fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

မသန့်ရှင်းတဲ့အစားအသောက်တွေကိုစားမိရင် ဘာတွေဖြစ်တတ်လဲ။

296
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/04/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

မသန႔္ရွင္းတဲ့အစားအေသာက္ေတြကိုစားမိရင္ ဘာေတြျဖစ္တတ္လဲ။

အစာလည္းေဆး၊ ေဆးလည္းအစာ ဆိုတဲ့ စကားပုံရွိပါတယ္။ သို႔ေသာ္ မသန႔္ရွင္းတဲ့အစားေသာက္ေတြကို စားမိေသာက္မိပါက ေဆးမျဖစ္ဘဲ ေဘးျဖစ္ႏိုင္ပါတယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံမွာ လမ္းေဘးတြင္ ေရာင္းခ်ေနတဲ့ စားေသာက္ဆိုင္ႀကီး၊ငယ္ေတြ အမ်ားႀကီးရွိပါတယ္။ တခ်ိဳ႕ကလည္း စည္ပင္က သတ္မွတ္ထားတဲ့ေနရာမွာ ေရာင္းပါတယ္။ တခ်ိဳ႕ကလည္း စည္ပင္က သတ္မွတ္ထားတဲ့ေနရာ မဟုတ္ဘဲ က်ဴးေက်ာ္ေရာင္းခ်ပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ မိုဘိုင္းလ္အေနနဲ႔ ကားေပၚ သို႔မဟုတ္ ယာဥ္တခုခုေပၚ တင္ေရာင္းခ်တာ နဲ႔ အြန္လိုင္းကေန ေရာင္းခ်တာေတြပါ ရွိလာပါတယ္။

အြန္လိုင္းကေနေရာင္းတာနဲ႔ပတ္သက္ၿပီးေတာ့ သူခ်က္တာျပဳတ္တာကို မျမင္ရႏိုင္လို႔ ေသခ်ာမေျပာတတ္ပါဘူး။ ဒါေပမယ့္ ကိုယ့္မ်က္စိေရွ႕မွာျမင္ရတဲ့ စားေသာက္ဆိုင္အမ်ားစုကေတာ့ သန႔္ရွင္းမႈအားနည္းတာကို ေတြ႕ရပါတယ္။

သန႔္ရွင္းမႈ အားနည္းတယ္လို႔ဆိုရာမွာ အစားအေသာက္ေတြကို ကိုင္တြယ္ခ်က္ျပဳတ္ေရာင္းခ်သူရဲ႕ တကိုယ္ရည္ သန႔္ရွင္းေရးအားနည္းတာ နဲ႔ ဖုံးအုပ္ထားသိုျပင္ဆင္ေရာင္းခ်မႈအပိုင္းမွာ အားနည္းတာဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။

ဆိုင္ထိုင္လွ်င္ အစားေသာက္ဖိုးအျပင္ ဝန္ေဆာင္ခ (Service charge) ေပးရလို႔ သန႔္ရွင္းမည္ထင္ရေသာ ေငြေၾကးအတန္သင့္သုံးစြဲႏိုင္သူေတြစားေလ့ရွိေသာ နာမည္ရစားေသာက္ဆိုင္ႀကီးအခ်ိဳ႕ရဲ႕ အစားအေသာက္မ်ားထဲတြင္ပင္ ဆံပင္ခ်ည္၊ ပိုးမႊား၊ ေလာက္ေကာင္၊အိုးတိုက္သည့္စတီးစ ေဖာ့စ ေရာပါျခင္းကဲ့သို႔ ေသာသန႔္ရွင္းမႈမရွိသည့္ ျဖစ္ရပ္မ်ားအား စားသုံးသူမ်ားက အမ်ားသိေအာင္ အြန္လိုင္းတြင္ ဗီဒီယိုနဲ႔တကြ တင္ျပတာမ်ိဳးေတြ အခုေနာက္ပိုင္းခပ္စိပ္စိပ္ေတြ႕လာရပါတယ္။

