fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

 နမိုးနီးယားဆိုတာဘာလဲ

64
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/03/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

နမိုးနီးယားရောဂါဟာ ဆိုးဝါးပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါတစ်ခုဖြစ်ပြီး သေနှုန်းမြင့်မားလှတဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။နမိုးနီးယားရောဂါဟာ ဘက်တီးရီးယား ၊ ဗိုင်းရပ်စ် နှင့် မှိုပိုးများ ကူးစက်ခံရခြင်းကြောင့် ဖြစ်တတ်ပါတယ်။

ကူးစက်ခံရပုံကတော့ လေထဲမှတဆင့် ရောဂါပိုးများ ပါဝင်သော အမှုန်များကို ရှုမိခြင်းမှသော်လည်းကောင်း ၊ ရောဂါပိုး ကပ်ညှိနေသော ပစ္စည်းများကို ကိုင်တွယ်ထားသော လက်မှသော်လည်းကောင်း ကူးစက်နိုင်ပါတယ်။

နမိုးနီးယားရဲ့ ရောဂါ လက္ခဏာတွေကတော့

ချောင်းဆိုးခြင်း ( ချောင်းခြောက်လည်း ဖြစ်နိုင်သလို ဝါဖန့်ဖန့်ရောင် သို့မဟုတ် အစိမ်းဖျော့ရောင် ရှိသော သလိပ်ပါတာမျိုးလည်း ဖြစ်နိုင်တယ်။ တစ်ခါတစ်ရံ သွေးစ အနည်းငယ်ပါတာမျိုး ရှိတယ်။)
ချောင်းဆိုးတဲ့အခါ ဒါမှမဟုတ် အသက်ရှူတဲ့ အခါ ရင်ဘတ်အောင့်တာမျိုး ဖြစ်တတ်တယ်။
မောတာ ၊ အသက်ရှူ ကြပ်တာမျိုး ခံစားရနိုင်တယ်။
ဖျားတတ်တယ်။
ချမ်းတုန်တတ်တယ်။
တချို့မှာ ပျို့တာ ၊ အန်တာတွေ ၊ ဝမ်းသွားတာတွေ ရှိတတ်တယ်
နေမကောင်းသလို ခံစားရပြီး နူန်းချိနေတာမျိုးတွေ ရှိတယ်
ကလေးငယ်တွေမှာဆို နို့ကောင်းကောင်း မစို့တာ ၊ ဂျီတာ အီတာတွေ ရှိတယ်
အသက်ရှူတဲ့အခါ ရင်ဘတ်ကြွက်သား ချိုင့်ဝင်ရလောက်အောင် အားစိုက်ပြီး ရှူနေရတာမျိုး ၊ အသက်ရှူ မြန်တာမျိုးတွေ ရှိတယ်
ပြင်းထန်တဲ့ အဆင့်မှာဆို ကလေးက ဘာမှ မစားမသောက်တော့ဘဲ မှိန်းနေတာ ၊ တက်တာ ၊ သတိလစ်သွားတာတွေထိ ဖြစ်တတ်တယ်။
သက်ကြီးရွယ်အိုတွေမှာ ဖြစ်ရင် မဖျားဘဲ ခန္ဓာကိုယ်က အေးစက်နေတာမျိုးတွေ ရှိသလို
သတိကောင်းကောင်း မရှိတော့ဘဲ စကားတွေ ပြောချင်တာ လျှောက်ပြောနေတာမျိုးတွေ ရှိတတ်တယ်။
ကြွက်သားနာကျင်တာ ၊ ခေါင်းကိုက်တာတွေလည်း ခံစားရနိုင်တယ်။

နမိုးနီးယားရောဂါဟာ လူတိုင်းနီးပါးမှာ ဖြစ်နိုင်တယ်။ ဒါပေမယ့်

၂ နှစ်အောက် ကလေးငယ်တွေ
အသက် ၆၅ နှစ်အထက် သက်ကြီး ရွယ်အိုတွေ
ကိုယ်ခံအား မကောင်းတဲ့သူတွေ
ပန်းနာရင်ကြပ်ရောဂါလို အဆုတ်ရောဂါ တစ်ခုခု ရှိနေသူတွေ
နှလုံး ၊ ကျောက်ကပ် ၊ အသည်းရောဂါ ရှိသူတွေ
ဆေးလိပ်သောက်တတ်တဲ့သူတွေမှာ ဖြစ်ရင် အသက်အန္တရာယ် ဖြစ်နိုင်တဲ့ အထိ ဆိုးဝါးပြင်းထန်တတ်ပါတယ်။

