fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

လူတိုင်းအဆင်ပြေစေမယ့် ကျန်းမာရေးဝန်ဆောင်မှု

24
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/06/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ယေန႔ေခတ္ရဲ႕လူေနမႈပုံစံအရ လူသားေတြဟာ အဝလြန္လာၾကၿပီး ေသြးတိုး၊ႏွလုံး၊ဆီးခ်ိဴ စတဲ့ေရာဂါေတြလည္းအျဖစ္မ်ားလာၾကပါတယ္။ဒါ့အျပင္ ယာဥ္ေတြေပါမ်ားလာၿပီး စည္းကမ္းလိုက္နာမႈအားနည္းတဲ့အတြက္ တေန႔တေန႔ျဖစ္ေနတဲ့ အက္ဆီးဒင့္ေတြ မေတာ္တဆမႈေတြကလည္းမနည္းပါဘူး။ ဒီအေၾကာင္းေတြေၾကာင့္ ယေန႔ေခတ္မွာ ေဆး႐ုံ ေဆးခန္း နဲ႔ ကင္းတဲ့သူဆိုတာ အင္မတိ အင္မတန္ကိုရွားပါတယ္။

အၾကမ္းျဖင္းအေနနဲ႔ေျပာရရင္ လူတိုင္းနီးပါးဟာ တႏွစ္မွာအနည္းဆုံး ႏွစ္ႀကိမ္ေလာက္ေတာ့ ေဆးခန္း ေဆး႐ုံ ကို ဖ်ားတာ၊နာတာ ေခ်ာ္လဲတာ မေတာ္တဆျဖစ္တာစတဲ့အေၾကာင္းတခုခုေၾကာင့္ ေရာက္ၾကရပါတယ္။ လူငယ္ လူလတ္ပိုင္းအ႐ြယ္ေတြကေတာ့ ဖ်တ္လတ္တက္ႂကြၿပီး ကိုယ္ခံအားလည္းေကာင္းတဲ့အ႐ြယ္ေတြမို႔ ေတာ္႐ုံဖ်ားတာေလာက္ ေခါင္းကိုက္တာ ေညာင္းကိုက္တာေတြေလာက္ေတာ့ အကိုက္အခဲေပ်ာက္ေဆးေလးေသာက္၊လိမ္းေဆးလိမ္း နား႐ုံနဲ႔သက္သာေပ်ာက္ကင္းသြားႏိုင္ေပမယ့္ လူႀကီးပိုင္းအ႐ြယ္ေတြက်ေတာ့ ေနမေကာင္းျဖစ္ရင္ ေဆးေသာက္႐ုံ၊လိမ္းေဆးလိမ္း႐ုံ၊နား႐ုံနဲ႔ နလန္ျပန္ထူတာရွားပါတယ္။

အမ်ားအားျဖင့္ သက္ႀကီးပိုင္းေတြဖ်ားနာေနမေကာင္းရင္ ခံတြင္းပါပ်က္တဲ့အတြက္ ဆရာဝန္နဲ႔ျပသၿပီး အေၾကာေဆးထိုးတာ၊ပုလင္းခ်ိတ္တာေတြလုပ္ရေလ့ရွိပါတယ္။သက္ႀကီးပိုင္းအ႐ြယ္ေတြေဆးခန္းျပရာမွ ႀကဳံရမယ့္အခက္ခဲအမ်ားစုကေတာ့

  • မိမိနဲ႔အတူေဆးခန္းေဆး႐ုံလိုက္မယ့္အေဖာ္တေယာက္ရွာရျခင္း
  • အေဖာ္ရျပန္ေတာ့လည္း မိမိေရာသူပါ ကားမေမာင္းတတ္ ဆိုင္ကယ္မစီးတတ္ပါက ကား Taxi/ ဆိုင္ကယ္ Taxi ငွားရျခင္း
  • ေဆး႐ုံေဆးခန္းေရာက္ပါကလည္း တုံကင္နံပါတ္ေနာက္က်ပါက သို႔မဟုတ္ မိမိျပသမည့္ ဆရာဝန္ႀကီးအေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ေနာက္က်ေနပါက အၾကာႀကီးေစာင့္ရျခင္း
  • ထိုသို႔ေစာင့္ရစဥ္လူမ်ားေနၿပီး ထိုင္စရာမရပါက သက္ေတာင့္သက္သာမရွိႏိုင္ဘဲ စိတ္ပင္ပန္းမြန္းၾကပ္ျခင္းကိုပါခံစားရျခင္း စတာေတြပါ။
  • ဒါေတြအျပင္ လူနာကဝလည္းဝၿပီး ေျခေထာက္က်ိဴးတာ၊ေလျဖတ္လို႔ လမ္းမေလွ်ာက္ႏိုင္တာဆိုရင္ ေဆး႐ုံေဆးခန္းျပရတာပိုၿပီး ကရိကထမ်ားပါတယ္။

