fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

Whole Grain Cereals များရဲ့ကျန်းမာရေးအကျိူးကျေးဇူးများ

320
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/05/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

 

(Zawgyi)

Whole Grain Cereals ဆိုတာက ကြ်န္ေတာ္နားလည္သေလာက္ ျမန္မာလိုဆီေလ်ာ္ေအာင္ျပန္ဆိုရရင္ ျဖဴေဖြးေအာင္ ဖြတ္ျခင္း၊သန္႔စင္ျခင္း စတဲ႔ အဆင္႔ေတြဘာမွမလုပ္ရေသးတဲ႔ ရိတ္သိမ္းျပီးခါစ ေကာက္ပဲသီးနွံမ်ားကိုေခၚတာပါ။(ဥပမာေျပာရရင္ ဆန္ၾကမ္း(ဆန္လံုးညိဳ)၊ဂ်ံဳၾကမ္း(ဂ်ံဳလံုးညိဳ)တို႔ေပါ႔

ဒီ Whole Grain Cereals ဆိုတဲ႔စကားလံုးေရာ၊Whole Grain Cereals နဲ႔လုပ္ထားတဲ႔ အစားစာေတြေရာ က ကြ်န္ေတာ္တို႔ ျမန္မာနိုင္ငံသား ဗမာလူမ်ိဴးေတြနဲ႔ ေတာ္ေတာ္ၾကီးစိမ္းပါတယ္။

ယေန႔ေခတ္ ကြ်န္ေတာ္တို႔အမ်ားစုဟာ

ရိတ္သိမ္းျပီးတဲ႔ ဆန္ေစ႔၊ဂ်ံဳေစ႔အၾကမ္းေတြကို စက္ေတြထဲမွာ ထည္႔ ၾကိတ္ဖြတ္သန္႔စင္ျပီးလို႔ အေခ်ာသတ္ထြက္လာတဲ႔ အျဖဴေရာင္ ဆန္ေစ႔ေတြ၊ဂ်ံဳေစ႔ေတြ သို႔မဟုတ္ ထိုသန္႔စင္ျပီးတဲ႔အေစ႔ေတြကို တခါထပ္ၾကိတ္လို႔ရလာတဲ႔ ဆန္အမႈန္႔ေတြ၊ဂ်ံဳအမႈန္႔ေတြနဲ႔လုပ္ထားတဲ႔အစားစာေတြကိုပဲ အစားမ်ားၾကပါတယ္။သို႔ေသာ္ သုေတသနေတြအရ ျဖဴေဖြးေအာင္သန္႔စင္ထားတဲ႔ေကာက္ပဲသီးနွံေတြ သို႔မဟုတ္ ထိုေကာက္ပဲသီးနွံေတြနဲ႔လုပ္ထားတဲ႔အစားစာေတြစားတာဟာ က်န္းမာေရးအတြက္ေကာင္းက်ိဴးလည္းနည္းေစတဲ႔အျပင္ ခႏၶာကိုယ္ကို၀ိတ္တက္ေစပါတယ္တဲ႔။

ဂ်ံဳၾကမ္း၊ဆန္ၾကမ္း ေတြနဲ႔ ျဖဴေဖြးေအာင္ၾကိတ္ဖြတ္ထားတဲ႔ ဆန္ေခ်ာ၊ဂ်ံဳေခ်ာေတြနဲ႔မတူတဲ႔အခ်က္က ဂ်ံဳၾကမ္း၊ဆန္ၾကမ္းေတြမွာ အျပင္ဘက္ဆံုးအလႊာပါရွိျပီး ထိုအလႊာမွာ က်န္းမာေရးအက်ိဴးျပဳတဲ႔အာဟာရဓါတ္ေတြအမ်ားၾကီးပါေနပါတယ္။ဒီေနရာမွာစာဖတ္ပရိသတ္ေတြနားလည္မႈလြဲနိုင္တဲ႔အခ်က္တခုရွိပါတယ္။အျပင္လႊာဆိုတာက စပါးခြံ၊ဂ်ံဳခြံေတြကိုေျပာတာမဟုတ္ပါဘူး။ကြ်န္ေတာ္တို႔ေတြနဲ႔ ရင္းနွီးကြ်မ္း၀င္တဲ႔ဆန္စပါးနဲ႔ပဲဥပမာေပးရရင္ ဘယ္စပါးမ်ိဴးပဲျဖစ္ျဖစ္ စပါးခြံကိုခြ်တ္လိုက္တာနဲ႔ ဆန္ဆိုင္ကဆန္အိတ္ေတြမွာျမင္ရတဲ႔ ျဖဴေဖြးေနေသာဆန္ေစ႔ထြက္လာတာမဟုတ္ပါဘူး။

