သားသားမီးမီးတို့ ကျန်းမာဖို့ရာ လိုက်နာစရာ
ဒီရက်ပိုင်းမှာ သားလေးက အတန်းတင်စာမေးပွဲ ဖြေနေရတော့ အအိပ်အစားမမှန်တာလေးတွေရှိနေခဲ့တယ်ထင်ပါရဲ့ ခုစာမေးပွဲပြီးပြီဆိုတော့မှ သားလေး မျက်နှာချောင်ကျ နေတာလေးသေချာသတိပြုမိတော့တယ်။ ဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး ကလေးကိုဆေးခန်းပြဖို့အိမ်နားက ဆေးခန်းလေးဆီကို အပြေးသွားခဲ့ရလေတယ်။
“စောစောစီးစီး ဘယ်သူတွေများလဲလို့ မဖြူတို့သားအမိပါလား”
“ဟုတ်တယ်ဆရာရေ့ သားလေး စာမေးပွဲပြီးတာနဲ့ ပင်ပန်းပြီး ပိန်သွားတော့ စိတ်ပူလို့ခါ်လာခဲ့တာဆရာရယ်”
“အေးပါကွယ် ဆရာစမ်းသပ်ကြည့်ပါဦးမယ်၊ စိတ်အေးအေးထားပါဦး မဖြူရဲ့”
“ဟုတ်ကဲ့ပါဆရာ”
“သွေးပေါင်လည်းကောင်းတယ် အဖျားလည်းမရှိပါဘူး ဒါပေမယ့် သားက ညဘက်တွေ စာကျက်ပြီး အိပ်ရေးတွေပျက် အစားအသောက်တွေ ပျက်ထားတော့ အားရှိအောင် အားပြန်ဖြည့်ဖို့လိုမယ်”
“ဟုတ်ကဲ့ဆရာရှင့်”
“စာမေးပွဲပြီးပြီဆိုုတော့ တော်သေးတာပေါ့၊ ဒီလိုမျိုးရက်ရှည် အအိပ်အစားပျက်မယ် ဆိုရင်တော့ ကြာရင် ကိုယ်ခံအားတွေကျပြီး ရောဂါပိုးတွေ အလွယ်တကူ ဝင်လွယ်တယ်၊ နေမကောင်းဖြစ်လွယ်နိုင်တယ်လေ ခုကတော့ ဘာမှဆိုးဆိုးရွားရွားမဖြစ်သွားလို့တော်သေးတာပေါ့ကွာ၊ သားကလည်းစာကို ပုံုမှန်လေးကျက်ထား နီးမှ ကပ်ပြီး ကျက်ရင်စာများပြီး ခုလိုတွေ အအိပ်အစားပျက်တာပေါ့”
မဖြူလွင်တစ်ယောက်ခုမှပဲ စိတ်အနည်းငယ်အေးနိုင်လေရဲ့။ ဒါပေမယ့်လည်း နောက်တစ်ခါတော့ ဒီထပ်ပိုပြီးဂရုစိုက်ဖို့လိုပြီဆိုတာ သိလိုက်ရတာပေါ့။
“ဆရာ သားလေးကို နောက်ခုလိုမဖြစ်ရအောင် ကျွန်မ ဘာတွေများ လုပ်ပေးဖို့လိုမလဲ ရှင်”
“ဟုတ်ပြီ ဆရာပြောပြမယ်…..”
