အားျဖည့္ဆန္ဆိုတာဘာလဲ????
(Zawgyi)
အခုေနာက္ပိုင္းမွာ ကြၽန္ေတာ္တို႔ေတြ ထမင္းစားရင္ ေဖြးေနမွ ျဖဴေနမွ ဆိုၿပီး ေရအထပ္ထပ္ေဆး ဆန္ဖြတ္ကတည္းက ျဖဴေဖြးတဲ့ အဆင့္ထိ ဖြတ္လိုက္ေတာ့ နဂိုဆန္မွာ ပါဝင္တဲ့ ဗီတာမင္ ႏွင့္ သတၱဳဓါတ္ေတြ ဆုံးရႈံးကုန္ပါတယ္။ မပါသေလာက္ကို ျဖစ္သြားပါတယ္။
ဒါေၾကာင့္ အခု ေနာက္ပိုင္း ဆန္ေတြမွာ ဗီတာမင္ ေတြ ထပ္ျဖည့္ထားတဲ့ အားျဖည့္ဆန္ (Fortified Rice) ေတြ ထုတ္လာၾကပါတယ္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံ လို ဖြံ႕ၿဖိဳးဆဲ ျဖစ္ေသးတဲ့ အာဟာရဆိုင္ရာ က်န္းမာေရး ဗဟုသုတ နည္းေနေသးတဲ့ ႏိုင္ငံ ေတြ မွာ အခုလိုမ်ိဳး အားျဖည့္ဆန္ေတြ ထုတ္လာၾကတာ ေတာ္ေတာ္ ေလး ေကာင္းက်ိဳးေတြရွိပါတယ္။
အားျဖည့္ဆန္ မွာ ဘာေတြပါလဲ????
1. ဗီတာမင္ ေအ
2. ဗီတာမင္ ဘီ 1
3. ဗီတာမင္ ဘီ 6
4. ဗီတာမင္ ဘီ 12
5. ဇင့္ဓါတ္
6. သံဓါတ္
7. ေဖာလစ္ အက္စစ္
8. ႏိုင္ယာစင္ တို႔ပါပါတယ္။
1. ဗီတာမင္ ေအ – ကေလးငယ္ေတြ အတြက္ မ်က္စိအားေကာင္းေစတဲ့ အျပင္ ကိုယ္ခံအားေကာင္းေစတဲ့ အတြက္ ႏွာေစး၊ ေခ်ာင္းဆိုး၊ ဝမ္းပ်က္၊ ဝမ္းေလွ်ာေရာဂါေတြ ကို ကာကြယ္ေပးပါတယ္။
2. ဗီတာမင္ ဘီ 1 – ဦးေႏွာက္ ႏွင့္ အာ႐ုံေၾကာက်န္းမာေရး အတြက္အေရးပါသလို ႏွလုံးက်န္းမာေရး အတြက္လည္း အသုံးဝင္ပါတယ္။
3. ဗီတာမင္ ဘီ 6 – ခႏၶာကိုယ္ရဲ႕ ဇီဝကမၼ ျဖစ္စဥ္ေတြ မွာ အေရးပါတဲ့ အခန္းက႑ ကပါဝင္ပါတယ္။ အေရျပား က်န္းမာေရး၊ အာ႐ုံေၾကာ၊ အသည္း ႏွင့္ မ်က္စိက်န္းမာေရး အတြက္ ဗီတာမင္ ဘီ 6 ကို ျပည့္ဝေအာင္စားေပးဖို႔လိုအပ္ပါတယ္။
4. ဗီတာမင္ ဘီ 12 – ထို႔အတူ ဘီ 12 ကလည္း ဦးေႏွာက္ႏွင့္အာ႐ုံေၾကာဆိုင္ရာ လုပ္ငန္းေဆာင္တာ တစ္ခုျဖစ္တဲ့ Neurotransmitter Signaling မွာ ပါဝင္တဲ့ အတြက္ အာ႐ုံေၾကာအားနည္းေနသူမ်ား၊ ဘီ12 ခ်ိဳ႕တဲ့ရင္ ျဖစ္တတ္တဲ့ ေျခလက္ ထုံက်င္ ေနသူမ်ား အေနနဲ႔ မျဖစ္မေနလိုအပ္တဲ့ ဗီတာမင္ တစ္မ်ိဳးပါ။