ကြၽန္ေတာ့္အဘိုးဆို ဝလည္းတအားဝၿပီးေသြးတိုးရွိပါတယ္။ဟိုတေလာက ေလျဖတ္သလိုျဖစ္ၿပီး ေအာက္ပိုင္းေျခေထာက္ေတြအားနည္းသြားတာေၾကာင့္ အေထြေထြအထူးကုဆရာဝန္နဲ႔ရယ္ ကိုယ္ကာယျပန္လည္သန္စြမ္းေရးအထူးကုဆရာဝန္နဲ႔ရယ္ တပတ္တခါ သို႔မဟုတ္ ႏွစ္ပတ္တခါေလာက္ပုံမွန္သြားျပေနရပါတယ္။

ေနမေကာင္းလို႔ေဆးခန္း ေဆး႐ုံျပရမယ္ဆိုရင္ ကားေပၚတြဲတင္ တြဲခ်ဖို႔ကို အေဖာ္လူႏွစ္ေယာက္ကို ပါ မျဖစ္မေနေခၚသြားရပါတယ္။ဒါ့အျပင္ ေစာင့္တာၾကာေနရင္ အဆာေျပစားဖို႔မုန႔္၊ေရဘူး၊ရႈေဆး၊ရာသီဥတုပူတဲ့ရက္ေတြဆိုရင္ ခတ္ဖို႔ယပ္ေတာင္၊လဲဖို႔အက်ီၤ၊မိုး႐ြာတဲ့ရက္ေတြဆိုရင္ထီး၊သိပ္လမ္းမေလွ်ာက္ႏိုင္လို႔ အေပါ့သြားခ်င္ရင္လြယ္ေအာင္ဆိုၿပီးေသးခြက္ စတာေတြပါယူသြားရပါတယ္။

ဒါေၾကာင့္ ခ်ိန္းတိုင္းသြားျပရတာမဟုတ္ဘဲနဲ႔ အထူးကုဆရာဝန္ေတြကို အိမ္ပင့္လို႔ရရင္ေကာင္းမွာပဲဆိုတဲ့အေတြးေလးဝင္မိပါတယ္။ အခုေခတ္မွာက ဒုစ႐ိုက္မႈေတြမ်ားလာတဲ့အတြက္ ႐ိုး႐ိုးအေထြေထြဆရာဝန္ေတြကို အိမ္ပင့္ရတာေတာင္ သိပ္မလြယ္ေတာ့ပါဘူး။ညအခ်ိန္မေတာ္မေျပာနဲ႔ ည၈နာရီေလာက္ဆိုရင္ေတာင္ အိမ္ပင့္ဖို႔ခက္ပါတယ္။ ဆရာဝန္ေတြဘက္ကၾကည့္ရင္လည္း အိမ္ပင့္ႂကြဖို႔ဆိုရင္ ေခတ္ကမေကာင္းတဲ့အတြက္ မိမိလုံၿခဳံေရးကိုပါထည့္စဥ္းစားလာရပါတယ္။

ေန႔ခင္းဘက္ေတာင္ မိမိေဆးခန္းဖြင့္တဲ့ေနရာနဲ႔ေတာ္ေတာ္ေဝးရင္ မိမိနဲ႔အသိမဟုတ္ရင္ အိမ္ပင့္ႂကြဖို႔မႂကြဖို႔ ေတာ္ေတာ္စဥ္းစားရမွာပါ။ဒီေတာ့ အခုေခတ္အေနထားအရေျပာရမယ္ဆိုရင္ ဆရာဝန္ေတြအိမ္ပင့္ကိုစိတ္ခ်လက္ခ်ႂကြႏိုင္ဖို႔အတြက္ရယ္၊ေဆးခန္းေဆး႐ုံသြားျပဖို႔ အထက္မွာေဖာ္ျပထားတဲ့အခက္ခဲေတြရွိတဲ့လူနာနဲ႔လူနာရွင္ေတြရယ္အတြက္ဆရာဝန္ေတြ နဲ႔ လူနာေတြၾကားထဲမွာ အျပန္အလွန္ခ်ိတ္ဆက္ေပးမယ့္အဖြဲ႕အစည္းတခုလိုလာပါၿပီ။