နမိုးနီးယားရောဂါဟာ ပိုးသတ်ဆေး သောက်ခြင်း ၊ ထိုးခြင်းဖြင့် ကုသပျောက်ကင်းနိုင်ပါတယ်။ မိမိမှာ တကယ်လို့ အထက်ပါ ရောဂါ လက္ခဏာထဲက တစ်ခုခုကို ခံစားနေရရင် ဒီရောဂါမှန်း သိနိုင်အောင် သွေးစစ်ကြည့်တာ ၊ ဓာတ်မှန်ရိုက်တာမျိုးတွေ လုပ်သင့်ပါတယ်။

မကုသဘဲထားရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ အနေနဲ့  သွေးဆိပ်တက်တာ ၊ အဆုတ် အလုပ်မလုပ်တော့တာတွေ ဖြစ်ပြီး အသက်အန္တရာယ် ရှိနိုင်တယ်။ အဆုတ်ထဲမှာ အနာဖြစ်တဲ့အတွက် ကောင်းကောင်း မကျက်ရင် အဆုတ်ပြည်တည်နာတွေ ဖြစ်တတ်တယ်။ အဆုတ်ထဲမှာ ရေဖုံးတာတွေလည်း ဖြစ်တတ်ပါတယ်။

နမိုးနီးယား ရောဂါကို ကာကွယ်ဖို့အတွက် နည်းလမ်းတွေ ရှိပါတယ်။ အဓိက က ကိုယ်ခံအား ကောင်းမွန်ဖို့နဲ့ ကျန်းမာစွာ နေထိုင်တတ်ဖို့ အရေးကြီးပါတယ်။ ကိုယ်ခံအား ကောင်းမွန်စေဖို့ ကလေးတွေမှာ အသက် ၆ လ အထိ မိခင်နို့ တစ်မျိုးတည်းကို ကောင်းစွာ တိုက်ကျွေးသင့်ပါတယ်။ ကိုယ်ခံအားကောင်းမွန်စေတဲ့ အစားအစာတွေ ဗိုက်တာမင်စီကြွယ်ဝစွာပါဝင်တဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် သစ်ဥသစ်ဖုတွေကို စားသုံးသင့်ပါတယ်။ အိပ်ချိန်ပြည့်အောင် အိပ်သင့်သလို ဗိုက်တာမင်စီပါဝင်တဲ့ အားဆေးတစ်ခုခုလည်း သောက်ပေးသင့်ပါတယ်။

နှာစေး ချောင်းဆိုးနေရင် လက်ကိုင်ပဝါကို အသုံးပြုတာ ၊ လက်ကို မကြာခဏ ဆေးကြောသန့်စင်တာမျိုး လုပ်သင့်တယ်။ ဆေးလိပ်သောက်တတ်ရင် ဖြတ်သင့်တယ်။ အရက်ကို ကြာရှည်စွာ သောက်သုံးတာကလည်း ကိုယ်ခံအား နည်းစေလို့ နမိုးနီးယား ဖြစ်လာနိုင်စေတယ်။ ဖြစ်နိုင်ရင် တုပ်ကွေးကာကွယ်ဆေးတွေ တခြား pneumococcal ကာကွယ်ဆေးလိုမျိုးတွေ ထိုးထားနိုင်ရင် ပိုကောင်းပါတယ်။

အားလုံး ကျန်းမာချမ်းသာပြီး ရောဂါ ဘယ ကင်းစင်ပါစေ ဆုတောင်းရင်း …..

Author : ရွက်သစ်

Previous Post

ရေအိတ်တို့မည်သည်

Next Post

လိပ်ခေါင်းရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လိပ်ခေါင်းရောဂါ

အစာစားပြီးသောက်ရမဲ့ဆေး နဲ့  အစာမစားခင်သောက်ရမဲ့ဆေး

နို့တိုက်ခြင်း အနုပညာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.