fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အရောင်နှင့် လူစိတ်သဏ္ဍာန် (၅)

389
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/01/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A
အဖြူရောင်

အဖြူရောင်သည် သဘာဝအားဖြင့် သန့်ရှင်းစင်ကြယ်သော အရောင်ဖြစ်သည်။ အဖြူရောင်သည် မည်သည့်အရောင် နှင့်မဆို ရောယှက်၍ရသည်။ ထို့ကြောင့် အဖြူရောင်တွင် အရောင်အားလုံးရောပြွမ်းပါဝင်လျှက်ရှိသည်ဟု ဆိုစမှတ်ပြုကြသည်။
ထိုအရောင်ကို နှစ်သက်သူများသည် စည်းကမ်းရှိ၍ စည်းစနစ်ကြီးသည်။ အမိန့်နာခံတတ်သည်။ လူကြီးဆန်သူ၊ သဘောထားပြည့်ဝ၍ မိမိကိုယ်ကို နှိမ့်နှိမ့်ချချနေထိုင်တတ်သည်။ ပကာသနမမက်မောဘဲ ရိုးရိုးရှင်းရှင်းနေလေ့ ရှိသည်။ ယင်းအရောင်နှစ်သက်သူများသည် အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်ဆင်၍ စည်းစနစ်ကျစွာနေ ထိုင်ပြောဆိုတတ်သည်။ အဖြူရောင် နှစ်သက်သူများသည် ဝါကြွားမှုကင်း၍ သစ္စာတရားမြတ်နိုးသူများ စိတ်ရင်း စေတနာကောင်းသူများလည်း ဖြစ်တတ် သည်။ သူတစ်ပါးထိခိုက်နစ်နာစေမည့် မပြုအမူကို ရှောင်ရှားတတ် သည်။

ထို့အပြင် တစ်ကိုယ်တည်း စိတ်လွတ်လက်လွတ် အေးချမ်းစွာနေထိုင်တတ်သည်။ အဖြူရောင်ကို အားကစားသမားများ နှစ်သက်တတ်ကြသည်။ တစ်ခါတစ်ရံ အဖြူရောင်နှစ်သက်တတ်ကြသူများသည် မည်သူနှင့်မျှ အရောမဝင်ဘဲ စိတ်ကြီးဝင်သူများ၊ တစ်ကိုယ်တည်းသမားများကိုလည်း တွေ့ရတတ်သည်။ အရောင် ၁၂ မျိုးရှိသည့်အနက် အဖြူရောင်နှင့်အနက်ရောင်ကို နှစ်သက် သူများသဖြင့် အရောင်းရဆုံး ကားအရောင်များတွင် အဖြူနှင့်အနက်ရောင်သည် ထိပ်ဆုံး၌ရှိသည်။

ကျန်းမာရေး၌ အဖြုရောင်သမ်းနေသော ဖြူဖတ်ဖြူရော်လက်ဖဝါးပိုင်ရှင်များသည် သွေးအားနည်းသည့်သဘောကို ဆောင်သည်။ တေဇောဓာတ်အားနည်း၍ လက်ကိုကိုင်ကြည့်လျှင် အေးစက်နေတတ်သည်။

အိန္ဒယနိုင်ငံ၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများ၌ အဖြူရောင်ကို အမင်္ဂလာ (အသုဘ) အခမ်းအနားများနှင့် ဘာသာရေးအ ခမ်းအနားများ၌ အသုံးပြုကြသည်။ မြန်မာမင်းလက်ထက်၌လည်း အဖြူရောင်ကို အမင်္ဂလာအခမ်းအနားများ၌သာ အသုံးပြုကြ သည်။ မဆလခေတ် သမ္မတဦးနေဝင်းသည် ကနောင်မင်းသားကြီး၏မြစ် လင်းပင်မင်းသားကြီး၏မြေး ရတနာနတ်မယ်နှင့် လက် ထပ်သည့် မင်္ဂလာအခမ်းအနား၌ ကြွရောက်ချီးမြှင့်သည့် ဧည့်ပရိသတ်များအား အဖြူရောင်ဝတ်ဆင်မလာရန် ပိတ်ပင်တားမြစ်ခဲ့ သည်။

အရောင်ပညာရှင်များက အဖြူရောင်ကို ယောကျ်ားတိုင်းလိုလို နှစ်သက်ကြသည်ဟု ဆိုသည်။ တစ်ချိန်က မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် အကျဉ်းသားများကို အဖြူရောင်ဝတ်စုံကို ဝတ်ဆင်စေသည်။ ယခုမှ အပြာရင့်သို့ပြောင်းလဲဝတ်ဆင်စေ သည်။ မြန်မာနိုင်ငံရှိ အခြေခံပညာရေးကျောင်းများ၌ ကျောင်းသားကျောင်းသူ၊ ဆရာ၊ ဆရာမများ၏ ကျောင်းဝတ်စုံမှာ အဖြူနှင့် အစိမ်းရင့်ရောင် ဖြစ်သည်။