ျဖစ္ႏိုင္ရင္ေတာ့ အထူးကုဆရာဝန္ႀကီးေတြကိုပါ အိမ္ပင့္ဖို႔အတြက္ ၾကားကေန တာဝန္ယူခ်ိတ္ဆက္ေပးႏိုင္မယ့္ အဖြဲ႕အစည္းတခုရွိလာမယ္ဆိုရင္ ေငြေၾကးအသင့္တင့္သုံးႏိုင္မယ့္ လူနာရွင္ေတြ၊လူနာေတြအတြက္ ပိုအက်ိဴးရွိႏိုင္ပါတယ္။သူတို႔အဖြဲ႕ဆီကိုဖုန္းဆက္ၿပီးစာရင္းေပးထား႐ုံနဲ႔ ဆရာဝန္ေတြ၊အထူးကုဆရာဝန္ႀကီးေတြကို အိမ္ပင့္ဖို႔ အဆင္ေျပမယ္ဆိုရင္ ကြၽန္ေတာ့္လို အိမ္မွာနာတာရွည္ သက္ႀကီးပိုင္းလူနာရွိတဲ့ အိမ္ေတြ၊လူနာရွင္ေတြအတြက္ ေဆး႐ုံေဆးခန္းတခါျပရင္ လူနာကိုပိုဖို႔အေဖာ္ရွာရတာ၊ကားေခၚရတာ၊လူနာေဝယ်ေဝစၥစီစဥ္ရတာ၊ေဆး႐ုံမွာေစာင့္ရတာစတဲ့ ဒုကၡေတြအေတာ္မ်ားမ်ားသက္သာသြားမယ္။ဒါ့အျပင္လူနာလည္းမိမိအိမ္မွာေဆးကုသမႈခံရတဲ့အတြက္ စိတ္ေရာကိုယ္ပါသက္ေတာင့္သက္သာပိုရွိသြားမယ္လို႔ ထင္ျမင္ယူဆရင္း မၾကာမီမွာ လူနာနဲ႔ဆရာဝန္ေတြၾကားခ်ိတ္ဆက္ေပးႏိုင္မယ့္အဖြဲ႕အစည္းတခု ပီျပင္စြာေပၚထြန္းလာႏိုင္ဖို႔ ဆုေတာင္းလိုက္ရပါတယ္။

သီတာႏြယ္(အမရပူရ)

ယနေ့ခေတ်ရဲ့လူနေမှုပုံစံအရ လူသားတွေဟာ အဝလွန်လာကြပြီး သွေးတိုး၊နှလုံး၊ဆီးချိူ စတဲ့ရောဂါတွေလည်းအဖြစ်များလာကြပါတယ်။ဒါ့အပြင် ယာဉ်တွေပေါများလာပြီး စည်းကမ်းလိုက်နာမှုအားနည်းတဲ့အတွက် တနေ့တနေ့ဖြစ်နေတဲ့ အက်ဆီးဒင့်တွေ မတော်တဆမှုတွေကလည်းမနည်းပါဘူး။ ဒီအကြောင်းတွေကြောင့် ယနေ့ခေတ်မှာ ဆေးရုံ ဆေးခန်း နဲ့ ကင်းတဲ့သူဆိုတာ အင်မတိ အင်မတန်ကိုရှားပါတယ်။

အကြမ်းဖြင်းအနေနဲ့ပြောရရင် လူတိုင်းနီးပါးဟာ တနှစ်မှာအနည်းဆုံး နှစ်ကြိမ်လောက်တော့ ဆေးခန်း ဆေးရုံ ကို ဖျားတာ၊နာတာ ချော်လဲတာ မတော်တဆဖြစ်တာစတဲ့အကြောင်းတခုခုကြောင့် ရောက်ကြရပါတယ်။ လူငယ် လူလတ်ပိုင်းအရွယ်တွေကတော့ ဖျတ်လတ်တက်ကြွပြီး ကိုယ်ခံအားလည်းကောင်းတဲ့အရွယ်တွေမို့ တော်ရုံဖျားတာလောက် ခေါင်းကိုက်တာ ညောင်းကိုက်တာတွေလောက်တော့ အကိုက်အခဲပျောက်ဆေးလေးသောက်၊လိမ်းဆေးလိမ်း နားရုံနဲ့သက်သာပျောက်ကင်းသွားနိုင်ပေမယ့် လူကြီးပိုင်းအရွယ်တွေကျတော့ နေမကောင်းဖြစ်ရင် ဆေးသောက်ရုံ၊လိမ်းဆေးလိမ်းရုံ၊နားရုံနဲ့ နလန်ပြန်ထူတာရှားပါတယ်။