ဒါေၾကာင့္ အစားေသာက္သန႔္ရွင္းမႈက ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အာမမခံႏိုင္တဲ့အေနထားမ်ိဳးလိုျဖစ္ေနပါတယ္။ မသန႔္ရွင္းတဲ့အစားေသာက္ေတြစားသုံးမိရင္ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္တာ၊အူေရာင္ငန္းဖ်ားလို႔ေခၚတဲ့ တိုက္ဖြိဳက္ေရာဂါျဖစ္တာ၊ ဝမ္းကိုက္တာ၊ ကာလဝမ္းေရာဂါျဖစ္တာေတြျဖစ္ႏိုင္တယ္။ အစာအဆိပ္သင့္တာဆိုတဲ့ တခ်ိဳ႕ကလည္း ပင္လယ္အူနာလို႔ေခၚတဲ့ အထက္လွန္ေအာက္ေလွ်ာ (ဝမ္းလည္းသြား အန္လည္းအန္) ေတြလည္း ျဖစ္ႏိုင္တယ္။ ဒီလိုျဖစ္တဲ့အခါ ခႏၶာကိုယ္ကေန ဆုံးရႈံးသြားတဲ့ ေရနဲ႔ဓါတ္ဆားေတြကို အခ်ိန္မွီမျဖည့္ေပးႏိုင္ဘဲ ဆုံးရႈံးမႈကလည္း အရမ္းမ်ားတယ္ဆိုရင္ ေရွာ့ခ္ရၿပီး အသက္ေသဆုံးႏိုင္တယ္။

မသန႔္ရွင္းတဲ့ အစားေသာက္ေတြကို စားမိရာက H pylori ပိုးဝင္ၿပီး အစာအိမ္ကင္ဆာျဖစ္တာ၊ အသည္းေရာင္ အသားဝါဗိုင္းရပ္စ္ပိုး ေအ၊ဘီ၊အီး ဝင္ၿပီး အသည္းနဲ႔ဆိုင္တဲ့ေရာဂါေတြျဖစ္တာ ေတြလည္းျဖစ္ႏိုင္ေျခ ရွိပါတယ္။ ဒါေတြအျပင္ ခြင့္မျပဳဆိုးေဆးေတြနဲ႔တာရွည္ခံေဆးေတြပါတဲ့အစားေသာက္ေတြေၾကာင့္လည္း ကင္ဆာေရာဂါအမ်ိဳးမ်ိဳးျဖစ္ပြားႏိုင္ပါတယ္။

သို႔ေသာ္ ကြၽန္ေတာ္တို႔ႏိုင္ငံက စားသုံးသူအမ်ားစုကေတာ့ ခ်က္တဲ့ျပဳတ္တဲ့သူ တကိုယ္ရည္သန႔္ရွင္းမႈ အားနည္းတာေတြ၊ ဖုံးအုပ္ထား သိုျပင္ဆင္ေရာင္းခ်တဲ့အပိုင္းမွာ သန႔္ရွင္းမႈအားနည္းတာေတြကို ေတြ႕ျမင္ေနလည္း ဗဟုသုတနည္းပါးတာေၾကာင့္ ေငြေၾကးအခက္ခဲေၾကာင့္ အဲ့ဆိုင္ရဲ႕လက္ရာအရသာကိုႀကိဳက္တာေၾကာင့္ စတဲ့အေၾကာင္းမ်ားနဲ႔ အဲ့လိုသန႔္ရွင္းမႈ အားနည္းတဲ့ဆိုင္ေတြမွာ စားေနၾကဆဲပါ။

ကြၽန္ေတာ္တို႔ေတြက ဒီႏိုင္ငံမွာေမြးၿပီး ဒီအစားေသာက္ေတြပဲ စားကာႀကီးျပင္းလာေတာ့ ကြၽန္ေတာ္တို႔ရဲ႕ အစာအိမ္နဲ႔အူလမ္းေၾကာင္းက ဒီလိုအစားအစာေတြနဲ႔ ပတ္သက္ၿပီးေတာ့ ခံႏိုင္ရည္ အသင့္အတင့္ရွိေနတာျဖစ္လို႔ ေတာ္႐ုံမသန႔္တာေလာက္နဲ႔ အမ်ားအားျဖင့္ ဘာမွမျဖစ္ၾကေပမယ့္ တျခားႏိုင္ငံ၊တျခားအရပ္ေဒသက ေျပာင္းေ႐ႊ႕လာတဲ့သူေတြ လာေရာက္လည္ပတ္တဲ့သူေတြ ဒီလိုသန႔္ရွင္းမႈ အားနည္းတဲ့ အစားစာေတြကို စားမိပါက ျပသာနာျဖစ္ႏိုင္ပါတယ္။