5. ဇင့္ဓါတ္ – ဇင့္ဓါတ္ ေခၚ သြပ္ဓါတ္ ကေတာ့ ကေလးငယ္ေတြ မွာ ဆိုရင္ ဝမ္းေလွ်ာရင္ ေပးေလ့ရွိပါတယ္။ သူက ကိုယ္ခံစြမ္းအားကို ျမႇင့္တင္ေပးၿပီး ေနာက္ထပ္ဝမ္းေလွ်ာမွာ ကိုလည္း ကာကြယ္ေပးပါတယ္။ တျခားထူးထူးျခားျခားေကာင္းေစတာလည္းရွိပါေသးတယ္။ အဲ့ဒါေတြ ကေတာ့ ဆံပင္ကြၽတ္တာကို ကာကြယ္ေပးျခင္း၊ အစားအေသာက္ပ်က္ ပါးစပ္ပ်က္ေနသူမ်ား အတြက္ ပုံမွန္ျပန္ျဖစ္ေစျခင္း၊ မ်ိဳးဆက္ပြားက်န္းမာေရး ကိုေကာင္းမြန္ေစျခင္း(မ်ိဳးေအာင္ျခင္း) စတဲ့ က်န္းမာေရးေကာင္းက်ိဳးေတြ ရွိပါတယ္။
6. သံဓါတ္ – လူတိုင္းသိတဲ့ အတိုင္း သံဓါတ္ခ်ိဳ႕တဲ့ရင္ ေသြးအားနည္းေရာဂါ ျဖစ္လာပါတယ္။ အဆိုးဆုံး ကေလးငယ္ေတြ မွာ ကိုယ္ခႏၶာ ႀကီးထြား ဖြံ႕ၿဖိဳးမႈ႕ကို ပါ ထိခိုက္လာေစၿပီး ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာ ဖြံၿဖိဳးမႈ႕ ကိုပါ ေႏွာင့္ေႏွးလာေစပါတယ္။ လူႀကီးေတြမွာဆိုရင္လည္း ႏုံးတာမ်ိဳး၊ အလုပ္လုပ္ခ်င္စိတ္မရွိတာမ်ိဳး၊ အလြယ္တကူေမာပန္း ႏြမ္းနယ္တာမ်ိဳး ေတြျဖစ္တတ္ပါတယ္။
မ်ားေသာအားျဖင့္ ကြၽန္ေတာ္တို႔ျမန္မာ လူမ်ိဳးေတြ မွာ သံဓါတ္ခ်ိဳ႕တဲ့ေနတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စားေနတဲ့ ပုံစံ အရ ကြၽန္ေတာ္ တို႔ က အသားစားတာနည္းတဲ့ အတြက္ေၾကာင့္ပါ။ သံဓါတ္ကလည္း အဓိက အေနနဲ႔ အနီေရာင္ရွိတဲ့ အသားမ်ား (ဝက္သား၊အမဲသား၊ ဆိတ္သား) ႏွင့္ သံဓါတ္ေတြ အမ်ားႀကီးစုထားတဲ့ ကလီစာ ျဖစ္တဲ့ ဝက္အသည္း၊ ၾကက္အသည္း၊ အမဲအသည္းေတြမွာ အဓိက ပါပါတယ္။ အ႐ြက္ေတြ ျဖစ္ၾကတဲ့ ပာင္းႏုႏြယ္၊ ကန္ဇြန္း႐ြက္ေတြမွာ သံဓါတ္ပါဝင္ေပမယ့္လည္း တကယ့္ တကယ္တမ္း ခႏၶာကိုယ္က ထိုအ႐ြက္ေတြ က သံဓါတ္ကို အမ်ားႀကီးမစုပ္ယူႏိုင္ပါ။ ဒါေၾကာင့္ သံဓါတ္ကို အနီေရာင္ အသား ႏွင့္ အသည္းကေနပဲ အဓိကရပါတယ္။
ဒါေပမယ့္ အနီေရာင္ အသား ေတြ ဆိုတာကလည္း တစ္ပါတ္ကို ၂ ရက္ထက္ ပို စားလို႔မသင့္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကင္ဆာျဖစ္တတ္လို႔ပါ။ အသည္း ကလည္းကိုလက္စထေရာ မ်ားတဲ့ အတြက္ ေန႔စဥ္စားလို႔ မသင့္ေတာ္ပါ။ ဒါေၾကာင့္ တစ္ေန႔တာ သံဓါတ္ ျပည့္မီဖို႔အတြက္ သံဓါတ္အားေဆး ဒါမွမဟုတ္ အားျဖည့္ဆန္ေတြကို ျဖည့္စြက္စားေပးဖို႔လိုအပ္လာပါတယ္။
