျဖင့္ ဆီးလမ္းေၾကာင္းပိုဝင္တာ ကိုသိသိသာသာ ကာကြယ္ေပးပါတယ္။ အထူးသျဖင့္ ထပ္ခါထပ္ခါ ဆီးလမ္းေၾကာင္း ပိုးဝင္တတ္တဲ့ အမ်ိဳးသမီးေတြ မွာ ဆို Cranberry ေဆးလုံးစားေပး ျဖင့္ ဆီးလမ္းေၾကာင္းပိုးဝင္တာ ကို သိသိသာသာအႀကိမ္အေရ အတြက္ ေလ်ာ့က်ေစပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ Cranberry သီးမွာ Proanthocyanin (PAC)ဆိုတဲ့ အာဟာရဓါတ္ တစ္မ်ိဳးပါဝင္လို႔ျဖစ္ပါတယ္။ PAC က ဆီးလမ္းေၾကာင္း မွာ ဘတ္တီးရီးယား ေတြ ကပ္တြပ္မႈ႕ မရွိေအာင္ ရွင္းထုတ္ေပးႏိုင္တဲ့ အစြမ္း သတၱိရွိတဲ့ အတြက္ေၾကာင့္ပါ။ ဘတ္တီးရီးယား မကပ္ေတာ့တဲ့ အတြက္ ဆီးလမ္းေၾကာင္းပိုးဝင္တာလည္းမျဖစ္ေတာ့ဘူးေပါ့။

ဒါေပမယ့္ ဒီမွာ သတိထားသင့္တာကေတာ့ ဆီးလမ္းေၾကာင္းပိုးဝင္တာ ကို ကာကြယ္ေပးဖို႔ ဆိုရင္ အသီးအားျဖင့္ေကာ ေဖ်ာ္ရည္ အားျဖင့္ေကာ စားမယ္ ေသာက္မယ္ ဆိုရင္ ပမာဏ အမ်ားႀကီးစားေပး ေသာက္ေပးရပါလိမ့္မယ္။ ဒါေၾကာင့္ အလြယ္တကူ cranberry ေဆးလုံးေလး ေတြ ကိုဂသက္ဆိုင္ရာ ဆရာဝန္ ႏွင့္ ေဆြးေႏြးတိုင္ပင္ၿပီး ေသာက္လို႔ရပါတယ္။

2. ႏွလုံးက်န္းမာေရး အတြက္ အသုံးဝင္ျခင္း
တခ်ိဳ႕ေသာ ေလ့လာေတြ႕ရွိခ်က္ေတြ အရ Cranberry မွာ ပါဝင္တဲ့ Polyphenols လို႔ေခၚတဲ့ အာဟာရဓါတ္ တစ္မ်ိဳးပါဝင္တဲ့ အတြက္ ေသြးေၾကာေလးေတြထဲ မွာ ေသြးခဲ ပိတ္တာေတြကို အတိုင္းအတာ တစ္ခုထိ ကာကြယ္ေပးတဲ့ အျပင္ ေသြးေပါင္ခ်ိန္ကိုပါ က်ေစတဲ့ အတြက္ ေသြတိုးေရာဂါရွိတဲ့ သူေတြ အတြက္ cranberry juice တစ္ခြက္ေလာက္ေသာက္ေပးျခင္း ျဖင့္ ေသြးေပါင္ခ်ိန္ကို ထိန္းညႇိေပးႏိုင္ပါတယ္။ ဒီ့အျပင္ anti-inflammatory action (ေရာင္ရမ္းျခင္းကိုသက္သာေစတဲ့ သတၱိ) ရွိပါတယ္။

3. ကင္ဆာေရာဂါ ကာကြယ္ေပးျခင္း
Cranberry မွာ ဗီတာမင္ A,C,E ပါဝင္တဲ့ အတြက္ ဓါတ္တိုးဆန႔္က်င္သတၱိ ရွိပါတယ္။ ဒါေၾကာင့္ ကင္ဆာ ျဖစ္ပြားမႈ႕ ကာကြယ္ေပးႏိုင္ပါတယ္။ အထူးသျဖင့္ အသည္းကင္ဆာ၊ အူမႀကီးကင္ဆာ၊ သားဥအိမ္ကင္ဆာ၊ ရင္သားကင္ဆာ ႏွင့္ ဆီးႀကိတ္ကင္ဆာ တို႔ကို ကာကြယ္ေပးပါတယ္။