ကိုယ်ခံအားကောင်းပြီး ကလေး ကျန်းမာဖို့အတွက်ဆိုုရင် အခြေခံအားဖြင့် ခုပြောမယ့်အချက် (၅)ချက်ကိုစနစ်တကျလိုက်နာဖို့တော့လိုမယ်မဖြူ
ပထမ အချက်အနေနဲ့ကလေးကို အရောင်ရှိတဲ့ အသီးအနှံ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ များများကျွေးဖို့လိုတယ်၊ အသီးအနှံတွေမှာပါတဲ့ ဗီတာမင်စီတို့ ဗီတာမင်ဘီတို့ က ကိုယ်ခံအားတက်ပြီး ရောဂါတွေကို ကြိုတင်ကာကွယ်ပေးနိုင်တယ်။ဒုတိယ အချက်ကတော့ နေ့စဉ်ပုံုမှန် နွားနို့ သောက်ပေးဖို့လိုတယ် နွားနို့မှာဆို ဗီတာမင် အေ၊ ဗီတာမင် ဒီ၊ ဗီတာမင်အီး စတာတွေ အကုန်ပါဝင်တော့ ကလေးကိုယ်ခန္ဓာဖွံ့ဖြိုးကြီးထွားစေဖို့လည်းအထောက်အကူပြုတဲ့အပြင် အရိုးအဆစ်တွေ လည်း သန်မာစေတော့ မဖြူအားကိုးရတဲ့ သားလေးဖြစ်လာနိုင်တာပေါ့။
တတိယ အချက်အနေနဲ့ ကြတော့ အစာမစားခင် လက်ကိုစင်ကြယ်အောင်ဆေးပေးဖိုု့လည်းလိုုတယ်၊ မဟုတ်ရင် ကလေးက ဒီလက်ကနေ ရောဂါပိုးတွေ ကူးစက်နိုင်တယ် အဲ့လိုကူးစက်မယ်ဆိုရင် ဖျားနာဖို့က ပိုလွယ်တယ်လေ၊ ဒါ့ကြောင့်လည်းဆရာတို့က အစာမစားခင် ၊ အစာစားပြီး ၊ အိမ်သာမတက်ခင် ၊ အိမ်သာတက်အပြီး ၊ ကစားပြီးတိုင်းမှာ လက်ကိုဆပ်ပြာနဲ့သေချာစနစ်တကျဆေးဖို့ အမြဲတိုက်တွန်းနေရတာပေါ့ကွယ်။ဒါ့အပြင် ကလေးက စာတစ်ခုပဲလုပ်နေတာမျိုးမဟုတ်စေပဲ အားကစားကိုလည်းပုံုမှန်လုပ်ပေးဖို့လိုတယ်ဗျ ၊ သားကလည်းစာတွေချည်းဖိမလုပ်ပဲ ပုံမှန်လေးစာလုပ်သွား၊ အားလပ်တဲ့အချိန်တွေမှာ ရေကူးတာမျိုး ဘောလုံုးကစားတာမျိုးတစ်ခုခုကိုလည်း လေ့ကျင့်ခန်းအနေနဲ့လုပ်ပေးဖို့လိုမယ်နော်
ကဲဖိုုးသားရေ သားအစား ဆရာ ကူပြောပေးထားပြီနော်သား”
“ကစားတာတော့စိတ်ချဆရာရေ့ သားလေးက နေ့တိုင်း တစ်မျိုးမဟုတ် တစ်မျိုးတော့ ကစားနေကြ ခြံထဲတင် သူ့အဖေနဲ့ဘောလုံုးကန်ကန်နေကြတာ””ကောင်းတာပေါ့ဗျာ….. နောက်ဆုံုးအချက်ကတော့ ခုလိုတွေ စားသောက်မယ် ၊ လေ့ကျင့်ခန်းလည်းပုံမှန်လုပ်မယ် ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးတွေလည်းပုံုမှန်လုပ်နေရမယ့်အပြင် အိပ်ရေးဝဝ အိပ်ဖို့လည်းလိုမယ်နော်…. ခုခေတ်က ကလေးတွေကအစ ဖုန်းလေးပွတ်ပွတ်နေကြတော့ ညည မျက်စိကြောင်ပြီး အိပ်ရေးတွေပျက်ကုန်မယ်…. မိဘတွေကလည်း အရမ်းအလိုမလိုက်နဲ့ ပေါ့ဗျာ…. အိပ်ရေးပျက်ရင်လည်း ကိုယ်ခံအားကျလွယ်တာမို့ ဂရုစိုက်ရမယ်နော်….. ဒီအခြေခံအချက်တွေကို သေချာလိုက်နာရုံုနဲ့သားတို့သမီးတို့ ကိုယ်ခံစွမ်းအားတွေတက်လာမယ်… ကျန်းကျန်းမာမာနေနိုင်လာမှာ သေချာပါတယ်ကွယ်”
“ကျေးဇူးတင်ပါတယ်ဆရာရယ်….ခုလိုလေးရှင်းပြထားတော့ နောက်ဆို စာမေးပွဲတွေမှာလည်း ကြိုတင်ပြီး ဂရုစိုက်လို့ရသွားတာပေါ့ဆရာ…… ”
Dr.S