အများအားဖြင့် သက်ကြီးပိုင်းတွေဖျားနာနေမကောင်းရင် ခံတွင်းပါပျက်တဲ့အတွက် ဆရာဝန်နဲ့ပြသပြီး အကြောဆေးထိုးတာ၊ပုလင်းချိတ်တာတွေလုပ်ရလေ့ရှိပါတယ်။သက်ကြီးပိုင်းအရွယ်တွေဆေးခန်းပြရာမှ ကြုံရမယ့်အခက်ခဲအများစုကတော့

မိမိနဲ့အတူဆေးခန်းဆေးရုံလိုက်မယ့်အဖော်တယောက်ရှာရခြင်း
အဖော်ရပြန်တော့လည်း မိမိရောသူပါ ကားမမောင်းတတ် ဆိုင်ကယ်မစီးတတ်ပါက ကား Taxi/ ဆိုင်ကယ် Taxi ငှားရခြင်း
ဆေးရုံဆေးခန်းရောက်ပါကလည်း တုံကင်နံပါတ်နောက်ကျပါက သို့မဟုတ် မိမိပြသမည့် ဆရာဝန်ကြီးအကြောင်းအမျိူးမျိူးကြောင့်နောက်ကျနေပါက အကြာကြီးစောင့်ရခြင်း
ထိုသို့စောင့်ရစဉ်လူများနေပြီး ထိုင်စရာမရပါက သက်တောင့်သက်သာမရှိနိုင်ဘဲ စိတ်ပင်ပန်းမွန်းကြပ်ခြင်းကိုပါခံစားရခြင်း စတာတွေပါ။
ဒါတွေအပြင် လူနာကဝလည်းဝပြီး ခြေထောက်ကျိူးတာ၊လေဖြတ်လို့ လမ်းမလျှောက်နိုင်တာဆိုရင် ဆေးရုံဆေးခန်းပြရတာပိုပြီး ကရိကထများပါတယ်။
ကျွန်တော့်အဘိုးဆို ဝလည်းတအားဝပြီးသွေးတိုးရှိပါတယ်။ဟိုတလောက လေဖြတ်သလိုဖြစ်ပြီး အောက်ပိုင်းခြေထောက်တွေအားနည်းသွားတာကြောင့် အထွေထွေအထူးကုဆရာဝန်နဲ့ရယ် ကိုယ်ကာယပြန်လည်သန်စွမ်းရေးအထူးကုဆရာဝန်နဲ့ရယ် တပတ်တခါ သို့မဟုတ် နှစ်ပတ်တခါလောက်ပုံမှန်သွားပြနေရပါတယ်။

နေမကောင်းလို့ဆေးခန်း ဆေးရုံပြရမယ်ဆိုရင် ကားပေါ်တွဲတင် တွဲချဖို့ကို အဖော်လူနှစ်ယောက်ကို ပါ မဖြစ်မနေခေါ်သွားရပါတယ်။ဒါ့အပြင် စောင့်တာကြာနေရင် အဆာပြေစားဖို့မုန့်၊ရေဘူး၊ရှုဆေး၊ရာသီဥတုပူတဲ့ရက်တွေဆိုရင် ခတ်ဖို့ယပ်တောင်၊လဲဖို့အကျီၤ၊မိုးရွာတဲ့ရက်တွေဆိုရင်ထီး၊သိပ်လမ်းမလျှောက်နိုင်လို့ အပေါ့သွားချင်ရင်လွယ်အောင်ဆိုပြီးသေးခွက် စတာတွေပါယူသွားရပါတယ်။

ဒါကြောင့် ချိန်းတိုင်းသွားပြရတာမဟုတ်ဘဲနဲ့ အထူးကုဆရာဝန်တွေကို အိမ်ပင့်လို့ရရင်ကောင်းမှာပဲဆိုတဲ့အတွေးလေးဝင်မိပါတယ်။ အခုခေတ်မှာက ဒုစရိုက်မှုတွေများလာတဲ့အတွက် ရိုးရိုးအထွေထွေဆရာဝန်တွေကို အိမ်ပင့်ရတာတောင် သိပ်မလွယ်တော့ပါဘူး။ညအချိန်မတော်မပြောနဲ့ ည၈နာရီလောက်ဆိုရင်တောင် အိမ်ပင့်ဖို့ခက်ပါတယ်။ ဆရာဝန်တွေဘက်ကကြည့်ရင်လည်း အိမ်ပင့်ကြွဖို့ဆိုရင် ခေတ်ကမကောင်းတဲ့အတွက် မိမိလုံခြုံရေးကိုပါထည့်စဉ်းစားလာရပါတယ်။

