(Zawgyi)
အရပ္ႀကီးထြားဖြံ႕ၿဖိဳးမႈ အားေကာင္းေသာအ႐ြယ္တြင္ အစားအစာမ်ားကို စနစ္တက်မစားျခင္းေၾကာင့္ အရပ္မ ရွည္ဘဲအရပ္ပုေနၾကပါသည္။ အရပ္ပုျခင္း သည္ က်န္းမာေရးကိုတိုက္႐ိုက္မထိခိုက္ပါ။ သို႔ရာတြင္ အရပ္ပုျခင္း ေၾကာင့္ “ဂ်ပု” လို႔ေျပာခံရႏိုင္ပါသည္။ ဝန္ထမ္းေ႐ြးခ်ယ္ျခင္း၊ ကုမၸဏီမ်ားတြင္ အလုပ္ ေလွ်ာက္ျခင္း၊ ပညာသင္ ၾကားျခင္း ကိစၥရပ္မ်ားတြင္ အေႏွာင့္အယွက္ျဖစ္ေစပါသည္။ ထို႔ေၾကာင့္ အရပ္ရွည္ေအာင္အာဟာရဓာတ္ျပည့္၀ ၿပီး က်န္းမာေရးညီၫႊတ္၍ ဓာတုဆိုးေဆးကင္းေသာ ေအာက္ပါအစားအစာမ်ားကို ေ႐ြးခ်ယ္စားေသာက္ရပါမည္။
ကယ္လ္စီယမ္ဓာတ္ပါဝင္ေသာအစားအစာမ်ား
အ႐ိုးမ်ား က်န္းမာႀကံ့ခိုင္ေစရန္ ကယ္လ္စီယမ္ဓာတ္သည္ မရွိမျဖစ္လိုအပ္သကဲ့သို႔ အရပ္ရွည္ရန္ လည္းမ်ားစြာ အေထာက္အကူျပဳပါသည္။ ကယ္လ္စီယမ္ဓာတ္ ႂကြယ္ဝစြာပါရွိေသာ ႏြားႏို႔၊ ဒိန္ခ်ဥ္၊ ပင္လယ္ ေက်ာက္ပြင့္၊ ပင္လယ္ငါးေလးေျခာက္၊ အစိမ္းေရာင္ရွိေသာ ဟင္းသီးဟင္း႐ြက္မ်ားကို စားေပးရပါမည္။ ကယ္လ္စီယမ္ဓာတ္သည္ အ႐ိုးႏွင့္ပတ္သက္ေသာ ေရာဂါမ်ားကို သက္သာေစပါသည္။ ေက်ာ႐ိုးႏွင့္ တင္ပါးဆုံ အ႐ိုးမ်ားက်န္းမာၿပီး အရပ္ရွည္ရန္ အေထာက္အကူျပဳေပးပါသည္။
ပ႐ိုတင္းဓာတ္
အရပ္ရွည္ၿပီး ဖြံ႕ၿဖိဳးမႈရရွိေစရန္ ပ႐ိုတင္းဓာတ္လုံေလာက္စြာ လိုအပ္ပါသည္။ ထို႔ေၾကာင့္ ပ႐ိုတင္းဓာတ္ ႂကြယ္ဝစြာပါေသာ အသား၊ ငါး၊ ပဲ၊ ဥအမ်ိဳးမ်ိဳး၊ ႏြားႏို႔၊ ဒိန္ခဲ၊ အခြံမာသီးႏွင့္ သီဟိုဋ္ေစ့မ်ားကို မွ်တစြာစားေသာက္ ရပါမည္။
သံဓာတ္
သံဓာတ္သည္ ေသြးအားနည္းျခင္းအတြက္ ေကာင္း႐ုံသာမက အရပ္ရွည္ျခင္းအတြက္လည္း မ်ားစြာအ ေထာက္အကူျပဳပါသည္။ သံဓာတ္ႂကြယ္ဝေသာ အသား၊ အာလူး၊ ဥအမ်ိဳးမ်ိဳး၊ ဆူး႐ြက္၊ ဟင္းႏုႏြယ္႐ြက္၊ အသည္းအျမစ္မ်ား ကိုစားေပးရပါမည္။
ေဖာ့စ္ဖရပ္စ္ဓာတ္
ေဖာ့စ္ဖရပ္စ္ဓာတ္ (မီးစုန္းဓာတ္) သည္ အ႐ိုးမ်ားကို သန္မာေစၿပီး အရပ္ေစရွည္ပါသည္။ ထို႔ေၾကာင့္ ေဖာ့စ္ဖရပ္စ္ဓာတ္ႂကြယ္ဝေသာ အသား၊ ႏို႔၊ ဂ်ဳံပဲႏွင့္ အေစ့ပါ စားသုံးႏိုင္ေသာ အသီးမ်ားကိုမွ်တစြာ စားသုံးေပးရ ပါမည္။
အိုင္အိုဒင္းဓာတ္
အိုင္အိုဒင္းဓာတ္သည္ ပ႐ိုတင္းဓာတ္ကဲ့သို႔ အရပ္ရွည္ေစႏိုင္ေသာ စြမ္းအင္ရွိပါသည္။ ထို႔ေၾကာင့္ အိုင္အိုဒင္းဓာတ္ရရွိႏိုင္ေသာ ငါး၊ ပဲႏွင့္ ခရမ္းခ်ဥ္သီးမ်ားကို စားေပးရပါမည္။
Author – ေဒါက္တာေကာင္းစံ – (Healthcare Journal)
(Unicode)