အရင္ဆံုးအလႊာပါးေလးကပ္ေနတဲ႔ အညိဳေရာင္ဘက္ေရာက္တဲ႔ဆန္ေစ႔(ဆန္လံုးညိဳ)ထြက္လာတာပါ။အဲ႔တာကိုဆက္ျပီး ၾကိတ္ဖြတ္သန္႔စင္လိုက္မွသာ တဖက္ကဖြဲနုထြက္ျပီး တဖက္ကဆန္ဆိုင္ေတြမွာေတြ႔ရတဲ႔ ဆန္ေစ႔ျဖဴျဖဴေဖြးေဖြးေလးေတြျဖစ္တာပါ။ဒီလိုၾကိတ္ဖြတ္လိုက္ေတာ႔ ျဖဴျဖဴေဖြးေဖြးေလးေတြျဖစ္ေပမယ္႔ ဗီတာမင္ B3 ၆၇ ရာခိုင္နႈန္း၊ဗီတာမင္ ဘီ၀မ္း ၈၀ ရာခိုင္နႈန္း၊ဗီတာမင္ဘီဆစ္ ၉၀ ရာခိုင္နႈန္း၊မဂၢနီစီယံ ၅၀ရာခိုင္နႈန္း၊သံဓါတ္၆၀ရာခိုင္နႈန္း စသျဖင္႔နဲ႔ အမွ်င္ဓါတ္အားလံုးနီးပါး ဆံုးရႈံးသြားရပါတယ္။အခုဆိုရင္ တိုးတက္ဖြံ႕ျဖိဳးျပီးတဲ႔ နိုင္ငံေတြမွာ ဂ်ံဳၾကမ္းေတြ၊ဆန္ၾကမ္းေတြ၊ၾကိတ္ဖြတ္သန္႔စင္ျခင္းမလုပ္ရေသးတဲ႔ေကာက္ပဲသီးနွံေတြနဲ႔လုပ္ထားတဲ႔အစားစာေတြကို က်န္းမာေရးအရ အစားမ်ားလာၾကပါတယ္။

ဒီလို Whole Grain Cereals ေတြစားျခင္းျဖင္႔ ရလာနိုင္တဲ႔က်န္းမာေရးအက်ိဴးေတြကေတာ႔

(၁)ကိုယ္အေလးခ်ိန္ကိုထိန္းနိုင္ျခင္း

အေမရိကန္နုိင္ငံကသုေတသနစစ္တမ္းတခုအရ ဆန္လံုးညိဳလို အခြံခြ်တ္သန္႔စင္ထားျခင္းမျပဳရေသးတဲ႔ေကာက္ပဲသီးနွံေတြ သို႔မဟုတ္ အဲ႔ဒါေတြနဲ႔လုပ္ထားတဲ႔အစားအစာေတြကို စားတဲ႔သူေတြဟာ ျဖဴေဖြးေအာင္သန္႔စင္ထားတဲ႔ ဆန္ေတြ၊ေကာက္ပဲသီးနံေတြ သို႔မဟုတ္ အဲ႔ဒါေတြနဲ႔လုပ္ထားတဲ႔အစားအစာေတြကို စားတဲ႔သူေတြထက္ ကိုယ္အေလးခ်ိန္တက္နိုင္ေျခ ထက္၀က္ခန္႔ေလ်ာ႔နည္းေၾကာင္းေတြ႔ရွိရတယ္လို႔ စစ္တမ္းရလဒ္မွာေဖာ္ျပထားပါတယ္။