နေ့ခင်းဘက်တောင် မိမိဆေးခန်းဖွင့်တဲ့နေရာနဲ့တော်တော်ဝေးရင် မိမိနဲ့အသိမဟုတ်ရင် အိမ်ပင့်ကြွဖို့မကြွဖို့ တော်တော်စဉ်းစားရမှာပါ။ဒီတော့ အခုခေတ်အနေထားအရပြောရမယ်ဆိုရင် ဆရာဝန်တွေအိမ်ပင့်ကိုစိတ်ချလက်ချကြွနိုင်ဖို့အတွက်ရယ်၊ဆေးခန်းဆေးရုံသွားပြဖို့ အထက်မှာဖော်ပြထားတဲ့အခက်ခဲတွေရှိတဲ့လူနာနဲ့လူနာရှင်တွေရယ်အတွက်ဆရာဝန်တွေ နဲ့ လူနာတွေကြားထဲမှာ အပြန်အလှန်ချိတ်ဆက်ပေးမယ့်အဖွဲ့အစည်းတခုလိုလာပါပြီ။

ဖြစ်နိုင်ရင်တော့ အထူးကုဆရာဝန်ကြီးတွေကိုပါ အိမ်ပင့်ဖို့အတွက် ကြားကနေ တာဝန်ယူချိတ်ဆက်ပေးနိုင်မယ့် အဖွဲ့အစည်းတခုရှိလာမယ်ဆိုရင် ငွေကြေးအသင့်တင့်သုံးနိုင်မယ့် လူနာရှင်တွေ၊လူနာတွေအတွက် ပိုအကျိူးရှိနိုင်ပါတယ်။သူတို့အဖွဲ့ဆီကိုဖုန်းဆက်ပြီးစာရင်းပေးထားရုံနဲ့ ဆရာဝန်တွေ၊အထူးကုဆရာဝန်ကြီးတွေကို အိမ်ပင့်ဖို့ အဆင်ပြေမယ်ဆိုရင် ကျွန်တော့်လို အိမ်မှာနာတာရှည် သက်ကြီးပိုင်းလူနာရှိတဲ့ အိမ်တွေ၊လူနာရှင်တွေအတွက် ဆေးရုံဆေးခန်းတခါပြရင် လူနာကိုပိုဖို့အဖော်ရှာရတာ၊ကားခေါ်ရတာ၊လူနာဝေယျဝေစ္စစီစဉ်ရတာ၊ဆေးရုံမှာစောင့်ရတာစတဲ့ ဒုက္ခတွေအတော်များများသက်သာသွားမယ်။ဒါ့အပြင်လူနာလည်းမိမိအိမ်မှာဆေးကုသမှုခံရတဲ့အတွက် စိတ်ရောကိုယ်ပါသက်တောင့်သက်သာပိုရှိသွားမယ်လို့ ထင်မြင်ယူဆရင်း မကြာမီမှာ လူနာနဲ့ဆရာဝန်တွေကြားချိတ်ဆက်ပေးနိုင်မယ့်အဖွဲ့အစည်းတခု ပီပြင်စွာပေါ်ထွန်းလာနိုင်ဖို့ ဆုတောင်းလိုက်ရပါတယ်။

သီတာနွယ်(အမရပူရ)

Previous Post

ကိုယ်ဝန်ဆောင်နေချိန် မှာ ဘာတွေ စားကြမလဲ 

Next Post

ကလေးများတွင်ဖြစ်သော ဒိုင်ရာပါ သို့မဟုတ် ခါးတောင်းကျိုက်ထည် ပွန်းခြင်း (Diaper Rash)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
606

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးများတွင်ဖြစ်သော ဒိုင်ရာပါ သို့မဟုတ် ခါးတောင်းကျိုက်ထည် ပွန်းခြင်း (Diaper Rash)

သကြားစားသုံးခြင်း နှင့် ကင်ဆာအန္တရာယ်

အမျိုးသမီးများ နှင့် မီးယပ်ပြသာနာများ အပိုင်း ၂ (မီးယပ်သွေးလွန်ခြင်း)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.