အာေျခာက္တယ္
အာေျခာက္တယ္ ေရငတ္မေျပဘူးဆိုတဲ့ခံစားခ်က္က အလြယ္မေပ်ာက္ပဲ ခံစားရခက္တဲ့ေဝဒနာဆိုးတစ္ခုပါ။ ေနထိုင္ရတာ အဆင္မေျပပဲ စိတ္အေႏွာက္အယွက္ အလြန္ေပးေလ့ရွိေသာ ေဝဒနာပါ။ အာေျခာက္၍ ေရေသာက္ေသာ္လည္း မသက္သာပဲ ဆီးပဲ ခဏခဏထသြားရတာပဲ အဖတ္တင္ အလုပ္ရႈပ္ေနတတ္ပါတယ္။
ကြၽန္ုပ္တို႔အားလုံးရဲ႕ ခံတြင္းက်န္းမာေရးအတြက္ တံေထြးထြက္ျခင္းသည္ အေရးႀကီးပါတယ္။ တံေထြးသည္ စိုစြတ္ေစၿပီး ခံတြင္းကို သန႔္ရွင္းေစကာ အစာေခ်ဖ်က္မႈကို ကူညီေပးပါတယ္။ တံေထြးေၾကာင့္ ဘက္တီရီယားႏွင့္ မႈိကူးစက္မႈကို ကာကြယ္ေပးပါတယ္။ တံေထြးမထြက္လွ်င္ အာေျခာက္ကာ ေနထိုင္ရတာအဆင္မေျပပါ။
(1) ဘာေတြေၾကာင့္ အာေျခာက္သလဲ???
-အခ်ိဳ႕ေသာေဆးဝါးမ်ားရဲ႕ အဓိကဆိုးက်ိဳးသည္ အာေျခာက္ေစျခင္း ျဖစ္ေစပါတယ္။ႂကြက္သားေျပေလ်ာ့ေစေသာ ေဆးဝါးမ်ားႏွင့္ စိတ္ၿငိမ္ေဆးဝါးမ်ားသည္ အာေျခာက္ေစပါတယ္။
-ေရာဂါမ်ားႏွင့္ ကူးစက္ေရာဂါမ်ား
ဥပမာ ဆီးခ်ိဳေရာဂါ၊ ေလျဖတ္၊ အယ္ဇိုင္းမာ၊ ေသြးတိုးႏွင့္ HIV ေရာဂါမ်ား ရွိေနခဲ့လွ်င္လည္း အာေျခာက္ျခင္း ေဝဒနာခံစားရႏိုင္ပါတယ္။
-ကုသမႈရဲ႕ေဘးထြက္ဆိုးက်ိဳး
ကုသမႈရဲ႕ ေဘးထြက္ဆိုးက်ိဳးအေနျဖင့္ တံေထြးဂလင္းကို ထိခိုက္မိခဲ့လွ်င္လည္း တံေထြးမထြက္ဘဲ အာေျခာက္ေစႏိုင္ပါတယ္။ ဥပမာ လည္ပင္းကို ဓာတ္ေရာင္ျခည္ကုသျခင္းႏွင့္ကင္ဆာေဆးသြင္းျခင္း စသည္တို႔ပင္ ျဖစ္ပါတယ္။
-အာ႐ုံေၾကာထိခိုက္ျခင္း
ဦးေခါင္းႏွင့္ လည္ပင္းထိခိုက္ျခင္းသို႔မဟုတ္ ခြဲစိတ္မႈ ခံယူျခင္းေၾကာင့္ အာ႐ုံေၾကာထိခဲ့လွ်င္လည္း တံေထြးမထြက္ႏိုင္ပါ။
-ေရဓာတ္ခမ္းေျခာက္ျခင္း
ေရဓာတ္ခမ္းေျခာက္မႈ ျဖစ္ေစေသာ ဝမ္းေလ်ာျခင္း၊ ေသြးထြက္ျခင္း၊ မီးေလာင္ျခင္း စေသာေရဓာတ္ခမ္းေျခာက္မႈေၾကာင့္ အာေခါင္ေျခာက္ေစႏိုင္ပါတယ္။
-တံေထြးဂလင္း ခြဲစိတ္ဖယ္ထုတ္ျခင္း
-ေဆးလိပ္ေသာက္ျခင္း၊ကြမ္းစားျခင္းသည္လည္း အာေျခာက္မႈကိုျဖစ္ေစပါတယ္။
(2)အာေျခာက္ျခင္းရဲ႕အဓိကလကၡာဏာမ်ားကေတာ့
-အာခံတြင္းေစးကပ္ျခင္း
-ေရငတ္ျခင္း
-ပါးစပ္အနာမ်ား၊ကြဲနာျဖစ္ျခင္း
-လည္ေခ်ာင္းနာျခင္း
-ပါးစပ္ပူျခင္း
-လွ်ာနီရဲေျခာက္ျခင္း
-စကားေျပာ၊အရသာျမည္း၊မ်ိဳခ်ရန္ခက္ခဲ ျခင္း
-အသံဝင္ျခင္းႏွင့္ အသက္ရွဴနံျခင္းစသည့္ တို႔ပါခံစားရႏိုင္ပါတယ္။
(3)အာေျခာက္ျခင္းသည္ ျပႆနာတစ္ရပ္ျဖစ္ေစႏိုင္ပါသလား?