(၂)၀မ္းမွန္ေစျပီး အူမၾကီးကင္ဆာျဖစ္ပြားနိုင္ေျခကိုေလ်ာ႔နည္းေစျခင္း

ဆန္လံုးညိဳလို သန္႔စင္ျခင္း မျပဳရေသးတဲ႔ ေကာက္ပဲသီးနွံေတြမွာ အမွ်င္ဓါတ္ၾကြယ္၀စြာပါတာေၾကာင္႔ ၀မ္းမွန္ေစျပီး ၀မ္းခ်ဴပ္ျခင္းကိုကင္းေ၀ေစကာ အူမၾကီးကင္ဆာျဖစ္နိုင္ေျခကိုေလ်ာ႔က်ေစပါတယ္။

(၃)ကိုယ္ခံအားကိုေကာင္းေစျခင္း

ဆန္လံုးညိဳလို၊ဂ်ံဳၾကမ္းလို အစားေသာက္ေတြဟာ အာဟာရဓါတ္ျပည္႔၀စြာပါတာေၾကာင္႔ ကိုယ္ခံအားကိုေကာင္းေစျပီး နွလံုးေရာဂါနဲ႔ အဆစ္ေရာင္ေရာဂါေတြကိုလည္း ျဖစ္နိုင္ေျခနည္းေအာင္ကာကြယ္ေပးပါတယ္။

(၄)မေကာင္းတဲအဆီဓါတ္ကိုနည္းေစျပီး ေကာင္းတဲ႔အဆီဓါတ္ကိုမ်ားေစျခင္း

ၾကိတ္ဖြတ္သန္႔စင္ျခင္းမျပဳရေသးတဲ႔ေကာက္ပဲသီးနွံေတြ စားျခင္းျဖင္႔ မေကာင္းတဲ႔အဆီဓါတ္ေတြနည္းလာကာ ေကာင္းတဲ႔အဆီဓါတ္ေတြမ်ားလာတယ္လို႔ သုေတသနတခုကေျပာထားပါတယ္။

(၅)ဆီးခ်ိဴေရာဂါျဖစ္နိုင္ေျခကိုေလ်ာ႔နည္းေစျခင္း

ဆန္လံုးညိဳ၊ဆန္ၾကမ္း၊ဂ်ံဳၾကမ္းေတြ ဒါမွမဟုတ္ အဲ႔ဒါေတြနဲ႔ျပဳလုပ္ထားတဲ႔အစားစာေတြကို တပတ္မွာ အနည္းဆံုး ေလးၾကိမ္ေလာက္စားေပးရင္ အမ်ိဳးအစား၂ ဆီးခ်ိဳေရာဂါျဖစ္နိုင္ေျခကိုေလ်ာ႔နည္းေစနိုင္ပါတယ္ လို႔ သုေတသနတခုမွာေဖာ္ျပထားပါတယ္။ေနာက္ျပီး ဆီးခ်ိဳေရာဂါရွိေနတဲ႔သူေတြဆိုရင္လည္း ဆန္ေခ်ာ၊ဂ်ံဳေခ်ာနဲ႔ျပဳလုပ္ထားတာေတြစားမယ္႔အစား ဆန္ၾကမ္း၊ဂ်ံဳၾကမ္းနဲ႔ျပဳလုပ္ထားတာေတြစားေပးမယ္ဆိုရင္ ဆီးခ်ိဳပိုမဆိုးေအာင္ထိန္းနိုင္ပါတယ္။