4. သြားႏွင့္ ခံတြင္း က်န္းမာေရးမွာ အက်ိဳးျပဳျခင္း
Cranberry သီးမွာ ပါဝင္တဲ့ Proanthocyanin (PAC) ဆိုတဲ့ အာဟာရဓါတ္တစ္မ်ိဳးဟာ ဆီးလမ္းေၾကာင္းပိုးဝင္တာကို ကာကြယ္ေပး႐ုံ သာမက ခံတြင္း အတြင္း ဘတ္တီးရီးယား ဆိုးမ်ား ေပါက္ပြားမႈ႕ ကို ပါ ကာကြယ္ေပးတဲ့ အတြက္ သြားႏွင့္ ခံတြင္းဆိုင္ရာ ေရာဂါ အခ်ိဳ႕ကို ကာကြယ္ေပးပါတယ္။

5. အနာက်က္ လြယ္ေစျခင္း
Cranberry သီးမွာ ဗီတာမင္ C ပါဝင္တဲ့ အတြက္ collagen (ေကာ္လဂ်င္) ျဖစ္ပြားမႈ႕ ကို မ်ားေစတဲ့ အတြက္ အနာ အက်က္ လြယ္ေစလို႔။ ခြဲစိတ္ၿပီးခါစ လူနာေတြ ထိခိုက္ရွနာ လူနာ ေတြ ဆိုရင္ cranberry ေဖ်ာ္ရည္ေသာက္ေပးသင့္ပါတယ္။

6. ကိုယ္ခံစြမ္းအားကို ျမႇင့္တင္ေပးျခင္း
Cranberry သီးမွာ ဗီတာမင္ A,C ႏွင့္ ဇင့္ဓါတ္တို႔ ပါဝင္တဲ့ အတြက္ ကိုယ္ခံစြမ္းအား ကို ျမႇင့္တက္ေပးတဲ့ အတြက္ ရာသီ အကူးအေျပာင္း မွာ ျဖစ္တတ္တဲ့ ႏွာေစး၊ေခ်ာင္းဆိုး၊ တုပ္ေကြး ေရာဂါေတြ ကို ကာကြယ္ေပးႏိုင္ပါတယ္။

7. ကိုလက္စထေရာ က်ေစျခင္း
Cranberry သီးမွာ အမွ်င္ဓါတ္ပါဝင္မႈ႕ အရမ္းမ်ားတဲ့ အတြက္ ေသြးတြင္း ကိုလက္စထေရာ ပမာဏ ကို ေလ်ာ့နည္းေစပါတယ္။

8. ဝိတ္ခ်ေနသူမ်ား အတြက္ အသုံးဝင္ျခင္း
ကယ္လိုရီပမာဏ နည္းတဲ့ အတြက္ ဝိတ္ခေနသူမ်ား အေနျဖင့္ ညဘက္ ဗိုက္ဆာလို႔ အဆာေျပ အေနနဲ႔ Cranberry Juice ေသာက္ေပးလို႔ရပါတယ္။

ေလးစားစြာျဖင့္
ေဒါက္တာ ညီညီေက်ာ္

Cranberry သီး နှင့် ကျန်းမာရေး အကျိုးကျေးဇူးများ

Cranberry သီးကတော့ အခုနောက်ပိုင်း ကျွန်တော်တို့ မြန်မာလူမျိုးတွေ နဲ့ နည်းနည်းရင်းနှီးစ ပြုလာပါပြီ။ စူပါမားကတ်တွေမှာ ဆိုရင် အသီး အနေနဲ့ရော ဖျော်ရည် အနေနဲ့ပါ အလွယ်တကူ ဝယ်လို့ရနေပါပြီ။