မည်သို့ဆိုစေ အဖြူရောင်သည် အရိုးခံသန့်ရှင်းသော အရောင်ဖြစ်သည့်အတိုင်း လူ၏စိတ်ကို အိုမင်းညှိုးနွမ်းခြင်းကို လည်းမဖြစ်စေနိုင်သလို အရုပ်ဆိုးအောင်လည်း မဖန်တီးနိုင်ချေ။ ပို၍လှပအောင်လည်း မစွမ်းဆောင်နိုင်ပေ။

အနက်ရောင်

အနက်ရောင်သည် (ဝါ) အမည်းရောင်ကို အင်္ဂလိပ်ဝေါဟာရ၌ Black ဟုခေါ်သည်။ ယင်းဝေါဟာရသည် လက်တင် ဘာသာ Blakker မှဆင်းသက်၍ အမှောင်ထုဟု အဓိပ္ပါယ်ရပေသည်။ အနက်ရောင်သည် မည်သည့်အရောင်နှင့်မျှ ရောယှက်၍မ ရပေ။ ရောယှက်လျှင်လည်း ပျက်စီးရမည်သာ ဖြစ်ပေသည်။ အနက်ရောင်သည် အမြင်အားဖြင့် ပေါ်လွင်မည်းနက်စေကာမူ အရောင်အဆင်းမရှိမှုစသည့် သဘောသဘာဝများရှိသည်။ ထို့ကြောင့် တစ္ဆေသရဲ၊ မကောင်းဆိုးဝါးများ၊ နာနာဘာဝများ အလွန် နှစ်သက်သော အရောင်ဖြစ်သည်။ အနောက်နိုင်ငံများ၌ အနက်ရောင်ကို ဝမ်းနည်းကြေကွဲဖွယ်ဖြစ်သော အသုဘအခမ်းအနား များ၌ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဝတ်ဆင်လေ့ရှိကြသည်။

ခေတ်အဆက်ဆက်လူအမျိုးမျိုး ယဉ်ကျေးမှုအဖုံဖုံနှင့် ဆက်နွယ်နေသည့် အနက်ရောင်၏ အဓိပ္ပါယ်မှာလည်း ကြောက် မက်ဖွယ်များပင်ဖြစ်သည်။ အနက်ရောင်သည် မရဏသေခြင်းတရားနှင့် ယှဉ်သောအရောင်၊ သံဝေဂတရားရစရာကောင်းသောအ ရောင်၊ လျှို့ဝှက်နက်နဲမှုဖြစ်ပြီးသော အရောင်၊ မကောင်းဆိုးဝါးများ၏ သင်္ကေတအရောင်စသည်ဖြင့် အမျိုးမျိုးယုံကြည်တတ်ကြ သည်။
အနက်ရောင်သေတ္တာခေါ် Black Box ဆိုသည်မှာ လေယာဉ်ပျံသန်းမှုမှတ်တမ်းတင် ကိရိယာဖြစ်ရာ လေယာဉ်ပျက်ကျ လျှင် ယင်းသေတ္တာနက်ကိုရှာဖွေလှည့်ဖွင့်၍ ပျက်ကျရသည့် အကြောင်းရင်းကိုသဲလွန်စ ရှာရသည်။

အနောက်တိုင်း၌ အောက်လမ်းပညာ၊ မှော်အတတ်ပညာကို Black Art ဟုခေါ်သည်။ အချို့က Black Magic ဟုလည်း သုံးနှုန်းသည်။ ခြိမ်းခြောက်ငွေညှစ်၍ပေးရသော ငွေ (ဝါ) ဆက်ကြေးကို Black Mail ဟုခေါ်သည်။ အိမ်ထောင်စုကြီးတစ်ခု၏ အိုး ခွက်များကို တာဝန်ယူသည့် အောက်ဆုံးအဆင့်အစေခံကို Blackguard ဟုခေါ်၍၊ ရိုင်းစိုင်းသောစကားပြောဆိုသူ ကလိမ်က ကျစ်၊ လူယုတ်မာဆိုသည့် အဓိပ္ပါယ်လည်းရသည်။ ထိုနည်းတူစွာ အမည်ပျက်စာရင်းဝင်သူများကို Black List ဟုခေါ်ဝေါ်ကြ သည်။ လူကောင်းများထဲတွင် ရောထွေးပါလာသော စုန်းပြူး (ဝါ) လူဆိုးလူသွမ်းများကို Black Sheep ဟုခေါ်သည်။

အနက်ရောင်သည် ထင်ရှားသောအရောင်ဖြစ်၍ ထိုအရောင်ကို နှစ်သက်သူများသည် မိမိကိုယ်ကို အခြားသူမျက်စိ၌ပေါ် လွင်ထင်ရှားစေလိုသည်။ စိတ်ဆန္ဒရှိသူများဖြစ်သည်။ ထိုသဘောမှာ ယောကျ်ားများထက် မိန်းမများအဖို့ပို၍ မှန်ကန်တတ်သည်။ သီးသန့်သဘောကိုလည်း ဆောင်သည်။