အဆံုးသတ္အေနနဲ႔ေျပာခ်င္တာကေတာ႔ အခုဆို ကြ်န္ေတာ္တို႔နိုင္ငံရဲ႕ကုန္တိုက္ၾကီးေတြ၊စူပါမားကတ္ေတြမွာဆိုရင္လည္း ဂ်ံဳၾကမ္း၊ဆန္ၾကမ္းစတဲ႔ Whole grain cereal နဲ႔လုပ္ထားတဲ႔အရာေတြကို၀ယ္ယူနိုင္ေနပါျပီ။အဲ႔ဒါေတြကေတာ႔ whole grain bread(ဂ်ံဳၾကမ္းေပါင္မုန္႔)၊whole grain pasta၊whole grain rice(ဆန္လံုးညိဳ) စတာေတြပါ။

ဒီထဲမွာ ဂ်ံဳၾကမ္းေပါင္မုန္႔ကေတာ႔ ခုဆို အရမ္းကို ေပၚျပဴလာျဖစ္ေနပါတယ္။

Dr 528

(Unicode)

Whole Grain Cereals ဆိုတာက ကျွန်တော်နားလည်သလောက် မြန်မာလိုဆီလျော်အောင်ပြန်ဆိုရရင် ဖြူဖွေးအောင် ဖွတ်ခြင်း၊သန့်စင်ခြင်း စတဲ့ အဆင့်တွေဘာမှမလုပ်ရသေးတဲ့ ရိတ်သိမ်းပြီးခါစ ကောက်ပဲသီးနှံများကိုခေါ်တာပါ။(ဥပမာပြောရရင် ဆန်ကြမ်း(ဆန်လုံးညို)၊ဂျုံကြမ်း(ဂျုံလုံးညို)တို့ပေါ့

ဒီ Whole Grain Cereals ဆိုတဲ့စကားလုံးရော၊Whole Grain Cereals နဲ့လုပ်ထားတဲ့ အစားစာတွေရော က ကျွန်တော်တို့ မြန်မာနိုင်ငံသား ဗမာလူမျိူးတွေနဲ့ တော်တော်ကြီးစိမ်းပါတယ်။

ယနေ့ခေတ် ကျွန်တော်တို့အများစုဟာ

ရိတ်သိမ်းပြီးတဲ့ ဆန်စေ့၊ဂျုံစေ့အကြမ်းတွေကို စက်တွေထဲမှာ ထည့် ကြိတ်ဖွတ်သန့်စင်ပြီးလို့ အချောသတ်ထွက်လာတဲ့ အဖြူရောင် ဆန်စေ့တွေ၊ဂျုံစေ့တွေ သို့မဟုတ် ထိုသန့်စင်ပြီးတဲ့အစေ့တွေကို တခါထပ်ကြိတ်လို့ရလာတဲ့ ဆန်အမှုန့်တွေ၊ဂျုံအမှုန့်တွေနဲ့လုပ်ထားတဲ့အစားစာတွေကိုပဲ အစားများကြပါတယ်။သို့သော် သုတေသနတွေအရ ဖြူဖွေးအောင်သန့်စင်ထားတဲ့ကောက်ပဲသီးနှံတွေ သို့မဟုတ် ထိုကောက်ပဲသီးနှံတွေနဲ့လုပ်ထားတဲ့အစားစာတွေစားတာဟာ ကျန်းမာရေးအတွက်ကောင်းကျိူးလည်းနည်းစေတဲ့အပြင် ခန္ဓာကိုယ်ကိုဝိတ်တက်စေပါတယ်တဲ့။

