fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ
BMI အကြောင်းသိကောင်းစရာ
345
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/04/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A
BMI ဆိုတာ ဘာလဲ။
အ၀လွန်နေတဲ့သူဆိုရင်တော့ အစားရှောင်တာ၊အဆီအဆိမ့်အငန်ရှောင်တာ၊ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်တာအပြင်ကို အားကစားခန်းမသွားပြီး နည်းပြဆရာနဲ့ သေချာ ၀ိတ်ချတာလုပ်သင့်ပါပြီ။
Dr 528
Unicode
BMI အကြောင်းသိကောင်းစရာ
BMI ဆိုတာ ဘာလဲ။
BMI ဆိုတာဟာ Body Mass Index ကိုပြောတာပါ။မြန်မာလိုဘာသာပြန်ရရင်တော့ ကိုယ်ခန္ဓာအညွန်းကိန်းပါ။ လူတယောက်ဟာ ရှိသင့်တဲ့ကိုယ်အလေးချိန်မှာရှိလား ဒါမှမဟုတ် ရှိသင့်တာထက်ပိန်နေလား သို့မဟုတ် ရှိသင့်တာထက်ဝနေလားဆိုတာကို တွက်ချက်ပေးတဲ့ အညွန်းကိန်းတခုပါ။
မိမိရဲ့ ကိုယ်အလေးချိန်ကို ပေါင်ဖြင့်လည်းကောင်း၊အရပ်အမြင့်ကို ပေ၊လက်မဖြင့်လည်းကောင်း သိထားရုံနဲ့ မိမိဟာ ရှိသင့်ကိုယ်အလေးချိန်ရှိရဲ့လား တအားပိန် သို့မဟုတ် တအားဝနေလားဆိုတာကို တွက်ချက်နိုင်ပါပြီ။
တွက်နည်းကတော့ လွယ်ပါတယ်။
၁။ အရပ်အမြင့်ကို လက်မဖွဲ့ပါ။(၁ပေမှာ ၁၂လက်မရှိပါတယ်)
၂။ ရတဲ့အဖြေကို ၂ခါမြှောက်ပါ။(မှတ်ချက် ၂နဲ့မြှောက်ခိုင်းတာမဟုတ်ပါ)
၃။ ၂ခါမြှောက်လို့ ရတဲ့အဖြေနဲ့ မိမိရဲ့ ကိုယ်အလေးချိန် ပေါင်ကိုစားပါ။
၄။ ဝ.?????အဖြေတစ်ခုထွက်လာပါမယ်။
၅။ အဲ့ဒီအဖြေကို ၇၀၃ နဲ့မြှောက်ပါ။
၆။ အဖြေကတော့ မိမိရဲ့ BMI ဖြစ်ပါတယ်။
ဥပမာအနေနဲ့တွက်ပြရရင်
ကိုယ်အလေးချိန် ပေါင်၁၄၀ နဲ့ အရပ်အမောင်း ၅ပေ၄လက်မရှိတဲ့လူတယောက်ဆိုပါတော့။
၅ပေ၄လက်မကို လက်မဖွဲ့ရင် ၆၄လက်မရပါတယ်။
အဲဒါကို ၂ခါမြှောက်တယ်ဆိုတော့ (၆၄×၆၄=၄၀၆၉)ရပါတယ်။
အဲ့ နှစ်ခါမြှောက်လို့ရတဲ့အဖြေနဲ့ ကိုယ်အလေးချိန် ပေါင်၁၄၀ကို စားလိုက်တော့ ၁၄၀/၄၀၆၉ = ဝ.၀၃၄၄ ဆိုတာရပါမယ်။
ထို့နောက် ဝ.၀၃၄၄ နဲ့ ၇၀၃ နဲ့မြှောက်လိုက်ပါ။ဒါဆိုအဲ့လူရဲ့ BMI က ၂၄.၁၈ရပါတယ်။
BMI ၁၈.၅ ကနေ ၂၄.၉ အကြားမှာရှိရင် ကျန်းမာရေးအတွက်အကောင်းဆုံးပါ။အနေတော်ကိုယ်အလေးချိန်ရှိတယ်လို့သတ်မှတ်ပါတယ်။
BMI ၁၈.၅ အောက်ဆိုရင်တော့ ကိုယ်အလေးချိန် စံမပြည့်သူ(ပိန်တဲ့သူ)လို့သတ်မှတ်ပါတယ်
BMI ၂၅ နဲ့ ၂၉.၉ အကြားဆိုရင်တော့ ကိုယ်အလေးချိန်များနေတဲ့သူ(ဝနေတဲ့သူ)လို့သတ်မှတ်ပါတယ်။
တကယ်လို့ BMI က ၃၀ နဲ့ အထက်ရှိတယ်ဆိုရင်တော့ အဝလွန်နေတဲ့သူလို့သတ်မှတ်ပါတယ်။
ပိန်တဲ့သူဆိုရင်တော့ အစားများများစားဖို့လိုပါတယ်။
ဝနေတဲ့သူဆိုရင်တော့ အစားရှောင်တာ၊ညနေဘက်လျှော့စားတာ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်တာတွေလုပ်သင့်ပါတယ်။
အဝလွန်နေတဲ့သူဆိုရင်တော့ အစားရှောင်တာ၊အဆီအဆိမ့်အငန်ရှောင်တာ၊ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်တာအပြင်ကို အားကစားခန်းမသွားပြီး နည်းပြဆရာနဲ့ သေချာ ဝိတ်ချတာတွေလုပ်သင့်ပါပြီ။
Dr 528
Previous Post
ကလေးများနှင့် အပူလွန်ကဲခြင်းအန္တရာယ်
Next Post
ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူခြင်း အကြောင်းများ
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
About the main vitamins needed to strengthen the immune system
ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း
1 year ago
1.2k
Health factors that should be prepared before traveling in summer
နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ
1 year ago
127
ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?
2 years ago
2.3k
အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?
2 years ago
1.5k
အလွှာခြားတာကောင်းလား?
2 years ago
1.1k
In the summer, when the air conditioner and fan are used too much
နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ
2 years ago
609
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူခြင်း အကြောင်းများ
အနံ့ထွက်နေသလား သတိထား
သင်္ကြန်မှာအပျော်လွန်ပြီး မငိုရစေဖို့
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.