ကိုယ္ရဲ႕ေဒသခံေတြေတာင္မွ အခန႔္မသင့္လို႔ပါတဲ့ ပိုးကမ်ားမယ္။ ကိုယ္ရဲ႕ ကိုယ္ခံအားက်ေနတဲ့အခ်ိန္မွာ စားမိမယ္။ သို႔မဟုတ္ ကိုယ္ခံအားစနစ္ သိပ္မေကာင္းေသးတဲ့ ကေလးအ႐ြယ္ေတြ၊ သက္ႀကီး႐ြယ္အိုေတြ စားမိမယ္ဆိုရင္ အႏၲရာယ္ျဖစ္ႏိုင္ပါေသးတယ္။ အစားမေတာ္တလုပ္ ဆိုတဲ့စကားပုံလည္းရွိပါတယ္။

ဒါေၾကာင့္အဆုံးသတ္အေနနဲ႔အႀကံျပဳခ်င္တာက စားသုံးသူမ်ားအေနနဲ႔ ဆိုင္တဆိုင္မွာအစားအေသာက္ဝယ္ယူစားသုံးေတာ့မယ္ဆိုရင္ တျခားဟာေတြမၾကည့္ရင္ေတာင္ ေငြကိုင္သီးျခားထားလား၊ အစားေသာက္ေရာင္းတဲ့သူကပဲ ေငြကိုင္တာလား၊ ေရာင္းတဲ့သူကဆံပင္ဖားလ်ားနဲ႔လား၊ Cap ေဆာင္းထားလား၊ ေခ်ာင္းတဟြတ္ဟြတ္ဆိုးၿပီး ႏွာရည္တ႐ႊဲ႐ႊဲျဖစ္ေနလား ဆိုတာေတြေလာက္ေတာ့ အၾကမ္းဖ်င္းၾကည့္ပါ။

အစားေသာက္က အရသာရွိတာ၊ ေဈးတန္တာေလာက္ပဲ ၾကည့္ၿပီး ဝယ္ယူမစားသုံးပါနဲ႔။
ဘာလို႔လဲဆိုေတာ့ ေဈးတန္ၿပီး အရသာရွိေပမယ့္ သန႔္ရွင္းမႈအားနည္းတဲ့ အစားေသာက္ေတြကို စားမိေသာက္မိရင္ အစားေလးတလုပ္အတြက္နဲ႔ ျဖစ္လာမယ့္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြက လက္ငင္းမွာမျဖစ္ခဲ့ရင္ေတာင္ ေရရွည္မွာ သင္မထင္ထားႏိုင္ေလာက္ေအာင္ ျပင္းထန္ဆိုး႐ြားႏိုင္လို႔ပါ။

Author : Dr. 528

မသန့်ရှင်းတဲ့အစားအသောက်တွေကိုစားမိရင် ဘာတွေဖြစ်တတ်လဲ။

အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုတဲ့ စကားပုံရှိပါတယ်။ သို့သော် မသန့်ရှင်းတဲ့အစားသောက်တွေကို စားမိသောက်မိပါက ဆေးမဖြစ်ဘဲ ဘေးဖြစ်နိုင်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ လမ်းဘေးတွင် ရောင်းချနေတဲ့ စားသောက်ဆိုင်ကြီး၊ငယ်တွေ အများကြီးရှိပါတယ်။ တချို့ကလည်း စည်ပင်က သတ်မှတ်ထားတဲ့နေရာမှာ ရောင်းပါတယ်။ တချို့ကလည်း စည်ပင်က သတ်မှတ်ထားတဲ့နေရာ မဟုတ်ဘဲ ကျူးကျော်ရောင်းချပါတယ်။ အခုနောက်ပိုင်းမှာတော့ မိုဘိုင်းလ်အနေနဲ့ ကားပေါ် သို့မဟုတ် ယာဉ်တခုခုပေါ် တင်ရောင်းချတာ နဲ့ အွန်လိုင်းကနေ ရောင်းချတာတွေပါ ရှိလာပါတယ်။

အွန်လိုင်းကနေရောင်းတာနဲ့ပတ်သက်ပြီးတော့ သူချက်တာပြုတ်တာကို မမြင်ရနိုင်လို့ သေချာမပြောတတ်ပါဘူး။ ဒါပေမယ့် ကိုယ့်မျက်စိရှေ့မှာမြင်ရတဲ့ စားသောက်ဆိုင်အများစုကတော့ သန့်ရှင်းမှုအားနည်းတာကို တွေ့ရပါတယ်။