ဂျုံကြမ်း၊ဆန်ကြမ်း တွေနဲ့ ဖြူဖွေးအောင်ကြိတ်ဖွတ်ထားတဲ့ ဆန်ချော၊ဂျုံချောတွေနဲ့မတူတဲ့အချက်က ဂျုံကြမ်း၊ဆန်ကြမ်းတွေမှာ အပြင်ဘက်ဆုံးအလွှာပါရှိပြီး ထိုအလွှာမှာ ကျန်းမာရေးအကျိူးပြုတဲ့အာဟာရဓါတ်တွေအများကြီးပါနေပါတယ်။ဒီနေရာမှာစာဖတ်ပရိသတ်တွေနားလည်မှုလွဲနိုင်တဲ့အချက်တခုရှိပါတယ်။အပြင်လွှာဆိုတာက စပါးခွံ၊ဂျုံခွံတွေကိုပြောတာမဟုတ်ပါဘူး။ကျွန်တော်တို့တွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ဆန်စပါးနဲ့ပဲဥပမာပေးရရင် ဘယ်စပါးမျိူးပဲဖြစ်ဖြစ် စပါးခွံကိုချွတ်လိုက်တာနဲ့ ဆန်ဆိုင်ကဆန်အိတ်တွေမှာမြင်ရတဲ့ ဖြူဖွေးနေသောဆန်စေ့ထွက်လာတာမဟုတ်ပါဘူး။

အရင်ဆုံးအလွှာပါးလေးကပ်နေတဲ့ အညိုရောင်ဘက်ရောက်တဲ့ဆန်စေ့(ဆန်လုံးညို)ထွက်လာတာပါ။အဲ့တာကိုဆက်ပြီး ကြိတ်ဖွတ်သန့်စင်လိုက်မှသာ တဖက်ကဖွဲနုထွက်ပြီး တဖက်ကဆန်ဆိုင်တွေမှာတွေ့ရတဲ့ ဆန်စေ့ဖြူဖြူဖွေးဖွေးလေးတွေဖြစ်တာပါ။ဒီလိုကြိတ်ဖွတ်လိုက်တော့ ဖြူဖြူဖွေးဖွေးလေးတွေဖြစ်ပေမယ့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ဗီတာမင် ဘီဝမ်း ၈၀ ရာခိုင်နှုန်း၊ဗီတာမင်ဘီဆစ် ၉၀ ရာခိုင်နှုန်း၊မဂ္ဂနီစီယံ ၅၀ရာခိုင်နှုန်း၊သံဓါတ်၆၀ရာခိုင်နှုန်း စသဖြင့်နဲ့ အမျှင်ဓါတ်အားလုံးနီးပါး ဆုံးရှုံးသွားရပါတယ်။အခုဆိုရင် တိုးတက်ဖွံ့ဖြိုးပြီးတဲ့ နိုင်ငံတွေမှာ ဂျုံကြမ်းတွေ၊ဆန်ကြမ်းတွေ၊ကြိတ်ဖွတ်သန့်စင်ခြင်းမလုပ်ရသေးတဲ့ကောက်ပဲသီးနှံတွေနဲ့လုပ်ထားတဲ့အစားစာတွေကို ကျန်းမာရေးအရ အစားများလာကြပါတယ်။

ဒီလို Whole Grain Cereals တွေစားခြင်းဖြင့် ရလာနိုင်တဲ့ကျန်းမာရေးအကျိူးတွေကတော့

(၁)ကိုယ်အလေးချိန်ကိုထိန်းနိုင်ခြင်း

အမေရိကန်နိုင်ငံကသုတေသနစစ်တမ်းတခုအရ ဆန်လုံးညိုလို အခွံချွတ်သန့်စင်ထားခြင်းမပြုရသေးတဲ့ကောက်ပဲသီးနှံတွေ သို့မဟုတ် အဲ့ဒါတွေနဲ့လုပ်ထားတဲ့အစားအစာတွေကို စားတဲ့သူတွေဟာ ဖြူဖွေးအောင်သန့်စင်ထားတဲ့ ဆန်တွေ၊ကောက်ပဲသီးနံတွေ သို့မဟုတ် အဲ့ဒါတွေနဲ့လုပ်ထားတဲ့အစားအစာတွေကို စားတဲ့သူတွေထက် ကိုယ်အလေးချိန်တက်နိုင်ခြေ ထက်ဝက်ခန့်လျော့နည်းကြောင်းတွေ့ရှိရတယ်လို့ စစ်တမ်းရလဒ်မှာဖော်ပြထားပါတယ်။

