(Zawgyi)
ဘယ္သူမဆို ခႏၶာကိုယ္လွပခ်င္ၾကပါတယ္။ ပိန္တဲ့သူေတြက ျပည့္ခ်င္တယ္။ ဝတဲ့သူေတြက ၾကည့္ေကာင္းခ်င္ တယ္။ အရင္ကဝေနလို႔ အေနေတာ္ျဖစ္ခ်င္တဲ့သူေတြကေတာ့ ပိန္ေအာင္ႀကိဳးစားတာေကာင္းပါတယ္။ ဝလြန္း လည္းမေကာင္းပါဘူး။ ေရာဂါေတြကို လက္ယပ္ေခၚေနသလို ျဖစ္ပါမယ္။ ေသြးတိုး၊ ဆီးခ်ိဳ အဆီမ်ားျခင္း၊ ေသြး ေၾကာက်ဥ္းျခင္း စတာေတြျဖစ္ႏိုင္ပါတယ္။
တခ်ိဳ႕က် အရမ္းပိန္ခ်င္လြန္းၾကတယ္။ ပိန္ခ်င္လြန္းၿပီး အစားေတြေရွာင္တယ္။ ေလ့က်င့္ခန္းေတြ အျပင္းအထန္ လုပ္ၾကတယ္။ ပိန္ေဆးေတြ စားၾကတယ္။ ပိန္ေအာင္လုပ္တာကေတာ့ ေကာင္းပါတယ္။ ဒါေပမယ့္ ေတာ္သင့္႐ုံ ဆိုတာပါပဲ။ တခ်ိဳ႕ပိန္ခ်င္လြန္းၿပီး စိတ္ေရာဂါပါျဖစ္လာႏိုင္ပါတယ္။ ဝလာမွာကိုေၾကာက္ၿပီး အစားေတြအရမ္း ေရွာင္ေနတတ္ၾကပါတယ္။
တခ်ိဳ႕က်ေတာ့လည္း အစားေတြစားတယ္။ အားရပါးရကို စားတယ္။ စားၿပီးမွ လက္ထိုးအန္ပစ္လိုက္ၾကတယ္။ အဲလိုလူေတြရဲ႕ လက္ဆစ္ေတြမွာဆို လက္ထည့္ၿပီးအန္ရလို႔ အညိဳအမည္းေတြေတာင္စြဲေနတတ္တယ္။ မိန္းက ေလးငယ္ေတြ ပိုလုပ္တတ္ၾကပါတယ္။ တခ်ိဳ႕ဆို ပိန္လြန္းၿပီး ရာသီေတြထိန္လာတယ္။ ႏွလုံးခုန္ေႏွးတယ္၊ ေသြး ေပါင္ေတြက်လာတယ္။ အခန႔္မသင့္ရင္ အသက္ေတာင္ဆုံးရႈံးႏိုင္ပါတယ္။
ဒီလိုေတြျဖစ္လာရင္ေတာ့ စိတ္ပိုင္းဆိုင္ရာ ကူညီေပးဖို႔လည္း လိုသလိုေဆးေသာက္ဖို႔လည္း လိုတတ္ပါတယ္။ ခႏၶာကိုယ္အခ်ိဳးအစားက သင့္ေတာ္႐ုံဆိုေကာင္းပါတယ္။ ပိန္လြန္းရင္လည္း မေကာင္း၊ ဝလြန္းရင္လည္းမ ေကာင္းပါဘူး။ မိမိရဲ႕ အရပ္နဲ႔လိုက္ဖက္တဲ့ ခႏၶာကိုယ္အခ်ိဳးအစားရွိရင္ ရပါၿပီ။
Author – Dr. CST
(Unicode)
ဘယ်သူမဆို ခန္ဓာကိုယ်လှပချင်ကြပါတယ်။ ပိန်တဲ့သူတွေက ပြည့်ချင်တယ်။ ဝတဲ့သူတွေက ကြည့်ကောင်းချင် တယ်။ အရင်ကဝနေလို့ အနေတော်ဖြစ်ချင်တဲ့သူတွေကတော့ ပိန်အောင်ကြိုးစားတာကောင်းပါတယ်။ ဝလွန်း လည်းမကောင်းပါဘူး။ ရောဂါတွေကို လက်ယပ်ခေါ်နေသလို ဖြစ်ပါမယ်။ သွေးတိုး၊ ဆီးချို အဆီများခြင်း၊ သွေး ကြောကျဉ်းခြင်း စတာတွေဖြစ်နိုင်ပါတယ်။
တချို့ကျ အရမ်းပိန်ချင်လွန်းကြတယ်။ ပိန်ချင်လွန်းပြီး အစားတွေရှောင်တယ်။ လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ကြတယ်။ ပိန်ဆေးတွေ စားကြတယ်။ ပိန်အောင်လုပ်တာကတော့ ကောင်းပါတယ်။ ဒါပေမယ့် တော်သင့်ရုံ ဆိုတာပါပဲ။ တချို့ပိန်ချင်လွန်းပြီး စိတ်ရောဂါပါဖြစ်လာနိုင်ပါတယ်။ ဝလာမှာကိုကြောက်ပြီး အစားတွေအရမ်း ရှောင်နေတတ်ကြပါတယ်။
တချို့ကျတော့လည်း အစားတွေစားတယ်။ အားရပါးရကို စားတယ်။ စားပြီးမှ လက်ထိုးအန်ပစ်လိုက်ကြတယ်။ အဲလိုလူတွေရဲ့ လက်ဆစ်တွေမှာဆို လက်ထည့်ပြီးအန်ရလို့ အညိုအမည်းတွေတောင်စွဲနေတတ်တယ်။ မိန်းက လေးငယ်တွေ ပိုလုပ်တတ်ကြပါတယ်။ တချို့ဆို ပိန်လွန်းပြီး ရာသီတွေထိန်လာတယ်။ နှလုံးခုန်နှေးတယ်၊ သွေး ပေါင်တွေကျလာတယ်။ အခန့်မသင့်ရင် အသက်တောင်ဆုံးရှုံးနိုင်ပါတယ်။
ဒီလိုတွေဖြစ်လာရင်တော့ စိတ်ပိုင်းဆိုင်ရာ ကူညီပေးဖို့လည်း လိုသလိုဆေးသောက်ဖို့လည်း လိုတတ်ပါတယ်။ ခန္ဓာကိုယ်အချိုးအစားက သင့်တော်ရုံဆိုကောင်းပါတယ်။ ပိန်လွန်းရင်လည်း မကောင်း၊ ဝလွန်းရင်လည်းမ ကောင်းပါဘူး။ မိမိရဲ့ အရပ်နဲ့လိုက်ဖက်တဲ့ ခန္ဓာကိုယ်အချိုးအစားရှိရင် ရပါပြီ။
Author – Dr. CST