အာေျခာက္ျခင္းေၾကာင့္ သြားဖုံးေရာင္ျခင္း၊ သြားမ်ားပ်က္ဆီးျခင္း၊ ပါးစပ္အနာမ်ားျဖစ္ေစျခင္းစသည့္ ေနာက္ဆက္တြဲေရာဂါမ်ား ျဖစ္ေစႏိုင္ပါတယ္။
(4)အာေျခာက္ျခင္းကို သက္သာေစႏိုင္ေသာ ကုသနည္းမ်ားမွာ
-သၾကားမပါေသာ သၾကားလုံး၊ပီေကမ်ား ငုံျခင္း၊ဝါးျခင္း
-ေရမ်ားမ်ားေသာက္ျခင္း
-ဖ႐ို႐ိုက္ပါေသာသြားတိုက္ေဆးျဖင့္တိုက္ျခင္း
-ပတ္ဝန္းက်င္ေအးေသာေနရာတြင္သာေနပါ။
-တံေထြးအတုသုံးျခင္း
-မလိုအပ္ပဲ မိမိသေဘာျဖင့္ ပိုးသတ္ေဆးေသာက္ျခင္းႏွင့္ ေဆးဝါးအလြန္အကြၽံသုံးစြဲျခင္းႏွင့္
-ျဖစ္ေစေသာေရာဂါအခံကိုရွာေဖြကုသ ျခင္းပင္ျဖစ္ပါတယ္။
Author : Dr. ျပည့္ရွင္း
အာခြောက်တယ်
အာခြောက်တယ် ရေငတ်မပြေဘူးဆိုတဲ့ခံစားချက်က အလွယ်မပျောက်ပဲ ခံစားရခက်တဲ့ဝေဒနာဆိုးတစ်ခုပါ။ နေထိုင်ရတာ အဆင်မပြေပဲ စိတ်အနှောက်အယှက် အလွန်ပေးလေ့ရှိသော ဝေဒနာပါ။ အာခြောက်၍ ရေသောက်သော်လည်း မသက်သာပဲ ဆီးပဲ ခဏခဏထသွားရတာပဲ အဖတ်တင် အလုပ်ရှုပ်နေတတ်ပါတယ်။
ကျွန်ုပ်တို့အားလုံးရဲ့ ခံတွင်းကျန်းမာရေးအတွက် တံထွေးထွက်ခြင်းသည် အရေးကြီးပါတယ်။ တံထွေးသည် စိုစွတ်စေပြီး ခံတွင်းကို သန့်ရှင်းစေကာ အစာချေဖျက်မှုကို ကူညီပေးပါတယ်။ တံထွေးကြောင့် ဘက်တီရီယားနှင့် မှိုကူးစက်မှုကို ကာကွယ်ပေးပါတယ်။ တံထွေးမထွက်လျှင် အာခြောက်ကာ နေထိုင်ရတာအဆင်မပြေပါ။
(1) ဘာတွေကြောင့် အာခြောက်သလဲ???