သန့်ရှင်းမှု အားနည်းတယ်လို့ဆိုရာမှာ အစားအသောက်တွေကို ကိုင်တွယ်ချက်ပြုတ်ရောင်းချသူရဲ့ တကိုယ်ရည် သန့်ရှင်းရေးအားနည်းတာ နဲ့ ဖုံးအုပ်ထားသိုပြင်ဆင်ရောင်းချမှုအပိုင်းမှာ အားနည်းတာဆိုပြီး နှစ်မျိုးရှိပါတယ်။

ဆိုင်ထိုင်လျှင် အစားသောက်ဖိုးအပြင် ဝန်ဆောင်ခ (Service charge) ပေးရလို့ သန့်ရှင်းမည်ထင်ရသော ငွေကြေးအတန်သင့်သုံးစွဲနိုင်သူတွေစားလေ့ရှိသော နာမည်ရစားသောက်ဆိုင်ကြီးအချို့ရဲ့ အစားအသောက်များထဲတွင်ပင် ဆံပင်ချည်၊ ပိုးမွှား၊ လောက်ကောင်၊အိုးတိုက်သည့်စတီးစ ဖော့စ ရောပါခြင်းကဲ့သို့ သောသန့်ရှင်းမှုမရှိသည့် ဖြစ်ရပ်များအား စားသုံးသူများက အများသိအောင် အွန်လိုင်းတွင် ဗီဒီယိုနဲ့တကွ တင်ပြတာမျိုးတွေ အခုနောက်ပိုင်းခပ်စိပ်စိပ်တွေ့လာရပါတယ်။

ဒါကြောင့် အစားသောက်သန့်ရှင်းမှုက ကျွန်တော်တို့နိုင်ငံမှာ အာမမခံနိုင်တဲ့အနေထားမျိုးလိုဖြစ်နေပါတယ်။ မသန့်ရှင်းတဲ့အစားသောက်တွေစားသုံးမိရင် ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊အူရောင်ငန်းဖျားလို့ခေါ်တဲ့ တိုက်ဖွိုက်ရောဂါဖြစ်တာ၊ ဝမ်းကိုက်တာ၊ ကာလဝမ်းရောဂါဖြစ်တာတွေဖြစ်နိုင်တယ်။ အစာအဆိပ်သင့်တာဆိုတဲ့ တချို့ကလည်း ပင်လယ်အူနာလို့ခေါ်တဲ့ အထက်လှန်အောက်လျှော (ဝမ်းလည်းသွား အန်လည်းအန်) တွေလည်း ဖြစ်နိုင်တယ်။ ဒီလိုဖြစ်တဲ့အခါ ခန္ဓာကိုယ်ကနေ ဆုံးရှုံးသွားတဲ့ ရေနဲ့ဓါတ်ဆားတွေကို အချိန်မှီမဖြည့်ပေးနိုင်ဘဲ ဆုံးရှုံးမှုကလည်း အရမ်းများတယ်ဆိုရင် ရှော့ခ်ရပြီး အသက်သေဆုံးနိုင်တယ်။

မသန့်ရှင်းတဲ့ အစားသောက်တွေကို စားမိရာက H pylori ပိုးဝင်ပြီး အစာအိမ်ကင်ဆာဖြစ်တာ၊ အသည်းရောင် အသားဝါဗိုင်းရပ်စ်ပိုး အေ၊ဘီ၊အီး ဝင်ပြီး အသည်းနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်တာ တွေလည်းဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါတွေအပြင် ခွင့်မပြုဆိုးဆေးတွေနဲ့တာရှည်ခံဆေးတွေပါတဲ့အစားသောက်တွေကြောင့်လည်း ကင်ဆာရောဂါအမျိုးမျိုးဖြစ်ပွားနိုင်ပါတယ်။

သို့သော် ကျွန်တော်တို့နိုင်ငံက စားသုံးသူအများစုကတော့ ချက်တဲ့ပြုတ်တဲ့သူ တကိုယ်ရည်သန့်ရှင်းမှု အားနည်းတာတွေ၊ ဖုံးအုပ်ထား သိုပြင်ဆင်ရောင်းချတဲ့အပိုင်းမှာ သန့်ရှင်းမှုအားနည်းတာတွေကို တွေ့မြင်နေလည်း ဗဟုသုတနည်းပါးတာကြောင့် ငွေကြေးအခက်ခဲကြောင့် အဲ့ဆိုင်ရဲ့လက်ရာအရသာကိုကြိုက်တာကြောင့် စတဲ့အကြောင်းများနဲ့ အဲ့လိုသန့်ရှင်းမှု အားနည်းတဲ့ဆိုင်တွေမှာ စားနေကြဆဲပါ။