7. ေဖာလစ္ အက္ဆစ္ – ေသြးနီဥ အတြက္ မျဖစ္မေနလိုအပ္တဲ့ ဓါတ္တစ္မ်ိဳးပါ။ ေဖာလစ္အက္ဆစ္ ခ်ိဳ႕တဲ့ရင္ ေသြးအားနည္းေရာဂါျဖစ္တတ္ပါတယ္။ ထို႔အျပင္ ဆဲလ္ အသစ္ေတြျဖစ္ေစၿပီး ဆဲလ္ေတြကိုလည္း ထိန္းသိမ္းေပးတဲ့အျပင္ ပုံမွန္ ဆဲလ္ေတြမွ ကင္ဆာဆဲလ္ ေျပာင္းလာသြားမွာ ကိုလည္း ကာကြယ္ေပးပါတယ္။ ေဖာလစ္အက္စစ္ဓါတ္ကို ပဲအမ်ိဳးမ်ိဳး၊ ပာင္းႏုႏြယ္၊ ပန္းပြင့္စိမ္း၊ ကၫႊတ္၊ ဂ်ဳံႏွင့္ျပဳလုပ္ထားေသာ အစားအစာမ်ား၊ လိေမၼာ္သီး၊ အသည္း စတာေတြမွာ ေတြ႕ရတဲ့ အတြက္ အခုေနာက္ပိုင္း အားျဖည့္ဆန္ေတြ မွာ ပါထည့္လာၾကပါတယ္။
8. ႏိုင္ယာစင္ – ႏိုင္ယာစင္ ဆိုတာ ဗီတာမင္ ဘီ3 ပါ။ သူက ေသြးတြင္း ကိုလက္စထေရာ ကိုက်ေစၿပီး ႏွလုံးက်န္းမာေရး ကိုေကာင္းမြန္ေစပါတယ္။ ဦးေႏွာက္စြမ္းေဆာင္ရည္ကိုလည္တက္ေစသည့္ အျပင္ အခုေနာက္ပိုင္း အဆစ္အျမစ္ေရာင္တာကိုလည္း သက္သာေစတာကိုေတြ႕လာရပါတယ္။
အက်ဥ္းခ်ဳပ္အားျဖင့္ေျပာရမယ္ ဆိုရင္ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံ လို ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံေတြမွာ အာဟာရ ခ်ိဳ႕တဲ့ႏႈန္းေတြ က အင္မတန္ျမင့္လာပါတယ္။ ဒါေၾကာင့္ အာဟာရဓါတ္ ထပ္ျဖည့္ထားတဲ့ အားျဖည့္ဆန္ ေတြ စားေပးျခင္းအားျဖင့္ ဒီျပႆနာေတြ ကို အတိုင္းအတာ တစ္ခုအထိ ေျဖရွင္းေပးႏိုင္ပါလိမ့္မယ္။ ကြၽန္ေတာ္သိရသေလာက္ ေဈးကြက္ထဲ ေရာင္းေနတဲ့ အားျဖည့္ဆန္ေတြ က ႐ိုး႐ိုးဆန္ေတြ နဲ႔ေဈးသိပ္မကြာတဲ့ အတြက္ လူေတာ္ေတာ္မ်ားမ်ား အတြက္ အဆင္ေျပၾကမယ္လို႔ ထင္ပါတယ္။
ေလးစားစြာျဖင့္
ေဒါက္တာ ညီညီေက်ာ္
အားဖြည့်ဆန်ဆိုတာဘာလဲ????
အခုနောက်ပိုင်းမှာ ကျွန်တော်တို့တွေ ထမင်းစားရင် ဖွေးနေမှ ဖြူနေမှ ဆိုပြီး ရေအထပ်ထပ်ဆေး ဆန်ဖွတ်ကတည်းက ဖြူဖွေးတဲ့ အဆင့်ထိ ဖွတ်လိုက်တော့ နဂိုဆန်မှာ ပါဝင်တဲ့ ဗီတာမင် နှင့် သတ္တုဓါတ်တွေ ဆုံးရှုံးကုန်ပါတယ်။ မပါသလောက်ကို ဖြစ်သွားပါတယ်။
ဒါကြောင့် အခု နောက်ပိုင်း ဆန်တွေမှာ ဗီတာမင် တွေ ထပ်ဖြည့်ထားတဲ့ အားဖြည့်ဆန် (Fortified Rice) တွေ ထုတ်လာကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ လို ဖွံ့ဖြိုးဆဲ ဖြစ်သေးတဲ့ အာဟာရဆိုင်ရာ ကျန်းမာရေး ဗဟုသုတ နည်းနေသေးတဲ့ နိုင်ငံ တွေ မှာ အခုလိုမျိုး အားဖြည့်ဆန်တွေ ထုတ်လာကြတာ တော်တော် လေး ကောင်းကျိုးတွေရှိပါတယ်။
အားဖြည့်ဆန် မှာ ဘာတွေပါလဲ????