-အချို့သောဆေးဝါးများရဲ့ အဓိကဆိုးကျိုးသည် အာခြောက်စေခြင်း ဖြစ်စေပါတယ်။ကြွက်သားပြေလျော့စေသော ဆေးဝါးများနှင့် စိတ်ငြိမ်ဆေးဝါးများသည် အာခြောက်စေပါတယ်။
-ရောဂါများနှင့် ကူးစက်ရောဂါများ
ဥပမာ ဆီးချိုရောဂါ၊ လေဖြတ်၊ အယ်ဇိုင်းမာ၊ သွေးတိုးနှင့် HIV ရောဂါများ ရှိနေခဲ့လျှင်လည်း အာခြောက်ခြင်း ဝေဒနာခံစားရနိုင်ပါတယ်။
-ကုသမှုရဲ့ဘေးထွက်ဆိုးကျိုး
ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးအနေဖြင့် တံထွေးဂလင်းကို ထိခိုက်မိခဲ့လျှင်လည်း တံထွေးမထွက်ဘဲ အာခြောက်စေနိုင်ပါတယ်။ ဥပမာ လည်ပင်းကို ဓာတ်ရောင်ခြည်ကုသခြင်းနှင့်ကင်ဆာဆေးသွင်းခြင်း စသည်တို့ပင် ဖြစ်ပါတယ်။
-အာရုံကြောထိခိုက်ခြင်း
ဦးခေါင်းနှင့် လည်ပင်းထိခိုက်ခြင်းသို့မဟုတ် ခွဲစိတ်မှု ခံယူခြင်းကြောင့် အာရုံကြောထိခဲ့လျှင်လည်း တံထွေးမထွက်နိုင်ပါ။
-ရေဓာတ်ခမ်းခြောက်ခြင်း
ရေဓာတ်ခမ်းခြောက်မှု ဖြစ်စေသော ဝမ်းလျောခြင်း၊ သွေးထွက်ခြင်း၊ မီးလောင်ခြင်း စသောရေဓာတ်ခမ်းခြောက်မှုကြောင့် အာခေါင်ခြောက်စေနိုင်ပါတယ်။
-တံထွေးဂလင်း ခွဲစိတ်ဖယ်ထုတ်ခြင်း
-ဆေးလိပ်သောက်ခြင်း၊ကွမ်းစားခြင်းသည်လည်း အာခြောက်မှုကိုဖြစ်စေပါတယ်။
(2)အာခြောက်ခြင်းရဲ့အဓိကလက္ခာဏာများကတော့
-အာခံတွင်းစေးကပ်ခြင်း
-ရေငတ်ခြင်း
-ပါးစပ်အနာများ၊ကွဲနာဖြစ်ခြင်း
-လည်ချောင်းနာခြင်း
-ပါးစပ်ပူခြင်း
-လျှာနီရဲခြောက်ခြင်း
-စကားပြော၊အရသာမြည်း၊မျိုချရန်ခက်ခဲ ခြင်း
-အသံဝင်ခြင်းနှင့် အသက်ရှူနံခြင်းစသည့် တို့ပါခံစားရနိုင်ပါတယ်။
(3)အာခြောက်ခြင်းသည် ပြဿနာတစ်ရပ်ဖြစ်စေနိုင်ပါသလား?
အာခြောက်ခြင်းကြောင့် သွားဖုံးရောင်ခြင်း၊ သွားများပျက်ဆီးခြင်း၊ ပါးစပ်အနာများဖြစ်စေခြင်းစသည့် နောက်ဆက်တွဲရောဂါများ ဖြစ်စေနိုင်ပါတယ်။
(4)အာခြောက်ခြင်းကို သက်သာစေနိုင်သော ကုသနည်းများမှာ
-သကြားမပါသော သကြားလုံး၊ပီကေများ ငုံခြင်း၊ဝါးခြင်း
-ရေများများသောက်ခြင်း
-ဖရိုရိုက်ပါသောသွားတိုက်ဆေးဖြင့်တိုက်ခြင်း
-ပတ်ဝန်းကျင်အေးသောနေရာတွင်သာနေပါ။
-တံထွေးအတုသုံးခြင်း
-မလိုအပ်ပဲ မိမိသဘောဖြင့် ပိုးသတ်ဆေးသောက်ခြင်းနှင့် ဆေးဝါးအလွန်အကျွံသုံးစွဲခြင်းနှင့်
-ဖြစ်စေသောရောဂါအခံကိုရှာဖွေကုသ ခြင်းပင်ဖြစ်ပါတယ်။
Author : Dr. ပြည့်ရှင်း