ယောကျ်ားများတွင်မူ အများနှင့်မတူ ဂွတိုက်သောသူများ၊ အများနှင့်ဆန့်ကျင်တတ်သော သဘောမျိုးလည်းရှိသည်။ ထို အရောင်ကို နှစ်သက်သူများသည် မိမိဂုဏ်သိက္ခာကို ဂရုစိုက်တတ်ပြီး စိတ်အစွဲလန်းကြီးသည်။ အေးဆေးတည်ငြိမ်စွာ ပြုမူလုပ် ကိုင်တတ်သည်။ တစ်ခါတစ်ရံတွင် မဟာဆန်ချင်သူများဖြစ်သည်။ ခက်ခဲနက်နဲသော ပညာရပ်များနှင့် လျှို့ဝှက်ဆန်းကြယ်သော ကိစ္စရပ်များသည် ဗေဒင်လက္ခဏာပညာရပ်များကို ယုံကြည်သက်ဝင်သူများဖြစ်သည်။

ထို့အပြင် လောက၏အဖြစ်အပျက် အပူအအေး၊ သုခဒုက္ခကို ရင်ဆိုင်ရဲသော သတ္တိစွမ်းပကားရှိသူများ၊ လောကဓံတရား ကိုကြံ့ကြံ့ခိုင်၍ လူ့လောကကို မထေမဲ့မြင်ပြုမူတတ်သူများလည်း ဖြစ်သည်။ အနက်ရောင်သည် ရှင်သန်ခြင်းကို ယုတ်လျော့စေ သည်။ တွေဝေခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ ဖျားနာသေဆုံးခြင်းတို့၏ အမှတ်လက္ခဏာများလည်း ဖြစ်သည်။ လေးလံဖိစီးခြင်းတည်း ဟူသောခံစားချက်ကိုလည်း ဖြစ်စေသည်။ အနီနှင့်အနက်တို့မှာ စိတ်ကိုထိခိုက်စေခြင်း၊ သဘောမျိုးတွင် တူညီကြသော်လည်း တက်ကြွခြင်းနှင့် ညှိုးနွမ်းခြင်းသဘောတွင် ခြားနားကြလေသည်။

မီးခိုးရောင်

မွဲခြောက်ခြောက်ရှိသော မီးခိုးရောင်ကို အင်္ဂလိပ်ဘာသာဖြင့် “ဂရေး” ဟုခေါ်သည်။ ဂရေးကိုမွဲပြာရောင်၊ မှိုင်းမှောင်သော အရောင်၊ ထိုင်းမှိုင်းသော၊ ငြီးငွေ့ဖွယ်ကောင်းသော၊ အသက်အရွယ်ကြီးရင့်သော၊ ဟူသော အနက်များ၌လည်းသုံးသည်။ အသက် အရွယ်ကြီးရင့်သော အဖိုးအိုကို Graybeard ဟုခေါ်၍ အသက်ကြီးသော၊ ခေါင်းဖြူစွယ်ကျိုးသော အနက်အဓိပ္ပါယ်များ၌လည်း သုံးနှုန်းကြသည်။

ပြည်တွင်းသွင်းကုန်မှောင်ခိုဈေးကွက် Gray market ဟုခေါ်၍ ပြည်ပသွင်းကုန်မှောင်ခိုဈေးကွက်ကို Black market ဟု ခေါ်ဝေါ်ကြသည်။ မီးခိုးရောင်ခေါ် ဂရေးအရောင်ကို နှစ်သက်သူများသည် ပျော့ညံ့သောစိတ်ရှိတတ်ကြသည်။ ဦးဆောင်ဦးရွက်မှု ကိုမပြုတတ်ကြပေ။ မိမိအပေါ် တစ်စုံတစ်ရာတာဝန်ပိလာမည်ကို ကြောက်ရွံ့တတ်ကြသည်။ သူတစ်ပါးဝေဖန်ကဲ့ရဲ့မည်ကို အမြဲ စိုးရိမ်စိတ်ရှိ၍ ခိုင်းမှလုပ်တတ်ကြသူများဖြစ်သည်။ တစ်နည်းဆိုသော် မလုပ်၊ မရှုပ်၊ မပြုတ်ဟူသော လူတန်းစားများပင်ဖြစ်သည်။ အမြဲတမ်း အခိုင်းဘဝ၊ သူတစ်ပါးစေလိုရာစေ ဖြစ်နေသူများဖြစ်သည်။ ယင်းတို့သည် ရှေ့တန်းခေါင်းဆောင်မဖြစ်သလို နောက် လိုက်ကောင်းများလည်းမဟုတ်ပေ။ အချောင်သမား၊ သာကူးသမားများ၌ အတွေ့ရများသည်။

Author – သန်းဝင်းလှိုင် (Healthcare)

Previous Post

ကလေးများခဲဆိပ်သင့်ခြင်း

Next Post

ခန္ဓာကိုယ်အချိုးအစား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခန္ဓာကိုယ်အချိုးအစား

VDRL နဲ့ TPHA ကာလသားရောဂါစစ်ဆေးခြင်း

ကောင်းခြင်းငါးဖြာတစ်ပါးမှာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.