1. ဗီတာမင် အေ
2. ဗီတာမင် ဘီ 1
3. ဗီတာမင် ဘီ 6
4. ဗီတာမင် ဘီ 12
5. ဇင့်ဓါတ်
6. သံဓါတ်
7. ဖောလစ် အက်စစ်
8. နိုင်ယာစင် တို့ပါပါတယ်။
1. ဗီတာမင် အေ – ကလေးငယ်တွေ အတွက် မျက်စိအားကောင်းစေတဲ့ အပြင် ကိုယ်ခံအားကောင်းစေတဲ့ အတွက် နှာစေး၊ ချောင်းဆိုး၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေ ကို ကာကွယ်ပေးပါတယ်။
2. ဗီတာမင် ဘီ 1 – ဦးနှောက် နှင့် အာရုံကြောကျန်းမာရေး အတွက်အရေးပါသလို နှလုံးကျန်းမာရေး အတွက်လည်း အသုံးဝင်ပါတယ်။
3. ဗီတာမင် ဘီ 6 – ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေ မှာ အရေးပါတဲ့ အခန်းကဏ္ဍ ကပါဝင်ပါတယ်။ အရေပြား ကျန်းမာရေး၊ အာရုံကြော၊ အသည်း နှင့် မျက်စိကျန်းမာရေး အတွက် ဗီတာမင် ဘီ 6 ကို ပြည့်ဝအောင်စားပေးဖို့လိုအပ်ပါတယ်။
4. ဗီတာမင် ဘီ 12 – ထို့အတူ ဘီ 12 ကလည်း ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ လုပ်ငန်းဆောင်တာ တစ်ခုဖြစ်တဲ့ Neurotransmitter Signaling မှာ ပါဝင်တဲ့ အတွက် အာရုံကြောအားနည်းနေသူများ၊ ဘီ12 ချို့တဲ့ရင် ဖြစ်တတ်တဲ့ ခြေလက် ထုံကျင် နေသူများ အနေနဲ့ မဖြစ်မနေလိုအပ်တဲ့ ဗီတာမင် တစ်မျိုးပါ။
5. ဇင့်ဓါတ် – ဇင့်ဓါတ် ခေါ် သွပ်ဓါတ် ကတော့ ကလေးငယ်တွေ မှာ ဆိုရင် ဝမ်းလျှောရင် ပေးလေ့ရှိပါတယ်။ သူက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး နောက်ထပ်ဝမ်းလျှောမှာ ကိုလည်း ကာကွယ်ပေးပါတယ်။ တခြားထူးထူးခြားခြားကောင်းစေတာလည်းရှိပါသေးတယ်။ အဲ့ဒါတွေ ကတော့ ဆံပင်ကျွတ်တာကို ကာကွယ်ပေးခြင်း၊ အစားအသောက်ပျက် ပါးစပ်ပျက်နေသူများ အတွက် ပုံမှန်ပြန်ဖြစ်စေခြင်း၊ မျိုးဆက်ပွားကျန်းမာရေး ကိုကောင်းမွန်စေခြင်း(မျိုးအောင်ခြင်း) စတဲ့ ကျန်းမာရေးကောင်းကျိုးတွေ ရှိပါတယ်။
6. သံဓါတ် – လူတိုင်းသိတဲ့ အတိုင်း သံဓါတ်ချို့တဲ့ရင် သွေးအားနည်းရောဂါ ဖြစ်လာပါတယ်။ အဆိုးဆုံး ကလေးငယ်တွေ မှာ ကိုယ်ခန္ဓာ ကြီးထွား ဖွံ့ဖြိုးမှု့ကို ပါ ထိခိုက်လာစေပြီး ဦးနှောက်နှင့် အာရုံကြော ဖွံဖြိုးမှု့ ကိုပါ နှောင့်နှေးလာစေပါတယ်။ လူကြီးတွေမှာဆိုရင်လည်း နုံးတာမျိုး၊ အလုပ်လုပ်ချင်စိတ်မရှိတာမျိုး၊ အလွယ်တကူမောပန်း နွမ်းနယ်တာမျိုး တွေဖြစ်တတ်ပါတယ်။