သူ့ရဲ့ ကျန်းမာရေး အကျိုးပြုပုံ မပြောခင်မှာ ဘာတွေ ပါဝင်သလဲ ဆိုတာ အရင်ပြောချင်ပါတယ်။ Cranberry သီး တရုတ်ထမင်းဂပန်းကန်လုံး တဝက်မှာ ဆိုရင် 25 ကယ်လိုရီ ပဲရှိပြီး အခြားသော အာဟာရဓါတ်တွေ ဖြစ်ကြတဲ့
1. အမျှင်ဓါတ်
2. ကယ်ဆီယမ်
3. သံဓါတ်
4. မဂ္ဂနီဆီယမ်
5. Phosphorus
6. ပိုတက်ဆီယမ်
7. ဆိုဒီယမ်
8. ဇင့်ဓါတ်
9. ဖောလိတ်
10. ဗီတာမင် C
11. ဗီတာမင် A
12. ဗီတာမင် K
13. ဗီတာမင် E စတာတွေ ပါဝင်ပါတယ်။

ကျန်းမာရေး ကို ဘယ်လိုအကျိုးပြုစေလဲ။

1. ဆီးလမ်းကြောင်း ပိုးဝင်ခြင်း မှ ကာကွယ်ပေးခြင်း။
Cranberry သီး စားခြင်း ဖြင့် ဆီးလမ်းကြောင်းပိုဝင်တာ ကိုသိသိသာသာ ကာကွယ်ပေးပါတယ်။ အထူးသဖြင့် ထပ်ခါထပ်ခါ ဆီးလမ်းကြောင်း ပိုးဝင်တတ်တဲ့ အမျိုးသမီးတွေ မှာ ဆို Cranberry ဆေးလုံးစားပေး ဖြင့် ဆီးလမ်းကြောင်းပိုးဝင်တာ ကို သိသိသာသာအကြိမ်အရေ အတွက် လျော့ကျစေပါတယ်။

ဘာကြောင့်လဲဆိုတော့ Cranberry သီးမှာ Proanthocyanin (PAC)ဆိုတဲ့ အာဟာရဓါတ် တစ်မျိုးပါဝင်လို့ဖြစ်ပါတယ်။ PAC က ဆီးလမ်းကြောင်း မှာ ဘတ်တီးရီးယား တွေ ကပ်တွပ်မှု့ မရှိအောင် ရှင်းထုတ်ပေးနိုင်တဲ့ အစွမ်း သတ္တိရှိတဲ့ အတွက်ကြောင့်ပါ။ ဘတ်တီးရီးယား မကပ်တော့တဲ့ အတွက် ဆီးလမ်းကြောင်းပိုးဝင်တာလည်းမဖြစ်တော့ဘူးပေါ့။

ဒါပေမယ့် ဒီမှာ သတိထားသင့်တာကတော့ ဆီးလမ်းကြောင်းပိုးဝင်တာ ကို ကာကွယ်ပေးဖို့ ဆိုရင် အသီးအားဖြင့်ကော ဖျော်ရည် အားဖြင့်ကော စားမယ် သောက်မယ် ဆိုရင် ပမာဏ အများကြီးစားပေး သောက်ပေးရပါလိမ့်မယ်။ ဒါကြောင့် အလွယ်တကူ cranberry ဆေးလုံးလေး တွေ ကိုဂသက်ဆိုင်ရာ ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင်ပြီး သောက်လို့ရပါတယ်။

2. နှလုံးကျန်းမာရေး အတွက် အသုံးဝင်ခြင်း
တချို့သော လေ့လာတွေ့ရှိချက်တွေ အရ Cranberry မှာ ပါဝင်တဲ့ Polyphenols လို့ခေါ်တဲ့ အာဟာရဓါတ် တစ်မျိုးပါဝင်တဲ့ အတွက် သွေးကြောလေးတွေထဲ မှာ သွေးခဲ ပိတ်တာတွေကို အတိုင်းအတာ တစ်ခုထိ ကာကွယ်ပေးတဲ့ အပြင် သွေးပေါင်ချိန်ကိုပါ ကျစေတဲ့ အတွက် သွေတိုးရောဂါရှိတဲ့ သူတွေ အတွက် cranberry juice တစ်ခွက်လောက်သောက်ပေးခြင်း ဖြင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဒီ့အပြင် anti-inflammatory action (ရောင်ရမ်းခြင်းကိုသက်သာစေတဲ့ သတ္တိ) ရှိပါတယ်။

