မိနစ်အနည်းငယ်ကြာစဉ်မှာပင် ဆရာဝန်ကိုယ်တိုင် ရောက်ရှိလာပြီး သေချာစမ်းသပ်ရ်ျ လိုအပ်တဲ့ဆေးဝါးများပေးပြီး ဘယ်လိုအခြေအနေဆို ဆေးရုံသွားသင့်ကြောင်းပါ အကြံပေးကာကုသမူပေးခဲ့ပါတယ်။
Dr. ပြည့်ရှင်း
(Unicode)
`သမီးရေ ဖေဖေ ကိုယ်လက်မအီမသာနဲ့ ကိုယ်ပူချင်လာသလိုပဲ´ လို့ဖေဖေက အခန်းထဲမှ လှမ်းအော်လိုက်သောကြောင့် သမီးငယ်သိပ်နေသောကျွန်မ အလျင်အမြန်ဖေဖေဆီ သွားလိုက်ပါတယ်။ ဒီနေ့ အိမ်မှာအမျိုးသားကလည်း အစည်းအဝေးတက်စရာရှိလို့ စောစောCompany သွားနေပါတယ်။ဖေဖေက အသက်က ၇၀ကျော်လာပြီးမို့ နှလုံး၊သွေးတိုးနဲ့ ခြေထောက်လည်းသိပ်မကောင်းပါ။
ဖေဖေကို အနည်းငယ်စမ်းကြည့်ရင် ဆရာဝန်နဲ့တော့ပြသင့်တယ်လို့ စိတ်ထဲတွေးထင်လိုက်ပါတယ်။တဆက်တည်းမှာပဲ လသားအရွယ်ကလေးငယ်လေးနဲ့ ဖခင်ကိုဆေးခန်းပြဖို့လည်း မဖြစ်နိုင်တော့စိတ်ညစ်နေရပါတယ်။
ညနေ အမျိုးသားပြန်လာတဲ့အထိလည်း မစောင့်ချင်ပါ။သင့်တော်ရာဆေးကြိုတင်တိုက်ဖို့ကလည်း နှလုံးသမားမို့မလွယ်ပါ။ဘယ်လိုလုပ်မလဲ စဉ်းစားနေစဉ် သူငယ်ချင်းဆရာဝန်ဆီဖုန်းဆက်မေးမယ်လို့စဉ်းစားလိုက်ပါတယ်။
`သူငယ်ချင်းရယ် ဖေဖေ နေမကောင်းလို့ လာကြည့်ပေးလို့ရမလားဟု ´သူငယ်ချင်းခိုင်ကို မေးသော်လည်း Duty ချိန်မို့အဆင်မပြေပါ။ဒါကြောင့် အင်တာနက်ဖွင့်ပြီး နီးစပ်ရာအကူအညီတောင်းစဉ် အိမ်တိုင်ရာရောက် ဆရာဝန်ကိုယ်တိုင်ကုသပေးသည့် serviceရှိသည်ကို တွေ့လိုက်ရသောကြောင့် ချက်ချင်းဖုန်းဆက်ရျ် လှမ်းခေါ်အကူအညီတောင်းလိုက်ပါတယ်။
မိနစ်အနည်းငယ်ကြာစဉ်မှာပင် ဆရာဝန်ကိုယ်တိုင် ရောက်ရှိလာပြီး သေချာစမ်းသပ်ရျ် လိုအပ်တဲ့ဆေးဝါးများပေးပြီး ဘယ်လိုအခြေအနေဆို ဆေးရုံသွားသင့်ကြောင်းပါ အကြံပေးကာကုသမူပေးခဲ့ပါတယ်။
ဆရာဝန်ပေးသော ဆေးဝါးများကို ဖေဖေ့အား အလျင်အမြန်တိုက်ကျွေးပြီး အနားယူစေပါတယ်
။ဆရာဝန်ကိုယ်တိုင်စမ်းသပ်ပေးသည့်အတွက် ဖေဖေ့အားစိတ်ချလိုက်ရပါတယ်။မိမိလည်း သမီးငယ်နဲ့ ပုံမှန်အိမ်အလုပ်များဆက်လက်လုပ်ကိုင်နိုင်ပါတယ်။မအခုလို ဆရာဝန်ကိုယ်တိုင် အိမ်တိုင်ရာရောက်Sevice ရှိနေသည်ကို ကျွန်မတို့လို အိမ်မှာမိသားစုဝင်နည်းပြီး ဆေးခန်းချက်ချင်းမသွားနိုင်သူများအတွက် လျင်မြန်သောဝန်ဆောင်မူပေးသည်ကို အထူးကျေးဇူးတင်ရပါမယ်။မိမိရဲ့ဆေးခန်းသွားပြရသော အချိန် ၊လူအင်အားများစွာသက်သာစေသည့်အတွက်အထူးစိတ်ကျေနပ်မူရရှိစေပါတယ်။
ဆရာဝန်ကိုယ်တိုင်စမ်းသပ်ကုသမူပေးပြီး ဆေးဝါးများ ညွန်ပြပေးခြင်းသည် မိမိဖာသာဆေးဝယ်သောက်ခြင်းထက်များစွာအကျိုးကျေးဇူးများကာ ရောဂါအခြေအနေဆိုးရွားလာသည်အထိဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ဒါကြောင့် ဘယ်လိုအကြောင်းကြောင့် မိမိမိသားစု တဦးတယောက်နေမကောင်းဖြစ်သည့်အခါ ဆေးရုံ ဆေးခန်းအလျင်အမြနိသွားဖို့ခက်ခဲသည့်အခါ အခုလို
Service ပေးသည့်ရွေ့လျားဆေးခန်းလေးကို ဖုန်းခေါ်လိုက်ပါ။
Dr. ပြည့်ရှင်း