ကျွန်တော်တို့တွေက ဒီနိုင်ငံမှာမွေးပြီး ဒီအစားသောက်တွေပဲ စားကာကြီးပြင်းလာတော့ ကျွန်တော်တို့ရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းက ဒီလိုအစားအစာတွေနဲ့ ပတ်သက်ပြီးတော့ ခံနိုင်ရည် အသင့်အတင့်ရှိနေတာဖြစ်လို့ တော်ရုံမသန့်တာလောက်နဲ့ အများအားဖြင့် ဘာမှမဖြစ်ကြပေမယ့် တခြားနိုင်ငံ၊တခြားအရပ်ဒေသက ပြောင်းရွှေ့လာတဲ့သူတွေ လာရောက်လည်ပတ်တဲ့သူတွေ ဒီလိုသန့်ရှင်းမှု အားနည်းတဲ့ အစားစာတွေကို စားမိပါက ပြသာနာဖြစ်နိုင်ပါတယ်။

ကိုယ်ရဲ့ဒေသခံတွေတောင်မှ အခန့်မသင့်လို့ပါတဲ့ ပိုးကများမယ်။ ကိုယ်ရဲ့ ကိုယ်ခံအားကျနေတဲ့အချိန်မှာ စားမိမယ်။ သို့မဟုတ် ကိုယ်ခံအားစနစ် သိပ်မကောင်းသေးတဲ့ ကလေးအရွယ်တွေ၊ သက်ကြီးရွယ်အိုတွေ စားမိမယ်ဆိုရင် အန္တရာယ်ဖြစ်နိုင်ပါသေးတယ်။ အစားမတော်တလုပ် ဆိုတဲ့စကားပုံလည်းရှိပါတယ်။

ဒါကြောင့်အဆုံးသတ်အနေနဲ့အကြံပြုချင်တာက စားသုံးသူများအနေနဲ့ ဆိုင်တဆိုင်မှာအစားအသောက်ဝယ်ယူစားသုံးတော့မယ်ဆိုရင် တခြားဟာတွေမကြည့်ရင်တောင် ငွေကိုင်သီးခြားထားလား၊ အစားသောက်ရောင်းတဲ့သူကပဲ ငွေကိုင်တာလား၊ ရောင်းတဲ့သူကဆံပင်ဖားလျားနဲ့လား၊ Cap ဆောင်းထားလား၊ ချောင်းတဟွတ်ဟွတ်ဆိုးပြီး နှာရည်တရွှဲရွှဲဖြစ်နေလား ဆိုတာတွေလောက်တော့ အကြမ်းဖျင်းကြည့်ပါ။

အစားသောက်က အရသာရှိတာ၊ ဈေးတန်တာလောက်ပဲ ကြည့်ပြီး ဝယ်ယူမစားသုံးပါနဲ့။
ဘာလို့လဲဆိုတော့ ဈေးတန်ပြီး အရသာရှိပေမယ့် သန့်ရှင်းမှုအားနည်းတဲ့ အစားသောက်တွေကို စားမိသောက်မိရင် အစားလေးတလုပ်အတွက်နဲ့ ဖြစ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးတွေက လက်ငင်းမှာမဖြစ်ခဲ့ရင်တောင် ရေရှည်မှာ သင်မထင်ထားနိုင်လောက်အောင် ပြင်းထန်ဆိုးရွားနိုင်လို့ပါ။

Author : Dr. 528

Previous Post

မျက်ခမ်းတွေ ခဏခဏလှုပ်တယ်၊ ဘာကြောင့်လဲ

Next Post

အစားသောက်နဲ့ဆိုးဆေးအန္တရာယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစားသောက်နဲ့ဆိုးဆေးအန္တရာယ်

Teenager using computer at home with headphones, play game in his child room

သင်သတိမထားမိတဲ့ မျက်လုံးကိုထိခိုက်စေနိုင်သော အကျင့်ဆိုးများ

ဦးထုပ်ဆောင်းတာနဲ့ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်တာနဲ့ ဆက်စပ်မှုရှိလား။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.