အရပ်ကြီးထွားဖွံ့ဖြိုးမှု အားကောင်းသောအရွယ်တွင် အစားအစာများကို စနစ်တကျမစားခြင်းကြောင့် အရပ်မ ရှည်ဘဲအရပ်ပုနေကြပါသည်။ အရပ်ပုခြင်း သည် ကျန်းမာရေးကိုတိုက်ရိုက်မထိခိုက်ပါ။ သို့ရာတွင် အရပ်ပုခြင်း ကြောင့် “ဂျပု” လို့ပြောခံရနိုင်ပါသည်။ ဝန်ထမ်းရွေးချယ်ခြင်း၊ ကုမ္ပဏီများတွင် အလုပ် လျှောက်ခြင်း၊ ပညာသင် ကြားခြင်း ကိစ္စရပ်များတွင် အနှောင့်အယှက်ဖြစ်စေပါသည်။ ထို့ကြောင့် အရပ်ရှည်အောင်အာဟာရဓာတ်ပြည့်၀ ပြီး ကျန်းမာရေးညီညွှတ်၍ ဓာတုဆိုးဆေးကင်းသော အောက်ပါအစားအစာများကို ရွေးချယ်စားသောက်ရပါမည်။
ကယ်လ်စီယမ်ဓာတ်ပါဝင်သောအစားအစာများ
အရိုးများ ကျန်းမာကြံ့ခိုင်စေရန် ကယ်လ်စီယမ်ဓာတ်သည် မရှိမဖြစ်လိုအပ်သကဲ့သို့ အရပ်ရှည်ရန် လည်းများစွာ အထောက်အကူပြုပါသည်။ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝစွာပါရှိသော နွားနို့၊ ဒိန်ချဉ်၊ ပင်လယ် ကျောက်ပွင့်၊ ပင်လယ်ငါးလေးခြောက်၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များကို စားပေးရပါမည်။ ကယ်လ်စီယမ်ဓာတ်သည် အရိုးနှင့်ပတ်သက်သော ရောဂါများကို သက်သာစေပါသည်။ ကျောရိုးနှင့် တင်ပါးဆုံ အရိုးများကျန်းမာပြီး အရပ်ရှည်ရန် အထောက်အကူပြုပေးပါသည်။
ပရိုတင်းဓာတ်
အရပ်ရှည်ပြီး ဖွံ့ဖြိုးမှုရရှိစေရန် ပရိုတင်းဓာတ်လုံလောက်စွာ လိုအပ်ပါသည်။ ထို့ကြောင့် ပရိုတင်းဓာတ် ကြွယ်ဝစွာပါသော အသား၊ ငါး၊ ပဲ၊ ဥအမျိုးမျိုး၊ နွားနို့၊ ဒိန်ခဲ၊ အခွံမာသီးနှင့် သီဟိုဋ်စေ့များကို မျှတစွာစားသောက် ရပါမည်။
သံဓာတ်
သံဓာတ်သည် သွေးအားနည်းခြင်းအတွက် ကောင်းရုံသာမက အရပ်ရှည်ခြင်းအတွက်လည်း များစွာအ ထောက်အကူပြုပါသည်။ သံဓာတ်ကြွယ်ဝသော အသား၊ အာလူး၊ ဥအမျိုးမျိုး၊ ဆူးရွက်၊ ဟင်းနုနွယ်ရွက်၊ အသည်းအမြစ်များ ကိုစားပေးရပါမည်။
ဖော့စ်ဖရပ်စ်ဓာတ်
ဖော့စ်ဖရပ်စ်ဓာတ် (မီးစုန်းဓာတ်) သည် အရိုးများကို သန်မာစေပြီး အရပ်စေရှည်ပါသည်။ ထို့ကြောင့် ဖော့စ်ဖရပ်စ်ဓာတ်ကြွယ်ဝသော အသား၊ နို့၊ ဂျုံပဲနှင့် အစေ့ပါ စားသုံးနိုင်သော အသီးများကိုမျှတစွာ စားသုံးပေးရ ပါမည်။
အိုင်အိုဒင်းဓာတ်
အိုင်အိုဒင်းဓာတ်သည် ပရိုတင်းဓာတ်ကဲ့သို့ အရပ်ရှည်စေနိုင်သော စွမ်းအင်ရှိပါသည်။ ထို့ကြောင့် အိုင်အိုဒင်းဓာတ်ရရှိနိုင်သော ငါး၊ ပဲနှင့် ခရမ်းချဉ်သီးများကို စားပေးရပါမည်။
Author – ဒေါက်တာကောင်းစံ – (Healthcare Journal)