(၂)ဝမ်းမှန်စေပြီး အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေခြင်း

ဆန်လုံးညိုလို သန့်စင်ခြင်း မပြုရသေးတဲ့ ကောက်ပဲသီးနှံတွေမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါတာကြောင့် ဝမ်းမှန်စေပြီး ဝမ်းချူပ်ခြင်းကိုကင်းဝေစေကာ အူမကြီးကင်ဆာဖြစ်နိုင်ခြေကိုလျော့ကျစေပါတယ်။

(၃)ကိုယ်ခံအားကိုကောင်းစေခြင်း

ဆန်လုံးညိုလို၊ဂျုံကြမ်းလို အစားသောက်တွေဟာ အာဟာရဓါတ်ပြည့်ဝစွာပါတာကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး နှလုံးရောဂါနဲ့ အဆစ်ရောင်ရောဂါတွေကိုလည်း ဖြစ်နိုင်ခြေနည်းအောင်ကာကွယ်ပေးပါတယ်။

(၄)မကောင်းတဲအဆီဓါတ်ကိုနည်းစေပြီး ကောင်းတဲ့အဆီဓါတ်ကိုများစေခြင်း

ကြိတ်ဖွတ်သန့်စင်ခြင်းမပြုရသေးတဲ့ကောက်ပဲသီးနှံတွေ စားခြင်းဖြင့် မကောင်းတဲ့အဆီဓါတ်တွေနည်းလာကာ ကောင်းတဲ့အဆီဓါတ်တွေများလာတယ်လို့ သုတေသနတခုကပြောထားပါတယ်။

(၅)ဆီးချိူရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေခြင်း

ဆန်လုံးညို၊ဆန်ကြမ်း၊ဂျုံကြမ်းတွေ ဒါမှမဟုတ် အဲ့ဒါတွေနဲ့ပြုလုပ်ထားတဲ့အစားစာတွေကို တပတ်မှာ အနည်းဆုံး လေးကြိမ်လောက်စားပေးရင် အမျိုးအစား၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်ပါတယ် လို့ သုတေသနတခုမှာဖော်ပြထားပါတယ်။နောက်ပြီး ဆီးချိုရောဂါရှိနေတဲ့သူတွေဆိုရင်လည်း ဆန်ချော၊ဂျုံချောနဲ့ပြုလုပ်ထားတာတွေစားမယ့်အစား ဆန်ကြမ်း၊ဂျုံကြမ်းနဲ့ပြုလုပ်ထားတာတွေစားပေးမယ်ဆိုရင် ဆီးချိုပိုမဆိုးအောင်ထိန်းနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ အခုဆို ကျွန်တော်တို့နိုင်ငံရဲ့ကုန်တိုက်ကြီးတွေ၊စူပါမားကတ်တွေမှာဆိုရင်လည်း ဂျုံကြမ်း၊ဆန်ကြမ်းစတဲ့ Whole grain cereal နဲ့လုပ်ထားတဲ့အရာတွေကိုဝယ်ယူနိုင်နေပါပြီ။အဲ့ဒါတွေကတော့ whole grain bread(ဂျုံကြမ်းပေါင်မုန့်)၊whole grain pasta၊whole grain rice(ဆန်လုံးညို) စတာတွေပါ။

ဒီထဲမှာ ဂျုံကြမ်းပေါင်မုန့်ကတော့ ခုဆို အရမ်းကို ပေါ်ပြူလာဖြစ်နေပါတယ်။

Dr 528

 

Previous Post

ရင်သွေးငယ်မွေးရာပါချို့ယွင်းမူရောဂါမပါရလေအောင်

Next Post

ကေလးငယ္မ်ားတြင္ ျဖစ္ေလ့ရွိေသာ ဘယ္ရီဘယ္ရီေရာဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကေလးငယ္မ်ားတြင္ ျဖစ္ေလ့ရွိေသာ ဘယ္ရီဘယ္ရီေရာဂါ

Probiotics က ကောင်းလား၊ မကောင်းဘူးလား ????

ပြည့်စုံမျှတသော အာဟာရ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.