3. ကင်ဆာရောဂါ ကာကွယ်ပေးခြင်း
Cranberry မှာ ဗီတာမင် A,C,E ပါဝင်တဲ့ အတွက် ဓါတ်တိုးဆန့်ကျင်သတ္တိ ရှိပါတယ်။ ဒါကြောင့် ကင်ဆာ ဖြစ်ပွားမှု့ ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အသည်းကင်ဆာ၊ အူမကြီးကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ ရင်သားကင်ဆာ နှင့် ဆီးကြိတ်ကင်ဆာ တို့ကို ကာကွယ်ပေးပါတယ်။

4. သွားနှင့် ခံတွင်း ကျန်းမာရေးမှာ အကျိုးပြုခြင်း
Cranberry သီးမှာ ပါဝင်တဲ့ Proanthocyanin (PAC) ဆိုတဲ့ အာဟာရဓါတ်တစ်မျိုးဟာ ဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်ပေးရုံ သာမက ခံတွင်း အတွင်း ဘတ်တီးရီးယား ဆိုးများ ပေါက်ပွားမှု့ ကို ပါ ကာကွယ်ပေးတဲ့ အတွက် သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါ အချို့ကို ကာကွယ်ပေးပါတယ်။

5. အနာကျက် လွယ်စေခြင်း
Cranberry သီးမှာ ဗီတာမင် C ပါဝင်တဲ့ အတွက် collagen (ကော်လဂျင်) ဖြစ်ပွားမှု့ ကို များစေတဲ့ အတွက် အနာ အကျက် လွယ်စေလို့။ ခွဲစိတ်ပြီးခါစ လူနာတွေ ထိခိုက်ရှနာ လူနာ တွေ ဆိုရင် cranberry ဖျော်ရည်သောက်ပေးသင့်ပါတယ်။

6. ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း
Cranberry သီးမှာ ဗီတာမင် A,C နှင့် ဇင့်ဓါတ်တို့ ပါဝင်တဲ့ အတွက် ကိုယ်ခံစွမ်းအား ကို မြှင့်တက်ပေးတဲ့ အတွက် ရာသီ အကူးအပြောင်း မှာ ဖြစ်တတ်တဲ့ နှာစေး၊ချောင်းဆိုး၊ တုပ်ကွေး ရောဂါတွေ ကို ကာကွယ်ပေးနိုင်ပါတယ်။

7. ကိုလက်စထရော ကျစေခြင်း
Cranberry သီးမှာ အမျှင်ဓါတ်ပါဝင်မှု့ အရမ်းများတဲ့ အတွက် သွေးတွင်း ကိုလက်စထရော ပမာဏ ကို လျော့နည်းစေပါတယ်။

8. ဝိတ်ချနေသူများ အတွက် အသုံးဝင်ခြင်း
ကယ်လိုရီပမာဏ နည်းတဲ့ အတွက် ဝိတ်ခနေသူများ အနေဖြင့် ညဘက် ဗိုက်ဆာလို့ အဆာပြေ အနေနဲ့ Cranberry Juice သောက်ပေးလို့ရပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Previous Post

နောင်တမှတ်တမ်း မရေးထိုးစေချင်

Next Post

ပြည့်ဝဆီစားမလား၊ မပြည့်ဝဆီစားမလား ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပြည့်ဝဆီစားမလား၊ မပြည့်ဝဆီစားမလား ?

ကိုယ်အလေးချိန် လျှော့ချ နေသူများ နှင့် ထိန်းချင်သူများ အတွက် အသုံးဝင်မည့် နည်းလမ်းများ။

Protein Supplement တွေ ကို ဘယ်လောက် အထိသောက်နေကြလဲ????

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.