များသောအားဖြင့် ကျွန်တော်တို့မြန်မာ လူမျိုးတွေ မှာ သံဓါတ်ချို့တဲ့နေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စားနေတဲ့ ပုံစံ အရ ကျွန်တော် တို့ က အသားစားတာနည်းတဲ့ အတွက်ကြောင့်ပါ။ သံဓါတ်ကလည်း အဓိက အနေနဲ့ အနီရောင်ရှိတဲ့ အသားများ (ဝက်သား၊အမဲသား၊ ဆိတ်သား) နှင့် သံဓါတ်တွေ အများကြီးစုထားတဲ့ ကလီစာ ဖြစ်တဲ့ ဝက်အသည်း၊ ကြက်အသည်း၊ အမဲအသည်းတွေမှာ အဓိက ပါပါတယ်။ အရွက်တွေ ဖြစ်ကြတဲ့ ပာင်းနုနွယ်၊ ကန်ဇွန်းရွက်တွေမှာ သံဓါတ်ပါဝင်ပေမယ့်လည်း တကယ့် တကယ်တမ်း ခန္ဓာကိုယ်က ထိုအရွက်တွေ က သံဓါတ်ကို အများကြီးမစုပ်ယူနိုင်ပါ။ ဒါကြောင့် သံဓါတ်ကို အနီရောင် အသား နှင့် အသည်းကနေပဲ အဓိကရပါတယ်။
ဒါပေမယ့် အနီရောင် အသား တွေ ဆိုတာကလည်း တစ်ပါတ်ကို ၂ ရက်ထက် ပို စားလို့မသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကင်ဆာဖြစ်တတ်လို့ပါ။ အသည်း ကလည်းကိုလက်စထရော များတဲ့ အတွက် နေ့စဉ်စားလို့ မသင့်တော်ပါ။ ဒါကြောင့် တစ်နေ့တာ သံဓါတ် ပြည့်မီဖို့အတွက် သံဓါတ်အားဆေး ဒါမှမဟုတ် အားဖြည့်ဆန်တွေကို ဖြည့်စွက်စားပေးဖို့လိုအပ်လာပါတယ်။
7. ဖောလစ် အက်ဆစ် – သွေးနီဥ အတွက် မဖြစ်မနေလိုအပ်တဲ့ ဓါတ်တစ်မျိုးပါ။ ဖောလစ်အက်ဆစ် ချို့တဲ့ရင် သွေးအားနည်းရောဂါဖြစ်တတ်ပါတယ်။ ထို့အပြင် ဆဲလ် အသစ်တွေဖြစ်စေပြီး ဆဲလ်တွေကိုလည်း ထိန်းသိမ်းပေးတဲ့အပြင် ပုံမှန် ဆဲလ်တွေမှ ကင်ဆာဆဲလ် ပြောင်းလာသွားမှာ ကိုလည်း ကာကွယ်ပေးပါတယ်။ ဖောလစ်အက်စစ်ဓါတ်ကို ပဲအမျိုးမျိုး၊ ပာင်းနုနွယ်၊ ပန်းပွင့်စိမ်း၊ ကညွှတ်၊ ဂျုံနှင့်ပြုလုပ်ထားသော အစားအစာများ၊ လိမ္မော်သီး၊ အသည်း စတာတွေမှာ တွေ့ရတဲ့ အတွက် အခုနောက်ပိုင်း အားဖြည့်ဆန်တွေ မှာ ပါထည့်လာကြပါတယ်။
8. နိုင်ယာစင် – နိုင်ယာစင် ဆိုတာ ဗီတာမင် ဘီ3 ပါ။ သူက သွေးတွင်း ကိုလက်စထရော ကိုကျစေပြီး နှလုံးကျန်းမာရေး ကိုကောင်းမွန်စေပါတယ်။ ဦးနှောက်စွမ်းဆောင်ရည်ကိုလည်တက်စေသည့် အပြင် အခုနောက်ပိုင်း အဆစ်အမြစ်ရောင်တာကိုလည်း သက်သာစေတာကိုတွေ့လာရပါတယ်။
အကျဉ်းချုပ်အားဖြင့်ပြောရမယ် ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံ လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အာဟာရ ချို့တဲ့နှုန်းတွေ က အင်မတန်မြင့်လာပါတယ်။ ဒါကြောင့် အာဟာရဓါတ် ထပ်ဖြည့်ထားတဲ့ အားဖြည့်ဆန် တွေ စားပေးခြင်းအားဖြင့် ဒီပြဿနာတွေ ကို အတိုင်းအတာ တစ်ခုအထိ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ကျွန်တော်သိရသလောက် ဈေးကွက်ထဲ ရောင်းနေတဲ့ အားဖြည့်ဆန်တွေ က ရိုးရိုးဆန်တွေ နဲ့ဈေးသိပ်မကွာတဲ့ အတွက် လူတော်တော်များများ အတွက် အဆင်ပြေကြမယ်လို့ ထင်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်