ညစာ မစားခင်နဲ့ စားပြီးချိန်မှာ ဆောင်ရ ရှောင်ရမယ့် အချက်များ
လူတိုင်းလူတိုင်း အသက်ရှည်အနာမဲ့တဲ့ ဘဝကိုပိုင်ဆိုင်ချင်ကြပါတယ်။ ဒီလို အသက်ရှည် ကျန်းမာတဲ့ ဘဝကိုပိုင်ဆိုင်ဖို့အတွက် မိမိတို့နေ့စဉ် အစားအသောက် စားသောက်ပုံနည်းလမ်းတွေ မှန်ကန်ဖို့က တော်တော်အရေးကြီးပါတယ်။
တနေ့တာ အလုပ်တွေလုပ်ဖို့ အားအင်တွေ (Energy)တွေ ရရန် မနက်စာကလည်း အရေးကြီးသလို အိပ်ပျော်စဉ်မှာလိုအပ်တဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဖို့ရန်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို ထောက်ကူပေးတဲ့ ညစာကလည်းအရေးကြီးပါတယ်။
ကျန်းမာရေးသုတေသီတွေက ညစာကို မအိပ်ခင် အနည်းဆုံး သုံးနာရီ လေးနာရီလောက်အလိုမှာ နောက်ဆုံးစားသုံးဖို့အကြံပြုထားပါတယ်။ ညစာ မစားခင် နာရီဝက်လောက်အလိုမှာ ရေခပ်နွေးနွေးလေး တခွက်လောက်သောက်ပေးပါက ညဘက်အလွန်အကျွံ စားသောက်မိပြီး ဝလာတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ညစာ စားပြီး အနည်းဆုံးနာရီဝက်လောက်နေမှသာ ရေထပ်သောက်သင့်ပါတယ်။ သောက်တဲ့ရေကလည်း ခပ်နွေးနွေးရေဖြစ်သင့်ပါတယ်။ နောက်တချက်ကတော့ ညစာစား ပြီးပြီးချင်း တန်းအိပ်တာ လှဲတာ မလုပ်သင့်ပါဘူး။ အဲ့လိုလုပ်ရင် အစာကောင်းကောင်းမချေနိုင်ဘဲ စာချဉ့် ပြန်တာ ဗိုက်ပွပြီး ရင်ပြည့်ရင်ကယ်ဖြစ်တာ တွေဖြစ်တတ်ပါတယ်။ စားပြီး နာရီဝက်လောက်အကြာမှာ မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ပေးဖို့လိုပေမယ့် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လှုပ်ရှားမှုတွေတော့ မလုပ်သင့်ပါဘူး။
အဆုံးသတ်အနေနဲ့မှာချင်တာကတော့ ညစာစားပြီး တနာရီလောက်အကြာမှာ သွားတိုက်ဖို့မမေ့ပါနဲ့။ ဆေးလိပ်သောက်တတ်သူတွေဆိုလည်း ညစာစားပြီးတာနဲ့ ခံတွင်းချဉ်လို့ဆိုပြီး ဆေးလိပ်သောက်တာ ဖွာတာတွေကို ရှောင်ပါ။
Author : Dr. 528